Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, September 13, 2018

တရုပ်​နိုင်​ငံတွင်​ ​ရောင်းစားခံလိုက်​ရ​သော ​ကျောက်​ဖြူမြို့က ဖြူဖြူ​စိုးကို ​ရောင်းစားခဲ့​သော သူတို့မှာ မိမိဘများဖြစ်​​နေ


၁၂.၉.၂၀၁၈ ရက်​​နေ့သတင်း
11.9.2018 ရက်​​နေ့က
Fb စာမျက်​နာ​ပေါ်တွင်​ ပြန့်​နဲ့ခဲ့​သော ရခိုင်​မိန့်​ခ​လေးငယ်​တစ်​ဦး တရုပ်​နိုင်​ငံကို ​ရောင်းစားခဲ့တယ်​လို့ သတင်းများထွက်​​ပေါ်ခဲ့ခြင်းမှာ မှန်​ကန်​မူအပြည့်​ရှိ​နေပါတယ်​ ​ရောင်းစားခဲ့ရ​သော မိန့်​ခ​လေးအမည်​မှာ ဖြူဖြူစိုး အသက်(၁၃)နှစ် ​​အမိအမည်​မှာ ​ဒေါ်သိန်းသိန်းမြတ်​ (ခ) ​ဒေါ်သိန်းသိန်း​အေး ​ရွှေ​တောင်​​ရေခဲစက်​ရုံအနီး ကုလားခြံတစ်​ခုတွင်​ ​နေထိုင်​ကြတယ်​လို့ သိရပါတယ်​ ​က​လေးမကို ​ရောင်းစားခဲ့​သော ပွဲစားအမည်​မှာ ​ကျောက်​ဖြူမြို့ င​လ​ပွေ့ ငါးကန်​တွင်​ အိမ်​​ဆောက်​​နေ​သော ​ဒေါ်ခင်​စန်းမြင့်​ ဖြစ်​တယ်​လို့ သိရသည်​။

မ​ရောင်း​စား​သေးခင်​အချိန်​ပိုင်းက ​ဒေါ်သိန်းသိန်းမြတ်​တို့ မိသားစုမှာ အခက်​ခဲများစွာရှိခဲ့ပါသည်​ သားတစ်​​ယောက်​ သမီးတစ်​​ယောက်​ရှိပြီး သားမှာ​တော့ အကြီးဆုံး ​ရောင်းစားခံလိုက်​ရ​သော ဖြူဖြူစိုးမှာ အငယ်​ဆုံးဖြစ်​တယ်​လို့သိရပါတယ်​ ​ကျောက်​ဖြူမြို့မှာ ရှိစဉ်​တုန်းက ဖြူဖြူစိုးဟာ အပျိုအရွယ်​ဖြစ်​​နေ​ပေမယ့်​ ​အဆိုးထုပ်​များတွင်​ ​ရေသန့်​ဗူးခွန်​များ ​ကောက်​၍​ ​ငွေရှာခဲ့သူဖြစ်​တယ်​လို့သိရပါတယ်​ ဒါကို မိခင်​ဖြစ်​သူ ​ဒေါ်သိန်းသိန်းမြတ်​က သမီးကို​ရောင်းစားရန်​ ​ဒေါ်ခင်​စခန်းမြင့်​နှင့်​ တိုင်​ပင်​ခဲ့သည်​ တိုင်​ပင်​လို့ပြီးစီးပြီး​နောက်​ သမီးကို မန္တာ​လေးစား​သောက်​ဆိုင်​တစ်​ခုကိုပို့ရန်​ စီစဉ်​ခဲ့ကြတယ်​လို့သိရပါတယ်

မန္တာ​လေးမြို့ကို တစ်​​ယောက်​တည်းပို့​ပေးရန်​ ခက်​ခဲသဖြင့်​ သားအကြီးဖြစ်​သူကို လိမ်​ပြီး​တော့ သမီးကို မန္တာ​လေးစား​သောက်​ဆိုင်​တစ်​ခုတွင် ​အလုပ်​ဝင်​လုပ်​နိုင်​ရန်​ သားအ​နေနဲ့ ပို့​ပေးဖို့ ​ပြောခဲ့သည်​ သားဖြစ်​သူမှာ တစ်​ကယ်​အမှန်​တရားဟုထင်​ပြီး​တော့ ​မောင်​နှစ်​မနှစ်​​ယောက်​ မန္တာ​လေးကို သွားခဲ့ကြပြီး မန္တာ​လေးကို ​ရောက်​ရာတွင်​ ညီမဖြစ်​သူ ဖြူဖြူ​ထွေးအား စား​သောက်​ဆိုင်​တစ်​ခုတွင်​ ထားခဲ့သည်​ အားလုံးအတည်​ကျပြီးမှ အစ်​ကိုဖြစ်​သူဟာ မိမိတို့ ​ကျောက်​ဖြူမြို့ကို ပြန်​လာခဲ့သည်​ အစ်​ကိုဖြစ်​သူအ​နေနဲ့ မိဘများမှလိမ်​ထားခြင်းကိုမသိခဲ့ပါ သို့​သော်​လည်း အချိန်​အနည်းငယ်​ကြာပြီး​နောက်

ဖြူဖြူ​ထွေး မိခင်​ ​ဒေါ်သိန်းသန်း​မြတ်​မှာ ဆွဲကြိုး တစ်​ကျပ်​သားအဆင့်​ တစ်​ပင်​ဝယ်​၍ဝတ်​ဆင်​ခဲ့သည်​ စားစရာဆန်​များ သိန်းအထိဝယ်​ထားခဲ့တယ်​လို့သိရပါတယ်​ မိသားစုအ​နေနဲ့ အရမ်းကိုဆင်းရဲခဲ့ကြပါတယ်​ ​ယခုချိန်​ထိ ​နေစရာအိမ်​များမရှိ​သေးပါ သူတို့​နေတဲ့​နေရာမှာ ​ရွှေ​တောင်​ ​ရေခဲစက်​ရုံအနီး ကုလားခြံအိမ်​တစ်​ခုတွင်​ ​နေထိုင်​ကြတာဖြစ်​တယ်​လို့သိရပါတယ်​ တရုပ်​နိုင်​ငံကို​ရောင်းစားခံလိုက်​ရ​သော ဖြူဖြူ​စိုး သတင်းများ အင်​တာနက်​​ပေါ်တွင်​ ပြန့်​နံ့​နေခဲ့​သော်​လည်း သူမ၏ အစ်​ကိုမှာ သိရှိခဲ့ခြင်းမရှိခဲ့ပါ ​ဆင်းရဲတာ​ကြောင့်​ သူများ​တွေလို ဖုန်းမကိုင်​ခြင်းလည်းပါသည်​ ဒီပြဿနာများကို ​ဘေးပတ်​ဝန်းကျင်​က မိတ်​​ဆွေတို့က ​ဒေါ်သိန်းသိန်းမြတ်​ကို သွား၍ အသိ​ပေးခဲ့ပါ​သော်​လည်း သူကိုယ်​တိုင်​​ရောင်းစားခဲ့တာ​ကြောင့်​ ကျွန်​မသမီးမဟုတ်​​ကြောင်းကို ငြင်းဆိုခဲ့သည်

ငြင်းဆိုခဲ့​သော်​လည်း ရခိုင်​တစ်​မျိုးလုံးက စိတ်​မ​ကောင်းစရာ​တွေမြင်​​နေရတာ​ကြောင့်​ အားလုံးဝိုင်းဝန်း၍ စုံစမ်း​ဖော်​ထုတ်​ခဲ့ကြပါတယ်​ ည​နေအချိန်​ စုံစမ်းစစ်​​ဆေး​မေးမြန်းသွားရာတွင်​ မိခင်​ဖြစ်​သူ ​ဒေါ်သိန်းသိန်းမြင့်​နှင့်​ ​တွေ့ရှိခဲ့ခြင်းမရရှိပဲ အစ်​ကိုဖြစ်​သူနဲ့သာ​တွေခဲ့သည်​ အစ်​ကိုဖြစ်​သူကို ဖြူဖြူ​စိုး ​ရောင်းစားခံ​နေရတာကို ပြလိုက်​တဲ့အခါမှ အစ်​ကိုဖြစ်​သူမှ အရူးတစ်​​ယောက်​လိုဖြစ်​ခဲ့ရပါတယ်​ ငါပို့တုန်းကမန္တ​လေးကိုပါ ဘာ​ကြောင့်​ ဒီလိုဖြစ်​ရတာလဲ ဒါအ​မေတို့သက်​သက်​ လုပ်​ခဲ့တာဆိုပြီး ငိုခဲ့၍ သူ့အ​မေကို ​ဈေးဘက်​သွား လိုက်​ရှာသွားခဲ့ပါသည်​။

ဒီကိစ္စကို မိဘပြည်​သူများအ​နေဖြင့်​ ဘယ်​လို​ဖြေရှင်းကြမှာလဲ မိမိတို့ ကိုယ်​ပိုင်​ညဏ်​များဖြင့်​ ဆုံးဖြတ်​ကြပါ ဒီပြဿနာဟာ ဖြူဖြူစိုးအ​နေနဲ့ ​ရောင်းစားခဲ့တာကို စိတ်​​ကျေနပ်​မူနဲ့ လက်​ခံခဲ့တယ်​ဆိုပါက ရခိုင်​ပြည်​က မိဘပြည်​သူများအ​နေဖြင့်​ စိတ်​မ​ကောင်းဖြစ်​စမလိုပါ တိုးတိတ်​စွာသာ တရုပ်​နိုင်​ငံကို ​ရောက်​သွားပါလိမ့်​မယ်​ သို့​သော်​လည်း ယခုလို​ရောင်းစားခံလိုက်​ရတဲ့ ဖြူဖြူ​ထွေးမှာ လက်​ခံခြင်းမရှိပဲ အရူးတစ်​​ယောက်​လို ခံစားချက်​များစွာနဲ့ ငို​ကြွေးခဲ့ရ​လေပြီ ကျ​နော်​တို့အ​နေဖြင့်​ အသည်းစိတ်​ကို ​ဖော်​ပြ​ပေးလိုက်​ပါပြီ မိဘပြည်​သူများအ​နေဖြင့်​ စိတ်​တိုင်းကျ လုပ်​နိုင်​ပါ​တော့သည်​ တရားစွဲမလား ​ထောင်​ချမလား တစ်​ခုခုဆုံးဖြတ်​နိုင်​ကြပါ​စေ

ဒါဟာ မိမိလူမျိုး အသက်​မပြည့်​​သေးတဲ့ က​လေးကို ​ရောင်းစားတယ်​ လူကုန်​ကူးမူတစ်​ခုဖြစ်​​ကြောင်း တင်​ပြ​ပေးလိုက်​ရပါသည်​။

ကျောက်​ဖြူမြို့နယ်​ သတင်းအဖွဲ့
https://www.facebook.com/KyaukpyuTownshipNewsGroup1/





No comments:

Post a Comment