Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, September 6, 2018

ေန႕စဥ္ ပဌာန္းအရွည္ျကီးကို မရြတ္ႏိုင္တဲ့မိတ္ေဆြေတြ အတြက္ ထူးျခားတဲ႔ပဌာန္းဆုေတာင္း

ပဌာန္းအက်ယ္ မရြတ္ႏိုင္တဲ႔ ေန႔ေတြမွာ
သရဏဂံုသံုးပါးႏွင့္ ငါးပါးသီလ ေစာင့္တည္
ျပီး ဒါေလးကို ရြတ္ဆိုႏိုင္ပါတယ္

အရမ္း အခ်ိန္ေပးစရာမလိုဘဲ ျမတ္စြာဘုရားရွင္ ပဌာန္းေဒသနာေတာ္
အား ဆုေတာင္းနည္းပါ
ပဌာန္းအက်ယ္ရြတ္ဖို့႕
အရမ္း အခ်ိန္မေပးႏိုင္တဲ႔ ေန႕ေတြမွာ
ဒါေလး ေန႕စဥ္ ရြတ္ျဖစ္ပါတယ္

ျကာသြားရင္အလြတ္
ရသြားေတာ့ အျမဲ အာဂုဏ္ေစာင့္မိတဲ့
အတြက္ ေန႕စဥ္ ကိုယ့္အတြက္ ကံဆိုးမႈေတြ
မက်ေရာက္ႏိုင္ပါဘူး လက္ေတြ႕ပါ

​ေကာင္​းမႈေတြ​ေၾကာင္​့
​ေကာင္​းက်ိဳးမဂၤလာတည္​႐ွိပါ​ေစ

1. ေဟတု ပစၥေယာ : အကုသိုလ္ကင္း၍ ကုသိုလ္ႏွင့္ ယွဥ္တြဲရပါေစသား။

2. အာရမၼဏ ပစၥေယာ : မ်က္စိႏွင့္နားတို႔သည္ နိဗၺာန္သို႔ မ်က္ေမွာက္ျပဳရပါေစသား။

3. အဓိပတိ ပစၥေယာ : ရုပ္ ၊ နာမ္ ႏွစ္ပါးကို ေစာင့္ေရွာက္ထိန္းသိမ္းရပါေစသား။

4. အနႏၲရ ပစၥေယာ : မ်ားလွစြာေသာ ကုသိုလ္ေရးမ်ားကို မ်က္ေမွာက္ျပဳရပါေစသား။

5. သမနႏၲရ ပစၥေယာ : ရုပ္ႏွင့္နာမ္ အတူရွိေသာတရားတို႔ကို မ်က္ေမွာက္ျပဳရပါေစသား။

6. သဟဇာတ ပစၥေယာ : ရုပ္ – ရုပ္ျခင္း၊ နာမ္ – နာမ္ျခင္း ထင္ရွားစြာ သိရပါေစသား။

7. အညမည ပစၥေယာ : ရုပ္မွနာမ္ ၊ နာမ္မွရုပ္သို႔ ေျပာင္းလဲ၍ သိရပါေစသား။

8. နိႆယ ပစၥေယာ : ရုပ္ နာမ္ ႏွစ္ပါးတို႔၏ တည္ရာကို သိရပါေစသား။

9. ဥပနိႆယ ပစၥေယာ : ရတနာသံုးပါးကို ဦးထိပ္ထားရပါေစသား။

10. ပုေရဇာတ ပစၥေယာ : ေရွ႕ကျဖစ္ေသာ အကုသိုလ္ကို ပယ္၍ ကုသိုလ္ကို မ်က္ေမွာက္ျပဳရပါေစသား။

11. ပစၧာဇာတ ပစၥေယာ : ေနာက္၌ျဖစ္ေသာ အကုသိုလ္ကို ပယ္၍ ကုသိုလ္ကို မ်က္ေမွာက္ျပဳရပါေစသား။

12. အာေသဝန ပစၥေယာ : လိုရာဆႏၵမရွိေအာင္ ျပည့္စံုရပါေစသား။

13. ကမၼ ပေစၥေယာ : ကံသံုးပါးကို ထိန္းသိမ္းရပါေစသား။

14. ဝိပါက ပေစၥေယာ : ဝဋ္ေႂကြးသံုးသြယ္ကို ပယ္ဖ်က္ရပါေစသား။

15. အာဟာရ ပစၥေယာ : လိုရာကို ျပည့္စံုစြာ ေထာက္ပံ့ႏိုင္ၾကပါေစသား။

16. ကၠျႏၵိယ ပစၥေယာ : ရုပ္ ၊ နာမ္ကို ထိန္းသိမ္းတတ္ေသာ ပညာႏွင့္ ျပည့္စံုရပါေစသား။

17. စ်ာန ပစၥေယာ : သူေတာ္ေကာင္းတရား 7 ပါး ၊ ဥာဏ္စဥ္ 5 ပါး တို႔ႏွင့္ ျပည့္စံုရပါေစသား။

18. မဂၢ ပစၥေယာ : ဘာဝနာတရား 2 ပါး အေပါင္းကို အာရုံျပဳ၍ အထြတ္အထိပ္ ပညာကို ရပါေစသား။

19. သမၸယုတၲ ပေစၥေယာ : သူေတာ္ေကာင္းတို႔ႏွင့္ေပါင္း၍ 7 ျဖာေသာတရားႏွင့္ ယွဥ္တြဲရပါေစသား။

20. ဝိပၸယုတၲ ပစၥေယာ : သူယုတ္မာႏွင့္ေဝး၍ အကုသိုလ္တို႔ ကင္းရွင္းရပါေစသား။

21. အတၳိ ပစၥေယာ : သမုတိနယ္၏အသိကို ဟုတ္မွန္စြာ သိရပါေစသား။

22. နတၳိ ပစၥေယာ : ပရမတၱ မရွိတရား၏အသိကို မ်က္ေမွာက္ျပဳရပါေစသား။

23. ဝိဂတပစၥေယာ : ေရွ႕၌ပြင့္ၿပီးကုန္ေသာ ဘုရားတို႔ကို ရွိခိုးရပါေစသား။

24. အဝိဂတ ပစၥေယာ : ေနာင္ပြင့္လတၱံ့ေသာ ဘုရားတို႔ကို ရွိခိုးရပါေစသား

ပဌာန္းအက်ယ္အဓိပၸါယ္ႏွင့္ေန႔စဥ္
ရြတ္ႏိုင္လွ်င္ အေကာင္းဆံုးပါ..
ဒီဆုေတာင္းက ပဌာန္းစာအုပ္ေလးေတြရဲ႕
ေနာက္ဆံုးတြင္ အျမဲပါတဲ့အတြက္
ဆုေတာင္းရြတ္ဆိုျခင္းသာျဖစ္ပါတယ္..

ကိုယ့္အခ်ိန္မရတဲ့ေန႕မွာရြတ္ဖတ္ျခင္း
အား မွ်ေဝေပးျခင္းျဖစ္ပါတယ္

က်မ ​ေစာင္​့တည္​​ေသာ သီလ ဘာဝနာျဖင္​့
​ေမတၱာ ပို႔သပါသည္​႐ွင္​ …

ခ်စ္​ခင္​ ​ေလးစားလ်ွက္​
 ႏွလံုးသားမွာဘုရားတည္​ၾကမယ္​

#Unicode Version#
ပဌာန်းအကျယ် မရွတ်နိုင်တဲ့ နေ့တွေမှာ
သရဏဂုံသုံးပါးနှင့် ငါးပါးသီလ စောင့်တည်
ပြီး ဒါလေးကို ရွတ်ဆိုနိုင်ပါတယ်

အရမ်း အချိန်ပေးစရာမလိုဘဲ မြတ်စွာဘုရားရှင် ပဌာန်းဒေသနာတော်
အား ဆုတောင်းနည်းပါ
ပဌာန်းအကျယ်ရွတ်ဖို့
အရမ်း အချိန်မပေးနိုင်တဲ့ နေ့တွေမှာ
ဒါလေး နေ့စဉ် ရွတ်ဖြစ်ပါတယ်

ကြာသွားရင်အလွတ်
ရသွားတော့ အမြဲ အာဂုဏ်စောင့်မိတဲ့
အတွက် နေ့စဉ် ကိုယ့်အတွက် ကံဆိုးမှုတွေ
မကျရောက်နိုင်ပါဘူး လက်တွေ့ပါ

ကောင်းမှုတွေကြောင့်
ကောင်းကျိုးမင်္ဂလာတည်ရှိပါစေ

1. ဟေတု ပစ္စယော : အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲရပါစေသား။

2. အာရမ္မဏ ပစ္စယော : မျက်စိနှင့်နားတို့သည် နိဗ္ဗာန်သို့ မျက်မှောက်ပြုရပါစေသား။

3. အဓိပတိ ပစ္စယော : ရုပ် ၊ နာမ် နှစ်ပါးကို စောင့်ရှောက်ထိန်းသိမ်းရပါစေသား။

4. အနန္တရ ပစ္စယော : များလှစွာသော ကုသိုလ်ရေးများကို မျက်မှောက်ပြုရပါစေသား။

5. သမနန္တရ ပစ္စယော : ရုပ်နှင့်နာမ် အတူရှိသောတရားတို့ကို မျက်မှောက်ပြုရပါစေသား။

6. သဟဇာတ ပစ္စယော : ရုပ် – ရုပ်ခြင်း၊ နာမ် – နာမ်ခြင်း ထင်ရှားစွာ သိရပါစေသား။

7. အညမည ပစ္စယော : ရုပ်မှနာမ် ၊ နာမ်မှရုပ်သို့ ပြောင်းလဲ၍ သိရပါစေသား။

8. နိဿယ ပစ္စယော : ရုပ် နာမ် နှစ်ပါးတို့၏ တည်ရာကို သိရပါစေသား။

9. ဥပနိဿယ ပစ္စယော : ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။

10. ပုရေဇာတ ပစ္စယော : ရှေ့ကဖြစ်သော အကုသိုလ်ကို ပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။

11. ပစ္ဆာဇာတ ပစ္စယော : နောက်၌ဖြစ်သော အကုသိုလ်ကို ပယ်၍ ကုသိုလ်ကို မျက်မှောက်ပြုရပါစေသား။

12. အာသေဝန ပစ္စယော : လိုရာဆန္ဒမရှိအောင် ပြည့်စုံရပါစေသား။

13. ကမ္မ ပစ္စေယော : ကံသုံးပါးကို ထိန်းသိမ်းရပါစေသား။

14. ဝိပါက ပစ္စေယော : ဝဋ်ကြွေးသုံးသွယ်ကို ပယ်ဖျက်ရပါစေသား။

15. အာဟာရ ပစ္စယော : လိုရာကို ပြည့်စုံစွာ ထောက်ပံ့နိုင်ကြပါစေသား။

16. က္ကန္ဒြိယ ပစ္စယော : ရုပ် ၊ နာမ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။

17. ဈာန ပစ္စယော : သူတော်ကောင်းတရား 7 ပါး ၊ ဉာဏ်စဉ် 5 ပါး တို့နှင့် ပြည့်စုံရပါစေသား။

18. မဂ္ဂ ပစ္စယော : ဘာဝနာတရား 2 ပါး အပေါင်းကို အာရုံပြု၍ အထွတ်အထိပ် ပညာကို ရပါစေသား။

19. သမ္ပယုတ္တ ပစ္စေယော : သူတော်ကောင်းတို့နှင့်ပေါင်း၍ 7 ဖြာသောတရားနှင့် ယှဉ်တွဲရပါစေသား။

20. ဝိပ္ပယုတ္တ ပစ္စယော : သူယုတ်မာနှင့်ဝေး၍ အကုသိုလ်တို့ ကင်းရှင်းရပါစေသား။

21. အတ္ထိ ပစ္စယော : သမုတိနယ်၏အသိကို ဟုတ်မှန်စွာ သိရပါစေသား။

22. နတ္ထိ ပစ္စယော : ပရမတ္တ မရှိတရား၏အသိကို မျက်မှောက်ပြုရပါစေသား။

23. ဝိဂတပစ္စယော : ရှေ့၌ပွင့်ပြီးကုန်သော ဘုရားတို့ကို ရှိခိုးရပါစေသား။

24. အဝိဂတ ပစ္စယော : နောင်ပွင့်လတ္တံ့သော ဘုရားတို့ကို ရှိခိုးရပါစေသား

ပဌာန်းအကျယ်အဓိပ္ပါယ်နှင့်နေ့စဉ်
ရွတ်နိုင်လျှင် အကောင်းဆုံးပါ..
ဒီဆုတောင်းက ပဌာန်းစာအုပ်လေးတွေရဲ့
နောက်ဆုံးတွင် အမြဲပါတဲ့အတွက်
ဆုတောင်းရွတ်ဆိုခြင်းသာဖြစ်ပါတယ်..

ကိုယ့်အချိန်မရတဲ့နေ့မှာရွတ်ဖတ်ခြင်း
အား မျှဝေပေးခြင်းဖြစ်ပါတယ်

ကျမ စောင့်တည်သော သီလ ဘာဝနာဖြင့်
မေတ္တာ ပို့သပါသည်ရှင် …

ချစ်ခင် လေးစားလျှက်
 နှလုံးသားမှာဘုရားတည်ကြမယ်

No comments:

Post a Comment