Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, September 11, 2018

အမ်ိဳးသမီးမ်ားသတိထားၾကပါ။ ျဖစ္သြားၿပီးမွဆို မလြယ္ဘူး မိန္းကေလးမ်ား သထိထားရန္ကူးယူတင္ျပလုိက္သည္။

အမ်ိဳးသမီး တစ္ဦးက ဓာတ္ဆီဆိုင္မွာ ဓာတ္ဆီ ျဖည့္ေနတုန္း သပ္သပ္ ရပ္ရပ္၀တ္စား ထားတဲ့ ေယာက္်ားတစ္ဦးက သူ႔ကိုယ္သူ ကုမၸဏီ အေရာင္း ကိုယ္စားလွယ္ အျဖစ္နဲ႔ သူမကို ရည္ရည္မြန္မြန္ မိတ္ဆက္ရင္း ပစၥည္းဝယ္ဖို႔ လိုအပ္ရင္ ဆက္သြယ္ဖို႔ လိပ္စာကဒ္ကို ေပးခဲ့တယ္။

သူမကလဲ သေဘာရိုးနဲ႔လို႔ ထင္မွတ္ၿပီး ယဥ္ေက်းမႈ အေနနဲ႔ လိပ္စာကဒ္ကို လက္ခံၿပီး ကားေပၚျပန္တက္လို႔ ေမာင္းထြက္ ခဲ့တယ္။ တခ်ိန္တည္းမွာပဲ အဲဒီေယာက္်ားဟာ တျခားလူရည္သန္႔ေယာက္်ား တစ္ဦးေမာင္းတဲ့ ကားေပၚ တက္သြားပါတယ္။

ဓာတ္ဆီဆိုင္ထဲကေန ကားေမာင္း ထြက္လာတဲ့ သူမဟာ သူမရဲ႕ ကားေနာက္ ကေန ေစာေစာက ေယာက္်ားက တခ်ိန္တည္းမွာပဲ ေနာက္ေယာင္ခံ ကားေမာင္း လိုက္လာတာကို ေနာက္ၾကည့္မွန္က တဆင့္ ျမင္လိုက္တယ္။ အဲဒီအခ်ိန္မွာပဲ သူမဟာ တအားေခါင္းကိုက္လာၿပီး အသက္ရွဴလို႔ မရျဖစ္လာခဲ့တယ္။

သူမဟာ ကားျပတင္းေပါက္ကို ဖြင့္ဖို႕ ၾကိဳးစားရင္းနဲ႕ အနံ႔ဟာ သူမရဲ႕ လက္ကလာတာ ျဖစ္ေၾကာင္း သတိထားမိ လိုက္တယ္။ ေစာေစာက ေယာက္်ား လွမ္းေပးတဲ့ ကဒ္ကိုလက္ခံ ကိုင္မိတဲ့ လက္ဆီက လာတဲ့အနံ႕ပါ။

ရုတ္တရက္ ပတ္၀န္းက်င္ကို ျပန္ငဲ့ ၾကည့္မိတဲ့အခါ ကဒ္ေပးတဲ့ ေယာက္်ားရဲ႕ကားက သူမကားရဲ႔ေနာက္ တည့္တည့္ ေရာက္ေနပါၿပီ။

ဒါနဲ႕ လူနဲ႔ကား စည္ကားရာဆီကို သြားတဲ့ ကားလမ္းေၾကာကို အျမန္ဆံုး ေရြးေမာင္းရင္း ကားဟြန္းကို ထပ္ခါ တလဲလဲ ႏွိပ္ေနခဲ့ ရတယ္။ သူမရဲ႕ ကားကို လူေတြ သတိထားမိၿပီး အကူအညီ ရလိုရျငားေပါ့။

အဲဒီေတာ့မွ သူမရဲ႕ ကားေနာက္က လိုက္ေနတဲ့ ေယာက္်ားေတြရဲ႕ ကားက တျခားကိုေမာင္းေျပး ပါေတာ့တယ္။ သူတို႔ရန္က လြတ္ခဲ့ေပမယ့္ သူမ ကေတာ့ မိနစ္ ေတာ္ေတာ္ၾကာၾကာ ေခါင္းမူးေခါင္းကိုက္ ျဖစ္ၿပီးေနာက္ ကားျပဴ တင္းေပါက္ေတြက တိုး၀င္လာတဲ့ ေလေတြေၾကာင့္ အသက္ ျပန္ရွဴႏိုင္ ခဲ့ပါတယ္။ လိပ္စာကဒ္ ေပၚမွာ ဘာပါလဲ သိလား…။

လူတဖက္သား ဆီက တခုခု ခိုးယူဖို႔ ဒါမွမဟုတ္ အဲဒီလူဆီက တစံုတခု အျမတ္ထုတ္ဖို႕ ၾကိဳးစားရာမွာ သူတို႕ ရည္ရြယ္ထားတဲ့ သားေကာင္ သို႕မဟုတ္ အနစ္နာ ခံရမယ့္ သူက ဘာမွ ျပန္မတံု႔ျပန္ ႏိုင္ေအာင္ မသမာ သူေတြက ‘BURUNDANGA’ လို႔ေခၚတဲ့ ေဆးကို သံုးတတ္ၾကတယ္။

အဲဒီေဆး ဟာ မုဒိမ္းေကာင္ေတြက မိန္းကေလးေတြကို မက်ဴးလြန္မီ မိန္းကေလးေတြ ထြက္မေျပးႏိုင္၊ မလႈပ္ရွားႏိုင္ေအာင္ ေကၽြးေလ့ရွိတဲ့ ေဆးထက္ ေလးဆပို ျပင္းပါတယ္။

ပိုဆိုးတာက ဒီေဆးက ပါးစပ္ထဲ ၀င္ေအာင္ ခတ္စရာ မလိုပဲ လိပ္စာကဒ္လို ရိုးရွင္းတဲ့ စာရြက္ အပိုင္းအစ တစ္ခုကေန အနံ႔အျဖစ္နဲ႔ ကူးလြယ္၊ အသံုးခ်ရ လြယ္ကူေနပါတယ္။ ဒီလို လုပ္ရပ္မ်ိဳးထဲမွာ ကိုယ့္ အိမ္တံခါး လာေခါက္ၿပီး သတင္းစာ ေဝတာ၊လက္ကမ္း ေၾကာ္ျငာစာရြက္ ေ၀ေပးတာ၊ လူရွင္းၿပီး ေခ်ာင္က်တဲ့ စားေသာက္ဆိုင္ေတြမွာ tissue box လာခ်တာက စလို႔ ပံုစံ မ်ိဳးစံုနဲ႕ခ်ဥ္းကပ္လာႏိုင္တာေတြ အမ်ားၾကီး ရွိပါတယ္။

ေက်းဇူးျပဳၿပီး ဒီသတင္းကို သင္ အေလးထား ဂရုစိုက္သူ ေတြဆီကို လက္ဆင့္ ကမ္းေပးပါ။ မသမာသူေတြရဲ႕ မာယာေက်ာ့ကြင္းေတြကို အျပစ္မဲ့သူေတြ ေရွာင္ရွားႏိုင္ၾကပါေစ။
ပ်ိဳေမတို့သိေစဖို့ မွ ျပန္လည္မွ်ေ၀ပါသည္။
#Unicode Version#
အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ် ရပ်ရပ်ဝတ်စား ထားတဲ့ ယောက်ျားတစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်း ကိုယ်စားလှယ် အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်ရင် ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။

သူမကလဲ သဘောရိုးနဲ့လို့ ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကို လက်ခံပြီး ကားပေါ်ပြန်တက်လို့ မောင်းထွက် ခဲ့တယ်။ တချိန်တည်းမှာပဲ အဲဒီယောက်ျားဟာ တခြားလူရည်သန့်ယောက်ျား တစ်ဦးမောင်းတဲ့ ကားပေါ် တက်သွားပါတယ်။

ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက် ကနေ စောစောက ယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်း လိုက်လာတာကို နောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။ အဲဒီအချိန်မှာပဲ သူမဟာ တအားခေါင်းကိုက်လာပြီး အသက်ရှူလို့ မရဖြစ်လာခဲ့တယ်။

သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာ သူမရဲ့ လက်ကလာတာ ဖြစ်ကြောင်း သတိထားမိ လိုက်တယ်။ စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကိုလက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့အနံ့ပါ။

ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ ယောက်ျားရဲ့ကားက သူမကားရဲ့နောက် တည့်တည့် ရောက်နေပါပြီ။

ဒါနဲ့ လူနဲ့ကား စည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံး ရွေးမောင်းရင်း ကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ ရတယ်။ သူမရဲ့ ကားကို လူတွေ သတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။

အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားက တခြားကိုမောင်းပြေး ပါတော့တယ်။ သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမ ကတော့ မိနစ် တော်တော်ကြာကြာ ခေါင်းမူးခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြူ တင်းပေါက်တွေက တိုးဝင်လာတဲ့ လေတွေကြောင့် အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။ လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…။

လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီက တစုံတခု အမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင် သို့မဟုတ် အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင်အောင် မသမာ သူတွေက ‘BURUNDANGA’ လို့ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။

အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေ ထွက်မပြေးနိုင်၊ မလှုပ်ရှားနိုင်အောင် ကျွေးလေ့ရှိတဲ့ ဆေးထက် လေးဆပို ပြင်းပါတယ်။

ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ဝင်အောင် ခတ်စရာ မလိုပဲ လိပ်စာကဒ်လို ရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုကနေ အနံ့အဖြစ်နဲ့ ကူးလွယ်၊ အသုံးချရ လွယ်ကူနေပါတယ်။ ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့် အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊လက်ကမ်း ကြော်ငြာစာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့ စားသောက်ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့ချဉ်းကပ်လာနိုင်တာတွေ အများကြီး ရှိပါတယ်။

ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကို လက်ဆင့် ကမ်းပေးပါ။ မသမာသူတွေရဲ့ မာယာကျော့ကွင်းတွေကို အပြစ်မဲ့သူတွေ ရှောင်ရှားနိုင်ကြပါစေ။
ပျိုမေတို့သိစေဖို့ မှ ပြန်လည်မျှဝေပါသည်။

No comments:

Post a Comment