Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, September 6, 2018
ZawGyiဖြင့်ဖတ်ရန်
ဆေးနည်း < < <
==================
Credit to မှတ်စု
Unicodeဖြင့်ဖတ်ရန်
 လာစမ်းပါ ကင်ဆာလို့ စိန်ခေါ်ပြစ်လို့ရပါတယ်.. များများ မြန်မြန် Share ပေးကြပါ။
များများ Share မြန်မြန် Share ပေးကြပါ
လာစမ်းပါကင်ဆာ စိန်ခေါ်ပြစ်လို့ရပါတယ်
(( ကင်ဆာရောဂါအတွက် ဆေးစွမ်းကောင်း ))
နုနု ရင့်ရင့် ကင်ဆာမှန်သမျှသောက်လို့ရတယ်
ရောဂါသက်သာမယ် ရောဂါပျောက်မယ် ”
အဆုပ်ကင်ဆာ ၊ အစာအိမ်ကင်စာ အသားအိမ်ကင်ဆာ အိုဗျာ ကုန်ကုန်ပြောမယ် ဘာကင်ဆာဖြစ်ဖြစ် အကုန်သက်သာပျောက်ကင်းပါတယ်လို့ ၉၂ % အာမခံပါတယ် ကြာတယ်လက်တွေ့လုပ်ကြည့်ပါ
ဆေးနည်း < < <
သင်္ဘောအဖိုပင်ရဲ့အရွက်ကို ရေစင်အောင်ဆေးပါ အရည်ရအောင်ညှစ်ပါ ရလာတဲ့အရည် ( သတ္ထုရည် ) ကို ရေနွေးအကြမ်းပုဂံနဲ့ မနက် ပုဂံတစ်လုံး ည ပုဂံတစ်လုံး သောက်ပေးပါ ၁၅ ရက် ရက် ၂၀ လောက် နေ့စဉ်သောက်ပါ ထူးချားပါမည် ။
တစ်လကျော်သောက်ပြီးရင် ကင်ဆာရောဂါသမားတွေ ထပြေးလို့ ကနေလို့ရပါပြီလို့ပြောရလောက်အောင်ကို ဆေးစွမ်းက ထက်လှပါတယ် ရောဂါပျောက်ချင်ရင် ခါးတာကိုမကြောက်နဲ့ခါးမှာမကြောက်ရင် ရောဂါပျောက်ဖို့ အာမခံတယ်
တန်ဖိုးသိမှ တန်ဖိုးရှိတယ်ဆိုတာ မမေ့ပါနဲ့ ။
မှတ်ချက် // မယုံကြည်ရင် မသောက်ပါနဲ့ တရားမစွဲပါဘူး အလကားရတဲ့စေတနာကိုတော့ မစော်ကားကြဖို့ မေတ္တာရပ်ခံပါတယ် ။
ကျုပ်တာဝန်ကျေတယ်နော်
စေတနာသန့်သန့်လေးဖြင့်…. သစ္စာရှင် #TSS
==================
ကျန်းမာရေး နဲ့ သင်္ဘောရွက်အကြောင်း
ကျန်းမာရေး နဲ့ သင်္ဘောရွက်အကြောင်း
၁။ Acne ဝက်ခြံပျောက်ချင်ရင် သင်္ဘောရွက်ကို နေမှာအခြောက်လှန်းပြီး ချေပေးပါ၊ ရေနဲ့ရောပြီး မျက်နှာမှာ လိမ်းပေးပါ။
၂။ Digestion အစာချေ အားပေးတယ်။ သင်္ဘောရွက်မှာပါတဲ့ Karpain ဓါတ်ဟာ အစာချေရာမှာ အနှောက်အယှက်ပြုတဲ့ ပိုးမွှားတွေကို သေစေတယ်။ သင်္ဘောရွက်ထဲမှာပါတဲ့ Papain နဲ့ Chymopapain ဓါတ်တွေက Pepsin (အင်ဇိုင်းမ်) နဲ့တူလို့ အစာချေအားပေးတယ်။ အစာချေ ကောင်းစေချင်လို့ သင်္ဘောရွက်-ရေနွေးကြမ်းလုပ်ရင် အပူချိန် ၁၅ဝ ဒီဂရီ ဖါရင်ဟိုက်သာ ရှိစေသင့်တယ်။ ရေဆူမှတ်ဆိုတာ ၂၁၂ ဒီဂရီဖြစ်တယ်။
၃။ Appetite အစာ စားချင်စိတ်ပိုစေမယ်၊ အထူးသဖြင့် ကလေးတွေ၊ သင်္ဘောရွက်အစိမ်းကို ရေနွေးထဲမှာ ဆားနဲနဲထည့်ပြီး သောက်စေပါ။
၄။ Dengue fever သွေးလွန်တုပ်ကွေး သက်သာစေမယ်၊ သင်္ဘောရွက် ၅ ရွက်ကို ရေလီတာဝက်နဲ့ ပြုတ်သောက်ပါ။
၅။ Menstrual pain ရာသီလာချိန် နာတာ-ကိုက်တာ သက်သာစေမယ်၊ သင်္ဘောရွက် + မန်ကျီးရွက် + ဆား + ရေ ရောပြီး ပြုတ်သောက်ပါ။
၆။ Cancer ကင်ဆာအတွက် သင်္ဘောပင်ကထွက်တဲ့ အစေးဟာ ဆေးတန်ခိုးရှိတယ်။ ရင်သား၊ အဆုပ်၊ သရွက်ရွက်၊ သားအိမ်ဝ၊ အသဲကင်ဆာတွေအတွက် သုံးနိုင်ကြတယ်လို့ ဖလော်ရီဒါ တက္ကသိုလ်က သုတေသန လုပ်သူတွေက ဆိုပါတယ်။ ကင်ဆာအတွက် သုံးသူတွေက သင်္ဘောရွက်ခြောက်ကို ပြုတ်ပြီး ရေနွေးကြမ်းလုပ် သောက်ရတယ်။ ကင်ဆာအတွက် Dried papaya leaf extract အရွက်ခြောက်က Papaya leaf tea အရည်ထက် ပိုစွမ်းတယ်လို့ ဆိုသူတွေကဆိုတယ်။
၇။ Mentally alert စိတ်ပိုင်းမှာ ပိုပြီး လန်းဆန်းနေတယ်။ ဘာအစာမှ စားမထားချိန်သုံးရင် Euphoric စိတ်ထဲမှာ ပိုပျော်နေမယ်။
သွေးကျဲဆေးတွေဖြစ်တဲ့ Coumadin, Aspirin တွေသောက်နေရသူတွေနဲ့ သင်္ဘောရွက် မသင့်ဘူး။ ကိုယ်ဝန်ရချင်သူတွေနဲ့လဲ သင်္ဘောရွက် မသင့်ဘူး။
ဒေါက်တာတင်.ဆွေ https://www.facebook.com/tint.swe.dr?fref=photo
@@@@@@@@@@@@@@@@
သင်္ဘောပင်၏ ရုက္ခဗေဒ အမည်မှာ Carica papaya Linn ဖြစ်ပြီး မျိုးရင်းမှာ Caricaceae ဖြစ်ပြီး အင်္ဂလိပ်ဘာသာဖြင်. Papaya , Papaw ဖြစ်သည် ။
သင်္ဘောရွက် ၁၀၀ ဂရမ် ( ခြောက်ကျပ်တစ်မတ်သား) မှာ ကယ်လိုရီ ၇၅ ၊ ပရိုတင်း ၆.၁ ဂရမ် ၊ထုံးဓါတ် ၃၃၅ မီလီဂရမ် ၊ သံဓါတ် ၂၅ မီလီဂရမ် ၊ ဗီတာမင် အေ ၂၀၃၀၀ IU ၊ ဗီတာမင် စီ ၂၆၄ မီလီဂရမ် ၊ ကစီဓါတ် ၁၂.၇ ဂရမ် ၊ အဆီဓါတ် ၂ ဂရမ် ၊ နိုင်ယာစင် ၂.၁ မီလီဂရမ် ၊ ဗီတာမင် ဘီဝမ်း နဲ. ဘီ၂ တို.လည်းအနည်းငယ်ပါဝင်နေတယ်လို.ဆိုပါတယ် ။ သင်္ဘောရွက် ၊ သင်္ဘော သီးစိမ်းနဲ. အမှည်.အားလုံးအနက်မှာ သင်္ဘောရွက်ဟာ ပါဝင်ဓါတ်အများဆုံးပါပဲ ။
တိုင်းရင်းဆေးအယူအဆမှာတော. သင်္ဘောပင်ဟာ လေကိုပျက်စေသည် ။ မီးယပ်ကိုမှန်စေသည် ။ ဆီးကို ရွှင်စေသည် ။ သွေးကို စင်ကြာ်စေ၍ သည်းခြေအပူကို ငြိမ်းစေသည် ။
ဝမ်းမီးတောက်စေ၍ အစာကိုကြေညက်စေသည် ။ ဆီးရောဂါနှင်. ဆီးကျောက်တည်ရောဂါ တို.ပျောက်စေသည် လို.ပြောထားပြီး သင်္ဘောရွက်ကို မီးမြှိက် တို.စားရင် လေထိုးလေအောင်. သက်သာစေပါတယ်တဲ့ ။ ဒါ.အပြင် ပင်လယ်အူနာ ၊ နှလုံးရောဂါ ၊ ခံတွင်းပျက်ရောဂါ တွေသက်သာ ပျောက်ကင်းစေပါတယ်တဲ့ ။
လဘက်သုတ်မှာ သင်္ဘောရွက်ကို မီးအုံးပြီး ထည်.စားရင် လက်ဖက်ကြောင်.ဖြစ်တဲ့ လေနာနဲ. အိပ်မပျော်ဖြစ်ခြင်းတို. သက်သာစေပါတယ်တဲ့ ။ နားအူ ၊ နားလေး ၊နားကိုက် ၊နားလေထွက် နာတို.အတွက် သင်္ဘောရွက်ကို နှမ်းဆီလိမ်းပြီး ကပ်ပေးရပါတယ် ။ အနာကြောင်.ရောင်ရမ်းရင်လည်း သင်္ဘောရွက်နဲ. စည်းထားပေးရပါတယ် ။
နို.ချောင်းပိတ်တဲ့ မိခင်တွေအတွက်လည်း သင်္ဘောရွက် မနုမရင်.၅ ကျပ်သား ၊ ဆား ၂ပဲသား ၊ ထန်းလျှက် ၂ ကျပ်သား ၊ ရေ ၁ပိသာ ၅၀ သား မြေအိုးတွင်ထည်.ပြီး ရေ ၁ပိသာကျန်သည်အထိ ကြို အအေးခံပြီးသောက် ရတယ်လို. ဆိုပါတယ် ။
Florida တက္ကသိုလ် ရဲ. ဓါတ်ခွဲခန်း သုတေသန ပြုလုပ်ချက်မှာတော. သင်္ဘောရွက်ဟာ ကင်ဆာ ဆဲလ်တွေကို သေစေနိုင်ပြီး အသည်းကင်ဆာ ၊ သားမြတ်ကင်ဆာ ၊ မုန်.ချိုအိတ် ( ဒီစကားလုံးက အင်္ဂလိပ်လိုတော. ပန်ကရိယ လို.ခေါ်ပါတယ် ) ကင်ဆာ အပါအဝင် ကင်ဆာ ၁၀ မျိုး ရဲ. ကြီးထွားမှုကို တားမြစ်နိုင်ကြောင်း တွေ.ရှိထားတယ်လို.ဆိုပါသတဲ့ ။ ဒါ.အပြင် ဘက်တီးရီးယား ၊ ဗိုင်းရပ် (စ်) ပိုး စတာတွေ ဖျက်စီးပစ်နိုင်တဲ့ ခန္ဒာကိုယ်တွင်းဆဲလ်တွေ ထုတ်လုပ်မှု ပိုကောင်းအောင် ပြုလုပ်ပေးနိုင်ပါတယ်တဲ့ဗျာ ။
ဒါ.အပြင် အမျိုးသားတွေမှာ ဖြစ်လေ.ရှိတဲ့ ဆီးနည်း ဆီးအောင်. ဖြစ် ၊ အဲ့ဒီကနေမှ ကြာလာရင်ကပ်ပယ်အိတ်ပါ လက်သီးဆုတ်လောက်အထိ ရောင်လာပြီး ထိုင်ထ လမ်းလျှောက်ရင် အောင့်ပြီး ခံရခက်တာ မျိုးတွေ ထိဖြစ်လာတတ်ပါတယ် ။ အဲ့ဒီလိုဖြစ်ခဲ့ရင်တော.
သင်္ဘောရွက် အကြမ်းရွက်ကို မီးနဲ့ ကျွမ်းအောင်ကင်ပြီး ရေနွေးဖြူ ပူပူထဲ ခြွေထည့်ပြီး ရေနွေးကြမ်းသောက်ပန်းကန် နှစ်လုံးစာလောက်ကို တနေ့ သုံးကြိမ် သောက်ပေးရပါတယ်။ ခါးလွန်းခြင်း မရှိဘဲ သောက်လို့ ကောင်းတယ်လို.ဆိုပါတယ် ။
သင်္ဘောရွက် အနုကိုတော့ မီးအုံးကင်ပြီး ထမင်းစားတဲ့အခါ တို့စရာလို စားပေးရပါတယ်။ ၂-ရက်လောက် စားပြီးတဲ့အခါ သက်သာလာပြီး ၅-ရက်လောက် သုံးပြီးတော့ သက်သာပျောက်ကင်းသွားခဲ့တယ်လို. ကိုယ်တွေ. သုံးဖူးသူတစ်ဦးက နက္ခတ္တရောင်ခြည် (၂၀၀၉ – ဇွန် ) မှာ ရေးသားဖူးပါတယ်
Credit to မှတ်စု
No comments:
Post a Comment