Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, September 26, 2018

စီးပွားရေးလုပ်မယ်ဆိုရင်......


(၂၀၁၂)တုန်းက UAE နိုင်ငံကို အလုပ်သွားလုပ်ပြီးလို့
မြန်မာနိုင်ငံကို အပြီးပြန်တော့မယ့် အချိန်မှာ
လက်ထဲမှာ ငွေ သိန်း၂၀၀ပဲ ရှိတာနဲ့...

ငွေသိန်း ၂၀၀နဲ့ ဘာစီးပွားရေးလုပ်လို့ရလဲ ဆိုတဲ့
မေးခွန်းကို အပေါင်းအသင်းတွေကို လိုက်မေးကြည့်မိတယ်...

ဘယ်သူမှ ရေရာတဲ့ အဖြေမပေးနိုင်ကြဘူး...
မပေးနိုင်တာ သူတို့အပြစ်မဟုတ်ဘူး...

နဂိုကတည်းက ကိုယ်ပေါင်းသင်းနေတဲ့လူတွေဟာ
ကိုယ့်လိုလူတွေကြီးပဲ ဖြစ်နေတာကိုး...

စီးပွားရေးလုပ်နေတဲ့ လူတွေမှ မဟုတ်တာ
ဝန်ထမ်းလုပ်ပြီး လခစားနေသူတွေဆိုတော့
မသိကြတာ မဆန်းပါဘူး...

ကိုယ်မသိသလို သူတို့လည်းမသိဘူးပေါ့...

အဲလိုနဲ့ပဲ မြန်မာနိုင်ငံပြန်ရောက်လာချိန်မှာတော့
ဟိုဟာလေးသုံးလိုက် ဒီဟာလေးသုံးလိုက်နဲ့
ပါလာတဲ့ သိန်း၂၀၀လေးကုန်သွားတယ်...

အဲဒီအဖြစ်အပျက်ကိုပြန်ပြန်တွေးမိတိုင်း
သင်ခန်းစာတွေရနေမိတယ်...

အဲဒီအချိန်မှာ မတွေးခဲ့မိတာတွေကို
နောက်ပိုင်းမှာပြန်တွေးမိလာတော့...

အပေါင်းအသင်းဆိုတာ အရေးကြီးပါသလား
ဆိုတဲ့ အချက်ရယ်...

မေးချင်တဲ့ မေးခွန်းကို မေးသင့်တဲ့
သူတွေကိုပဲမေးရမယ်ဆိုတဲ့ အချက်ရယ်...

မေးခွန်းပဲမေးပြီး အကောင်အထည်မဖော်ဖြစ်ရင်
အလကားပဲဆိုတာရယ် စသည်ဖြင့်
ကိုယ့်အားနည်းချက်လေးတွေကို တွေ့လာရတယ်...

အဲဒီအချိန်တုန်းကသာ ကိုယ့်အပေါင်းအသင်းထဲမှာ
ဈေးရောင်းနေသူ ကုန်သည်လုပ်နေသူတွေရှိရင်
ကြိမ်းသေပေါက်အကြံတစ်ခုခုရနိုင်မှာ အသေအချာပါပဲ...

အဲဒီအချိန်တုန်းကသာ ကိုယ်လိုသူလို မသိသူတွေကို
မေးပြီး စိတ်ကျေနပ်လောက်တဲ့ အဖြေမရတာနဲ့ရပ်မထားပဲ...

အမှန်ဆို ဈေးထဲသွားပြီး ဈေးရောင်းနေကြသူတွေ
သွားမေးရင်တောင် အဖြေပေါ်နိုင်လောက်တယ်
အကြံပေးနိုင်တယ် ဆိုတဲ့ အချက်ကို မတွေးမိအောင်
ညံ့ဖျင်းခဲ့ပါလားလို့ တွေးနေမိတယ်...

ဘဝအတွက် အမှားတွေထဲကနေ ရလိုက်တဲ့
သင်ခန်းစာလေးတွေမို့ တန်ဖိုးရှိလှပါတယ်...

#####

စီးပွားရေးလုပ်ချင်တယ်...
ဘာစီးပွားရေးလုပ်ရမလဲ ဆိုသူတွေကို fb ပေါ်မှာပဲ
ဆရာတစ်ယောက်က ပြန်ဖြေထားတာလေးကို
ကျနော်မှတ်သားထားတာလေး မျှဝေပါရစေ...

စီးပွားရေးစလုပ်တော့မယ်ဆိုရင် ကိုယ့်ပတ်ဝန်းကျင်က
လူတွေဘာတွေလိုအပ်နေသလဲဆိုတာကို
သိအောင်စုံစမ်းပါ...

သိလာရင် သူတို့လိုအပ်နေတာကို
ဖြည့်ဆည်းပေးလိုက်ပါတဲ့
အဲဒါစီးပွားရေးပါပဲတဲ့...

ဥပမာ ကိုယ့်ပတ်ဝန်းကျင်က လူတွေဟာ
ရေနဲ့ပက်သက်ပြီး အခက်အခဲဖြစ်နေတယ်ဆိုရင်
ကိုယ်က ရေစည်လှည်းနဲ့ရေရောင်းပေးလိုက်...
သောက်ရေသန့်ဘူးတွေ ပို့တဲ့လုပ်ငန်းစလုပ်လိုက်ဖို့ပါပဲ...

သီအိုရီကတော့...

Need + Help = Business

Need + Help + Plan = Success Business

Need + Help + Plan + Hobby = Successful Business

ကိုယ်ဘယ်လောက်ရှိလဲဆိုတဲ့ အရာ နဲ့ 
စီးပွားရေးလုပ်ငန်းတစ်ခု ကိုမစပါနဲ့ ။

ဈေးကွက်ရဲ့ လိုအပ်ချက်က ဘာလဲ ။
ငါဘယ်လို ကူညီနိုင်သလဲ ။ ဆိုတာနဲ့ စပါ။

စီးပွားရေးတစ်ခုကို စလုပ်တော့မယ်ဆို
ငါ့ အတွက် ဘယ်လောက်အကျိုး အမြတ်ရမလဲလို့
စပြီး....စဉ်းစားတာထက်...

ငါ ဒါလုပ်လိုက်ရင် သူတို့အတွက်
ဘယ်လောက်အထိအဆင်ပြေသွားမလဲ...
ပေါ်အခြေခံပြီး စဉ်းစားပါ...

သူတို့အဆင်ပြေသွားရင် ငါ့အတွက်လည်း
အကျိုးအမြတ်ဆိုတာ ရှိကိုရှိလိမ့်မယ်လို့ ယုံကြည်ပါ..

သေချာ အစီအစဉ်တွေဆွဲ ပြီး လေ့လာပါ
အကောင်အထည်ဖော်ပါ...

စေတနာပါ ထပ်ပေါင်းထည့်လိုက်ရင်အောင်မြင်တဲ့
စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာမှာ သေချာပါတယ်...

အဲဒီစီးပွားရေးက မိတ်ဆွေရဲ့ ဝါသနာပေါ်အခြေခံပြီး
စတင်ခဲ့တာဆိုရင်တော့...

ကြီးစားအားထုတ်မှု့ရယ်
ဥာဏ်ပညာတွေကိုပါပေါင်းထည့်လိုက်တဲ့အခါ

အတိုင်းထက်အလွန်အောင်မြင်တဲ့
စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လာပါလိမ့်မယ်...

#မေတ္တာဖြင့် akm

No comments:

Post a Comment