Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 14, 2018

'' မီနောက်ကွယ်က ပုံရိပ်ဆိုးကို မြင်မိခြင်း"


"မီ'' ရုပ်ရှင်မှာ ဆေးလိပ်သောက်ပြတာကို မလုပ်သင့်ကြောင်း ဝေဖန်ကြတာကို ဘကြီး'သဘောကျတယ်။ သူ့ဟာသူ ပညာပေးပေး မပေးပေး ဆေးလိပ်သောက်ပြစရာ အကြောင်းကိုမရှိဘူး။ မြန်မာပြည်က လူငယ်တွေကြည့်ပြီးရင် ''ဟ… ဒီလိုသောက်လို့ ရပါလား'' ဆိုတာသိပြီး သောက်ကုန်ကြရင် ဘယ်သူတွေ တာဝန်ယူမလဲပြော….! ခင်ဗျားတို့ မပြောနိုင်ဘူးမို့လား…! အေး…မပြောနိုင်ရင်မသောက်နဲ့လေ ရှင်းနေတာပဲ။ 😁

ဆေးလိပ်သောက်တာများလို့ ကင်ဆာဖြစ်တာကို ပရိတ်သတ်ဆီ မက်ဆေ့ပေးချင်ရင် စာတမ်းကြီးကြီး ထိုးပြလိုက်ရင်ရတယ်လေ။ အဲသလိုမှမဟုတ်လို့ ဇာတ်ကားအနေနဲ့ဆိုရင်လည်း ဆေးလိပ်သောက်ရမယ့်အခန်းမှာ မင်းသမီးကို ကျောပေးခိုင်းပြီး ''ဆေးလိပ်သောက်နေသည်'' လို့ စာတမ်းထိုးပေးလိုက်ရင် ပြီးတာပဲကို။ ဘာတွေသောက်ပြနေမှာလဲ…! အလုပ်မဟုတ်တာ။ 😁

နောက်ပြီးရှိသေးတယ်… ဇာတ်ကားတွေထဲမှာ ဆိုးပြ၊ ခိုးပြ၊ ခါးပိုက်နှိုက်ပြ၊ ဓားပြတိုက်ပြနဲ့ ဖြစ်ချင်တိုင်းဖြစ်… ပြချင်တိုင်း ပြနေကြတာဒါတွေလည်း ဘကြီး'အနေနဲ့ လုံးဝ(လုံးဝ) ကန့်ကွက်တယ်။ အဲဒီရုပ်ရှင်မျိုးတွေ နောက်မရိုက်ဖို့ တလက်စတည်းပြောရဦးမယ်။ အရေးမပါတာတွေ…။ ဒါတွေကြည့်ပြီး လူတွေဆိုးသွမ်းကုန်ကြရင် ဘယ်သူက တာဝန်ယူမလဲပြော။ မယူဘူး…။ အေး…. မယူရင်ရိုက်မပြနဲ့လေ။ ဒီလောက်ရှင်းနေတာကို ရှုပ်အောင်လုပ်​​နေကြတယ်​။ 😁

နောက်ရှိသေးတယ်…! တက္ကသိုလ်တက်တဲ့ဇာတ်ကား၊ ဆေးကျောင်းတက်တဲ့ဇာတ်ကား စသဖြင့် ကျောင်းတက်တဲ့ ဇာတ်ကားတွေမှာပေါ့။ အလကား…, အားနေရင် စာကျက်တာမတွေ့ရဘူး။ ကန်တင်းထိုင်၊ ရည်းစားထားဖို့ကြိုးစား၊ ကန်ဘောင်ပတ်နဲ့ တစ်နေ့တစ်နေ့ ဘာစောက်ကျောင်းစာမှလုပ်တာ မတွေ့ရဘူး။ ဒါတွေလည်း ဘကြီး'တို့အနေနဲ့ ဆင်ဆာဖြတ်ပစ်ရမယ်။ လူငယ်တွေကို အတုယူမှားအောင် မလုပ်ရဘူးလေ… ဟုတ်တယ်မို့လား? 😁

တစ်ခုပိုဆိုးတာက အဲဒီကျောင်းတွေမှာတက်နေတဲ့ ကျောင်းသားသရုပ်ဆောင်တွေ…။ လူတွေကဖြင့် ဖင်မွှေးဖြူနေပြီကို လွယ်အိတ်တကားကား၊ ကျောပိုးအိတ်တလွယ်လွယ်နဲ့ မျက်စိကိုနောက်နေတာပဲ။ ဒီလိုဇာတ်ကားတွေကြည့်ပြီး ကလေးတွေက ''သြော်…တက္ကသိုလ်တို့၊ ဆေးကျောင်းတို့ဆိုတာ အသက်ကြီးမှတက်လည်း ရပါလား'' ဆိုပြီး ခံယူချက်တွေလွဲ စာမကြိုးစားပဲနေကုန်ရင် သေပြီဆရာပဲ…။ ဒီအတွက်ကြောင့် ဒီလိုဇာတ်ကားတွေလည်း ပိတ်သင့်ရင်ပိတ်ရမယ်။ အသက်ကြီးရင် ဘာကျောင်းသားကားမှ ခေါ်မရိုက်နဲ့… အပိုတွေ… ယုတ္တိမတန်တာတွေ မပြနဲ့…။ 😁

နောက်ပြီး ပေါ်လစီကားလို့ခေါ်တဲ့ စစ်ကားတွေဒါတွေလည်း ပိတ်ရမယ်။ ဒါတွေကြည့်ပြီး ပစ်ချင်ခတ်ချင်တော့ ဘာလုပ်တယ်ထင်လဲ…! လက်နက်ကိုင်တပ်ထဲဝင်တယ်။ လက်နက်ကိုင်တပ်တောင် ငယ်သားတွေက ပေတိပေစုတ် လုပ်ရပြီး အကြီးအကဲတွေသာကောင်းစားတဲ့ တပ်မတော်ထဲကိုမဝင်ဘူး…၊ သားသားနားနားနဲ့ ဆတ်ကြေးလည်းကောက်လို့ရပြီး အနေအစားချောင်တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ထဲဝင်တယ်။ ပြီးတော့ ဘာဆက်ဖြစ်တယ်ထင်လဲ…! အဲ…အူလည်လည်နဲ့ စစ်တပ်ထဲဝင်ပြီး ရှေ့တန်းပါလာတဲ့ကောင်တွေကို ချောင်းပစ်တယ်လေ။ အဲဒီမှာ တိုက်ပွဲဖြစ်ပြီး သေကုန်ရော…။ အဲဒါကြောင့် ကလေးတွေ၊ လူငယ်တွေ အတုယူမမှားရအောင် အဲဒီစစ်ကားတွေ၊ ရဲကားတွေ အကုန်ပိတ်ရမယ်။ အတုယူမမှားရအောင် ဘကြီး'တို့ လူကြီးတွေမှာ တာဝန်ရှိတယ်လေ… ဟုတ်တယ်မို့လား…? 😁

တလောကပြီးသွားတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ အရပ်ထဲက ကလေးတွေက မဲဆွယ်ဖို့ လှည့်လည်ဟောပြောနေကြတဲ့ စည်းရုံးရေးအဖွဲ့တွေ၊ ကိုယ်စားလှယ်လောင်းတွေ၊ အမတ်လောင်းတွေကိုကြည့်ပြီး မေးတယ်…! ''သူတို့က ဘာအတွက် အဲသလိုလှည့်အော်နေတာလဲ'' တဲ့…။ ''ကိုယ်စားလှယ်ဖြစ်ပြီး လွှတ်တော်ထဲ ဝင်ခွင့်ရအောင်လို့ပေါ့ကွာ'' လို့ ပြောလိုက်တယ်။ အဲဒီမှာ ပြည်သူလွှတ်တော်ချန်နယ်က လာနေတာကိုကြည့်ပြီး ''ဟိုစစ်သားတွေကရော အဲသလိုလှည့်ပြီး အော်နေရသေးလား'' တဲ့…။ အမေးရှိတော့ အဖြေရှိရတာပေါ့…။ ''သူတို့က မလိုဘူးကွ'' လို့ ပြန်ဖြေလိုက်တယ်။ အဲဒီမှာ ကလေးတွေက ဘာထပြောလဲဆိုတော့ ''တို့ကတော့ အဲသလိုကြီး နေပူကျဲတဲလိုက်အော်ပြီး မဲဆွယ်မနေချင်ဘူး…၊ တခါတည်းအမတ်ဖြစ်အောင် စစ်သားကြီးလုပ်မယ်'' လို့ ထပြောတယ်။ အဲဒါသာကြည့်…ဘယ်လောက်တောင် ဖြတ်လမ်းလိုက်ပြီး အချောင်ခိုချင်ကြသလဲဆိုတာ…။ အတုယူမှားကြတာပြောပါတယ်​။ 😁

အဲတော့ အတုမြင် အတတ်သင်တတ်တဲ့ လူငယ်တွေ မမှားသင့်တာမမှားရအောင် အဲဒီစစ်သားအမတ်တွေလည်း ဖြုတ်သင့်ဖြုတ်ရမယ်​။ 😁

နောက်ဆုံးပြောချင်တာက စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ တပ်အရာရှိဟောင်းတွေရဲ့ ချမ်းသာကြွယ်ဝမှုတွေပဲ။ ဒါတွေလည်းကြည့်ပြီး လူငယ်တွေက ဘာတွေလဲဆိုတော့ သူတို့တောင် မဟုတ်တာတွေလုပ်ပြီး ချမ်းသာနေတာကို ဘယ်သူမှအရေးယူမခံရဘူး၊ အေးဆေးပဲ… ဆိုပြီး လွဲမှားတဲ့အသိတွေ ဝင်ကုန်ကြတယ်။ အဲသလို အောက်တန်းစား စိတ်ဓာတ်တွေ၊ အခွင့်အရေးသမား စိတ်ဓာတ်တွေ၊ ''ဘယ်သူသေသေ ငတေမာရင်ပြီးရော'' ဆိုတဲ့ ဖွတ်စိတ်ဓာတ်တွေကို လူငယ်တွေဆီမဝင်အောင် အဲဒီပုဂ္ဂိုလ်တွေကိုလည်း ရှင်းသင့်ရင် ရှင်း၊ အရေးယူသင့်ရင် အရေးယူရမယ်​။😁

ဒါမှ နောင်လာနောင်သားတွေအနေနဲ့ မဟုတ်တာလုပ်ပြီး ချမ်းသာချင်တဲ့ အချောင်သမားစိတ်ဓာတ်တွေ ဝင်မသွားမှာမို့လား…? 😁

အဲဒီလူတွေကြည့်ပြီး အဲသလိုတွေလိုက်လုပ်လို့ တိုင်းပြည်ဆင်းရဲမြဲဆင်းရဲနေရင် ဘယ်သူတာဝန်ယူမလဲပြော…! မယူဘူး… အေး… မယူရင်မလုပ်နဲ့​လေ…။ 😁😁

ဒါပဲ...မြန်မာပြည်မှာ တားဆီးစရာ၊ ပိတ်ပင်စရာ၊ ကန့်ကွက်စရာ၊ ဖမ်းစရာတွေမှ ပြည့်လို့နှက်လို့ အများကြီးပဲ…။

ဥပမာ ဘကြီး'သာ ရဲဖြစ်ကြည့်…! ဆေးပြားတစ်ပြား နှစ်ပြားသမားတွေ ဖမ်း…၊ အရက်တစ်ပုလင်း နှစ်ပုလင်းလောက် ရောင်းတဲ့ဆိုင်ကို ဖမ်း…၊ သူ့ဟာသူ ရှိတာခံစားနေတဲ့ ဖာသည်ကို ဖမ်း…၊ ထန်းရည်ဆိုင် ဝင်ဖမ်း…၊ ဒိုးဆက်နေတဲ့ဝိုင်းကို ဝင်ဖမ်း…၊ ကျွန်းသားနဲ့လုပ်တဲ့ လှေတွေ့ရင် ဖမ်း… စသဖြင့်ပေါ့။ ဘကြီး'ကလည်း အဲသလို သေးသေးမွှားမွှားလေးတွေဆိုရင် အရမ်းဖမ်းချင်​တာ သိလား…? 😁

ဒီလူတွေကို ကိုယ်နိုင်တယ်လေ၊ ကိုယ်ရစ်သလောက်လည်း သူတို့က ခံတယ်။ အယ်…! နဲနဲအကောင်ကြီးတာကျ မဖမ်းရဲဘူး။ စားပေါက်ပိတ်မယ့်အပြင် ကံဆိုးရင် ရှိတဲ့ရာထူးပါ ပြုတ်သွားနိုင်တာကိုး…။ အဲဒါကြောင့် ကိုယ်နိုင်တဲ့လူတွေပဲ လိုက်ဖမ်းမှာ…။ 😁

ဆိုတော့…! ခြုံပြောရရင်တော့ကွယ်… ဘကြီး'အနေနဲ့ ပိတ်ပင်တားဆီးစရာတွေ အများကြီးတွေ့ရတယ်…။😁

ဒါတွေကိုပိတ်ရမယ်၊ ဖမ်းရမယ်။ ပိတ်လို့ကိုမရတော့ဘူး။ ဘကြီး'က ဘာလို့လိုက်ပိတ်ချင်နေလဲသိလား…? အားနေတာလေ… စောက်ပိုတွေသိပ်လုပ်ချင်တာ။ လုပ်ရမယ့်ဟာတွေကို သိပ်မလုပ်ချင်ပေမယ့်…! မလုပ်သင့်တဲ့ဟာတွေကို​တော့ သိပ်လုပ်ချင်တာ ဝါသနာက…။😁

အေး… ကိုယ်မနိုင်နိုင်တဲ့လူတွေကို ဘာမှမပြောချင်ပေမယ့် ကိုယ်နိုင်နိုင်လောက်တဲ့လူတွေကိုတော့ အသကုန်ရစ်ဖို့ အဆင်သင့်ရှိနေတတ်တယ်…။ သိတယ်မှုတ်လား…😁 အားနေတာလေ… 😁 ဒီလိုသောက်ပိုတွေလုပ်ဖို့ကို အားနေတာဒီက…😁 ရှေ့လည်း အဲသလိုသောက်ပိုတွေလုပ်ဖို့ ရှိသေးတယ်။ လုပ်ဦးမှာ..ပိတ်ဦးမှာ ...ဖမ်းဦးမှာ…။ ။

Credit စောက်ရမ်းအားနေတဲ့ တောက ဘကြီး

No comments:

Post a Comment