Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 17, 2018

အပေါင်နှင့် ပတ်သက်၍ ဖြစ်တတ်တာလေးတွေ - သိသင့်တာလေးတွေ”


၁။ "တိုက်ခန်း အပေါင်လား အာမခံသူ ခေါ်လာပါ"

တိုက်ခန်းအပေါင်ထားတဲ့ အခါ ငွေချေးသူတွေဘက်က
နစ်နာတာ တွေကြုံရတာကြောင့် ငွေချေးသူတွေက
အသိအကျွမ်းမဟုတ်ရင် အာမခံပေးသူမရှိရင်
အပေါင်စာချုပ်ပါ အချက်တွေမှာ အချက်အလက်တွေ
အသေးစိတ် ထည့်ပြီးမှ လက်ခံကြတယ်လို့
သိရပါတယ်။

ကောင်းစံအကျိုးဆောင်က ဒေါ်တင်ကြည်က
“အများစုက ငွေချေးသူတွေကပဲ ရောင်းပေါင်စာချုပ်
တွေ ချုပ်ဆိုပြီး အပေါင်ခံကြတယ်၊ တကယ်တော့
အပေါင်လက်ခံသူတွေဘက်ကလဲ အလိမ်ခံရတာတွေ
ရှိတယ်၊ ပေါင်တဲ့သူက စာချုပ်စာတမ်း လုပ်ထားတယ်
ဆိုပေမဲ့ ပိုင်ဆိုင်မှုအသစ်လုပ်ပြီး ပြန်မရွေးကြတော့
တာတွေကြောင့် ငွေချေးသူတွေခံရတာတွေလဲ
ရှိတယ်”လို့ ပြောပါတယ်။

*** ပေါင်ထားတဲ့ အခန်းကို မြေရှင်၊ကန်ထရိုက်တို့ နဲ့
ပေါင်းပြီး ပိုင်ဆိုင်မှု စာချုပ်အသစ်တွေ ပြုလုပ်ကာ
ပြန်မရွေးတော့ဘဲ လိမ်လည်ပေါင်ကြတာတွေ
ရှိလာတယ် *** လို့သိရပါတယ်။

ကြိုပွိုင့်တိုက်ခန်းတွေ၊ အရစ်ကျဝယ်ထားတဲ့ အခန်းတွေ၊
ဝယ်ရောင်းသမားတွေ ငွေမြှုပ်နေရင် ငွေအရင်းအနှီး
ပြန်ထုတ်ချင်တဲ့သူ အများစု အပေါင်ထားကြတာ
ဖြစ်တယ်။ တချို့ပေါင်သူတွေက ကန်ထရိုက်တာတွေ
မြေရှင်တွေများပြီး ငွေပြန် ပေါ်တဲ့အချိန်မှ ပြန်ရွေး
တာမျိုးတွေလည်း ရှိတယ်လို့ သိရ ပါတယ်။

*** တိုက်ခန်းအပေါင်အများစုက သာမန်
အသိသက်သေနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေသာ
ရှိတာကြောင့် အခန်းမှာနေထိုင်သူကမဖယ်ပေးတဲ့
တိုက်ခန်းတွေ လိမ်လည်တာများတယ် လို့သိရပါတယ်။
တိုက်ခန်းအပေါင်တွေ လက်ခံကြတဲ့အခါမှာ
လူနေထိုင်ခွင့်ကျပြီးသား တည်ဆောက်ပြီးသား
အခန်းတွေကိုပဲ လက်ခံကြတာများတယ်။ ***

ဝယ်ရောင်းအကျိုးဆောင်ဦးဝင်းနိုင်က
“ဒီနောက်ပိုင်းအပေါင်ထားတွေက ဆောက်ပြီးသား
တိုက်သစ်တွေကို အာမခံပေးတဲ့သူ၊ရင်းနှီးသူပဲ
လက်ခံကြတာများတယ်၊
အရပ်ထဲမှာ ငွေချေးတဲ့သူတွေဆိုတော့ တရားမဝင်ဘူး
ပေါ့လေ၊ တချို့တွေ ရောင်းပေါင်စာချုပ်တွေနဲ့ချုပ်ပြီး
ချေးတာ အဲဒါတွေကြောင့် ဖြစ်တယ်”လို့
ရှင်းပြပါတယ်။

သည်နောက်ပိုင်းမှာ
*** ငွေချေးတဲ့ သူတွေကလည်း တိုက်ခန်းအပေါင်ကို
အရောင်းအဝယ်စာချုပ်နဲ့ ချေးတယ်။ လူနေတဲ့
အခန်းဆို လက်မခံဘဲ အခန်းလွတ်ကို ပိတ်ပြီးမှ
လက်ခံကြတယ်။
ချေးတဲ့အခါမှာလည်း အပြင်ပေါက်ဈေးရဲ့ ထက်ဝက်
လောက်ကိုပဲ ဈေးပေးပြီး ချေးကြတယ်လို့ ဈေးကွက်
အတွင်းက သိရပါတယ်။ ***

အတိုးနှုန်းက မြေကွက်တွေကိုပေါင်တဲ့ အတိုးနှုန်းထက်
အနည်းငယ်များတယ်လို့သိရတယ်။ လူနေပြီး
အပေါင်ထားတယ်ဆို အတိုးနှုန်းကို ရှစ်ကျပ်လောက်
အထိ ပေးရပြီး အခန်းလွတ်ဆိုရင်တော့ ခုနစ်ကျပ်တိုး
ဝန်းကျင်ပေးရတယ်။ တချို့နေရာတွေမှာဆို ကိုးကျပ်
အတိုးနှုန်းအထိ ရှိတယ်လို့ သိရပါတယ်။

(အေးမွန်)

***

၂။ "အိမ်ခြံမြေအပေါင်စာချုပ် ဥပဒေနဲ့အညီချုပ်ဆိုဖို့ လိုအပ်"

အိမ်ခြံမြေစတဲ့ မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းတွေကို ပေါင်နှံဖို့
အပေါင်စာချုပ် ပြုလုပ်ရာမှာ စာချုပ်စာတမ်းအက်ဥပဒေ
တွေနဲ့အညီ ချုပ်ဆိုပြုလုပ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အိမ်ခြံမြေအရောင်းအဝယ်အေးနေတဲ့အချိန်တွေမှာ တချို့က
အငှားနဲ့ရပ်တည်ကြတာရှိသလို တချို့က အပေါင်ထားပြီး
ငွေဖော်ကြတာတွေလည်း ရှိပါတယ်။ အရပ်ထဲမှာ
အပေါင်ထားကြရင်း အပေါင်ဆုံးသွားတာ၊အတိုးပေါ်အတိုး
ဆင့်ပြီး ပြန်မရွေးနိုင်တော့တာတွေကနေ အမှုအခင်းတွေ
ဖြစ်တဲ့အထိ ဖြစ်ကြတာတွေရှိပါတယ်။

ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က
"အရပ်ထဲမှာ ဈေးကွက်ထဲမှာ အချင်းချင်းဆိုရင်တော့
ပြောရလွယ်ပေမဲ့ တချို့တွေက ရောင်းပေါင်စာချုပ်တွေနဲ့
ပေါင်ကြတာရှိတယ်၊ အကျိုးဆောင်အချင်းချင်း
ပြန်လက်ခံကြတာတွေရှိတယ်၊ အပေါင်လက်ခံထားသူ
တွေက သူတို့ဘက်ကသေချာအောင် ရောင်းပေါင်တွေ
ချုပ်ကြတယ်၊လိုရာရေးပြီး ချုပ်ထားတာတွေဆိုတော့ စပြီး
ချုပ်ဆိုကတည်းက ဥပဒေတွေနဲ့အညီ လုပ်ဖို့
လိုအပ်တယ်၊
အရပ်ထဲမှာ ပြီးစလွယ်လွယ်လွယ်ကူကူနဲ့
လုပ်နေကြတာတွေများတယ်” လို့ ပြောပါ တယ်။

ဈေးကွက်ထဲမှာ အများဆုံးက အပေါင်ထားကြတယ်ဆို
ပေမဲ့ တရားဝင်မဟုတ်တော့ လက်ခံတဲ့သူကလည်း
သူ့ပိုက်ဆံပြန်မရတဲ့အခါ သတ်မှတ်ထားချိန်
ကျော်ရင်သိမ်းချင်တယ်။
အပေါင်ထားသူတွေကလည်းမတန်တဆဈေးနဲ့မို့
မရဘူးနဲ့ အမှုဖြစ်ကြတာတွေရှိတယ်လို့ သိရပါတယ်။

ရပ်ကွက်အတွင်းမှာတော့ အများအားဖြင့် တရားမဝင်
လုပ်ကြတာများတယ်။ ငါးကျပ်တိုး၊ ခုနှစ်ကျပ်တိုးတို့နဲ့
အပေါင်ခံကြတာရှိတယ်။ ဥပဒေအတိုင်း စာချုပ်မချုပ်ရင်
တရားမဝင်ပါဘူး။ဘယ်အချိန်ဘယ်နေရာမှာဖြစ်ဖြစ်
စာချုပ်ချုပ်မယ်ဆို မှတ်ပုံတင်ရမယ်။ ဒါတွေက
သတ်မှတ်ချက်တွေရှိတယ်လို့ သိရပါတယ်။

"အရပ်ထဲမှာ အပေါင်ခံသူတွေ အပေါင်ခံရာမှာ
ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းနဲ့ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း
ဆိုတာရှိတယ်၊ အပေါင်ထားတယ်ဆိုတာ တကယ်တော့
ငွေချေးရာမှာ အာမခံတင်သွင်းထားတာပါပဲ၊ ငွေတိုး
ချေးစားခြင်း အက်ဥပဒေနဲ့ သက်ဆိုင်တယ်” လို့
အကျိုးဆောင်ရှေ့နေမသီတာက ရှင်းပြပါတယ်။

ပေါင်နှံတဲ့အခါမှာ ရွေးနုတ်ပိတ်ပင်ခွင့်၊ ရောင်းချခွင့်စတဲ့
အရာတွေလည်း အရေးပါတယ်။ ပစ္စည်းလွှဲပြောင်းခြင်း
အက်ဥပဒေပုဒ်မ ၅၉ အရ တန်ဖိုး ၁၀ဝ ထက်ပိုတဲ့
ချေးငွေဆို မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေကို
ပေါင်နှံရင်စာချုပ် ပြုလုပ်ချုပ်ဆိုပြီး မှတ်ပုံတင်ရတယ်လို့
ဆက်ပြောပါတယ်။

ဈေးကွက်ထဲမှာ အများစုက အပေါင်စာချုပ်ကို အလွယ်
ပြုလုပ် ကြတာတွေ များပါတယ်။ တချို့ဆို စာရွက်
အလွတ်မှာ လက်မှတ်ထိုးပေးတာမျိုးတွေတောင်
ရှိခဲ့ကြတာပါ။ အရပ်ထဲမှာ အပေါင်ထားချင်ရင်
ငွေချေးတယ်၊ ငါးကျပ်တိုးနဲ့ ။
ဒါပေမဲ့ သိန်း ၁၀ဝ အနည်းဆုံးစပြီး ငွေယူလို့ရတယ်။
တချို့က သိန်း ၅၀ဝကစပြီး အပေါင်လက်ခံတာတွေလည်း
ရှိတယ်လို့ သိရတယ်။ အပေါင်ထားတာက တန်ဖိုးရဲ့
သုံးချိုးနှစ်ချိုးတောင်ရတာ၊ နည်းကြတယ်လို့ ပြောပါတယ်။
ဒါတွေ ကြောင့် စာချုပ်စာတမ်းအက် ဥပဒေတွေနဲ့အညီ
ချုပ်ဆိုပြီး အပေါင်ထားသင့်တယ်လို့ သိရပါတယ်။

(အေးမွန်)

***

၃။ "အပေါင်ထားမိတဲ့ အိမ်ခြံမြေ တစ်ဆင့်ထပ်ပေါင်လို့
ဖြေရှင်းရခက်"

ငွေကြေးအခက်အခဲကြောင့် အပိုဝယ်ယူထားတဲ့
ပေ ၄၀ x ပေ ၆၀ အကျယ် အိမ်နဲ့ ခြံကို အပေါင်ထားမိရာက
အပေါင်ခံထားသူက နောက်တစ်ဦးဆီ ထပ်ပေါင်တယ်။

ခြံနဲ့အိမ်ကို ရောင်းလိုက်ဖို့စီစဉ်ပြီး ဝယ်သူနဲ့ပါဈေးညှိနှိုင်းပြီးမှ
အပေါင်ခံထားတဲ့သူဆီသွားမှ အခုလိုတစ်ဆင့်အပေါင်ခံ
ထားရတာကို သိရတာပါ။ အခုတော့ သူ့အိမ်နဲ့ ခြံပြန်ရဖို့
ဘယ်လို နည်းလမ်းနဲ့ ယူလို့ရမလဲဆိုတာ အဖြေရှာ
နေတယ်လို့ ကိုယ်တိုင် ကြုံတွေ့နေရတဲ့
ဒေါ်ဝေဝေ (အမည်လွှဲ) က ပြောပြပါတယ်။

သည်မြေကွက်ကို ဝယ်ထားတာကာလကြာပါပြီ။
ကိုယ်တိုင်မနေဘဲ ပိတ်ထားတာ နှစ်နှစ်ကျော် သုံးနှစ်ဝန်းကျင်
ရှိပြီ။ ငွေကြေးလိုအပ်မှု တချို့ရှိတာကြောင့် မရောင်းချင်ဘဲ
ရင်းနှီးတဲ့သူတစ်ဦးဆီမှာ အပေါင်ထားလိုက်တာလို့
ပြောပါတယ်။

သူအပေါင်ထားတုန်းက ငွေပြန်လည်ရင် ရွေးနိုင်မယ်လို့
တွေးခဲ့ပေမဲ့ ရွေးဖို့ အဆင်မပြေနိုင်တာကြောင့် ရောင်းဖို့
အကျိုးဆောင်နဲ့ အပ်လိုက်တာလို့ ပြောပြပါတယ်။

ဒေါ်ဝေဝေက
"ဝယ်မယ့်သူနဲ့ တေ့တေ့ဆိုင်ဆိုင်ဈေးပြောပြီးခါမှ
စာရွက်စာတမ်းပြဖို့ အပေါင်ခံထားတဲ့ သူဆီသွားတာ၊
ဟိုရောက်တော့ အပေါင်ခံထားသူကို မတွေ့ရဘဲ မိသားစုဝင်
တွေကိုပဲ တွေ့ရတယ်၊ မေးတော့ ခရီးသွားနေတာ နှစ်လ
လောက်ကြာနိုင်တယ်၊ စာရွက်စာတမ်းတွေ ကြည့်ဖို့ ပြော
တော့မှ တစ်ဆင့်ပေါင်ထားမှန်း သိရတာ၊ စာချုပ်စာတမ်းနဲ့
အခိုင်အမာမလုပ်ထားမိတော့ ကိုယ့်ဘက်က အားနည်းချက်
တစ်ခုလို ဖြစ်နေတယ်”လို့ ပြောပါတယ်။

အပေါင်ထားစဉ်က ရောင်းပေါင်စာချုပ်မျိုးလည်း မဟုတ်ဘဲ
နားလည်မှုနဲ့ ထားလိုက်တာ၊ အခုတော့ အပေါင်ခံထားသူ
ပြန်လာမှ ဖြေရှင်းလို့ရမယ့်ပုံစံဖြစ်နေတယ်လို့ ပြောပါတယ်။

တရားဥပဒေကြောင်းနဲ့ ပြန်ယူလို့ ရမရ၊ သူ့မြေကွက်
ပြန်ရနိုင်ပါ့မလား၊ နောက်ထပ် ပေါင်ထားသူဆီကပဲ ပြန်ရွေး
ရမလား၊ ဘယ်လိုဖြေရှင်းရမလဲ မသိ ဖြစ်နေတာလို့
ပြောပါတယ်။

အကျိုးဆောင်ရှေ့နေ မသူသူ က
"ဒီလိုကိစ္စက စပြီးလုပ်ကတည်းက သေချာလုပ်ထားသင့်တာ၊
အခုလိုအဖြစ်က နှစ်ဖက်ညှိနှိုင်းမှပဲ အဆင်ပြေနိုင်မယ်၊
ပြန်လိုချင်တယ်ဆိုရင် နောက်ထပ်အပေါင်ခံထားသူနဲ့
ညှိနှိုင်းပြီး သူ့ဆီကနေ ပြန်ရွေးတာမျိုးလုပ်မှပဲ၊
ပထမလူ ပေါင်ထားတာကို တစ်ဆင့်ထပ် ပေါင်တယ်ဆိုတာမျိုး
ဆိုတော့ ယုံကြည်စွာအပ်နှံထားမှုကို ချိုးဖောက်တာမျိုးနဲ့
ဥပဒေအရ သွားလို့ရမယ်၊
ဒါပေမဲ့ ပြင်ပမှာ အပေါင်ဈေးကွက်ကို တရားဝင်ခွင့်ပြုထား
တာမျိုး မဟုတ်ဘူးလေ၊ အရင်ညှိနှိုင်းကြည့်မှပဲ ရမယ်”လို့
ပြောပါတယ်။

အရပ်ထဲမှာ အိမ်အပေါင်ထားတာတွေကို ငွေမလည်သူတွေ
တော်တော်များများက အလွယ်ဆုံးနည်းလမ်းတစ်ခုအဖြစ်
လုပ်ဆောင် ကြတယ်။ တချို့က တကယ်ယုံကြည်စိတ်ချရပြီး
မှန်မှန်ကန်ကန် လုပ်ဆောင်ကြတာတွေ ရှိသလို အမှုအခင်း
ပြဿနာဖြစ်တာတွေလည်း ရှိပါတယ်။

အပြန်အလှန် ပြဿနာတွေ
-----------------------------

အပေါင်ထားသူတွေကလည်း အတိုးမပေးနိုင်တော့လို့
အတိုးပေါ် အတိုးဆင့်သွားလို့ ပြန်မရွေးနိုင်တော့တာတွေ
ကြောင့် အိမ်ကို အပ်လိုက်ရတာတွေ ရှိတယ်။ အပေါင်ခံထား
တဲ့သူတွေဘက်ကလည်း တချို့အပေါင်ထားသူတွေက
စာရွက် စာတမ်းပေးထားပေမဲ့ ငွေရပြီးတဲ့နောက်မှာ
ပျောက်ဆုံးလျှောက်ပြီး ပြန်မရွေးတော့တဲ့ သူတွေလည်း
ရှိတယ်လို့ သိရတယ်။

ဒေါ်ဝေဝေကတော့ သူ့အိမ်ကွက်ပြန်ရပြီးရောင်းထွက်ဖို့
သူအပေါင်ထားတဲ့သူ ခရီးကပြန်လာချိန်ကို အရင်စောင့်ကြည့်
ရဦးမယ်လို့ ပြောပါတယ်။ အပေါင်ခံထားသူ ပြန်လာရင်
နောက်ထပ်အပေါင် လက်ခံထားသူနဲ့တွေ့ပြီး ညှိနှိုင်းပြီး
မြေကွက်ကို အရောင်းထုတ်ရမှာ ဖြစ်တယ်။

(အေးမွန်)

Credit to Kumudra Journal

No comments:

Post a Comment