Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 10, 2018

သင်္ဘောပွင့်အကြောင်း သိကောင်းစရာ

ကင်ဆာကို ကာကွယ်ခြင်း


အစာချေနိုင်ခြင်း


ခံတွင်းလိုက်ခြင်း

အရေပြားပြဿနာများ

ခန္ဓာကိုယ်ဝိတ်ချရန်
# Unicode Version ဖြင့် ဖတ်ပါ #
ကင်ဆာကို ကာကွယ်ခြင်း
ဖောရောင်ခြင်းနှင့် ကင်ဆာ ဖြစ်စေသော tumor cell များ စတင်ဖြစ်ပေါ်ချိန် ရောင်ရမ်းမှုနှင့် ကြီးမားလာစေသော နှုန်းကို လျော့ချ ပေးသည်။

Ulcer များကို ပျောက်ကင်းစေနိုင် ခြင်း
မြင့်မားသော အင်တီအောက် ဆီးဒင့်များ ပါဝင်သဖြင့် ဝမ်းဗိုက် အတွင်း ရောင်ရမ်းမှုများအတွက် အသုံးပြုနိုင်ပြီး lipids cholestrol များ စတင်ဖြစ်ပေါ်ခြင်းကို ကာကွယ် ပေးသည်။

အစာချေနိုင်ခြင်း
အခြားအသီးများတွင်ထက် enzyme papain ပိုမိုပါဝင်သည့် အတွက် အစာကြေစေပြီး ဝမ်းချုပ် ခြင်းကို ကာကွယ်ပေးသည်။

အင်တီအောက်ဆီးဒင့်ကြွယ်ဝခြင်း
ခန္ဓာကိုယ်တွင်းမှ ဓာတ်တိုး ဆန့်ကျင်မှုများကို တိုက်ထုတ်နိုင် သည့် အင်တီအောက်ဆီးဒင့် အမျိုး မျိုးပါဝင်သည်။ ဓာတ်တိုးဆန့်ကျင် ခြင်းမှ Oxidative ပျက်စီးမှုများသည် ကင်ဆာ၊ အိုမင်းရင့်ရော်လွယ်မှု အပြင် သွေးကြောမျှင်များ ပြဿနာ ကိုပါဖြစ်စေသည်။

ခံတွင်းလိုက်ခြင်း
သင်္ဘောပွင့်၏ အရသာသည် အနည်းငယ် သက်သယောင်ရှိသော် လည်း လျှာခံတွင်းကို မိန်စေသည်။ ထမင်းနှင့် ရောစားလျှင် သက်သော အရသာလျော့ပါး သွားစေသည်။

အရေပြားပြဿနာများ
သင်္ဘောပွင့်ကို အခြောက်ခံ၍ ထောင်းပြီး အုန်းဆီနှင့် ရောပါ။ ပြုတ်၍လည်း လိမ်းနိုင်သည်။ ယင်းဆီက ဝဲများ၊ နှင်းခူ၊ Pruritis ယားယံခြင်း၊ အရေပြားပိုးဝင် ယားယံ ခြင်းအမျိုးမျိုးကို ပျောက်ကင်းစေ သည်။

ခန္ဓာကိုယ်ဝိတ်ချရန်
သင်္ဘောပွင့်တွင် ဗီတာမင် A,B,C တို့ပါဝင်ပြီး ပုံမှန်စားပေး ခြင်းဖြင့် ခန္ဓာကိုယ်ဝိတ်ကို ထိန်းထား နိုင်သည်။
Health Updates Journal

No comments:

Post a Comment