Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, October 5, 2018

မိခင္ကုိ အဓမၼျပဳက်င့္ခဲ့တဲ့ သူငယ္ခ်င္းကုိ ဦးေခါင္းျဖတ္သတ္ပစ္ကာ ဦးေခါင္းျပတ္နဲ႔ ရဲစခန္းလာေရာက္အဖမ္းခံခဲ့တဲ့ အမ်ိဳးသား


ေသြးစေတြတန္းလန္း စီးက်ေနတဲ့ ဦးေခါင္းျပတ္တစ္ခုအား ကုိင္တြယ္ၿပီးေတာ့ အိႏၵိယအမ်ိဳးသားတစ္ဦး ရဲစ ခန္းသုိ႔လာေရာက္အ ဖမ္းခံခဲ့ပါတယ္။ ေဒါသတႀကီးျဖစ္ေနတဲ့ အဆုိပါ အမ်ိဳးသားဟာ အမ်ိဳးသားဦး ေခါင္း ျပတ္တစ္ခုကုိ ဆြဲကုိင္လာခဲ့ၿပီးေတာ့ ဒီျမင္ကြင္းက လမ္းတေလွ်ာက္မွာ လူေတြကုိ အံ့အားထိတ္လန္႔ေစခဲ့ တယ္လုိ႔ သိရပါတယ္။အသက္ ၂၄ ႏွစ္အရြယ္ရွိတဲ့ အဆုိပါအမ်ိဳးသားဟာ အတူေနအလုပ္လုပ္ကုိင္တဲ့ သူငယ္ခ်င္းျဖစ္သူဟာ မိခင္ရင္း ကုိ ေစာ္ကားျပဳက်င့္ခဲ့တာေၾကာင့္ သူငယ္ခ်င္းအရင္းကုိ ေဒါသတႀကီးနဲ႔ ရက္ရက္စက္စက္ေခါင္း ျဖတ္သတ္ျဖတ္ ပစ္ခဲ့တာပဲျဖစ္ပါတယ္။

သတ္ျဖတ္ခဲ့ပါတယ္လုိ႔ ဝန္ခံခဲ့တဲ့ တရားခံအမ်ိဳးသားဟာ ပါရွဴပတီလုိ႔ အမည္ရၿပီး အိႏၵိယစက္ရံု အလုပ္သမား တစ္ဦးလုိ႔သိရပါတယ္။ အသတ္ခံရသူဟာ သူ႔ရဲ႕ သူငယ္ခ်င္းရင္းႏွီးသူလုိ႔ သိရၿပီး မိခင္ျဖစ္သူကုိ အဓမၼျပဳက်င့္ ေစာ္ကားခဲ့လုိ႔ ဦးေခါင္းျဖတ္သတ္ပစ္ခဲ့ၿပီးေတာ့ ေသြးခ်င္းခ်င္းက်ေနတဲ့ အဆုိပါ ဦးေခါင္းျပတ္ကုိ ယူေဆာင္ကာ ၂၀ ကီလုိမီတာကြာေဝးတဲ့ ရဲစခန္းသုိ႔ ဆုိင္ကယ္နဲ႔ လာေရာက္ကာ ရဲရဲဝံ့ဝံ႕အဖမ္းခံခဲ့တယ္လုိ႔ သိရပါတယ္။

ရဲစခန္းသုိ႔ ဝန္ခံဖြင့္ဟေျပာခဲ့ၾကားခ်က္ထဲမွာဆုိရင္ မိခင္ကုိ ေစာ္ကားျပဳက်င့္ခဲ့လုိ႔ သူငယ္ခ်င္းအေပၚ အမ်က္ႀကီး ထြက္ကာ ရက္ရက္စက္စက္ သတ္ျဖတ္ခဲ့တာျဖစ္ေၾကာင္းနဲ႔ သူ႔ရဲ႕ လုပ္ရပ္အတြက္ ရဲဝံ့စြာဝန္ခံရဲလုိ႔ လာေရာက္ အဖမ္းခံျခင္းျဖစ္တယ္လုိ႔ ဆုိပါတယ္။ ဦးေခါင္းျဖတ္အသတ္ခံရတဲ့ အသက္ ၃၅ ႏွစ္အရြယ္ရွိတဲ့ ဂစ္ရွစ္ဆုိသူဟာ တရားခံအမ်ိဳးသားနဲ႔ လြန္ခဲ့တဲ့ ၃ ႏွစ္ကတည္းက ခင္မင္ရင္းႏွီးလာခဲ့တဲ့ သူငယ္ခ်င္းေတြျဖစ္ခဲ့တယ္လုိ႔ အတူေန ရင္းႏွီးတဲ့ သူငယ္ခ်င္းျဖစ္တယ္လုိ႔ သိရပါတယ္။

အိႏၵိယအေနာက္ေတာင္ပုိင္း ကာနာတာကာမွာျဖစ္ခဲ့ၿပီးေတာ့ ဒီလုိ ဦးေခါင္းျဖတ္သတ္ျဖတ္ခဲ့ျခင္း အျဖစ္အပ်က္ ဟာ ဒီတစ္ႀကိမ္နဲ႔ဆုိရင္သံုးႀကိမ္ေျမာက္ျဖစ္ကာ မိခင္ျဖစ္သူကုိ အဓမၼျပဳက်င့္ခဲ့တဲ့ သူငယ္ခ်င္းကုိ ခြင့္လႊတ္ ေပးတယ္လုိ႔ဆုိၿပီး အိမ္အလည္ေခၚ လက္ဘက္ရည္တုိက္ၿပီးေနာက္ အျပင္ေခၚထုတ္သြားခဲ့ခ်ိန္မွာ ဦးေခါင္း ျဖတ္ေတာက္ကာ သတ္ပစ္လုိက္ျခင္းျဖစ္တယ္လုိ႔ ေျပာျပခဲ့ပါတယ္။
May

#Unicode Version#
သွေးစတွေတန်းလန်း စီးကျနေတဲ့ ဦးခေါင်းပြတ်တစ်ခုအား ကိုင်တွယ်ပြီးတော့ အိန္ဒိယအမျိုးသားတစ်ဦး ရဲစ ခန်းသို့လာရောက်အ ဖမ်းခံခဲ့ပါတယ်။ ဒေါသတကြီးဖြစ်နေတဲ့ အဆိုပါ အမျိုးသားဟာ အမျိုးသားဦး ခေါင်း ပြတ်တစ်ခုကို ဆွဲကိုင်လာခဲ့ပြီးတော့ ဒီမြင်ကွင်းက လမ်းတလျှောက်မှာ လူတွေကို အံ့အားထိတ်လန့်စေခဲ့ တယ်လို့ သိရပါတယ်။အသက် ၂၄ နှစ်အရွယ်ရှိတဲ့ အဆိုပါအမျိုးသားဟာ အတူနေအလုပ်လုပ်ကိုင်တဲ့ သူငယ်ချင်းဖြစ်သူဟာ မိခင်ရင်း ကို စော်ကားပြုကျင့်ခဲ့တာကြောင့် သူငယ်ချင်းအရင်းကို ဒေါသတကြီးနဲ့ ရက်ရက်စက်စက်ခေါင်း ဖြတ်သတ်ဖြတ် ပစ်ခဲ့တာပဲဖြစ်ပါတယ်။

သတ်ဖြတ်ခဲ့ပါတယ်လို့ ဝန်ခံခဲ့တဲ့ တရားခံအမျိုးသားဟာ ပါရှူပတီလို့ အမည်ရပြီး အိန္ဒိယစက်ရုံ အလုပ်သမား တစ်ဦးလို့သိရပါတယ်။ အသတ်ခံရသူဟာ သူ့ရဲ့ သူငယ်ချင်းရင်းနှီးသူလို့ သိရပြီး မိခင်ဖြစ်သူကို အဓမ္မပြုကျင့် စော်ကားခဲ့လို့ ဦးခေါင်းဖြတ်သတ်ပစ်ခဲ့ပြီးတော့ သွေးချင်းချင်းကျနေတဲ့ အဆိုပါ ဦးခေါင်းပြတ်ကို ယူဆောင်ကာ ၂၀ ကီလိုမီတာကွာဝေးတဲ့ ရဲစခန်းသို့ ဆိုင်ကယ်နဲ့ လာရောက်ကာ ရဲရဲဝံ့ဝံ့အဖမ်းခံခဲ့တယ်လို့ သိရပါတယ်။

ရဲစခန်းသို့ ဝန်ခံဖွင့်ဟပြောခဲ့ကြားချက်ထဲမှာဆိုရင် မိခင်ကို စော်ကားပြုကျင့်ခဲ့လို့ သူငယ်ချင်းအပေါ် အမျက်ကြီး ထွက်ကာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တာဖြစ်ကြောင်းနဲ့ သူ့ရဲ့ လုပ်ရပ်အတွက် ရဲဝံ့စွာဝန်ခံရဲလို့ လာရောက် အဖမ်းခံခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ဦးခေါင်းဖြတ်အသတ်ခံရတဲ့ အသက် ၃၅ နှစ်အရွယ်ရှိတဲ့ ဂစ်ရှစ်ဆိုသူဟာ တရားခံအမျိုးသားနဲ့ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ခင်မင်ရင်းနှီးလာခဲ့တဲ့ သူငယ်ချင်းတွေဖြစ်ခဲ့တယ်လို့ အတူနေ ရင်းနှီးတဲ့ သူငယ်ချင်းဖြစ်တယ်လို့ သိရပါတယ်။

အိန္ဒိယအနောက်တောင်ပိုင်း ကာနာတာကာမှာဖြစ်ခဲ့ပြီးတော့ ဒီလို ဦးခေါင်းဖြတ်သတ်ဖြတ်ခဲ့ခြင်း အဖြစ်အပျက် ဟာ ဒီတစ်ကြိမ်နဲ့ဆိုရင်သုံးကြိမ်မြောက်ဖြစ်ကာ မိခင်ဖြစ်သူကို အဓမ္မပြုကျင့်ခဲ့တဲ့ သူငယ်ချင်းကို ခွင့်လွှတ် ပေးတယ်လို့ဆိုပြီး အိမ်အလည်ခေါ် လက်ဘက်ရည်တိုက်ပြီးနောက် အပြင်ခေါ်ထုတ်သွားခဲ့ချိန်မှာ ဦးခေါင်း ဖြတ်တောက်ကာ သတ်ပစ်လိုက်ခြင်းဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

May

No comments:

Post a Comment