Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 27, 2018

ခင်ပွန်းဖြစ်သူကို ကြိုးနှင့်တုတ်ပြီး ဇနီးဖြစ်သူကို (၈)နာရီကြာ အလှည့်ကျ မုဒိန်းကျင့်ခဲ့ကြတဲ့ ဓါးပြများ










  thempty

#Unicode Version#

တရုတ်နိုင်ငံ Xintai မြို့ Wennan မြို့နယ်မှာ သွေးအေးအေးနှင့် ရက်စက်စွာ ဓါးပြတိုက်၊ မုဒိန်းကျင့်၊ လူသတ်မှု တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ အစပိုင်းမှာတော့ ဓားပြ (၄)ယောက်တို့ဟာ ရွှေ၊ ငွေတွေယူပြီး ထွက်ခွာ သွားရန်ပါဘဲ။

သို့သော်လည်း အိမ်ထဲကို အဝင်မှာ ချိတ်ဆွဲထားတဲ့ လတ်လတ်ဆတ်ဆတ် မင်္ဂလာဆောင် ဓါတ်ပုံတွေကို မြင်လိုက်ရတဲ့ အချိန်မှာ ဓားပြ (၄)ယောက်ဟာ စိတ်ပြောင်း သွားခဲ့ပါတယ်။ လှပလွန်းတဲ့ အမျိုးသမီးရဲ့ ဓါတ်ပုံကို မြင်တော့ (၄)ယောက် သဘော တူညီချက်အရ မုဒိန်းကျင့်ရန်ပါ ကြံစည် ပါတော့သည်။

သူတို့ဝင်လာသည်ကို မသိဘဲ အိပ်ခန်းထဲမှာ ရှိနေတဲ့ ဇနီမောင်နှံ နှစ်ယောက်ရဲ့ အခန်းထဲကို ဝင်သွားပြီးနောက် ခင်ပွန်း ဖြစ်သူကို ကြိုးတုတ်၍ အမျိုးသမီး ကို (၈)နာရီကြာ အလှည့်ကျ မုဒိန်းကျင့်ခဲ့ ကြပါတယ်။ အဲဒီ နောက်မှာတော့ အမျိုးသမီးရဲ့ လိင်အင်္ဂါ အတွင်း ဓားဖြင့်ပါ ထိုးထည့်ခဲ့ သောကြောင့် အမျိုးသမီး သေသွားပါတယ်။ ထို့နောက် ခင်ပွန်းဖြစ်ကိုပါ သတ်ခဲ့ကြ ပါတယ်။

အဲ့ဒီနောက်မှာတော့ အိမ်ရဲ့ အနောက်မှာ ရှိတဲ့ တောအုပ်ထဲတွင် ဥမင်လိုဏ်ခေါင်း တူးပြီး အလောင်းတွေကို ပစ်ထားခဲ့ကြ ပါတယ်။

ရဲများက ခြေရာခံလိုက်ရန် ကြိုးစားခဲ့ပေမဲ့ ပြစ်မှု ကျူးလွန်သူ တွေက လက်စ လက်န မကျန်ရန် ရှင်းလင်းထား ခဲ့သဖြင့် သဲလွန်စ ရှာရန် အတွက် အခက်အခဲ ဖြစ်ခဲ့ပါတယ်။ အိမ်မှာရှိတဲ့ စီစီတီဗွီ ကင်မရာတွေ ကိုလည်း ကြိုးကိုဖြတ်ထားပြီး ဟတ်ဒစ်တွေကို ယူသွားခဲ့ပါတယ်။

နေအိမ် ပတ်ပတ်လည်ကို သေသေချာချာ ပြန်လည်ရှာဖွေ ကြည့်သောအခါမှ လူသတ်သမားတွေဟာ မီးဖိုထဲတွင်လည်း ချက်ပြုတ် စားသောက် ခဲ့သေးကြောင်း ရဲတွေကတွေ့ ရှိခဲ့ပါတယ်။

ဆက်လက် စစ်ဆေးချက်များအရ ပိုက်ဆံအိတ် တစ်အိတ် ATM ကတ်နှင့်အတူ အမှိုက်ထုတ်များ အတွင်း တွေ့ရှိ ခဲ့ပါတယ်။ ကံကောင်းချင်တော့ ဒီ ATM ကတ်ဟာ လူသတ်သမား ၄ ယောက်ထဲက တစ်ယောက်ရဲ့ ကတ်ဖြစ်နေခဲ့ပါတယ်။ သဲလွန်စတွေ ဖျောက်ဖျက်ဘို့ ကြိုးစားရင်း ပိုက်ဆံထွက်ကျခဲ့ဟန် တူပါတယ် လို့ ရဲအရာရှိက ဆိုပါတယ်။

အဲ့ဒီနောက် မကြာခင်မှာဘဲ ရဲတွေဟာ ATM ကဒ်မှတစ်ဆင့် ခြေရာခံကာ ကျူးလွန်ခဲ့သူ (၄)ယောက် စလုံးကို အတူတကွ ဖမ်းဆီးရမိခဲ့ ပါသည်။

သူတို့တတွေဟာ ခိုးဝှက်မှု၊ လုယက်မှု၊ ဓါးပြတိုက်မှု တွေကိုသာ ကျူးလွန်တတ်ကြသူဖြစ်ပြီး အဆိုပါအမျိုးသမီးကို မြင်ပြီးနောက် စိတ်ရိုင်းများ ဝင်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြပါတယ်။

တရုတ် ပြည်သူတွေရဲ့ ဝေဖန်ချက်တွေ မှာတော့ “ သူတို့ဟာ လုပ်ရိုး လုပ်စဉ် အလုပ်တစ်ခုလို လူကိုလည်းမုဒိန်းကျင့်၊ ရက်ရက် စက်စက်သတ်ပြီး အိမ်တွင်းတွင် ချက်ပြုတ် စားသောက် လိုက်သေးတယ်ဆိုတော့ အရမ်းကို သွေးအေးပြီး ရက်စက်ယုတ်မာတဲ့ လူသတ်သမားတွေ ဖြစ်ပြီး အခြား ပစ်မှုများလည်း ကျူးလွန်းထားကြ လိမ့်အုံးမည်” ဟုထင်ကြောင်း ပြောဆိုကြသည်။

  thempty

No comments:

Post a Comment