Latest News

Friday, October 5, 2018

နာတာကို ရႈလို႔ တရားရႏုိင္ပါသလား


 ဘုရားေခတ္ကေန အခုထိ ခႏၶာကိုယ္ကို အနာခံ ဒုကၡခံၿပီး တရားက်င့္တဲ့အထဲမွာ ဘုရားေလာင္းထက္ ပိုဒုကၡခံႏိုင္သူ ဘယ္သူရွိႏိုင္မလဲ။ ဘုရားေလာင္းေတာင္မွ ၆ ႏွစ္ေတာင္ မရပ္မနားဘဲ အနာခံ ဒုကၡခံကာ အားကုတ္အားခဲ က်င့္တာေတာင္ မရခဲ့လို႔ စြန္႔ပစ္ခဲ့ၿပီး ဒီနည္းနဲ႔ တရားမရႏိုင္ဘူးလို႔ အတိအလင္း ေျပာခဲ့ပါတယ္။ အခု ဒီနည္းကို ျပန္ယူၿပီး သံုးေနတဲ့သူေတြကိုလည္း ဗုဒၶဘာသာ အသိုင္းအ၀ိုင္းမွာ ေတြ႔ေနရပါတယ္။ ဒါေပမဲ့လည္း ဖားေအာက္ေတာရ ကမၼ႒ာန္းေက်ာင္းေတြမွာေတာ့ ဘုရားက မရဘူးလို႔ ေျပာထားခဲ့တဲ့နည္းကို လံုး၀ယူမသံုးဘဲ ဘုရားလက္ထက္က ဘုရားေဟာတဲ့နညး္အတိုင္း တိတိက်က် ညြန္ၾကားၿပီး တရားေပးေနတာ ေယာဂီေတြဟာ ဘုရားေျပာတဲ့ ပရမတ္ရုပ္ ပရမတ္နာမ္ကို ေအာင္ျမင္စြာ ရႈျမင္ႏိုင္ၾကပါတယ္။ ဒီပို႔စ္က ဖားေအာက္ေတာရ ကမၼ႒ာနာစရိယ ဆရာေတာ္ ဦးေရ၀တ ေျဖတဲ့ အဂၤလိပ္လို အသံကို ျမန္မာလိုနဲ႔ ျပန္ရိုက္ၿပီး ေဖၚျပလိုက္ပါတယ္။ ဖားေအာက္ေတာရ ဆရာေတာ္ႀကီးရဲ့ အေမြအနစ္ကို အတိအက် ခံယူထားတဲ့ ဆရာေတာ္ ဦးေရ၀တအား ၾကည္ညိုသဒၵါတရား အျပည့္နဲ႔ ရိုေသစြာ ရွစ္ခိုးဦးတိုက္ ကန္ေတာ့လိုက္ပါတယ္။ တရားရွာေဖြေနတဲ့ တရားခ်စ္ခင္သူ သူေတာ္စဥ္အေပါင္း ဘုရားေဟာတရား အစစ္နဲ႔ ေတြ႔ပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။ (ခင္ေ႒းၾကဴ - 28/07/17)

တရားအေမးအေျဖ

အင္ဒိုနီးရွား ေယာဂီတဦးအေမး။ ။ နာတာကို ရႈရင္ တရားရႏိုင္ပါသလား။

ဆရာေတာ္ ဦးေရ၀တ (ဖားေအာက္ေတာရ ကမၼ႒ာစရိယ ဆရာေတာ္) အေျဖ။ ။ နာတာကို ကမၼ႒ာန္းအာရံုလို႔ သင္ထင္သလား (ရယ္လ်က္) ဒါေပမဲ့ ဒါဟာ အားလံုးအတြက္ ေကာင္းတဲ့ေမးခြန္းတခုပါ။ ဒါနဲ႔ပတ္သက္ၿပီး အားလံုးအတြက္ ဘုန္းႀကီးမွာ ေျပာစရာတခု ရွိပါတယ္။ ဘုရားလက္ထက္က ျဗဟၼာဏတဦးက ဘုရားကိုေမးတယ္။ အရွင္ေဂါတမ တပည့္ေတာ္အျမင္မွာ သုခကို ဒုကၡနဲ႔ပဲ ရႏိုင္ပါတယ္။ သုခကို သုခနဲ႔မရႏိုင္ဘူးလို႔ အယူရွိတယ္ အရွင္ေဂါတမရဲ့ အယူက ဘယ္လိုရွိသလဲ လို႔ ျမတ္စြာဘုရားကို ေမးေလွ်ာက္ပါတယ္။ ဒီေတာ့ သင့္ (ယခု ေမးခြန္းေမးသူ) အျမင္ကေကာ ဘယ္လိုရွိလဲ၊ သုခကို ဒုကၡနဲ႔ပဲ ရႏုိင္တယ္ သုခကို သုခနဲ႔ မရႏိုင္ဘူးလို႔ ျမင္လား။

ျမတ္စြာဘုရားက ငါလည္း သုခကို ဒုကၡနဲ႔ပဲ ရႏိုင္တယ္ သုခကို သုခနဲ႔ မရႏုိင္ဘူးဆိုတဲ့ အျမင္နဲ႔ပဲ ငါဟာ အစြမ္းကုန္ ႀကိဳစားပမ္းစား တရားက်င့္ခဲ့တာ ၆ ႏွစ္ေတာင္ ၾကာခဲ့တယ္။ ငါ့လို အားကုတ္အားခဲ ဘယ္သူမွ မက်င့္ႏိုင္တဲ့အတြက္ ဘယ္သူနဲ႔မွ ႏႈိင္းယွဥ္လို႔မရတဲ့ အတိုင္းအတာထိ ငါ ႀကိဳးစားအားထုတ္ ခဲ့ပါတယ္။ ဒါေပမဲ့ ငါဟာ ဒီနည္းနဲ႔ တရားကို မျမင္ခဲ့ဘူး။ ဒါဟာ အစြန္းတဘက္ေရာက္ က်င့္စဥ္သာ ျဖစ္တယ္။ ဒီနည္းနဲ႔ တရားက်င့္လို႔ မရႏိုင္ဘူးလို႔ ငါသတိထားမိတဲ့အခ်ိန္မွာ ငါဟာ အလယ္လတ္လမ္းစဥ္ကို ေရြးခ်ယ္ၿပီး က်င့္မွ တရားကို သိျမင္ခဲ့ပါတယ္။ ဒါေၾကာင့္ သုခကို သုခနဲ႔သာ ရႏိုင္ပါတယ္ သုခကို ဒုကၡနဲ႔ မရႏိုင္ပါဘူး လို႔ ျမတ္စြာဘုရားက ျပန္ေျဖပါတယ္။

ဒီအခ်က္နဲ႔ ပတ္သက္လို႔ ပိုမိုျဖည့္စြက္ၿပီး ဘုန္းႀကီး အနည္းငယ္ ရွင္းျပခ်င္ပါတယ္။ တရားကို ျမင္ဖို႔အတြက္ ဘုရားေဟာထားတဲ့ သီလ (Morility )၊ သမာဓိ (Concentration)၊ ပညာ (Insight) ဆိုၿပီးေတာ့ က်င့္စဥ္ အဆင့္သံုးခု ရွိပါတယ္။ ကမၼ႒ာန္းရဲ့အစ သမာဓိကို ထူေထာင္စဥ္မွာ ခႏၶာကိုယ္ ေတာင့္တင္းၿပီး သက္ေတာင့္သက္သာ မရွိျခင္း၊ နာက်င္ကိုက္ခဲျခင္းႏွင့္ စိတ္အေႏွာင့္အယွက္ ျဖစ္ျခင္းေတြ ၾကံဳေတြ႔လိမ့္မယ္။ ဒီလိုျဖစ္တဲ့ မႏွစ္သက္စရာ ခံစားမႈက သုခကိုျဖစ္ေစႏိုင္တဲ့ အေၾကာင္းရင္းလို႔ သင္ထင္သလား။ သင္အလြန္အမင္း နာက်င္လာၿပီ၊ အဲဒီနာက်င္မႈက သင့္ရဲ့အာရံုစူးစိုက္မႈ သမာဓိကို အေႏွာင့္အယွက္ ေပးလာၿပီဆိုရင္ သင္ဘာလုပ္မလဲ ဘုရားကို ဘိုင့္ဘိုင္လုပ္မလား (ရယ္လ်က္)။

ဘုန္းႀကီးတို႔က အေတာ္အသင့္ နာက်င္ကိုက္ခဲလာတယ္ ဆိုလို႔ရွိရင္ ဒါကို လစ္လ်ဴရႈၿပီး မိမိရဲ့ စိတ္ကို ၀င္ေလထြက္ေလ (ကမၼ႒ာန္းအာရံု) မွာပဲစိုက္ထားဖို႔ လမ္းညြန္ရတယ္။ သင္ဟာ ကမၼ႒ာန္းအာရံုမွာ ေကာင္းစြာ စူးစိုက္ႏိုင္ရင္ ဒီနာက်င္ကိုက္ခဲမႈ၊ သက္ေတာင့္သက္သာ မရွိမႈေတြက ေပ်ာက္သြားၿပီး သက္သက္သာသာနဲ႔ ၿငိမ္းခ်မ္းတဲ့ ခံစားမႈျဖစ္လာလိမ့္မယ္။ ဒီနာက်င္မႈက အလြန္အမင္း ျဖစ္လာၿပီး သင့္ရဲ့ သမာဓိကို ထိခိုက္လာၿပီဆိုရင္ေတာ့ ဒါကို တင္းခံထားဖို႔မလိုဘူး ခႏၶာကိုယ္အေနအထားကို သက္ေတာင့္သက္သာ ျဖစ္ေအာင္ ေျပာင္းဖို႔ အၾကံျပဳရပါတယ္။ သက္ေတာင့္သက္သာ ရွိလာေတာ့ ေယာဂီေတြကို ပိုၾကာၾကာ အာရံုစူးစိုက္ႏိုင္လာေစတယ္။ တခ်ိန္ထက္တခ်ိန္ တေန႔ထက္တေန႔ ပိုၾကာၾကာထိုင္ႏိုင္ စူးစိုက္လာႏိုင္ၿပီး သုခကို ျဖစ္လာေစပါတယ္။ အဲဒီကေန ဈာန္သမာဓိကို ရလာတဲ့အခါမွာေတာ့ ေယာဂီေတြဟာ ခႏၶာကိုယ္ အေနအထားကို ေျပာင္းစရာမလိုေတာ့ဘဲ တနာရီ ႏွစ္နာရီ သံုးနာရီ ေအးခ်မ္းစြာ ထိုင္ႏိုင္ပါတယ္။ ဈာန္သမာဓိအထိ မရရင္ေတာင္မွ ေယာဂီအမ်ားစုက သက္ေတာင့္သက္သာ ပိုရွိၿပီး အာရံုပိုစူးစိုက္ႏိုင္လာပါတယ္။ ဒီလို (သုခနဲ႔ယွဥ္တဲ့) အခါမ်ိဳးမွာမွ ကမၼ႒ာန္းအာရံုက ပိုၿပီးစူးရွလာပါတယ္။

စတုတၳဈာန္အဆင့္ကို ေရာက္ၿပီးတဲ့အခါမွာေတာ့ ဘုန္းႀကီးတို႔က ေယာဂီေတြကို ပရမတ္ရုပ္၊ ပရမတ္နာမ္ကို စၿပီးျမင္ေအာင္ ရႈခိုင္းပါတယ္။ သမာဓိမရွိဘဲနဲ႔ ဘယ္အရာကိုမွ အမွန္အတိုင္း မျမင္ႏိုင္ဘူးလို႔ ဘုရားက ေဟာထားပါတယ္။ ေယာဂီေတြဟာ အင္မတန္ေသးငယ္လွတဲ့ (ရုပ္) အမႈန္ေတြကို ျဖစ္လိုက္ပ်က္လိုက္ လွ်င္ျမန္ျမန္ႀကီး တရစပ္ျဖစ္ပ်က္ေနတာကို သူတို႔ရဲ့ သမာဓိနဲ႔ ျမင္ႏိုင္ၿပီး အဲဒါေတြကို ခြဲျခမ္းစိတ္ျဖာ (Analyse) ရပါတယ္။ ဒီေလာက္ျမန္ျမန္ႀကီး ျဖစ္ပ်က္ေနတာကို ျမင္ႏိုင္ဖို႔ဆိုရင္ ေယာဂီဟာ ေတာ္ေတာ္ႀကီး သတိနဲ႔မျပတ္ေစာင့္ၾကည့္ႏိုင္မွ ပရမတ္ကို ျမင္ႏိုင္ပါတယ္။ ျဖစ္ပ်က္ေနတာ ျမန္လြန္းအားႀကီးလို႔ ဘယ္ေလာက္ျမန္လဲလို႔ ဥပမာေပးဖို႔ မလြယ္ပါဘူး။ သူတို႔ရဲ့ ဈာန္သမာဓိေၾကာင့္သာ ဒါကိုသူတို႔ သတိကပ္ၿပီး ရႈႏိုင္တာျဖစ္တယ္။ ေယာဂီေတြဟာ အာရံုကို ဉာဏ္နဲ႔ယွဥ္ၿပီး ရႈရတာျဖစ္တယ္။ အလြန္အမင္း အားစိုက္ၿပီး ရႈျခင္းဟာ ခႏၶာကိုယ္ကို သက္ေတာင့္သက္သာ မရွိေစဘဲ ေခါင္းကိုက္ျခင္း စတဲ့ဒုကၡေတြကို ခံစားရပါတယ္။ ဒါေၾကာင့္ ဒီ (နာက်င္တာကို attention ေပးတဲ့နည္း) နည္းကို ေရွာင္ပါတယ္။ အဆင့္တိုင္း အဆင့္တိုင္းမွာ သုခနဲ႔ က်င့္ႏိုင္ဖို႔အတြက္ သတိလိုအပ္ပါတယ္။

ပရမတ္ရုပ္ေတြ နာမ္ေတြကို ျမင္ၿပီးတဲ့အခါမွာေတာ့ ေယာဂီေတြကို ပဋိစၥသမုပၸါဒ္ (အတိတ္၊ အနာဂတ္) ကို ရႈဖို႔ လမ္းညြန္ေပးပါတယ္။ ပရမတ္ရုပ္ ပရမတ္နာမ္ေတြကို ျမင္ၿပီးရင္ ေယာဂီေတြဟာ အနိစၥ (မျမဲျခင္း) ဒုကၡ (ဆင္းရဲျခင္း) အနတၱ (အစိုးမရျခင္း) တို႔ကို ျမင္ႏိုင္ပါတယ္။ အနိစၥ၊ ဒုကၡ၊ အနတၱ ျဖစ္ၿပီးပ်က္ ျဖစ္ၿပီးပ်က္ မနားဘဲ အဆက္မျပတ္ ျဖစ္ပ်က္ေနတာကို ျမင္ႏိုင္ပါတယ္။ ဒီလိုအဆက္မျပတ္ ျဖစ္ပ်က္ေနတာကို မလႊတ္ေစဘဲ အလွ်င္မွီေအာင္ ရႈေနရတဲ့အခါမွာ ေယာဂီေတြမွာ စိတ္ပိုင္းဆိုင္ရာ ပင္ပမ္းႏြမ္းနယ္မႈ ရွိလာပါတယ္။ စစ္မွန္တဲ့ ၀ိပႆနာ ဘာ၀နာ အားထုတ္သူဆိုတာ စစ္ပြဲထဲမွာ ရန္သူနဲ႔ တိုက္ပြဲ၀င္ရသလိုပါပဲ စစ္သားေတြဟာ ရန္သူနဲ႔ တိုက္တဲ့အခ်ိန္ ၾကာျမင့္လာတဲ့အခါ သူတို႔ဟာ ဆုတ္လိုက္၊ ပုန္းလိုက္၊ အနားယူ အာဟာရစြမ္းအင္ ျပန္ျဖည့္လိုက္ လုပ္ၿပီး တခါ ျပန္တိုက္ရပါတယ္။ ဒီေတာ့ ပညာအဆင့္ ကမၼ႒ာန္းေယာဂီဆိုတာ ၀ိပႆနာဆိုတဲ့ တိုက္ပြဲထဲမွာ ရွိေနပါတယ္။

ဘာေၾကာင့္လဲဆိုေတာ့ ရုပ္နာမ္ေတြဟာ ျဖစ္လိုက္ပ်က္လိုက္ ျဖစ္ေနတာကို တခ်ိန္လံုး သတိနဲ႔ ေစာင့္ၾကည့္ၿပီး ရႈေနရေတာ့ ၀ိပႆနာဉာဏ္ မရင့္က်က္ရင္ ဉာဏ္စဥ္ကို မျဖစ္လာႏိုင္ဘူး။ ဒါေၾကာင့္မို႔ ပင္ပမ္းႏြမ္းနယ္လာရင္ ဈာန္၀င္စားကာ အနားယူၿပီး လန္းလန္းဆန္းဆန္း ျဖစ္လာမွ (ဈာန္မွ) တခါျပန္ထၿပီး တရားရဖို႔အတြက္ ျပန္တိုက္ပြဲ၀င္ (၀ိပႆနာရႈ) ဖို႔ ျမတ္စြာဘုရားက လမ္းညြန္ခဲ့ပါတယ္။ ဒါေၾကာင့္ ဒုကၡကေန သုခကို မျဖစ္ေစႏိုင္ဘူး သုခကေနပဲ သုခကို ျဖစ္ေစႏိုင္ပါတယ္။

ဆရာေတာ္ ဦးေရ၀တ (ဖားေအာက္ေတာရ ကမၼ႒ာနာစရိယ ဆရာေတာ္)
ဓမၼရတနာ
# Unicode Version ျဖင့္ ဖတ္ပါ #
 ဘုရားခေတ်ကနေ အခုထိ ခန္ဓာကိုယ်ကို အနာခံ ဒုက္ခခံပြီး တရားကျင့်တဲ့အထဲမှာ ဘုရားလောင်းထက် ပိုဒုက္ခခံနိုင်သူ ဘယ်သူရှိနိုင်မလဲ။ ဘုရားလောင်းတောင်မှ ၆ နှစ်တောင် မရပ်မနားဘဲ အနာခံ ဒုက္ခခံကာ အားကုတ်အားခဲ ကျင့်တာတောင် မရခဲ့လို့ စွန့်ပစ်ခဲ့ပြီး ဒီနည်းနဲ့ တရားမရနိုင်ဘူးလို့ အတိအလင်း ပြောခဲ့ပါတယ်။ အခု ဒီနည်းကို ပြန်ယူပြီး သုံးနေတဲ့သူတွေကိုလည်း ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းမှာ တွေ့နေရပါတယ်။ ဒါပေမဲ့လည်း ဖားအောက်တောရ ကမ္မဋ္ဌာန်းကျောင်းတွေမှာတော့ ဘုရားက မရဘူးလို့ ပြောထားခဲ့တဲ့နည်းကို လုံးဝယူမသုံးဘဲ ဘုရားလက်ထက်က ဘုရားဟောတဲ့နည်းအတိုင်း တိတိကျကျ ညွန်ကြားပြီး တရားပေးနေတာ ယောဂီတွေဟာ ဘုရားပြောတဲ့ ပရမတ်ရုပ် ပရမတ်နာမ်ကို အောင်မြင်စွာ ရှုမြင်နိုင်ကြပါတယ်။ ဒီပို့စ်က ဖားအောက်တောရ ကမ္မဋ္ဌာနာစရိယ ဆရာတော် ဦးရေဝတ ဖြေတဲ့ အင်္ဂလိပ်လို အသံကို မြန်မာလိုနဲ့ ပြန်ရိုက်ပြီး ဖေါ်ပြလိုက်ပါတယ်။ ဖားအောက်တောရ ဆရာတော်ကြီးရဲ့ အမွေအနစ်ကို အတိအကျ ခံယူထားတဲ့ ဆရာတော် ဦးရေဝတအား ကြည်ညိုသဒ္ဒါတရား အပြည့်နဲ့ ရိုသေစွာ ရှစ်ခိုးဦးတိုက် ကန်တော့လိုက်ပါတယ်။ တရားရှာဖွေနေတဲ့ တရားချစ်ခင်သူ သူတော်စဉ်အပေါင်း ဘုရားဟောတရား အစစ်နဲ့ တွေ့ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ (ခင်ဋ္ဌေးကြူ - 28/07/17)

တရားအမေးအဖြေ

အင်ဒိုနီးရှား ယောဂီတဦးအမေး။ ။ နာတာကို ရှုရင် တရားရနိုင်ပါသလား။

ဆရာတော် ဦးရေဝတ (ဖားအောက်တောရ ကမ္မဋ္ဌာစရိယ ဆရာတော်) အဖြေ။ ။ နာတာကို ကမ္မဋ္ဌာန်းအာရုံလို့ သင်ထင်သလား (ရယ်လျက်) ဒါပေမဲ့ ဒါဟာ အားလုံးအတွက် ကောင်းတဲ့မေးခွန်းတခုပါ။ ဒါနဲ့ပတ်သက်ပြီး အားလုံးအတွက် ဘုန်းကြီးမှာ ပြောစရာတခု ရှိပါတယ်။ ဘုရားလက်ထက်က ဗြဟ္မာဏတဦးက ဘုရားကိုမေးတယ်။ အရှင်ဂေါတမ တပည့်တော်အမြင်မှာ သုခကို ဒုက္ခနဲ့ပဲ ရနိုင်ပါတယ်။ သုခကို သုခနဲ့မရနိုင်ဘူးလို့ အယူရှိတယ် အရှင်ဂေါတမရဲ့ အယူက ဘယ်လိုရှိသလဲ လို့ မြတ်စွာဘုရားကို မေးလျှောက်ပါတယ်။ ဒီတော့ သင့် (ယခု မေးခွန်းမေးသူ) အမြင်ကကော ဘယ်လိုရှိလဲ၊ သုခကို ဒုက္ခနဲ့ပဲ ရနိုင်တယ် သုခကို သုခနဲ့ မရနိုင်ဘူးလို့ မြင်လား။

မြတ်စွာဘုရားက ငါလည်း သုခကို ဒုက္ခနဲ့ပဲ ရနိုင်တယ် သုခကို သုခနဲ့ မရနိုင်ဘူးဆိုတဲ့ အမြင်နဲ့ပဲ ငါဟာ အစွမ်းကုန် ကြိုစားပမ်းစား တရားကျင့်ခဲ့တာ ၆ နှစ်တောင် ကြာခဲ့တယ်။ ငါ့လို အားကုတ်အားခဲ ဘယ်သူမှ မကျင့်နိုင်တဲ့အတွက် ဘယ်သူနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ အတိုင်းအတာထိ ငါ ကြိုးစားအားထုတ် ခဲ့ပါတယ်။ ဒါပေမဲ့ ငါဟာ ဒီနည်းနဲ့ တရားကို မမြင်ခဲ့ဘူး။ ဒါဟာ အစွန်းတဘက်ရောက် ကျင့်စဉ်သာ ဖြစ်တယ်။ ဒီနည်းနဲ့ တရားကျင့်လို့ မရနိုင်ဘူးလို့ ငါသတိထားမိတဲ့အချိန်မှာ ငါဟာ အလယ်လတ်လမ်းစဉ်ကို ရွေးချယ်ပြီး ကျင့်မှ တရားကို သိမြင်ခဲ့ပါတယ်။ ဒါကြောင့် သုခကို သုခနဲ့သာ ရနိုင်ပါတယ် သုခကို ဒုက္ခနဲ့ မရနိုင်ပါဘူး လို့ မြတ်စွာဘုရားက ပြန်ဖြေပါတယ်။

ဒီအချက်နဲ့ ပတ်သက်လို့ ပိုမိုဖြည့်စွက်ပြီး ဘုန်းကြီး အနည်းငယ် ရှင်းပြချင်ပါတယ်။ တရားကို မြင်ဖို့အတွက် ဘုရားဟောထားတဲ့ သီလ (Morility )၊ သမာဓိ (Concentration)၊ ပညာ (Insight) ဆိုပြီးတော့ ကျင့်စဉ် အဆင့်သုံးခု ရှိပါတယ်။ ကမ္မဋ္ဌာန်းရဲ့အစ သမာဓိကို ထူထောင်စဉ်မှာ ခန္ဓာကိုယ် တောင့်တင်းပြီး သက်တောင့်သက်သာ မရှိခြင်း၊ နာကျင်ကိုက်ခဲခြင်းနှင့် စိတ်အနှောင့်အယှက် ဖြစ်ခြင်းတွေ ကြုံတွေ့လိမ့်မယ်။ ဒီလိုဖြစ်တဲ့ မနှစ်သက်စရာ ခံစားမှုက သုခကိုဖြစ်စေနိုင်တဲ့ အကြောင်းရင်းလို့ သင်ထင်သလား။ သင်အလွန်အမင်း နာကျင်လာပြီ၊ အဲဒီနာကျင်မှုက သင့်ရဲ့အာရုံစူးစိုက်မှု သမာဓိကို အနှောင့်အယှက် ပေးလာပြီဆိုရင် သင်ဘာလုပ်မလဲ ဘုရားကို ဘိုင့်ဘိုင်လုပ်မလား (ရယ်လျက်)။

ဘုန်းကြီးတို့က အတော်အသင့် နာကျင်ကိုက်ခဲလာတယ် ဆိုလို့ရှိရင် ဒါကို လစ်လျူရှုပြီး မိမိရဲ့ စိတ်ကို ဝင်လေထွက်လေ (ကမ္မဋ္ဌာန်းအာရုံ) မှာပဲစိုက်ထားဖို့ လမ်းညွန်ရတယ်။ သင်ဟာ ကမ္မဋ္ဌာန်းအာရုံမှာ ကောင်းစွာ စူးစိုက်နိုင်ရင် ဒီနာကျင်ကိုက်ခဲမှု၊ သက်တောင့်သက်သာ မရှိမှုတွေက ပျောက်သွားပြီး သက်သက်သာသာနဲ့ ငြိမ်းချမ်းတဲ့ ခံစားမှုဖြစ်လာလိမ့်မယ်။ ဒီနာကျင်မှုက အလွန်အမင်း ဖြစ်လာပြီး သင့်ရဲ့ သမာဓိကို ထိခိုက်လာပြီဆိုရင်တော့ ဒါကို တင်းခံထားဖို့မလိုဘူး ခန္ဓာကိုယ်အနေအထားကို သက်တောင့်သက်သာ ဖြစ်အောင် ပြောင်းဖို့ အကြံပြုရပါတယ်။ သက်တောင့်သက်သာ ရှိလာတော့ ယောဂီတွေကို ပိုကြာကြာ အာရုံစူးစိုက်နိုင်လာစေတယ်။ တချိန်ထက်တချိန် တနေ့ထက်တနေ့ ပိုကြာကြာထိုင်နိုင် စူးစိုက်လာနိုင်ပြီး သုခကို ဖြစ်လာစေပါတယ်။ အဲဒီကနေ ဈာန်သမာဓိကို ရလာတဲ့အခါမှာတော့ ယောဂီတွေဟာ ခန္ဓာကိုယ် အနေအထားကို ပြောင်းစရာမလိုတော့ဘဲ တနာရီ နှစ်နာရီ သုံးနာရီ အေးချမ်းစွာ ထိုင်နိုင်ပါတယ်။ ဈာန်သမာဓိအထိ မရရင်တောင်မှ ယောဂီအများစုက သက်တောင့်သက်သာ ပိုရှိပြီး အာရုံပိုစူးစိုက်နိုင်လာပါတယ်။ ဒီလို (သုခနဲ့ယှဉ်တဲ့) အခါမျိုးမှာမှ ကမ္မဋ္ဌာန်းအာရုံက ပိုပြီးစူးရှလာပါတယ်။

စတုတ္ထဈာန်အဆင့်ကို ရောက်ပြီးတဲ့အခါမှာတော့ ဘုန်းကြီးတို့က ယောဂီတွေကို ပရမတ်ရုပ်၊ ပရမတ်နာမ်ကို စပြီးမြင်အောင် ရှုခိုင်းပါတယ်။ သမာဓိမရှိဘဲနဲ့ ဘယ်အရာကိုမှ အမှန်အတိုင်း မမြင်နိုင်ဘူးလို့ ဘုရားက ဟောထားပါတယ်။ ယောဂီတွေဟာ အင်မတန်သေးငယ်လှတဲ့ (ရုပ်) အမှုန်တွေကို ဖြစ်လိုက်ပျက်လိုက် လျှင်မြန်မြန်ကြီး တရစပ်ဖြစ်ပျက်နေတာကို သူတို့ရဲ့ သမာဓိနဲ့ မြင်နိုင်ပြီး အဲဒါတွေကို ခွဲခြမ်းစိတ်ဖြာ (Analyse) ရပါတယ်။ ဒီလောက်မြန်မြန်ကြီး ဖြစ်ပျက်နေတာကို မြင်နိုင်ဖို့ဆိုရင် ယောဂီဟာ တော်တော်ကြီး သတိနဲ့မပြတ်စောင့်ကြည့်နိုင်မှ ပရမတ်ကို မြင်နိုင်ပါတယ်။ ဖြစ်ပျက်နေတာ မြန်လွန်းအားကြီးလို့ ဘယ်လောက်မြန်လဲလို့ ဥပမာပေးဖို့ မလွယ်ပါဘူး။ သူတို့ရဲ့ ဈာန်သမာဓိကြောင့်သာ ဒါကိုသူတို့ သတိကပ်ပြီး ရှုနိုင်တာဖြစ်တယ်။ ယောဂီတွေဟာ အာရုံကို ဉာဏ်နဲ့ယှဉ်ပြီး ရှုရတာဖြစ်တယ်။ အလွန်အမင်း အားစိုက်ပြီး ရှုခြင်းဟာ ခန္ဓာကိုယ်ကို သက်တောင့်သက်သာ မရှိစေဘဲ ခေါင်းကိုက်ခြင်း စတဲ့ဒုက္ခတွေကို ခံစားရပါတယ်။ ဒါကြောင့် ဒီ (နာကျင်တာကို attention ပေးတဲ့နည်း) နည်းကို ရှောင်ပါတယ်။ အဆင့်တိုင်း အဆင့်တိုင်းမှာ သုခနဲ့ ကျင့်နိုင်ဖို့အတွက် သတိလိုအပ်ပါတယ်။

ပရမတ်ရုပ်တွေ နာမ်တွေကို မြင်ပြီးတဲ့အခါမှာတော့ ယောဂီတွေကို ပဋိစ္စသမုပ္ပါဒ် (အတိတ်၊ အနာဂတ်) ကို ရှုဖို့ လမ်းညွန်ပေးပါတယ်။ ပရမတ်ရုပ် ပရမတ်နာမ်တွေကို မြင်ပြီးရင် ယောဂီတွေဟာ အနိစ္စ (မမြဲခြင်း) ဒုက္ခ (ဆင်းရဲခြင်း) အနတ္တ (အစိုးမရခြင်း) တို့ကို မြင်နိုင်ပါတယ်။ အနိစ္စ၊ ဒုက္ခ၊ အနတ္တ ဖြစ်ပြီးပျက် ဖြစ်ပြီးပျက် မနားဘဲ အဆက်မပြတ် ဖြစ်ပျက်နေတာကို မြင်နိုင်ပါတယ်။ ဒီလိုအဆက်မပြတ် ဖြစ်ပျက်နေတာကို မလွှတ်စေဘဲ အလျှင်မှီအောင် ရှုနေရတဲ့အခါမှာ ယောဂီတွေမှာ စိတ်ပိုင်းဆိုင်ရာ ပင်ပမ်းနွမ်းနယ်မှု ရှိလာပါတယ်။ စစ်မှန်တဲ့ ဝိပဿနာ ဘာဝနာ အားထုတ်သူဆိုတာ စစ်ပွဲထဲမှာ ရန်သူနဲ့ တိုက်ပွဲဝင်ရသလိုပါပဲ စစ်သားတွေဟာ ရန်သူနဲ့ တိုက်တဲ့အချိန် ကြာမြင့်လာတဲ့အခါ သူတို့ဟာ ဆုတ်လိုက်၊ ပုန်းလိုက်၊ အနားယူ အာဟာရစွမ်းအင် ပြန်ဖြည့်လိုက် လုပ်ပြီး တခါ ပြန်တိုက်ရပါတယ်။ ဒီတော့ ပညာအဆင့် ကမ္မဋ္ဌာန်းယောဂီဆိုတာ ဝိပဿနာဆိုတဲ့ တိုက်ပွဲထဲမှာ ရှိနေပါတယ်။

ဘာကြောင့်လဲဆိုတော့ ရုပ်နာမ်တွေဟာ ဖြစ်လိုက်ပျက်လိုက် ဖြစ်နေတာကို တချိန်လုံး သတိနဲ့ စောင့်ကြည့်ပြီး ရှုနေရတော့ ဝိပဿနာဉာဏ် မရင့်ကျက်ရင် ဉာဏ်စဉ်ကို မဖြစ်လာနိုင်ဘူး။ ဒါကြောင့်မို့ ပင်ပမ်းနွမ်းနယ်လာရင် ဈာန်ဝင်စားကာ အနားယူပြီး လန်းလန်းဆန်းဆန်း ဖြစ်လာမှ (ဈာန်မှ) တခါပြန်ထပြီး တရားရဖို့အတွက် ပြန်တိုက်ပွဲဝင် (ဝိပဿနာရှု) ဖို့ မြတ်စွာဘုရားက လမ်းညွန်ခဲ့ပါတယ်။ ဒါကြောင့် ဒုက္ခကနေ သုခကို မဖြစ်စေနိုင်ဘူး သုခကနေပဲ သုခကို ဖြစ်စေနိုင်ပါတယ်။

ဆရာတော် ဦးရေဝတ (ဖားအောက်တောရ ကမ္မဋ္ဌာနာစရိယ ဆရာတော်)
ဓမ္မရတနာ