Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 26, 2018

'သမ္မတနဲ့ ပြည်ထဲရေးဝန်ကြီး'


မနှစ်က DVB ဒီဘိတ်တခုမှာ
'ပြည်ထဲရေးဟာသမ္မတလက်အောက် မရောက်သေးသမျှ
တရားဥပဒေစိုးမိုးရေးခက်မယ်' လို့လူတယောက်က ပြောတော့

တခြားလူတယောက်က
'ပုဒ်မ (၂၀၂) မှာသမ္မတဟာ ဝန်ကြီးဌာနနဲ့ ဝန်ကြီးဦးရေကို
လိုသလို ပြင်ဆင်သတ်မှတ်နိုင်တယ်' လို့ပြဌာန်းထားလို့ ပြည်ထဲရေးကို
သမ္မတအောက်ဆွဲယူလိုက်ရင်ခြေဥလဲပြင်စရာမလိုသလို
ပြသနာတွေအားလုံးလဲ ပြီးသွားမယ်' လို့
ပြောသွားတာ သတိထားမိလိုက်တယ် ...

---
----

သူပြောလိုတာကတော့ပုဒ်မ (၂၀၂) မှ ပြဌာန်းချက်အတိုင်း
ပြည်ထဲရေးဝန်ကြီးဌာနကို ဖျက်ရင်လဲဖျက် ...
မဖျက်ချင်လဲ သမ္မတရုံးအောက်ကို ယူလိုက် ...ဒီသဘောပါ ...


ဒါပေမယ့်ခြေဥကို သေချာလေ့လာကြည့်မယ်ဆိုရင်
သူပြောသလိုမဖြစ်နိုင်ဘူးဆိုတာ တွေ့ရလိမ့်မယ် ...

အဲ့ဒီပုဒ်မမှာသူပြောသလို ပြဌာန်းထားတာမှန်ပေမယ့်
တပ်မတော်ကိုင်ထားတဲ့ ဝန်ကြီးဌာနတွေကိုကောပါ
သမ္မတက ပယ်ဖျက်/ပြောင်းလဲ မလုပ်နိုင်ဘူးဆိုတာ
တခြားခြေဥတွေကို လိုက်ကြည့်ရင် တွေ့ရပါလိမ့်မယ် ...


ပုဒ်မ (၂၀၁) မှာ ကာလုံဖွဲ့ရမယ်လို့ ဆိုထားတယ် ...
အဲ့ဒီကာလုံမှာ တပ်မတော်ကိုင်ထားတဲ့ဝန်ကြီးဌာနသုံးခုမှ ဝန်ကြီးသုံးဦး
ပါဝင်ရမယ်လို့ ပြဌာန်းထားတယ် ...

ဒီဥပေဒရဲ့သဘောက ကာလုံအတွက် သက်မှတ်ထားတဲ့
ဝန်ကြီးဌာနတွေ ရှိကိုရှိရမယ်လို့ ပြောလိုက်သလိုပါပဲ ...
ပြောရရင် ပုဒ်မ (၂၀၂) ကို ထိန်းချုပ်လိုက်တဲ့သဘောပါ ...

ပုဒ်မ (၂၃၂) (ခ) အပိုဒ်ခွဲ (၂) မှာလဲကာကွယ်ရေး၊ ပြည်ထဲရေးနဲ့
နယ်စပ်ရေးရာဝန်ကြီးဌာနတို့အတွက်ဝန်ကြီးခန့်အပ်ရန် ကာချုပ်ထံမှ ရယူရမည်လို့
ပြဌာန်းထားပြန်တယ် ...

ဒီဥပဒေအရလဲအဲ့ဒီဝန်ကြီးဌာနသုံးခုကိုမဖြစ်မနေ ဖွဲ့ထားပေးရမယ်လို့ ဆိုလိုပြီး
ပုဒ်မ (၂၀၂) ကို ထပ်ပြီး ချုပ်လိုက်ပြန်တယ် ...

နောက် ပုဒ်မ (၂၃၄) (ခ) နဲ့ပုဒ်မ (၂၃၅) (ဂ) အပိုဒ်ခွဲ (၂) တို့မှာလဲ
ဒီဝန်ကြီးဌာနသုံးခု အမည်ကို ပြဆိုထားပြန်တယ် ...

ပုဒ်မ (၂၀၂) အရသမ္မတဟာ ဝန်ကြီးဌာနတွေကို
လိုအပ်သလို အလျှော့အတင်းလုပ်နိုင်တယ်လို့ဆိုထားပေမယ့်
အခုထုတ်ပြလိုက်တဲ့ဥပဒေတွေအရတော့တပ်မတော်ကိုင်ထားတဲ့ဝန်ကြီးဌာတွေကို
မဖြစ်မနေ ထားကို ထားရမယ်လို့ဆိုလိုတဲ့သဘောဖြစ်နေလို့
သမ္မတဟာ အဲ့ဒီဝန်ကြီးဌာနသုံးခုကိုဖျက်လို့မရဘူးဆိုတာ သိသာစေပါတယ် ...

---
-----

ကောင်းပြီ ...အဲ့ဒီဝန်ကြီးဌာနတွေကို ဖျက်လို့မရရင်လဲ
တရားဥပဒေစိုးမိုးရေးအတွက် အဓိကကျတဲ့ရဲတပ်ဖွဲ့ကို ပုဒ်မ (၂၀၂) အရ ပြင်ဆင်ပြီး
သမ္မတအောက်သွင်းလိုက်ရင်ကော
မရနိုင်ဘူးလားလို့ မေးစရာရှိလာပြန်ပါတယ် ...

ပုဒ်မ (၃၃၈) မှာနိုင်ငံအတွင်းရှိလက်နက်ကိုင်အဖွဲ့စည်းအားလုံးဟာ
တပ်မတော်အောက်မှာ ရှိရမယ်လို့ဆိုထားပါတယ် ...

ပုဒ်မ (၂၀) (ဂ) မှာလဲကာချုပ်ဟာ လက်နက်ကိုင်အဖွဲ့တွေအားလုံးရဲ့
အကြီးအကဲဖြစ်တယ်လို့ ဆိုထားပြန်ပါတယ် ...

ဒီဥပဒေတွေအရဆိုရင်လက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့
တပ်မတော်နဲ့ ရဲတပ်ဖွဲ့ကိုတပ်မတော်နဲ့ ကာချုပ်အောက်မှာပဲထားရမယ် ...
တခြားသူလက်အောက်သို့ မပို့ရလို့ဆိုထားလို့
ရဲတပ်ဖွဲ့ကို သမ္မတရုံးအောက်ပို့မရဘူးဆိုတာသိသာစေပြန်ပါတယ် ...

---
----

နောက်တခုကသမ္မတဟာ ဝန်ကြီးတွေကိုမကြိုက်ရင်
စိတ်တိုင်းကြ ဖြုတ်နိုင်တပ်နိုင်တာမို့ပြည်ထဲရေးဝန်ကြီးကိုလဲ
သမ္မတဟာ မကြိုက်ရင်ဖြုတ်နိုင်တာပဲလို့လဲ
တချို့က ပြောကြပြန်တယ်ဗျ ...

ဒီနေရာမှာလဲ အပေါ်မှာတုန်းကလိုပါပဲ ...
သမ္မတဟာ တခြားဝန်ကြီးတွေကိုအကြောင်းတခုခုကြောင့်
ပုဒ်မ (၂၃၅) (ဂ) အပိုဒ်ခွဲ (၁)အရသဘောကျ ဖြုတ်ပစ်နိုင်ပေမယ့်
ကာချုပ်ခန့်အပ်တဲ့ ဝန်ကြီးသုံးဦးကိုရာထူးမှ ဖြုတ်ပစ်လိုလျင်တော့
ပုဒ်မ (၂၃၅) (ဂ) အပိုဒ်ခွဲ (၂) လို့ဥပဒေ သက်သက်ပြဋ္ဌာန်းထားပြီး
ကာချုပ်နဲ့ ညှိနှိုင်းဆောင်ရွက်ရမယ်လို့ပြောထားပြန်ပါတယ် ...

နိုင်ငံတော်ရဲ့ အမြင့်မြတ်ဆုံးနေရာဖြစ်တဲ့အထွတ်အထိပ်မှာ ထားပါတယ်ဆိုတဲ့သမ္မတကို
သူ့အောက်မှာရှိတဲ့ ဘာမဟုတ်တဲ့ဝန်ထမ်းတယောက်ကို ဖြုတ်ပစ်ဖို့အတွက်နဲ့
protocolအရ ဝေးကွာလွန်းလှတဲ့ကာချုပ်ကို သွားပြီးတိုင်ပင်ခိုင်းတဲ့ကိစ္စဟာ

တောဘုရင်ဖြစ်တဲ့ခြင်္သေ့ကိုသားကောင်တကောင်ရဖို့အတွက်နဲ့
ဘာမဟုတ်တဲ့ လမ်းဘေးခွးတကောင်ထံမှာသွားပြီး ခယခိုင်းသလိုဖြစ်နေပါတယ် ...

ပြောရမယ်ဆိုရင်သမ္မတကို ကာချုပ်ထံမှာ
အောက်ကျို့ခယခိုင်းသလိုဖြစ်နေတော့အာဏာရှင်အဘတွေက ရာထူးပေးလို့
အာဏာရလာတဲ့သမ္မတက လုပ်လောက်ပေမယ့်
လူထုထောက်ခံမှုနဲ့တက်လာတဲ့သမ္မတကတော့
လုပ်ပါ့မလားဆိုတာ ကလေးအတွေးနဲ့ပဲတွေးကြည့်ရင်ကို သိနိုင်ပါလိမ့်မယ် ...

---
-----

ပြောရရင်တော့ပုဒ်မ (၂၀၂) အရသမ္မတဟာ ဝန်ကြီးဌာနတွေကို
လိုရင်တိုး ပိုရင်လျှော့လုပ်နိုင်ပေမယ့်တပ်မတော်ကိုင်ထားတဲ့
ဝန်ကြီးဌာနသုံးခုကိုတော့ တို့လို့ထိလို့ မရပါဘူး ...

ထပ်ပြောရရင်တခြားဝန်ကြီးတွေကို သမ္မတစိတ်တိုင်းကျ
ဖြုတ်ပစ်ပိုင်ခွင့်ရှိနေပေမယ့်အဲ့ဒီဝန်ကြီးဌာနသုံးခုမှ ဝန်ကြီးတွေကိုတော့
သမ္မတရဲ့သဘောနဲ့ဖြုတ်လို့တောင်
မရဘူးဆိုတာကို တွေ့ရပါလိမ့်မယ် ...

Stray Bird

No comments:

Post a Comment