Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, October 10, 2018

Neem and BP တမာရြက္နဲ႔ ေသြးတိုး


၁။ Komgkokomg အသြားမေတာ္တလွမ္း အစားမေတာ္တလုတ္ ေႏြရာသီအခ်ိန္ ရာသီစာ တမာခ်ဥ္ကုိေတာ့ေသြးတုိး႐ွိသူေတြ သတိထား စားၾကရလိမ့္မယ္ေနာ္ဆရာ

၂။ San Htun တမာခ်ဥ္ အရမ္းႀကိဳက္ ေသြးတိုးရွိလို႔ မစားရတာၾကာေပါ့

၃။ ထက္ထက္ ေအာင္ ႀကိဳက္ေပမဲ့ ေသြးတိုးနဲ႔ မတဲ့ပါ

ယူအက္စ္ေအမွာ သုေတသနလုပ္တယ္။ ေသြးတိုးနဲ႔မသင့္တဲ့အစားအစာ အဓိက ၅ မ်ိဳးနဲ႔ ေနာက္တအုပ္စုရွိတယ္။

1. Salt ဆိုဒီယမ္ကလိုရိုက္ ေခၚ ဆား၊
2. Frozen pizza ပစ္ဇာ
3. Pickles တည္ခ်ဥ္မ်ား
4. Canned or bottled products ဗူးသြပ္ အစာမ်ား
5. Sugar သၾကားနဲ႔ သၾကားပါအစာမ်ား

ေနာက္အုပ္စုထဲမွာ ၾကက္အေရျပား၊ အဆီျပည့္ႏြာႏို႔၊ အမဲသား၊ ဆိတ္သား၊ ေထာပတ္၊ ထရန္စ္ဖက္ ေခၚ ဆီ နဲ႔ အရက္ ပါတယ္။

သူတို႔ဆီမွာ တမာရြက္မစားပါ။ ျမန္မာျပည္မွာ စားသံုးၾကတဲ့အစားအစာေတြထဲမွာ ဆိုဒီယမ္ကလိုရိုက္ ေခၚ ဆားမ်ားမ်ားပါတဲ့ အစားအစာေတြ မသင့္ပါ။ တည္ခ်ဥ္ေတြ မသင့္ပါ။

ခ်ဥ္ခ်ဥ္၊ ခါးခါး၊ စပ္စပ္ အရြက္နဲ႔ အသီးေတြ တခုမွ ေသြးတိုးနဲ႔ မသင့္တဲ့စာရင္းထဲမွာ မပါ။

လူတခ်ိဳ႕မွာ စိတ္အစြဲအလြန္ၾကီးၾကတယ္။ သူကထင္ထားတာ၊ ဆရာဝန္မဟုတ္သူ သူမ်ားေျပာတာ စားမိလို႔ ေရာဂါျဖစ္တယ္လို႔ ထင္မွတ္ၾကတယ္။ ေသြးဖိအားတိုင္းကရိယာနဲ႔ မတိုင္းဘဲ ေသြးတိုး တက္တယ္ က်တယ္ မသိႏိုင္ပါ။

အေျခခံအခ်က္တခု ေျပာပါရေစ။ ဆီးခ်ိဳမရွိသူ အခ်ိဳဘယ္ေလာက္စားစား၊ ေသြးတိုးမရွိသူ အငန္ဘယ္ေလာက္စားစား ေရာဂါမျဖစ္ေစႏိုင္ပါ။ ေရာဂါရွိေနသူေတြကေတာ့ မနက္စာ၊ ေန႔စာ၊ ညစာ အနပ္တိုင္းမွာ သတိထားၾကရတယ္။ အခ်ိဳစားမ်ားလို႔ ဆီးခ်ိဳျဖစ္မလာႏိုင္။ ဆီးခ်ိဳရွိသူ အခ်ိဳမသင့္။ အငန္စားတိုင္း ေသြးတိုးျဖစ္မလာႏိုင္။ ေသြးတိုးရွိသူ အငန္ေရွာင္ရတယ္။

တမာရြက္နဲ႔တို႔တဲ့ ငပိရည္၊ ငပိခ်က္ထဲမွာ ဆားေတြပါတယ္။ တမာရြက္ထဲမွာ ဆားပါမေနပါ။ တမာခ်ဥ္ဆိုတာ သရက္သီး ကုလားတည္လို တည္ခ်ဥ္ မဟုတ္ပါ။ လူတခ်ိဳ႕မွာ စိတ္အစြဲ ၾကီးၾကတယ္။ အဲတာလည္း ေရာဂါပဲ။
Dr. တင့္ေဆြ
# Unicode Version ျဖင့္ ဖတ္ပါ #
၁။ Komgkokomg အသွားမတော်တလှမ်း အစားမတော်တလုတ် နွေရာသီအချိန် ရာသီစာ တမာချဉ်ကိုတော့သွေးတိုးရှိသူတွေ သတိထား စားကြရလိမ့်မယ်နော်ဆရာ

၂။ San Htun တမာချဉ် အရမ်းကြိုက် သွေးတိုးရှိလို့ မစားရတာကြာပေါ့

၃။ ထက်ထက် အောင် ကြိုက်ပေမဲ့ သွေးတိုးနဲ့ မတဲ့ပါ

ယူအက်စ်အေမှာ သုတေသနလုပ်တယ်။ သွေးတိုးနဲ့မသင့်တဲ့အစားအစာ အဓိက ၅ မျိုးနဲ့ နောက်တအုပ်စုရှိတယ်။

1. Salt ဆိုဒီယမ်ကလိုရိုက် ခေါ် ဆား၊
2. Frozen pizza ပစ်ဇာ
3. Pickles တည်ချဉ်များ
4. Canned or bottled products ဗူးသွပ် အစာများ
5. Sugar သကြားနဲ့ သကြားပါအစာများ

နောက်အုပ်စုထဲမှာ ကြက်အရေပြား၊ အဆီပြည့်နွာနို့၊ အမဲသား၊ ဆိတ်သား၊ ထောပတ်၊ ထရန်စ်ဖက် ခေါ် ဆီ နဲ့ အရက် ပါတယ်။

သူတို့ဆီမှာ တမာရွက်မစားပါ။ မြန်မာပြည်မှာ စားသုံးကြတဲ့အစားအစာတွေထဲမှာ ဆိုဒီယမ်ကလိုရိုက် ခေါ် ဆားများများပါတဲ့ အစားအစာတွေ မသင့်ပါ။ တည်ချဉ်တွေ မသင့်ပါ။

ချဉ်ချဉ်၊ ခါးခါး၊ စပ်စပ် အရွက်နဲ့ အသီးတွေ တခုမှ သွေးတိုးနဲ့ မသင့်တဲ့စာရင်းထဲမှာ မပါ။

လူတချို့မှာ စိတ်အစွဲအလွန်ကြီးကြတယ်။ သူကထင်ထားတာ၊ ဆရာဝန်မဟုတ်သူ သူများပြောတာ စားမိလို့ ရောဂါဖြစ်တယ်လို့ ထင်မှတ်ကြတယ်။ သွေးဖိအားတိုင်းကရိယာနဲ့ မတိုင်းဘဲ သွေးတိုး တက်တယ် ကျတယ် မသိနိုင်ပါ။

အခြေခံအချက်တခု ပြောပါရစေ။ ဆီးချိုမရှိသူ အချိုဘယ်လောက်စားစား၊ သွေးတိုးမရှိသူ အငန်ဘယ်လောက်စားစား ရောဂါမဖြစ်စေနိုင်ပါ။ ရောဂါရှိနေသူတွေကတော့ မနက်စာ၊ နေ့စာ၊ ညစာ အနပ်တိုင်းမှာ သတိထားကြရတယ်။ အချိုစားများလို့ ဆီးချိုဖြစ်မလာနိုင်။ ဆီးချိုရှိသူ အချိုမသင့်။ အငန်စားတိုင်း သွေးတိုးဖြစ်မလာနိုင်။ သွေးတိုးရှိသူ အငန်ရှောင်ရတယ်။

တမာရွက်နဲ့တို့တဲ့ ငပိရည်၊ ငပိချက်ထဲမှာ ဆားတွေပါတယ်။ တမာရွက်ထဲမှာ ဆားပါမနေပါ။ တမာချဉ်ဆိုတာ သရက်သီး ကုလားတည်လို တည်ချဉ် မဟုတ်ပါ။ လူတချို့မှာ စိတ်အစွဲ ကြီးကြတယ်။ အဲတာလည်း ရောဂါပဲ။

Dr. တင့်ဆွေ

No comments:

Post a Comment