Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, November 16, 2018

သားသမီးလိုခ်င္ေနတဲ့စုံတြဲေတြအတြက္ ေသခ်ာေပါက္နီးပါး ကိုယ္ဝန္ရႏိုင္ေစမယ့္နည္းလမ္း

ကိုယ္ဝန္ရဖို႔ ႀကိဳးစားေနတဲ့ အိမ္ေထာင္သည္ေတြအတြက္ တစ္ညကို ၂ ႀကိမ္ လိင္ဆက္ဆံျခင္းဟာ ပိုမိုအက်ိဳးရွိေစတယ္လို႔ သုေတသနေတြက ဆိုလိုက္ပါတယ္။ ဒုတိယအႀကိမ္ လႊတ္တဲ့ သုက္ဟာ ပိုမိုအားေကာင္းၿပီး

ျမန္ဆန္တာေၾကာင့္ ဒီလို ဆိုရျခင္း ျဖစ္ပါတယ္။ ေသခ်ာေပါက္ ရေစရမယ္လို႔ေတာ့ မဟုတ္ပါဘူး။

သုက္လႊတ္ၿပီး ၃ နာရီ ၾကာခ်ိန္မွာ အမ်ိဳးသားရဲ႕ သုက္ပိုး ဟာ အလ်င္ျမန္ဆုံး သြားလာႏိုင္ၿပီးေတာ့ မမ်ိဳးဥနဲ႔ ေပါင္းစပ္မ်ိဳးေအာင္ဖ္ို႔ ပိုမို လြယ္ကူ အဆင္ေျပတယ္လို႔ ဆိုပါတယ္။ ၿပီးေတာ့ ဒါဟာ IVF rate (In Vitro Fertilization ) ( ဖန္ႁပြန္ သေႏၶသား လို႔ေခၚမယ္ထင္ပါတယ္။ ဓာတ္ခြဲခန္းထဲမွာ မ်ိဳးဥနဲ႔ သုက္ပိုးကို ေပါင္းစပ္ၿပီး မ်ိဳးေအာင္ေတာ့မွ အမ်ိဳးသမီးသားအိမ္ထဲကို ထည့္ေပးတာမ်ိဳးပါ။ ဒါဟာလည္းပဲ ၁၀၀ % ကိုယ္ဝန္ေဆာင္ေစႏိုင္တာမ်ိဳးမဟုတ္ဘူး။ ရာခိုင္ႏႈန္း အေတာ္ေတာ့ နည္းပါတယ္) ကိုလည္း သိသိသာသာ ျမင့္တက္ေစတယ္လို႔ ဆိုပါတယ္။

US မွာ အမ်ိဳးသမီး ၁၁% နဲ႔ အမ်ိဳးသား ၉ %ဟာ ၿမဳံေနၾကၿပီးေတာ့ UK မွာေတာ့ စုံတြဲ ၇ တြဲမွာ ၁ တြဲဟာ ကိုယ္ဝန္ရဖို႔ အခက္အခဲရွိေနတယ္လို႔ ဆိုပါတယ္။ ေဒါက္တာ ဒါလီ ဦးေဆာင္တဲ့ ေလ့လာေရး အဖြဲ႕ဟာ အမ်ိဳးသား အေယာက္ ၂၅၀ ဆီက ၂ ရက္သက္တမ္း သုက္ရည္နဲ႔ မၾကာေသးမီ နာရီအနည္းငယ္အတြင္းက သုက္ရည္ကို ရယူခဲ့ၾကၿပီး သူတို႔ရဲ႕ (သုက္ ၂ မ်ိဳး) ျမန္ဆန္မႈ ေတြ၊ သုက္ပိုးပါဝင္မႈ အနည္းအမ်ားႏႈန္းေတြကို ေလ့လာ ဆန္းစစ္ခဲ့ၾကရာမွာ လတ္ဆတ္တဲ့ သုက္ရည္ေတြ (နာရီ အနည္းငယ္ အၾကာက) ဟာ ပိုမိုသာလြန္ေနတာ ေတြ႕ရပါတယ္။

ေနာက္ထပ္ စမ္းသပ္ခ်က္တစ္ခုမွာေတာ့ IVF နဲ႔ သေႏၶသားရယူမယ့္ စုံတြဲ ၅၀၀ ခန္႔ကို အရင္ လူေတြပုံစံအတိုင္း သုက္ရည္ ၂ မ်ိဳးေတာင္းယူျပန္ပါတယ္။ ဒီတစ္ခါမွာလည္း လတ္ဆတ္တဲ့ သုက္ရည္ေတြရဲ႕ မ်ိဴးပြားမႈ ေအာင္ျမင္ႏိုင္ေျခဟာ သုက္ရည္ အေဟာင္းေတြထက္ ၃ ဆ ပိုမိုေနတာ ေတြ႕ရပါတယ္။

ေလ့လာသူေတြရဲ႕ ေတြ႕ရွိခ်က္အရ ကပၸါယ္အိတ္ထဲမွာ ၾကာရွည္သိုေလွာင္ထားတဲ့ သုက္ရည္ေတြဟာ မ်ိဳးပြားႏိုင္ေျခ နည္းတယ္ ဆိုတာေၾကာင့္ တစ္ညမွာ ၂ ႀကိမ္ လိင္ဆက္ဆံျခင္းအားျဖင့္ ကိုယ္ဝန္ရဖို႔ အခြင့္အလမ္းေတြ ပိုမို ရွိႏိုင္မွာျဖစ္ပါတယ္။ ဒုတိယ အႀကိမ္မွာ ထြက္လာမယ့္ ပိုမို လတ္ဆတ္တဲ့ သုက္ရည္ေတြက မ်ိဳးေအာင္ဖို႔ ရာခိုင္ႏႈန္းကို ပိုမို ျမင့္တက္ေစမွာ ျဖစ္တယ္လို႔ ဆိုထားပါတယ္။
YoYarLay


#Unicode Version#

ကိုယ်ဝန်ရဖို့ ကြိုးစားနေတဲ့ အိမ်ထောင်သည်တွေအတွက် တစ်ညကို ၂ ကြိမ် လိင်ဆက်ဆံခြင်းဟာ ပိုမိုအကျိုးရှိစေတယ်လို့ သုတေသနတွေက ဆိုလိုက်ပါတယ်။ ဒုတိယအကြိမ် လွှတ်တဲ့ သုက်ဟာ ပိုမိုအားကောင်းပြီး

မြန်ဆန်တာကြောင့် ဒီလို ဆိုရခြင်း ဖြစ်ပါတယ်။ သေချာပေါက် ရစေရမယ်လို့တော့ မဟုတ်ပါဘူး။

သုက်လွှတ်ပြီး ၃ နာရီ ကြာချိန်မှာ အမျိုးသားရဲ့ သုက်ပိုး ဟာ အလျင်မြန်ဆုံး သွားလာနိုင်ပြီးတော့ မမျိုးဥနဲ့ ပေါင်းစပ်မျိုးအောင်ဖို့ ပိုမို လွယ်ကူ အဆင်ပြေတယ်လို့ ဆိုပါတယ်။ ပြီးတော့ ဒါဟာ IVF rate (In Vitro Fertilization ) ( ဖန်ပြွန် သန္ဓေသား လို့ခေါ်မယ်ထင်ပါတယ်။ ဓာတ်ခွဲခန်းထဲမှာ မျိုးဥနဲ့ သုက်ပိုးကို ပေါင်းစပ်ပြီး မျိုးအောင်တော့မှ အမျိုးသမီးသားအိမ်ထဲကို ထည့်ပေးတာမျိုးပါ။ ဒါဟာလည်းပဲ ၁၀၀ % ကိုယ်ဝန်ဆောင်စေနိုင်တာမျိုးမဟုတ်ဘူး။ ရာခိုင်နှုန်း အတော်တော့ နည်းပါတယ်) ကိုလည်း သိသိသာသာ မြင့်တက်စေတယ်လို့ ဆိုပါတယ်။

US မှာ အမျိုးသမီး ၁၁% နဲ့ အမျိုးသား ၉ %ဟာ မြုံနေကြပြီးတော့ UK မှာတော့ စုံတွဲ ၇ တွဲမှာ ၁ တွဲဟာ ကိုယ်ဝန်ရဖို့ အခက်အခဲရှိနေတယ်လို့ ဆိုပါတယ်။ ဒေါက်တာ ဒါလီ ဦးဆောင်တဲ့ လေ့လာရေး အဖွဲ့ဟာ အမျိုးသား အယောက် ၂၅၀ ဆီက ၂ ရက်သက်တမ်း သုက်ရည်နဲ့ မကြာသေးမီ နာရီအနည်းငယ်အတွင်းက သုက်ရည်ကို ရယူခဲ့ကြပြီး သူတို့ရဲ့ (သုက် ၂ မျိုး) မြန်ဆန်မှု တွေ၊ သုက်ပိုးပါဝင်မှု အနည်းအများနှုန်းတွေကို လေ့လာ ဆန်းစစ်ခဲ့ကြရာမှာ လတ်ဆတ်တဲ့ သုက်ရည်တွေ (နာရီ အနည်းငယ် အကြာက) ဟာ ပိုမိုသာလွန်နေတာ တွေ့ရပါတယ်။

နောက်ထပ် စမ်းသပ်ချက်တစ်ခုမှာတော့ IVF နဲ့ သန္ဓေသားရယူမယ့် စုံတွဲ ၅၀၀ ခန့်ကို အရင် လူတွေပုံစံအတိုင်း သုက်ရည် ၂ မျိုးတောင်းယူပြန်ပါတယ်။ ဒီတစ်ခါမှာလည်း လတ်ဆတ်တဲ့ သုက်ရည်တွေရဲ့ မျိူးပွားမှု အောင်မြင်နိုင်ခြေဟာ သုက်ရည် အဟောင်းတွေထက် ၃ ဆ ပိုမိုနေတာ တွေ့ရပါတယ်။

လေ့လာသူတွေရဲ့ တွေ့ရှိချက်အရ ကပ္ပါယ်အိတ်ထဲမှာ ကြာရှည်သိုလှောင်ထားတဲ့ သုက်ရည်တွေဟာ မျိုးပွားနိုင်ခြေ နည်းတယ် ဆိုတာကြောင့် တစ်ညမှာ ၂ ကြိမ် လိင်ဆက်ဆံခြင်းအားဖြင့် ကိုယ်ဝန်ရဖို့ အခွင့်အလမ်းတွေ ပိုမို ရှိနိုင်မှာဖြစ်ပါတယ်။ ဒုတိယ အကြိမ်မှာ ထွက်လာမယ့် ပိုမို လတ်ဆတ်တဲ့ သုက်ရည်တွေက မျိုးအောင်ဖို့ ရာခိုင်နှုန်းကို ပိုမို မြင့်တက်စေမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

No comments:

Post a Comment