Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, October 18, 2018

ကေလးဗိုက္ခြဲေမြးမႈ ကမာၻ႔ကပ္ေရာဂါအသြင္ျဖစ္လာေနေၾကာင္း ဆရာဝန္ေတြ သတိေပး


ဗိုက္ခြဲကေလးေမြးနႈန္းဟာ ႏွစ္ ၂၀ အတြင္း ႏွစ္ဆနီးပါး ျမင့္တက္လာျပီး အခ်ိဳ႕နိုင္ငံေတြမွာ ေၾကာက္စရာ အခ်ိဳးအစားပမာဏတစ္ခုအထိ ေရာက္ရွိလာေနျပီလို႔ ဆရာဝန္ေတြက သတိေပးခဲ့ပါတယ္။ ဆင္းရဲတဲ့ မိခင္ေတြနဲ႔ ခ်မ္းသာတဲ့ မိခင္ေတြၾကား ကေလးေမြးဖြားေစာင့္ေရွာက္မႈ ကြာဟခ်က္ၾကီးမားပံုကို ျမင္သာေစပါတယ္။
နွစ္စဥ္ သန္းနဲ႔ခ်ီတဲ့အမ်ိဳးသမီးေတြဟာ ဗိုက္ခြဲျပီး ကေလးေမြးေနတာေၾကာင့္ ကေလးနဲ႔ မိခင္ေတြအတြက္ မလိုလားအပ္တဲ့အႏၱရာယ္ကုိ ဖိတ္ေခၚေနတယ္လို႔ သူတို႔က ေျပာပါတယ္။
၂၀၁၅ စစ္တမ္းအရ တစ္ကမာၻလုံးအတိုင္းအတာအရ ကေလးေမြးနႈန္းရဲ႕ ၂၁% ျဖစ္တဲ့ အမ်ိဳးသမီး ၂၉.၇သန္းဟာ ဗိုက္ခြဲကေလးေမြးခဲ့ေၾကာင္း သိရပါတယ္။ ၂၀၀၀ ခုနွစ္က ကေလးေမြးနႈန္းရဲ႕ ၁၂% ျဖစ္တဲ့ ၁၆သန္းသာ ရွိခဲ့တယ္လို႔ လန္းဆက္ဂ်ာနယ္မွာ ေဖာ္ျပထားပါတယ္။
ခန္႔မွန္းခ်က္အရ ထိုစဥ္က ဗိုက္ခြဲေမြးဖို႔ ၁၀-၁၅% ကသာ အမွန္တကယ္ လိုအပ္ခဲ့တာျဖစ္ပါတယ္။
နုိင္ငံေပါင္း ၁၅ ႏိုင္ငံံေက်ာ္မွာ ျပဳလုပ္ခဲ့တဲ့ သုေတသနေတြအရ စီးပြားေရးအေျခအေနအေပၚမွာ မူတည္ျပီး ျပဳလုပ္ခဲ့ေၾကာင္း ေတြ႔ရွိခဲ့ရပါတယ္။ ဗိုက္ခြဲေမြးတာရဲ႕ ၄၀%ကို ပုဂၢလိကေဆးရုံေတြမွာေမြးတဲ့ ခ်မ္းသာတဲ့အမ်ိဳးသမီးေတြ ျဖစ္ေၾကာင္းေတြ႔ရပါတယ္။
ဘရာဇီး၊ အီဂ်စ္နဲ႔ တူရကီႏိုင္ငံေတြရဲ႕ ကေလးတဝက္ေက်ာ္ကို ဗိုက္ခြဲေမြးခ့ဲပါတယ္။
ဒိုမီနီကန္သမၼတႏိုင္ငံဟာ ဗိုက္ခြဲေမြးဖြားမႈနႈန္းအျမင့္ဆုံးနိုင္ငံျဖစ္ျပီး ကေလးအားလုံးရဲ႕ ၅၈.၁%ကို ဗိုက္ခြဲေမြးဖြား ခဲ့ပါတယ္။
ဒါေပမဲ့ ကမာၻ႔ႏိုင္ငံ ေလးပုံတစ္ပုံနီးပါးရဲ႕ ခြဲစိတ္ေမြးဖြားမႈနႈန္းဟာ ပ်မ္းမွ်ေအာက္မွာရွိေနပါတယ္။
အၾကမ္းမ်ဥ္းအားျဖင့္ ခြဲစိတ္ေမြးဖြားတာကုိ အလယ္အလတ္နဲ႔ ဝင္ေငြျမင့္တဲ့ အသိုင္းအဝိုင္းကသာ လုပ္ေလ့ရွိေပမဲ့ ဆင္းရဲသားေတြကေတာ့ အသက္အႏၱရာယ္အတြက္ ခြဲစိတ္ေမြးဖို႔ေတာင္ အခြင့္အေရးမရွိၾကဘူးလိ႔ု သည္စာတမ္းေရးသူေတြ က ေထာက္ျပထားပါတယ္။
ကေလးေမြးဖြားတဲ့လိုအပ္ခ်က္ေတြနဲ႔ပတ္သက္ျပီး ႏိုင္ငံေတြၾကားမွာ၊ လူမႈစီးပြားအေျခအေန ကြာျခားတဲ့ အမ်ိဳးသမီးေတြၾကားမွာ ဒါမွမဟုတ္ ႏိုင္ငံေတြအတြင္းက တုိင္းေတြ ျပည္နယ္ေတြၾကားမွာ ဒီေလာက္ေတာင္ ကြဲျပားျခားနားမႈ ေတြ ရွိလာမယ္လို႔ ကၽြန္ေတာ္တု႔ိ မေမွ်ာ္လင့္ထားဘူးလို႔ ေလ့လာေရးအဖြဲ႔ေခါင္းေဆာင္ မနီတိုဘာ တကၠသိုလ္က ျပည္သူ႔က်န္းမာေရးပါေမာကၡ တိုင္းဘိုးမားက ေျပာၾကားခဲ့ပါတယ္။
ခြဲစိတ္ေမြးဖြားမႈနႈန္းျမင့္ရတဲ့အေၾကာင္းအရင္းေတြက အခက္အခဲျပသနာေတြကို တားဆီးေဖာ္ထုတ္ႏုိင္တဲ့ သားဖြားဆရာမေတြ မရွိတာ၊ ပုံမွန္နည္းလမ္းန႔ဲေမြးဖြားဖို႔အတြက္ ယုံၾကည္စိတ္ခ်ရတဲ့ ေဆးဘက္ဆုိင္ရာ ကၽြမ္းက်င္မႈ အားနည္းၾကတာနဲ႔ ေဆးဘက္ဆိုင္ရာဥပေဒျပႆနာေတြ ရွိတာေၾကာင့္လို႔ ေဖာ္ျပထားပါတယ္။
မိခင္ေသနႈန္းနဲ႔ မသန္စြမ္းျဖစ္မႈနႈန္းဟာ ဗိုက္ခြဲေမြးျပီးေနာက္ပိုင္းမွာ ပိုအျဖစ္မ်ားသလို သားအိမ္မွာ ခြဲေၾကာင္းရာ က်န္ရစ္ခဲ့တာေၾကာင့္ ယင္းေနရာက ေသြးထြက္နုိင္သလို သားအိမ္ျပင္ပ သေႏၶတည္ျခင္းနဲ႔ ေနာက္ပိုင္းမွာ ကေလးအေသေမြးျခင္းနဲ႔ လမေစ့ဘဲကေလးေမြးတာေတြ ျဖစ္ေစနုိင္ပါတယ္။
သားဖြားဆရာမေတြကိုပုိမုိေလ့က်င့္ေပးျပီး ပုံမွန္နည္းနဲ႔ ပိုမိုေမြးဖြားေစျပီး လိုအပ္မွသာ ခြဲေမြးေစဖို႔နဲ႔ ေနာက္ဆက္တြဲ အႏၱရာယ္ေတြကို နားလည္ေစဖို႔ စာတမ္းေရးသူေတြက အၾကံျပဳထားပါတယ္။
‘ဗိုက္ခြဲေမြးဖြားတာဟာ အၾကီးစားခြဲစိတ္မႈတစ္ခုျဖစ္တာေၾကာင့္ ေနာက္ဆက္တြဲအႏၱရာယ္ကို ထည့္သြင္းစဥ္းစားဖို႔ လုိေၾကာင္း ကင္းစ္ေကာလိမ္လန္ဒန္က လူမႈသိပၸံနဲ႔ အမ်ိဳးသမီးက်န္းမာေရးဆိုင္ရာ ပါေမာကၡ ဂ်ိန္းဆန္ေဒါလ္က ေျပာပါတယ္။
 ႏွင္းသန္႔

#Unicode Version#
ဗိုက်ခွဲကလေးမွေးနှုန်းဟာ နှစ် ၂၀ အတွင်း နှစ်ဆနီးပါး မြင့်တက်လာပြီး အချို့နိုင်ငံတွေမှာ ကြောက်စရာ အချိုးအစားပမာဏတစ်ခုအထိ ရောက်ရှိလာနေပြီလို့ ဆရာဝန်တွေက သတိပေးခဲ့ပါတယ်။ ဆင်းရဲတဲ့ မိခင်တွေနဲ့ ချမ်းသာတဲ့ မိခင်တွေကြား ကလေးမွေးဖွားစောင့်ရှောက်မှု ကွာဟချက်ကြီးမားပုံကို မြင်သာစေပါတယ်။
နှစ်စဉ် သန်းနဲ့ချီတဲ့အမျိုးသမီးတွေဟာ ဗိုက်ခွဲပြီး ကလေးမွေးနေတာကြောင့် ကလေးနဲ့ မိခင်တွေအတွက် မလိုလားအပ်တဲ့အန္တရာယ်ကို ဖိတ်ခေါ်နေတယ်လို့ သူတို့က ပြောပါတယ်။
၂၀၁၅ စစ်တမ်းအရ တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကလေးမွေးနှုန်းရဲ့ ၂၁% ဖြစ်တဲ့ အမျိုးသမီး ၂၉.၇သန်းဟာ ဗိုက်ခွဲကလေးမွေးခဲ့ကြောင်း သိရပါတယ်။ ၂၀၀၀ ခုနှစ်က ကလေးမွေးနှုန်းရဲ့ ၁၂% ဖြစ်တဲ့ ၁၆သန်းသာ ရှိခဲ့တယ်လို့ လန်းဆက်ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ခန့်မှန်းချက်အရ ထိုစဉ်က ဗိုက်ခွဲမွေးဖို့ ၁၀-၁၅% ကသာ အမှန်တကယ် လိုအပ်ခဲ့တာဖြစ်ပါတယ်။
နိုင်ငံပေါင်း ၁၅ နိုင်ငံံကျော်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနတွေအရ စီးပွားရေးအခြေအနေအပေါ်မှာ မူတည်ပြီး ပြုလုပ်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ ဗိုက်ခွဲမွေးတာရဲ့ ၄၀%ကို ပုဂ္ဂလိကဆေးရုံတွေမှာမွေးတဲ့ ချမ်းသာတဲ့အမျိုးသမီးတွေ ဖြစ်ကြောင်းတွေ့ရပါတယ်။
ဘရာဇီး၊ အီဂျစ်နဲ့ တူရကီနိုင်ငံတွေရဲ့ ကလေးတဝက်ကျော်ကို ဗိုက်ခွဲမွေးခဲ့ပါတယ်။
ဒိုမီနီကန်သမ္မတနိုင်ငံဟာ ဗိုက်ခွဲမွေးဖွားမှုနှုန်းအမြင့်ဆုံးနိုင်ငံဖြစ်ပြီး ကလေးအားလုံးရဲ့ ၅၈.၁%ကို ဗိုက်ခွဲမွေးဖွား ခဲ့ပါတယ်။
ဒါပေမဲ့ ကမ္ဘာ့နိုင်ငံ လေးပုံတစ်ပုံနီးပါးရဲ့ ခွဲစိတ်မွေးဖွားမှုနှုန်းဟာ ပျမ်းမျှအောက်မှာရှိနေပါတယ်။
အကြမ်းမျဉ်းအားဖြင့် ခွဲစိတ်မွေးဖွားတာကို အလယ်အလတ်နဲ့ ဝင်ငွေမြင့်တဲ့ အသိုင်းအဝိုင်းကသာ လုပ်လေ့ရှိပေမဲ့ ဆင်းရဲသားတွေကတော့ အသက်အန္တရာယ်အတွက် ခွဲစိတ်မွေးဖို့တောင် အခွင့်အရေးမရှိကြဘူးလိ့ု သည်စာတမ်းရေးသူတွေ က ထောက်ပြထားပါတယ်။
ကလေးမွေးဖွားတဲ့လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး နိုင်ငံတွေကြားမှာ၊ လူမှုစီးပွားအခြေအနေ ကွာခြားတဲ့ အမျိုးသမီးတွေကြားမှာ ဒါမှမဟုတ် နိုင်ငံတွေအတွင်းက တိုင်းတွေ ပြည်နယ်တွေကြားမှာ ဒီလောက်တောင် ကွဲပြားခြားနားမှု တွေ ရှိလာမယ်လို့ ကျွန်တော်တု့ိ မမျှော်လင့်ထားဘူးလို့ လေ့လာရေးအဖွဲ့ခေါင်းဆောင် မနီတိုဘာ တက္ကသိုလ်က ပြည်သူ့ကျန်းမာရေးပါမောက္ခ တိုင်းဘိုးမားက ပြောကြားခဲ့ပါတယ်။
ခွဲစိတ်မွေးဖွားမှုနှုန်းမြင့်ရတဲ့အကြောင်းအရင်းတွေက အခက်အခဲပြသနာတွေကို တားဆီးဖော်ထုတ်နိုင်တဲ့ သားဖွားဆရာမတွေ မရှိတာ၊ ပုံမှန်နည်းလမ်းနဲ့မွေးဖွားဖို့အတွက် ယုံကြည်စိတ်ချရတဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု အားနည်းကြတာနဲ့ ဆေးဘက်ဆိုင်ရာဥပဒေပြဿနာတွေ ရှိတာကြောင့်လို့ ဖော်ပြထားပါတယ်။
မိခင်သေနှုန်းနဲ့ မသန်စွမ်းဖြစ်မှုနှုန်းဟာ ဗိုက်ခွဲမွေးပြီးနောက်ပိုင်းမှာ ပိုအဖြစ်များသလို သားအိမ်မှာ ခွဲကြောင်းရာ ကျန်ရစ်ခဲ့တာကြောင့် ယင်းနေရာက သွေးထွက်နိုင်သလို သားအိမ်ပြင်ပ သန္ဓေတည်ခြင်းနဲ့ နောက်ပိုင်းမှာ ကလေးအသေမွေးခြင်းနဲ့ လမစေ့ဘဲကလေးမွေးတာတွေ ဖြစ်စေနိုင်ပါတယ်။
သားဖွားဆရာမတွေကိုပိုမိုလေ့ကျင့်ပေးပြီး ပုံမှန်နည်းနဲ့ ပိုမိုမွေးဖွားစေပြီး လိုအပ်မှသာ ခွဲမွေးစေဖို့နဲ့ နောက်ဆက်တွဲ အန္တရာယ်တွေကို နားလည်စေဖို့ စာတမ်းရေးသူတွေက အကြံပြုထားပါတယ်။
‘ဗိုက်ခွဲမွေးဖွားတာဟာ အကြီးစားခွဲစိတ်မှုတစ်ခုဖြစ်တာကြောင့် နောက်ဆက်တွဲအန္တရာယ်ကို ထည့်သွင်းစဉ်းစားဖို့ လိုကြောင်း ကင်းစ်ကောလိမ်လန်ဒန်က လူမှုသိပ္ပံနဲ့ အမျိုးသမီးကျန်းမာရေးဆိုင်ရာ ပါမောက္ခ ဂျိန်းဆန်ဒေါလ်က ပြောပါတယ်။
 နှင်းသန့်

No comments:

Post a Comment