Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, September 12, 2018

မိမိ ဘာဖြားလဲဆိုတာလည္း သိႏိုင္မယ္.။ မိမိေဗဒင္ကိုလည္း မိမိကိုယ္တိုင္ တြက္ၾကည့္ႏိုင္မယ္


မိမိ ဘာဖြားလဲဆိုတာလည္း သိႏိုင္မယ္.။ မိမိေဗဒင္ကိုလည္း မိမိကိုယ္တိုင္ တြက္ၾကည့္ႏိုင္မယ္

၀ ခုႂကြင္းလွ်င္

ဝခုႂကြင္း တနဂၤေႏြ ျဖစ္လွ်င္ ပုတိဖြား

ဝခုႂကြင္းတနလၤာ ျဖစ္လွ်င္ သိုက္ဖြား

ဝခုႂကြင္းအဂၤါ ျဖစ္လွ်င္ မရဏဖြား

ဝခုႂကြင္းဗုဒၶဟူး ျဖစ္လွ်င္အဓိပတိဖြား

ဝခုႂကြင္းၾကာသပေတး ျဖစ္လွ်င္ ရာဇဖြား

ဝခုႂကြင္းေသာၾကာ ျဖစ္လွ်င္ အထြန္းဖြား

ဝခုႂကြင္းစေန ျဖစ္လွ်င္ ဘဂၤဖြား

မိမိ၏ ျမန္မာေမြးသကၠရာဇ္ကိုတည္၍ ၇ ႏွင့္စားပါ

၁ခုႂကြင္းလွ်င္

၁ ခုႂကြင္း တနဂၤေႏြသား ျဖစ္လွ်င္ ဘဂၤဖြား

၁ ခုႂကြင္းတနလၤာသား ျဖစ္လွ်င္ ပုတိဖြား

၁ ခုႂကြင္းအဂၤါသား ျဖစ္လွ်င္ သိုက္ဖြား

၁ ခုႂကြင္းဗုဒၶဟူးသား ျဖစ္လွ်င္ မရဏဖြား

၁ ခုႂကြင္းၾကာသပေတးသား ျဖစ္လွ်င္ အဓိပတိဖြား

၁ ခုႂကြင္းေသာၾကာသား ျဖစ္လွ်င္ ရာဇဖြား

၁ ခုႂကြင္းစေနသား ျဖစ္လွ်င္ အထြန္းဖြား

မိမိ၏ ျမန္မာေမြးသကၠရာဇ္ကိုတည္၍ ၇ ႏွင့္စားပါ

၂ ခုႂကြင္းလွ်င္

၂ ခုႂကြင္း တနဂၤေႏြ ျဖစ္ခဲ့လွ်င္ အထြန္းဖြား

၂ ခုႂကြင္းတနလၤာ ျဖစ္ခဲ့လွ်င္ ဘဂၤဖြား

၂ ခုႂကြင္းအဂၤါ ျဖစ္ခဲ့လွ်င္ ပုတိဖြား

၂ ခုႂကြင္းဗုဒၶဟူး ျဖစ္ခဲ့လွ်င္သိုက္ဖြား

၂ ခုႂကြင္းၾကာသပေတး ျဖစ္ခဲ့လွ်င္မရဏဖြား

၂ ခုႂကြင္းေသာၾကာ ျဖစ္ခဲ့လွ်င္အဓိပတိဖြား

၂ ခုႂကြင္းစေန ျဖစ္ခဲ့လွ်င္ရာဇဖြား

မိမိ၏ ျမန္မာေမြးသကၠရာဇ္ကိုတည္ ၇ ႏွင့္စားပါ

၃ ခုႂကြင္းလွ်င္

၃ခုႂကြင္း တနဂၤေႏြသားျဖစ္လွ်င္ ရာဇဖြား

၃ခုႂကြင္း တနလၤာ ျဖစ္လွ်င္အထြန္းဖြား

၃ခုႂကြင္း အဂၤါ ျဖစ္လွ်င္ဘဂၤဖြား

၃ခုႂကြင္း ဗုဒၶဟူး ျဖစ္လွ်င္ ပုတိဖြား

၃ခုႂကြင္း ၾကာသပေတးျဖစ္လွ်င္သိုက္ဖြား

၃ခုႂကြင္း ေသာၾကာျဖစ္လွ်င္ မရဏဖြား

၃ခုႂကြင္းစေန ျဖစ္လွ်င္ အဓိပတိဖြား

မိမိ၏ ျမန္မာေမြးသကၠရာဇ္ကိုတည္ ၇ ႏွင့္စားပါ

၄ ခုႂကြင္းလွ်င္

၄ခုႂကြင္း တနဂၤေႏြျဖစ္လွ်င္ အဓိပတိဖြား

၄ခုႂကြင္းတနလၤာ ျဖစ္လွ်င္ ရာဇဖြား

၄ခုႂကြင္း အဂၤါ ျဖစ္လွ်င္ အထြန္းဖြား

၄ခုႂကြင္း ဗုဒၶဟူး ျဖစ္လွ်င္ ဘဂၤဖြား

၄ခုႂကြင္း ၾကာသပေတး ျဖစ္လွ်င္ ပုတိဖြား

၄ခုႂကြင္း ေသာၾကာ ျဖစ္လွ်င္ သိုက္ဖြား

၄ခုႂကြင္ းစေန ျဖစ္လွ်င္ မရဏဖြား

မိမိ၏ ျမန္မာေမြးသကၠရာဇ္ကိုတည္၍ ၇ ႏွင့္စားပါ

၅ခုႂကြင္းလွ်င္

၅ခုႂကြင္း တနဂၤေႏြ ျဖစ္လွ်င္ မရဏဖြား

၅ခုႂကြင္းတနလၤာ ျဖစ္လွ်င္ အဓိပတိဖြား

၅ခုႂကြင္းအဂၤါ ျဖစ္လွ်င္ ရာဇဖြား

၅ခုႂကြင္းဗုဒၶဟူး ျဖစ္လွ်င္ အထြန္းဖြား

၅ခုႂကြင္းၾကာသပေတး ျဖစ္လွ်င္ ဘဂၤဖြား

၅ခုႂကြင္းေသာၾကာ ျဖစ္လွ်င္ ပုတိဖြား

၅ခုႂကြင္းစေန ျဖစ္လွ်င္ သိုက္ဖြား

မိမိ၏ ျမန္မာေမြးသကၠရာဇ္ကိုတည္ ၇ ႏွင့္စားပါ

၆ခုႂကြင္းလွ်င္

၆ခုႂကြင္း တနဂၤေႏြ ျဖစ္လွ်င္သိုက္ဖြား

၆ခုႂကြင္း တနလၤာ ျဖစ္လွ်င္ မရဏဖြား

၆ခုႂကြင္း အဂၤါ ျဖစ္လွ်င္ အဓိပတိဖြား

၆ခုႂကြင္း ဗုဒၶဟူး ျဖစ္လွ်င္ရာဇဖြား

၆ခုႂကြင္း ၾကာသပေတး ျဖစ္လွ်င္အထြန္းဖြား

၆ခုႂကြင္း ေသာၾကာ ျဖစ္လွ်င္ ဘဂၤဖြား

၆ခုႂကြင္းစေန ျဖစ္လွ်င္ပုတိဖြား

ရာဇာဖြားေဟာကိန္း

စိတ္ထားေကာင္းသည္။ ေစတနာေကာင္းသည္။ သနားငဲ့ညႇာစိတ္ႀကီးမားသည္။ သူမ်ားေတြကို အၿမဲတြန္းတြန္းတိုက္တိုက္အားေပးတတ္သည္။ သူမ်ားေတြကိုလဲ အားရွိေစမည့္စကားေတြနဲ႔အၿမဲအားေပးတတ္သည္။ ပင္ကိုယ္သဘာဝအရ ႐ိုးသားသည္၊တည္ၾကည္သည္။ သို႔ေသာ္ပ်င္းရိတတ္သည္။ လုပ္မည္ဟု ဆုံးျဖတ္ထားၿပီး အခ်ိန္ဆြဲေနတတ္သည္။ ေတာ္ေတာ္နဲ႔ မစျဖစ္ေပ။

လုပ္ၿပီဆိုရင္လဲ ေန႔မအိပ္ ညမအိပ္လုပ္ႏိုင္တဲ့သူပါပဲ။ အလြန္ပင္ပန္းခံႏိုင္သည္။ ထိုသိုအပင္ပန္း ခံသည့္အလုပ္ေတြကလဲ မိမိစိတ္ေပ်ာ္မဲ့အလုပ္ေတြသာေ႐ြးလုပ္တာပါ။ စိတ္ခ်မ္းသာမႈကို အလြန္ျမတ္ႏိုး အေလးထားသည္။ စထားၿပီး အဆုံးမသတ္ျဖစ္တဲ့ အလုပ္ေတြလဲ မိမိဆီမွာ အမ်ားႀကီးပင္။ မိမိသည္ စိတ္ညစ္တာ စိတ္ရႈပ္တာမခံႏိုင္ပါဘူး

မိမိသည္အားနာတတ္သည္။ အားနာလြန္းတာက မိမိအတြက္မေကာင္းပါ။ မိမိသည္ အားနည္းခ်က္မ်ားစြာရွိေနတတ္သည္။ ေပါ့ဆၿပီး ၿပီးစလြယ္လုပ္မည္၊ တစ္ခုခု လုပ္ေနရင္း ေနာက္အသစ္တစ္ခုကိုစိတ္ပါသြားတတ္သည္။ စိတ္မၿငိမ္။ အယူသည္းသည္။ ဇီဇာေၾကာင္တတ္သည္။ အျငင္းအခုန္သန္သည္။ မိမိသည္ သူမ်ားေတြအတြက္ အလြန္လြယ္ကူေသာအလုပ္ေတြကမိမိအတြက္ခက္ခဲေနတတ္သလို သူမ်ားေတြ မလုပ္ႏိုင္ေသာ လက္ေလွ်ာ့ထားေသာ အလုပ္ေတြကိုလဲမိမိကေအာင္ျမင္ေအာင္လုပ္ႏိုင္သည္။

မိမိသည္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းေနလိုသည္။ ကာယဝိေဝက စိတၱဝိေဝက ျဖစ္ေသာ ေနရာမွာေနလိုသည္။ တစ္ေယာက္ထဲလဲေနတတ္သည္။ အေဖာ္အေပါင္းအသင္းမမက္ေပ။ ဘဝင္မျမင့္တတ္ေပမဲ့ အလြန္မာနႀကီးသည္။ ပညာမာန အလုပ္မာနရွိသည္။ သူမ်ားဆီက တစ္ျပားသားမွအလကားမလိုခ်င္သလို ကိုယ္ကလဲ တစ္ျပားသားမွမေပးခ်င္ပါ။ မိမိအားႏွိမ့္ခ်ဆက္ဆံထားသူအား မေမ့တတ္။ အခါအခြင့္ႀကဳံရင္ ျပန္ကလဲ့စားေျခဖို႔ ေစာင့္ေနတတ္သည္။

ဆင္းရဲတဲ့မိဘက ေပါက္ဖြားပါေစ လူေနၿခဳံၾကား စိတ္ေနဘုံဖ်ား စိတ္မ်ိဳးရွိသည္။ မတရားမႈမ်ားကိုလက္မခံတတ္ေပ။ မိမိဇာတာဟာ ကံအလြန္ေကာင္းသည္ မဟုတ္ ေသာ္လဲ ရည္မွန္းခ်က္ထားၿပီးႀကိဳးစားတဲ့အတြက္ ေအာင္ျမင္လိမ့္မည္။ ရည္မွန္းခ်က္မရွိတဲ့ ရာဇဖြားေတြအတြက္ အနာဂတ္မေကာင္းႏိုင္။ မိမိသည္ သမိုင္းကိုစိတ္ဝင္စားသည္။ သူရဲေကာင္းမ်ား လူစြမ္းေကာင္းမ်ားအား က်တတ္ၿပီး သူတို႔လို ျဖစ္ခ်င္စိတ္ရွိမည္၊ ဂမၻီရပစၥည္းေတြစိတ္ဝင္စားသည္

ေရွး႐ိုးဆန္သည္။ ႐ိုးရာဓေလ့ထုံးစံကို လိုက္နာက်င့္

သုံးသည္။ အမ်ိဳးဘာသာ သာသနာကို ခ်စ္ျမတ္ႏိုးသည္။မိမိသည္ ထူးဆန္းေသာ ဂမၻီရႏွင့္ႏြယ္ေသာ ကိစၥမ်ား ကိုေလ့လာလိုက္စားလိုသည္။ ေငြေၾကးကို စည္းႏွင့္ကမ္းႏွင့္သုံးသည္။ ႏွေျမာတတ္သည္။ ဒါေပမဲ့ မိမိလိုခ်င္တဲ့ပစၥည္းဆိုရင္ မတန္တဆႏွင့္ေရာင္းလဲ ဝယ္သည္။ မႏွေျမာေတာ့ေပ။ ဘဝတစ္ဝက္ေလာက္ထိ ေငြစုေဆာင္းလို႔မရတတ္ေပ။

စုလိုက္ကုန္လိုက္ျဖစ္ေန မည္။ ေငြႏွင့္အလြန္နီးေသာ ဇာတာပါတယ္။ စိတ္ထဲမွာေလာဘႀကီးေပမဲ့ လက္ေတြ႕မွာ ရသမွ်ႏွင့္ေရာင္ရဲ လြယ္သည္။

မိမိသတိထားရမည္က အိမ္ေထာင္ေရးပါ။ သနားလို႔အားနာလို႔ မယူမိေစနဲ႔။ လြယ္လြယ္ဆုံးျဖတ္ၿပီး အိမ္ေထာင္မျပဳသင့္ေပ။ အိမ္ေထာင္ေရးကံညံ့လြယ္သည္။ မိမိခ်စ္ျမတ္ႏိုးရင္ေတာင္ သူ႔အေၾကာင္းေသခ်ာေလ့လာၿပီးမွယူသင့္သည္။ မိဘ လူႀကီးေတြကပါ သေဘာတူသည့္အိမ္ေထာင္ဘက္ဆို အလြန္ေကာင္းသည္။

မိမိသည္ ဒုကၡကိုပဲ ျဖစ္ျဖစ္ သုခကိုပဲျဖစ္ျဖစ္ မည္သူ႔ကိုမွထုတ္ေဖာ္မေျပာတတ္ပါ။ သူမ်ားကိုဒုကၡမေပးပါ၊ ျပႆ နာေတြကို မိမိတစ္ေယာက္ထဲသာ ခါးစည္းခံလိုသည္၊ ဒါေၾကာင့္လဲ မိမိကိုၾကည့္႐ုံႏွင့္ ေပ်ာ္ေနလား စိတ္ဆင္းရဲေနလား မခန႔္မွန္းႏိုင္ၾကပါ။ မိန္းမ

ေတြနဲ႔ ပက္သက္ၿပီးအကူအညီေတြရႏိုင္သည္၊ စပ္တူရွယ္ယာ လြန္စြာအက်ိဳးေပးသည္

ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

အဓိပတိဖြား ေဟာကိန္း

အဓိပတိဆိုတဲ့အတိုင္းပဲ သူ႔တို႔ေတြဟာ ေခါင္းေဆာင္လုပ္လိုၾကတယ္။ ၾသဇာေပးလို႔ၾကတယ္

အႀကံေပးခ်င္ၾကတယ္။ သူမ်ားေနာက္လိုက္မလုပ္လို။ လူ႔ေအာက္က်ိဳ႕ သိပ္မခံခ်င္ၾကဘူး။ မိမိသာဘယ္အရာကိုမဆို စိတ္ပါလက္ပါလုပ္မယ္ဆို ထိပ္ဆုံးေရာက္ႏိုင္တဲ့ သူေတြပါ။ လက္ေတြ႕မွာေတာ့ စိတ္ကူးမ်ားေနတတ္တယ္၊ေလထဲတိုက္အိမ္ေဆာက္ေနတတ္ၾကတယ္။ စီမံကိန္းေတြခ် ၊ planေတြခ်ၿပီး လက္ေတြမလုပ္ျဖစ္တတ္ပါ။

မိမိ ဉာဏ္ရည္ထက္ျမက္သည္။ အေတြးအေခၚေကာင္းသည္။ သင္ျပရလြယ္သည္။ သူမ်ားတစ္ႏွစ္ေလာက္သင္ရတဲ့ပညာကို မိမိက တစ္လေလာက္သင္တာနဲ႔ တတ္ေျမာက္သည္။ ထီထြင္ဖန္တီးလိုစိတ္ ျပင္းထန္သည္။ မိမိက ကာယအားမကိုးခ်င္။ ဉာဏ္နသာ စိုက္ထုတ္လုပ္ခ်င္သည္။ ေက်ာပူမခံႏိုင္ေပမဲ့ ေခါင္းပူခံႏိုင္ၾကတယ္။မိမိက အရာရာစိတ္ဝင္တစား ေလ့လာလိုက္စားတတ္သည္။

အလုပ္တစ္ခုကိုလဲ ေဇာက္ခ်မလုပ္ခ်င္ၾကေပ။ ပညာရပ္ေတြကိုလဲ နည္းနည္းစီလိုက္စားထားသည္။ ဒါေၾကာင့္ သူ႔တို႔မသိတဲ့ က႑မရွိ ၊ အတြင္းက်က်သိသည္လဲမဟုတ္ေပ။ အေပၚယံသာသိသည္

အဓိပတိဖြားေတြဟာ စကားေျပာေကာင္းၾကသည္၊ကိုယ့္ဘက္ပါေအာင္စည္း႐ုံးတတ္သည္။ ပီယဝါစာ စကားေတြနဲ႔ လူအမ်ားကို ဆြဲေဆာင္ႏိုင္ၾကတယ္။ အဓိပတိ ဖြားေတြဟာ အႏုပညာဗီဇပါၾကသည္။ စန္းရွိသည္။ အႏုပညာ လက္မႈပညာေတြနဲ႔ ေအာင္ျမင္တတ္သည္။စိတ္ရွည္ဇြဲသန္ဖို႔ေတာ့ လိုတာေပါ့။ အဓိပတိဖြားေတြကေငြနဲ႔ေဝးတဲ့ဇာတာပါတယ္။ လိုက္ေလေဝးေလျဖစ္ေနတတ္တယ္။

ေငြအစုလိုက္ရမယ္ဆိုၿပီး မရဘဲျဖစ္ေနတတ္တယ္။ အေမြရရင္ေတာင္ မိမိခြဲတမ္းကနည္းေနတတ္တယ္။ ထီေပါက္ရင္ အဖတ္မတင္ဘဲကုန္သြားတတ္တယ္၊

မိမိရဲ႕ ျပင္ရမဲ့အခ်က္ေတြထဲမွာ သနားတတ္တာေရာအားနာတတ္တာေရာပါတယ္။ သနားလို႔ ေငြေခ်းရင္ ဆုံးမွာပဲ။ အားနာလို႔ ေခ်းလိုက္ရင္လဲ လႉလိုက္တယ္လို႔ပဲ သေဘာထားရလိမ့္မယ္။ မိမိက သူမ်ားငိုျပရင္ လြန္စြာသနားတတ္သည္။ ရွိတာေလးထုတ္ေပးတတ္တယ္။ ေငြအေခ်းအဌားေၾကာင့္ ဘဝမွာ ခဏခဏစိတ္ဆင္းရဲရမည္။အေႂကြးျပန္မရလို႔ အကူအညီလာေတာင္းတဲ့ သူေတြဟာအဓိပတိဖြားေတြ အမ်ားဆုံးျဖစ္ေနတာေတြ႕ရတတ္တယ္

မိမိကံဇာတာေအာက္လက္ငယ္သားေတာ္လွန္မဲ့ ဇာတာပါ၊

တပည့္ေမြးလို႔မရဘူး၊ ကိုယ္ကေစတနာနဲ႔ တပည့္ကိုလိုက္လိုက္ေရာေရာေနၿပီး ပညာကုန္သင္ေပးရင္ မိမိကိုအာခံလိမ့္မယ္၊ ကိုယ္ေမြးတဲ့ေမ်ာက္က ကိုယ့္ကိုျပန္ေျခာက္တတ္တယ္။မိမိေစတနာကိုနားမလည္ဘူး၊ မိမိကိုပမာမခန႔္ လုပ္တတ္တယ္။ မိမိေစတနာကိုေစာ္ကားတတ္တယ္။ မိမိဟာ ေအးေအးခ်မ္းခ်မ္းေနတတ္ၾကတယ္။ ႐ိုး႐ိုးသားသားေနမယ္။ ဒါေၾကာင္ပဲ မိမိကိုယ္ ပတ္ဝန္းက်င္က ေငြရွိတယ္။ ခ်မ္းသာတယ္ဟုထင္တတ္ၾကသည္။ လက္တြ႕မွာေတာ့ အၿမဲတမ္းဘိုင္က်ေနမည္။ေငြမၾကာခဏျပတ္ေနတတ္သည္

မိမိက လူမႈေရး ႏိုင္ငံေရး စိတ္ဝင္စားမည္။ ဒါေၾကာင့္ပဲ ရပ္ကြက္ေကာင္းစားေရးက စၿပီး လုပ္ေနမိတတ္သည္။အမ်ားအတြက္ ေစတနာဝန္ထမ္းလုပ္ေနရတတ္သည္။မိမိသည္ ေငြအစုလိုက္ဝင္သည္။ လူမႈေရး ပရဟိတရပ္႐ြာေကာင္းစားေရးအတြက္နဲ႔ပဲ ထိုေငြျပန္ကုန္တတ္သည္။ မိမိဘဝမွာေအာင္ျမင္လိုရင္ ႀကိဳးစားပါ။ အတၱနဲ႔ပရမွ်တစြာလုပ္ပါ။ ဇြဲရွိပါ။ ကံဉာဏ္ဝီရိယ သုံးပါးမွာ မိမိကကံေကာင္း ဉာဏ္ေကာင္းၿပီး ဝီရိယနည္းေနပါလိမ့္မည္။

ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

ပုတိဖြားေဟာကိန္း

အရာရာတိုင္းကို လက္ေတြ႕မွ ယုံၾကည္တတ္ၾကသည္။ယထာဘူတက်မွ လက္ခံတတ္သည္။ သူမ်ားက ေျမႇာက္ေျပာတိုင္းလဲ ဘဝင္မျမင့္တတ္သလို ေျခာက္ေျပာတိုင္းလဲ မေၾကာက္တတ္ေပ။ စည္းနဲ႔ကမ္းနဲ႔ေနတတ္သည္။ ေအာက္သက္ေၾကသည္။ ေပးၿပီးသားကတိကို တည္ေအာင္ထိန္းသည္။ မည္သည့္အလုပ္ကိုမဆို ေလးေလးစားစားလုပ္တတ္သည္။

လူအမ်ား၏ အထင္ႀကီးျခင္း ေလးစားျခင္းခံရမည္။ စည္း႐ုံးေရးေကာင္းသည္။ဒါေပမဲ့ မိမိ၏ ကိုယ္စြမ္းကိုယ္စမ်ားကို မထုတ္ေဖာ္ႏိုင္တဲ့ ပုတိဖြားေတြ မေအာင္ျမင္တတ္ေပ။ မိမိေအာင္ျမင္ဖို႔ ပတ္ဝန္းက်င္ေကာင္း အသိုင္းအဝိုင္းေကာင္းမွရသည္။

ဘဝတစ္ေလွ်ာက္လုံး ႐ုန္းကန္လုွပ္ရွားေနရတတ္သည္။ အတတ္အက်မ်ားသည္။ တုန္လႈပ္ဖြယ္ရာ ေဘးဆိုးမ်ား မေမွ်ာ္လင့္တာေသာ ျပႆ နာမ်ားးလဲ မၾကာခဏႀကဳံရတတ္သည္။ ဒါေပမဲ့ ဒုကၡေတြၾကားက သီသီေလးလြတ္ေျမာက္တတ္သည္။ အၿမဲတမ္းအလကားမေနတတ္။ တစ္ခုခုလုပ္ေနရမွေက်နပ္ၾကသည္။ အျပင္ပန္းအျမင္မွာ ေအးေဆးတည္ၿငိမ္တယ္ ထင္ရေပမဲ့ စိတ္တိုေဒါသထြက္လွ်င္ အမွန္အမွားမခြဲျခားတတ္ေတာ့ေပ။ ထိန္းသိမ္းႏိုင္စြမ္းနည္းၾကသည္။ ဘဝတိုက္ပြဲအၿမဲ ဆင္ႏြဲေနရမွ ေက်နပ္ေနတတ္ၾကတယ္။

အရာရာ ျပတ္ျပတ္သားသား ေဆာင္႐ြက္သည္။ တစ္ခါတေလအားနာတတ္ေသာ္လဲ အားမနာတာကမ်ားတယ္။ ရဲတင္းလြန္ျခင္း ဦေဆာင္ရဲျခင္းက လူအမ်ားရဲ႕ၾသဘာ ေပးျခင္းခံရတတ္သည္။ မိမိသည္စိတ္ေကာင္းစိတ္ဆိုး တစ္လွည့္ဆီျဖစ္မည္။ သူေတာ္ေကာင္းစိတ္ ဝင္ေနရင္သူမ်ားထက္ သူမ်ားထက္ေကာင္းတတ္ၿပီး စိတ္ဆိုးစိတ္ယုတ္ဝင္လာရင္ ဘီလူးထက္မိုက္ျပတတ္သည္။ ပုတိဖြား

ေတြဟာ ငယ္ငယ္ကဖတ္ဖူးတဲ့ ေက်းညီေနာင္ပုံျပင္လိုပါပဲ။သူေတာ္ေကာင္းနဲ႔နီးရင္ သူေတာ္ေကာင္းျဖစ္သြားတတ္သလို သူယုတ္မာနဲ႔ နီးရင္ သူယုတ္မာျဖစ္သြားတတ္ပါတယ္။ ဒါေၾကာင့္ ေအာင္ျမင္ေနတဲ့ပုတိဖြားေတြကိုသုေတသနျပဳၾကည့္တဲ့အခါမွာ ပတ္ဝန္းက်င္ေကာင္းမွာ ေနခဲ့ရတာကို ေတြ႕ရပါတယ္။

မိမိသည္ အခြင့္အေရးေတြကို လက္လြတ္မခံတတ္ဘဲရေအာင္ယူတတ္သူပါပဲ။ ေျဖာင့္မတ္႐ိုးသားသူေတြပါပဲ။ စိတ္အခန႔္မသင္လွ်င္ ေဒါသထြက္လြယ္သည္။ ေဒါသႀကီးတာ ေဒါသထြက္လြယ္တာကို ေရွာင္သင့္တယ္၊ေအာင္ျမင္မႈအတြက္အတားအဆီး ျဖစ္ႏိုင္လို႔ပါပဲ။ နာမည္ေက်ာ္ၾကားလြယ္တဲ့ဇာတာပါပဲ။ ေကာင္းတာလုပ္ရင္ နာမည္ေကာင္းနဲ႔ေက်ာ္ၾကားသလို ဆိုးတာလုပ္ရင္လဲ နာမည္ဆိုးကို ဖုံးဖိထားလို႔မရပါဘူး။

မိမိသည္ေငြႏွင့္နီးတဲ့ ဇာတာပါပဲ။ မၾကာခဏေငြရတတ္သည္။ ေငြကို စည္းနဲ႔ကမ္းနဲ႔ သုံးမယ္လို႔ ရည္မွန္းထားေသာ္လည္း လက္ေတြ႕မွာေတာ့လက္ဖြာတတ္သူပါပဲ။ ရွိရင္ရွိသလိုသုံးတတ္ၿပီး မရွိရင္ေရေသာက္ဗိုက္ေမွာက္ေနတတ္သူပါပဲ။ စုလိုက္ကုန္လိုက္ပါပဲ။ ဘဝမွာ ဒုတိယအ႐ြယ္ကအလြန္ေကာင္းမည္။ေအာင္ျမင္မည္။ ေက်ာ္ၾကားမည္။ လူအထင္ႀကီးျခင္းခံရမည္။

မိမိဘဝဟာ မၾကာခဏအေျပာင္းအလဲႀကဳံရ တတ္သည္။ အလုပ္မွာလဲ လက္ငါးေခ်ာင္းထက္မနည္းေျပာင္းလဲလုပ္ကိုင္ေနရတတ္သည္။ ပုတိဖြားေတြဟာ မူရင္း စိတ္ထားျဖဴစင္ေပမဲ့ ပတ္ဝန္းက်င္ေၾကာင့္ အေရာင္ေျပာင္းသြားတတ္သည္။ အိမ္ေထာင္ဘက္ေကာင္းရတတ္သည္။ သားသမီးအက်ိဳးမခံစားရတတ္ေပ။

ၿငိမ္းေအးလူ ( ေဗဒင္သုေတသီ)

သိုက္ဖြားေဟာကိန္း

စိတ္ကူးေတြနဲ႔ ဖန္တီးလို႔မရ၊ အၿမဲတမ္းလက္ေတြ႕က်က်ပဲအဆင္ေျပမည္။ စိတ္ကူးစိတ္သန္းေတြနဲ႔ ေရရွည္ရည္မွန္းၿပီးလုပ္သမွ် အဆင္ေျပဖို႔မလြယ္။ ဘဝကိုလက္ေတြက်က် အေကာင္အထည္ေဖာ္ႏိုင္မွရမည္။ အလုပ္ကိုလဲ အပင္ပန္းခံၿပီးလုပ္ရမဲ့ ဇာတာေပါ့။ သူမ်ားေတြ တစ္ႏွစ္ထဲႀကိဳးစားၿပီးေအာင္ျမင္တဲ့အလုပ္ကို ကိုယ္က သုံးႏွစ္ေလာက္ႀကိဳးစားရမည္။ အလုပ္ႏွင့္ လက္နဲ႔မျပတ္ လုပ္တတ္ေပမဲ့ မၾကာခဏ ေႂကြးတင္ေနတတ္ သည္။ လက္ထဲေငြျပတ္ေနတယ္။ မိမိကစည္းကမ္းရွိသည္။ ေငြကိုစနစ္တက်သုံး တတ္ေသာ္လည္း မိသားစုေၾကာင့္ က်န္းမာေရးေၾကာင့္ ေငြသုံးရတတ္သည္။

မိမိကိုယ္တိုင္ကလဲ အလုပ္မရွိရင္မေနတတ္။ တစ္ခုခုအၿမဲလုပ္ေနတတ္သည္။ လုပ္သေလာက္ အလုပ္အက်ိဳးမခံစားရတတ္ေပ။ အလုပ္ကံညံ့သည္။ ႏွစ္ေပါင္းမ်ားစြာလုပ္ၿပီး ရာထူးမတိုးတာ လစာမတိုးတာမ်ိဳးႀကဳံရတတ္တယ္။ ဘယ္ေလာက္လုပ္လုပ္အေကာင္းေျပာမခံရတတ္။ မၾကာခဏ ေစတနာဝန္ထမ္း လုပ္ေနရမည္။ အိတ္စိုက္လုပ္ရမည္။

တာဝန္ေက်ပြန္ေအာင္လုပ္ေပးေပမဲ့ ေနာက္ကြယ္မွာ

အျပစ္ေျပာျခင္းခံရမည္၊

မိမိကစိတ္ေကာင္းရွိသည္။ သည္းခံစိတ္ရွိသည္။ လူအမ်ားကိုလဲ ခင္တြယ္စိတ္ရွိတယ္။ မိမိက ဘာမဟုတ္တဲ့ကိစၥေလးေတြနဲ႔ စိတ္ဆိုးေနတတ္သည္။ ကေလးတစ္ေယာက္လို စိတ္ေကာက္လိုက္ စိတ္ေျပလိုက္ မၾကာခဏျဖစ္တတ္သည္။ မိမိသည္ အေပါင္းအသင္းမ်ားသည္။ ဒါေပမဲ့ ေရရွည္လက္မတြဲတတ္။ အေပါင္းအသင္းသစ္ေတြနဲ႔ လဲ အၿမဲေတြ႕ေနတတ္တဲ့အဖြားေတြပါပဲ။

အပ်ိဳႀကီး လူပ်ိဳႀကီးေတြလဲ ျဖစ္လြယ္ၾကတယ္။ မိမိသည္ လူအပင္ပန္းခံႏိုင္ေပမဲ့ စိတ္အပင္ပန္းမခံႏိုင္ၾကပါ။ ဒါေပမဲ့ကံကလဲ စိတ္ပင္ပန္းအၿမဲခံရမည္။ တစ္ေယာက္ထဲဆို အားငယ္ေနတတ္သည္။ ဝမ္းနည္းေနတတ္သည္။ မိမိကိုယ္ကို အားမလိုအားမရျဖစ္ေနတတ္သည္။ အလုပ္တစ္ခု ကိုယ္လဲမိမိဆုံးျဖတ္ခ်က္ျဖင့္မဆုံးျဖတ္ႏိုင္ပါ။ အၿမဲသူမ်ားဆီက အႀကံဉာဏ္ေတာင္းေနရတတ္သည္။

မိမိက ေပါင္းသင္းဆက္ဆံေရးေကာင္းပါတယ္။ ခင္မင္ေအာင္ေနတတ္တယ္။ မိမိက တစ္ပါးသူကို အထင္ႀကီးၿပီး အယုံလြယ္တတ္တဲ့ အတြက္အလိမ္ခံရတတ္တယ္။မိမိကစိတ္အေျပာင္းအလဲျမန္တယ္။ တစ္ခုမၿပီးေသးခင္ေနာက္အသစ္တစ္ခုလုပ္တတ္ တယ္။ မိမိကကံကိုယ္ယုံၾကည္သည္။ ေကာင္းတာလုပ္ရင္ ေကာင္းတာျဖစ္မယ္လို႔

ခံယူထားသည္။ စိတ္ရွည္ၿပီး မည္သည့္အလုပ္ကိုယ္မဆို ေသသပ္စြာ လုပ္တတ္သည္။ မိမိကလဲ အမ်ားအထင္ႀကီး ေအာင္လဲေနတတ္ၾကသည္။

ႏႈတ္မႈေရးရာ ၊ အႏုပညာ အလုပ္ေတြ နဲ႔ေအာင္ျမင္တတ္သည္။ သိပ္မရင္းႏွီးတဲ့သူဆို မိမိက စကားနည္းတဲ့သူလိုထင္ရေပမဲ့ မိမိကအရမ္းရင္းႏွီးရင္ေတာ့ စကားကိုကရားေရလႊတ္ေျပာတတ္သူပါ။ စကားကိုအတုံးအလိုက္ေျပာတတ္သည္။ ခ်ီးက်ဴးစရာရွိလွ်င္ အလြန္အက်ဴး ခ်ီးက်ဴးတတ္သလို အျပစ္ေတြ႕ရင္လဲ အာမနားတမ္းေျပာတတ္တဲ့ အက်င့္ရွိသူပါ။ ဘြင္ဘြင္ရွင္းရွင္းေျပာတတ္သည္။ မသြယ္ဝိုက္တတ္ေပ။

မိမိသည္ စိတ္ကူးအလြန္ယဥ္သည္။ စိတ္ကူးနဲ႔ ေလထဲတိုက္အိမ္ေဆာက္ေနတတ္သည္။ စိတ္ကူးထားတာ ျဖစ္မလာရင္လဲ လြန္စြာ စိတ္ဓာတ္က်တတ္သည္။ မိမိကထိုသို႔ စိတ္ကူးနဲ႔လုပ္မရပါ။ လက္ေတြ႕လုပ္ပါ။ အလုပ္ထဲကမွ ဘဝအတြက္အဆီအႏွစ္ေတြထုတ္ယူပါ။ လက္ေတြဘဝကေန ေအာင္ျမင္မႈရွာပါ။ ။

ၿငိမ္းေအးလူ( ေဗဒင္သုေတသီ)

အထြန္းဖြား ေဟာကိန္း

ဖြားဇာတာေတြထဲမွာ အထြန္းဖြားေတြက အလြန္ပဲ တည္ၾကည္တဲ့သူေတြပါ။ ကိုယ္က်င့္သိကၡာက်ေစမဲ့ ကိစၥ ၊ လူမ်ားလက္ညိဳွးထိုးမဲ့ ကိစၥမ်ိဳး တတ္ႏိုင္သ၍ေရွာင္ၾက သူေတြပါပဲ။ အစိုးရဝန္ထမ္းပဲလုပ္လုပ္ ၊အျပင္အလုပ္ေတြပဲလုပ္လုပ္ သူမ်ားအလုပ္တိုင္းကို မိမိအလုပ္လိုသေဘာထားၿပီး လုပ္ေပးတတ္သူပါ။ မိမိကိုယ္က်င့္သိကၡာကို ထိပါးေျပာဆိုလာမယ္ဆိုရင္လဲ အခ်ိန္မဆိုင္းဘဲ ေျဖရွင္းတတ္သူပါ၊

အလြန္ပဲေစ့စပ္ေသခ်ာတဲ့သူေတြပါ။ စနစ္ေကာင္းတယ္။ အလုပ္ကိုတန္ဖိုးထားျမတ္ႏိုးတယ္။အလုပ္နဲ႔လက္နဲ႔ျပတ္ ေနရင္ မေနတတ္ဘဲ တစ္ခုခုရွာၿပီးလုပ္ေနတတ္သူပါ။

လုပ္စရာမရွိရင္ ပ်င္းေနတတ္ၿပီး တစ္ခုခုလုပ္ေနရမွာ ေက်နပ္ေနသူေတြပါ။ မည္သည့္အလုပ္ကိုမဆို လြယ္လြယ္နဲ႔ လက္မေလ်ာ့တတ္ဘဲ ျဖစ္ေျမာက္ေအာင္ လုပ္တတ္သူပါ။ အလုပ္ကံေကာင္းတတ္ၾကတယ္။

မည္သည္အလုပ္ကို မဆို ေရရွည္ေဇာက္ခ်ၿပီး လုပ္ပါကထြန္းေပါက္ပါလိမ့္မယ္။ လက္ရွိဘဝနဲ႔ မတင္းတိမ္ဘဲ အၿမဲတမ္း ဘဝတတ္လမ္းကို ရွာေနတတ္တဲ့ အတြက္ ျဖည္းျဖည္းခ်င္းေအာင္ျမင္မႈေတြ

ရလာမွာပါ။ မည္သည့္ ပညာရပ္ကိုမဆို သိလြယ္တတ္လြယ္သူေတြပါ။ မိဘေတြကသာ ပညာေရးကို ေထာက္ပံ့ေပးႏိုင္မယ္ဆို အလြန္ထူးခြၽန္ပါ လိမ့္မယ္။စိတ္ရွည္ၾကတယ္။ အပင္ပန္းလဲ ခံႏိုင္ၾကတယ္။

ဘာလုပ္လုပ္ ဂ႐ုတစိုက္ရွိတယ္။ လုပ္သေလာက္အက်ိဳးျဖစ္ထြန္းပင္ေပမဲ့ ေအာင္ျမင္မႈအသီးအပြင့္ေတြ အခြင့္အေရးေတြကို အျခား

လူေတြကရသြားၾကတာမ်ားပါတယ္။ မိမိကအခြင့္အေရးကို ဂ႐ုမစိုက္ပါ။ တာဝန္ေက်ပြန္ရင္ေက်နပ္ေနတတ္သူပါ။ လုပ္ခ်င္တာလုပ္ရရင္ ေပ်ာ္ေနတတ္သူပါ။

သူမ်ားအက်ိဳးစီးပြားကိုေတာင္မွ အကူအညီေတာင္းရင္မျငင္းတတ္သူပါ။ စိတ္ေကာင္း ေစတနာေကာင္းသည္၊႐ိုးသားတယ္။ ဒါေပမဲ့ ပြင့္ပြင့္လင္းလင္းေျပာတတ္ၾကတယ္။ အျပစ္လုပ္ထားရင္လဲ အားမနာတမ္းေျပာတတ္ၾကပါတယ္။ ေျပာၿပီးရင္လဲ ေမ့ေမ့ေပ်ာက္ေပ်ာက္နဲ႔ ေနတတ္သူ ေတြပါ။ ရန္ညႇိဳးမထားတတ္ဘူး။ မိမိကေအးေဆးတည္ၿငိမ္စြာေနတတ္တဲ့ အတြက္ လူအမ်ားက ဘဝင္ျမင့္တယ္။ မာနႀကီးတယ္လို႔ထင္တတ္ၾကပါတယ္။ကိုယ္ကလဲ ခင္မင္သူမ်ားနဲ႔ သာလိုက္ေရာညီေထြ ေနတတ္ၿပီး မခင္မင္သူေတြနဲ႔ကေတာ့ ခပ္ကင္းကင္း

ေနတတ္ပါတယ္။

ဒါေပမဲ့မိမိကံက အေပါင္းအသင္းကံညံ့ပါတယ္။ မိမိကေစတနာနဲ႔ေျပာဆိုရင္ေတာင္ မိတ္ေဆြေတြကအေကာင္းမထင္တတ္ပါ။ မိမိကပဲ အနစ္နာခံေပါင္းသင္းေနရတတ္ပါတယ္။ မိမိက ကေကြၽးလဲေကြၽးရ အဆဲလဲခံရမဲ့ဇာတာပါ။ မိမိကလဲအေဖာ္ခင္တယ္။ အေပါင္းအသင္းမက္တယ္။ အေပ်ာ္အပါး ပြဲလမ္းသဘင္ ဝါသနာထုံတယ္။ ခရီးထြက္ရတာ ဝါသနာပါတယ္။

မိမိဇာတာက သားသမီးအက်ိဳးေပးကံအားနည္းတယ္၊အနည္းဆုံး မိဘကို ဒုကၡေပးမဲ့ စုန္းျပဴးတစ္ေယာက္ေလာက္ေတာ့ပါလာတတ္တယ္။ ကိုယ္ကလဲ သားသမီးေတြ ဘာလုပ္လုပ္မ်က္စိစပါးေမႊးစူးေနတတ္တယ္။ ဘာပဲလုပ္လုပ္ အစမွာေတာ့ မိမိကအလြန္ပဲစိုးရိမ္တတ္ၾကတယ္။ တကယ္လုပ္ၾကည့္တဲ့အခါ မိမိအတြက္အခက္အခဲမရွိအဆင္ေျပသြားတတ္ပါတယ္။ ဇြတ္လုပ္တတ္ၿပီး ဝီရိယရွိတဲ့အတြက္ ေအာင္ျမင္မႈလမ္းေပၚေရာက္ပါလိမ့္မယ္။

ၿငိမ္းေအးလူ ( ေဗဒင္သုေတသီ )

မရဏဖြားေဟာကိန္း

မရဏဖြားေတြရဲ႕စိတ္ကေၾကာက္စရာေကာင္းသည္။ အၿမဲတမ္း အစြန္းႏွစ္ဖက္ေရာက္ေနတတ္တတ္သည္။ အခ်ိဳ႕ေနရာေတြမွာ ေျခသုတ္ပုဆိုးေႁမြဆြယ္က်ိဳးလို သည္းခံတတ္ေပမဲ့ ရက္စက္ၿပီဆိုရင္လဲ သူမ်ားလိုက္မမွီေအာင္ ရက္စက္တတ္သူပါ။ ေႁမြေပြးတစ္ေကာင္ႏွင့္အလားသ႑ာန္တူသည္။ မထိသ၍ဘာမွရန္မျပဳေပမဲ့ ထိမိလိုက္ရင္ေတာ့ အႏၲရာယ္အလြန္ရွိတတ္ၾကသည္။

ထက္ျမက္တယ္။ စိတ္ဓာတ္ျပင္းထန္ၾကတယ္။ သမာသမတ္က်တယ္။ အမွန္တရားကိုျမတ္ႏိုးသည္။ ေရွ႕ေနေရွ႕ရပ္ကိစၥ၊ ၾကားဝင္ညႇိႏႈိင္းေဆာင္႐ြက္ရာမွာ ထူးခြၽန္တတ္သည္။

ေဆြးမ်ိဳးထက္ တစိမ္းကပိုအက်ိဳးေပးသည္။ ေဆြမ်ိဳးေတြ ဒုကၡေပးတတ္သည္။ တစိမ္းတရံၾကားမွာအေျခခ်ေနထိုင္ရတတ္သလို ဇာတိရဲ႕အေဝးမွာ ထြန္းေပါက္ေအာင္ျမင္တတ္တယ္။တစ္ခါ တရံဇြတ္တ႐ြတ္လုပ္တတ္တာမ်ိဳးေရွာင္ပါ။ ကိုယ္ကအလုပ္အေပၚ ေသခ်ာဂ႐ုစိုက္လုပ္ရင္ေတာင္ သူမ်ားေတြက ေပါ့တယ္ ဂ႐ုမစိုက္ဘူး အလုပ္အေပၚအေလးမထားဘူးလို႔အေျပာခံရတတ္တာမ်ိဳးပါ။ မိမိကလဲ အလုပ္တစ္ခုကိုအစပိုင္းမွာစိတ္ပါဝင္စားတတ္ေသာ္လည္း ေနာက္ပိုင္း မွာ ပ်င္းရိသြားတတ္သူပါ။ေကာက္႐ိုးမီးလိုပါပဲ။ အစကေတာ့ ဟုန္းခနဲေပါ့။ ေနာက္ပိုင္းေတာ့ မီးစပင္ရွာလို႔မရတတ္ဘူး။

အဲဒါေၾကာင့္ပဲ အလုပ္ခဏ ခဏေျပာင္းမိေနတတ္တယ္။

မရဏဖြားေတြလဲ ႏွစ္ရွည္လုပ္ရတဲ့အလုပ္ ၊ ၾကာရွည္လုပ္ကိုင္ရတဲ့အလုပ္မ်ိဳးေတြနဲ႔ မသင့္ေလ်ာ္ဘူး။

ဥပမာ ေပးရရင္ ႏွစ္ရွည္ပင္စိုက္ပ်ိဳးျခင္း၊ ဥယ်ာဥ္ၿခံ ၊ Hotel လုပ္ငန္းမ်ိဳးေတြေပါ့။ အခုလုပ္အခုအက်ိဳးအျမတ္ရတဲ့ ေပၚပင္အလုပ္မ်ိဳးေတြနဲ႔ပဲသင့္ေလ်ာ္ပါတယ္။ မိမိကစိတ္ျမန္လက္ျမန္ရွိၿပီး ျမန္ျမန္သြက္သြက္ နဲ႔ လက္ေတြ႕က်က်လုပ္ရေသာအလုပ္ေတြကို သေဘာေတြ႕တတ္ၾကပါတယ္။ မရဏဖြားေတြ ေလာကဓံကို ႀကံ့ႀကံ့ခံ ရင္ဆိုင္ႏိုင္သူပါ။

ဒုကၡေလာကဓံကိုခါးစည္းခံႏိုင္သလို သုခေလာကဓံကိုလဲ ခံႏိုင္သူပါ။ “ငရဲဆိုတာ ငါ့အတြက္ေတာ့ ေခြၽးထုတ္ခန္း ဝင္သေလာက္ပါပဲ”လို႔ ေျပာမဲ့သူေတြပါ။

မရဏဖြားေတြက အျပင္ပန္းကၾကည့္ရင္ေတာ့ လွ်င္ျမန္တယ္ ဉာဏ္ေျပးတယ္ သြက္လတ္တယ္လို႔ ထင္ရေပမဲ့ လက္ေတြ႕မွာေတာ့ ကိစၥတစ္ခုကို ဆုံးျဖတ္ခ်က္ခ်ရာမွာ ခ်ိတုံခ်တုံအလြန္ျဖစ္တတ္ပါတယ္။

ငါလုပ္လိုက္တာမွားသြားလားဆိုၿပီး စိုးရိမ္စိတ္ကေလး အၿမဲဝင္တတ္ပါတယ္။အားနည္းခ်က္က အလြန္ေမ့တတ္တာပါ။ ေျပာထားၿပီး ေမ့ေနျပန္ေရာ။ အသက္ႀကီးလာရင္ အလြန္ေမ့တတ္ၾကတယ္။

သူတစ္ပါးအလုပ္ပင္ျဖစ္ပါေစ ေစတနာပါပါနဲ႔လုပ္ကိုင္ေပးတတ္သူပါပဲ။မိမိကိုယ္ အားကိုးၿပီးခိုင္းရင္ အားကိုးသေလာက္ျပန္ လုပ္ေပးတတ္တယ္။ စကားႀကီးစကားက်ယ္ေျပာတာ

အမွန္အတိုင္းသာေျပာတတ္တာ ေတြက လူမုန္းမ်ားသြားတတ္ပါတယ္။ ဘဝတည္ၿငိမ္မႈအားနည္းတယ္။ လႈိင္းတပိုးေတြလို ဘဝကအတတ္အက်မ်ားတယ္။ အပယိကေရာဂါေလး

ေတြ ခဏခဏျဖစ္လြယ္တယ္။ ငယ္ဇာတာမေကာင္းပါ။ ပင္ပန္းရတတ္တယ္။ စိတ္ဆင္းရဲကိုယ္ဆင္းရဲျဖစ္လြယ္တယ္ ။ အိုဇာတာကေတာ့ ပထမတန္းစားေကာင္းသူပါ။ မရဏဖြားေတြဟာ မိမိအပူေသာကေတြကို သူမ်ားေတြကို လက္ဆင့္မကမ္းတတ္သူပါ။ ဒုကၡေတြကို တစ္ေယာက္ထဲခါးစည္းခံမဲ့သူေတြပါ။ ေရာဂါျဖစ္ရင္ေတာင္ အိမ္သားေတြမေျပာဘဲ တစ္ေယာက္ထဲႀကိတ္ခံ တတ္တာမ်ိဳးပါ။

ဘဝကိုအရႈံးမေပးတတ္သူေတြပါပဲ။ ဘယ္လိုအခက္အခဲႀကဳံႀကဳံရင္ဆိုင္သြားတတ္သူပါ။ ကံၾကမၼာကလဲ အခြင့္အေရးေကာင္းေတြ မၾကာခဏေပးတတ္ပါတယ္။ မိမိကဖမ္းဆုပ္တတ္ဖို႔ပဲလို

ပါတယ္။ ကိုယ့္ကိုယ္ကို ဖ်က္ သံေခ်းတတ္ ဆိုတာမ်ိဳးမျဖစ္ေအာင္ ဂ႐ုစိုက္ပါ။ ကံက အတိုက္အခံေတြ႕ေလ ေအာင္ျမင္ေလပါပဲ။ မဂၤလာတရားေတာ္ထဲက ‘အတၱသမၼာ ပဏိဓိ စ” ဆိုတဲ့ မဂၤလာတရားေတာ္နဲ႔အညီ မိမိကိုယ္ကိုေစာင့္ထိန္းႏိုင္မယ္ဆိုရင္ေတာ့ ေအာင္ျမင္မႈဆိုတာကို မလြဲမေသြ ခံစားရမွာပါ……။ ။

ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

ဘဂၤဖြား ေဟာကိန္း

ေစတနာေကာင္း၊စိတ္ရင္းေကာင္းသူပါပဲ။ ဇြဲလုံ႔လဝီရိယနဲ႔ျပည့္စုံၿပီး ထက္သန္တဲ့စိတ္ ၊ျပင္းျပေသာဆႏၵ၊ ႀကိဳးစား ခ်င္ေသာစိတ္ေတြရွိၾကတယ္။ မဆုတ္မနစ္ေသာ ဇြဲက လမ္းေၾကာင္းမွန္ပါက ေအာင္ျမင္မႈပန္းတိုင္ကိုေရာက္မည္။ ဆုံးျဖတ္ခ်က္ခ်ၿပီးရင္ သိၾကားမင္းဆင္း၍ဖ်က္တာေတာင္မရေပ။ မိမိဆုံးျဖတ္ခ်က္သည္ မွားေနရင္မွ လမ္းဆုံးေရာက္ေအာင္ေလွ်ာက္တတ္သည္။ ေနာင္တတရားကလဲ မိမိသႏၲန္မွာ ခဏသာခိုဝင္တတ္သည္။ေနာင္တရလဲ ခဏပင္ ။အမွတ္သည္းေျခမရွိ ။ေခါင္းမာသည္။ တယူသန္သည္။

ေျပာစရာရွိလွ်င္ လုပ္စရာရွိလွ်င္ ဘြင္ဘြင္ရွင္းရွင္းအားမနာတမ္းေျပာတတ္ျခင္းေၾကာင့္ လူမုန္းမ်ားတတ္သည္။ မိမိသည္ စကားေျပာမတတ္ျခင္းေၾကာင့္

ေပါင္းသင္းဆက္ဆံေရးညံ့သည္ဟုထင္ၾကသည္။ မဟုတ္ပါ။ အတြင္းစိတ္ရင္းအရမ္းေကာင္းသူဆိုတာမိမိနဲ႔ ေရရွည္ေပါင္းသင္းသူသာသိသည္။ သူဘာေျပာေျပာ ေစတနာေဒါသနဲ႔ ေျပာသည္ဆိုတာနားလည္လာၾကသည္။

ဒါေၾကာင့္ပဲ မိမိကိုယ္ခင္မိသူေတြက မိမိကိုယ္ မိတ္ေဆြအျဖစ္ကေန လက္လြတ္မခံခ်င္ၾကပါ။ မိမိနဲ႔ခင္မင္ဖူးသူေတြက မိမိအေၾကာင္းတသသေျပာေနတတ္ၾကသည္။ မိမိသည္ တစိမ္းတရံေတြကိုခင္မိၿပီဆိုရင္ ေဆြမ်ိဳးထက္ပိုခင္တတ္သည္။ ဒါေၾကာင့္ပဲမိမိကအျခားသူေတြကို မိမိလိုစိတ္ျဖဴ သည္ထင္၍ အတြင္းေရးကိစၥေတြ ေျပာျပတိုင္ပင္အႀကံဉာဏ္ေတာင္းမိသည္။ ထိုသို႔ျပဳမူျခင္းသည္ အက်ိဳးမရွိသည့္အျပင္ မိမိလွ်ိဳ႕ဝွက္ခ်က္ကို သိသြား၍မိမိအေပၚ အထင္ျမင္ေသး ဟားတိုက္စရာျဖစ္လိမ့္မည္။

ဘဂၤဖြားမ်ားဟာ ကိုယ့္ဒူးကိုယ္ခြၽန္ႀကိဳ းစာလိုစိတ္ရွိၾကတယ္။ ဘယ္သူ႔ကိုယ္မွ မမွီခိုလိုဘူး။ သူတစ္ပါးရဲ႕ေလာင္းရိပ္မိေနတာမ်ိဳးကိုလဲမလိုလားၾကပါဘူး။ သူမ်ားကို အားကိုးလို႔လဲ မရပါဘူး။ ဘယ္အလုပ္ကိစၥမဆိုလဲ မိမိက ဦးေဆာင္ဦး႐ြက္လုပ္ရမွလဲေက်နပ္ၾကတယ္။ စီးပြားေရး ဘယ္လိုလုပ္မယ္။ ေငြကိုဘယ္လိုရွာလိုက္မယ္လို႔ စိတ္ထဲေတြးေနတတ္ေပမဲ့အျပင္ပန္း လက္ေတြ႕မွာေတာ့ရသမွ်ႏွင့္တင္းတမ္ေရာင္ရဲတတ္သူပါ။

အမွန္တရားကိုျမတ္ႏိုးတတ္သူ၊တန္ဖိုးထားတတ္သူျဖစ္ၿပီး ဘယ္အလုပ္ကိုပဲလုပ္လုပ္ ေစတနာပါပါနဲ႔လုပ္တတ္သူပါပဲ။ ေစတနာေကာင္းရင္ ကံေကာင္းတယ္လို႔ ခံယူထားသူပါ။

လူအမ်ားက မိမိကို အထင္ႀကီးေလးစားေပမဲ့ မိမိက သူတစ္ပါးအထင္ႀကီးေအာင္ ဟိတ္ဟန္မထုတ္တတ္ပါ။ ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္တတ္ေပမဲ့ ပတ္ဝန္က်င္းမွာ အခက္အခဲတခုခုျဖစ္ရင္ေတာ့ စိတ္ပါလက္ပါ ကူညီတတ္သူပါပဲ။ မိမိကအျငင္းသန္ပါတယ္။ မွန္တယ္ထင္ရင္ေတာ့ ျငင္းလို႔ဆုံးမည္မဟုတ္ေပ။ ေဖာ္လံဖားမလုပ္တတ္ျခင္း ၊ မိမိႀကိဳးစားမႈကို ဂုဏ္ေဖာ္၍မေျပာတတ္ျခင္းေတြေၾကာင့္ မိမိဟာ အသိအမွတ္ျပဳမခံရျခင္း ေခ်ာင္ထိုးခံရျခင္းေတြ ခဏခဏႀကဳံရတတ္ပါတယ္။

ဘဂၤဖြားေတြဟာ မည္သူ႔ကိုမဆိုအဆင့္အတန္းခြဲျခားၿပီးဆက္ဆံေလ့မရွိပါဘူး။ သူေဌးနဲ႔ ဆက္ဆံလဲဒီအတိုင္းဆိုရင္ ဆင္းရဲသားနဲ႔ဆက္ဆံလဲ ဒီအတိုင္းပါပဲ။ ဘာမွေျပာင္းလဲျခင္းမရွိဘဲ အားလုံးကိုတစ္သားထဲဆက္ဆံတတ္တယ္။

အခြင့္ထူးခံရဖို႔ မ်က္ႏွာသာေပးခံရဖို႔ဆိုတဲ့စိတ္နဲ႔ အလုပ္မလုပ္တတ္ပါ။ ေပးအပ္တဲ့တာဝန္နဲ႔ ဝတၱရားကို ေက်ပြန္လိုတဲ့စိတ္နဲ႔သာ လုပ္တတ္သူပါ။ငယ္႐ြယ္စဥ္ကာလ အဘက္ဘက္ကကံအားနည္းတယ္။ ျခဴျခာလြယ္တယ္။မိမိကို ေမြးၿပီးေတာ့ မိဘေတြလုပ္ငန္းစီးပြားတိုးတတ္ႏိုင္သလို အကုန္ အက်ေတြလဲ အလြန္မ်ားတတ္ပါတယ္။

ပထမအ႐ြယ္ကံအားနည္းတတ္ၿပီး ဒုတိယအ႐ြယ္၊ တတိယအ႐ြယ္ကံျမင့္တတ္ပါတယ္။ ေမြးစကေနအသက္၁၂ထိ ေနအိမ္အေျပာင္းအေ႐ြ႕ ၿမိဳ႕အေျပာင္းအေ႐ြ႕ ေက်ာင္းအေျပာင္းအေ႐ြ႕ဆိုတာေတြႀကဳံ ရတတ္ပါ။ ဘဂၤဖြားေတြဟာ ကံအတတ္အက်မ်ားလြန္းတဲ့သူေတြပါပဲ။

သူတစ္ပါးကို အားကိုးၿပီး စပ္တူလုပ္ငန္းမလုပ္ပါနဲ႔

အမွီအခိုကင္းၿပီး သူတစ္ပါးလာင္းရိပ္မမိတဲ့ဘဝေနထိုင္မႈမ်ိဳးက မိမိဘဝကိုေအာင္ျမင္ေအာင္တြန္းပို႔မွာပါ

ကိုယ္စြမ္းကိုယ္စကိုသိၿပီး ဝီရိယရွိရွိႀကိဳးစားရင္ ေအာင္ျမင္မဲ့ ဖြားဇာတာပါပဲဗ်ာ

  ၿငိမ္းေအးလူ (ေဗဒင္သုေတသီ)
# Unicode Version ျဖင့္ ဖတ္ပါ #


မိမိ ဘာဖွားလဲဆိုတာလည်း သိနိုင်မယ်.။ မိမိဗေဒင်ကိုလည်း မိမိကိုယ်တိုင် တွက်ကြည့်နိုင်မယ်

၀ ခုကြွင်းလျှင်

ဝခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် ပုတိဖွား

ဝခုကြွင်းတနင်္လာ ဖြစ်လျှင် သိုက်ဖွား

ဝခုကြွင်းအင်္ဂါ ဖြစ်လျှင် မရဏဖွား

ဝခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင်အဓိပတိဖွား

ဝခုကြွင်းကြာသပတေး ဖြစ်လျှင် ရာဇဖွား

ဝခုကြွင်းသောကြာ ဖြစ်လျှင် အထွန်းဖွား

ဝခုကြွင်းစနေ ဖြစ်လျှင် ဘင်္ဂဖွား

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ

၁ခုကြွင်းလျှင်

၁ ခုကြွင်း တနင်္ဂနွေသား ဖြစ်လျှင် ဘင်္ဂဖွား

၁ ခုကြွင်းတနင်္လာသား ဖြစ်လျှင် ပုတိဖွား

၁ ခုကြွင်းအင်္ဂါသား ဖြစ်လျှင် သိုက်ဖွား

၁ ခုကြွင်းဗုဒ္ဓဟူးသား ဖြစ်လျှင် မရဏဖွား

၁ ခုကြွင်းကြာသပတေးသား ဖြစ်လျှင် အဓိပတိဖွား

၁ ခုကြွင်းသောကြာသား ဖြစ်လျှင် ရာဇဖွား

၁ ခုကြွင်းစနေသား ဖြစ်လျှင် အထွန်းဖွား

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ

၂ ခုကြွင်းလျှင်

၂ ခုကြွင်း တနင်္ဂနွေ ဖြစ်ခဲ့လျှင် အထွန်းဖွား

၂ ခုကြွင်းတနင်္လာ ဖြစ်ခဲ့လျှင် ဘင်္ဂဖွား

၂ ခုကြွင်းအင်္ဂါ ဖြစ်ခဲ့လျှင် ပုတိဖွား

၂ ခုကြွင်းဗုဒ္ဓဟူး ဖြစ်ခဲ့လျှင်သိုက်ဖွား

၂ ခုကြွင်းကြာသပတေး ဖြစ်ခဲ့လျှင်မရဏဖွား

၂ ခုကြွင်းသောကြာ ဖြစ်ခဲ့လျှင်အဓိပတိဖွား

၂ ခုကြွင်းစနေ ဖြစ်ခဲ့လျှင်ရာဇဖွား

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ

၃ ခုကြွင်းလျှင်

၃ခုကြွင်း တနင်္ဂနွေသားဖြစ်လျှင် ရာဇဖွား

၃ခုကြွင်း တနင်္လာ ဖြစ်လျှင်အထွန်းဖွား

၃ခုကြွင်း အင်္ဂါ ဖြစ်လျှင်ဘင်္ဂဖွား

၃ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ပုတိဖွား

၃ခုကြွင်း ကြာသပတေးဖြစ်လျှင်သိုက်ဖွား

၃ခုကြွင်း သောကြာဖြစ်လျှင် မရဏဖွား

၃ခုကြွင်းစနေ ဖြစ်လျှင် အဓိပတိဖွား

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ

၄ ခုကြွင်းလျှင်

၄ခုကြွင်း တနင်္ဂနွေဖြစ်လျှင် အဓိပတိဖွား

၄ခုကြွင်းတနင်္လာ ဖြစ်လျှင် ရာဇဖွား

၄ခုကြွင်း အင်္ဂါ ဖြစ်လျှင် အထွန်းဖွား

၄ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင် ဘင်္ဂဖွား

၄ခုကြွင်း ကြာသပတေး ဖြစ်လျှင် ပုတိဖွား

၄ခုကြွင်း သောကြာ ဖြစ်လျှင် သိုက်ဖွား

၄ခုကြွင် းစနေ ဖြစ်လျှင် မရဏဖွား

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည်၍ ၇ နှင့်စားပါ

၅ခုကြွင်းလျှင်

၅ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင် မရဏဖွား

၅ခုကြွင်းတနင်္လာ ဖြစ်လျှင် အဓိပတိဖွား

၅ခုကြွင်းအင်္ဂါ ဖြစ်လျှင် ရာဇဖွား

၅ခုကြွင်းဗုဒ္ဓဟူး ဖြစ်လျှင် အထွန်းဖွား

၅ခုကြွင်းကြာသပတေး ဖြစ်လျှင် ဘင်္ဂဖွား

၅ခုကြွင်းသောကြာ ဖြစ်လျှင် ပုတိဖွား

၅ခုကြွင်းစနေ ဖြစ်လျှင် သိုက်ဖွား

မိမိ၏ မြန်မာမွေးသက္ကရာဇ်ကိုတည် ၇ နှင့်စားပါ

၆ခုကြွင်းလျှင်

၆ခုကြွင်း တနင်္ဂနွေ ဖြစ်လျှင်သိုက်ဖွား

၆ခုကြွင်း တနင်္လာ ဖြစ်လျှင် မရဏဖွား

၆ခုကြွင်း အင်္ဂါ ဖြစ်လျှင် အဓိပတိဖွား

၆ခုကြွင်း ဗုဒ္ဓဟူး ဖြစ်လျှင်ရာဇဖွား

၆ခုကြွင်း ကြာသပတေး ဖြစ်လျှင်အထွန်းဖွား

၆ခုကြွင်း သောကြာ ဖြစ်လျှင် ဘင်္ဂဖွား

၆ခုကြွင်းစနေ ဖြစ်လျှင်ပုတိဖွား

ရာဇာဖွားဟောကိန်း

စိတ်ထားကောင်းသည်။ စေတနာကောင်းသည်။ သနားငဲ့ညှာစိတ်ကြီးမားသည်။ သူများတွေကို အမြဲတွန်းတွန်းတိုက်တိုက်အားပေးတတ်သည်။ သူများတွေကိုလဲ အားရှိစေမည့်စကားတွေနဲ့အမြဲအားပေးတတ်သည်။ ပင်ကိုယ်သဘာဝအရ ရိုးသားသည်၊တည်ကြည်သည်။ သို့သော်ပျင်းရိတတ်သည်။ လုပ်မည်ဟု ဆုံးဖြတ်ထားပြီး အချိန်ဆွဲနေတတ်သည်။ တော်တော်နဲ့ မစဖြစ်ပေ။

လုပ်ပြီဆိုရင်လဲ နေ့မအိပ် ညမအိပ်လုပ်နိုင်တဲ့သူပါပဲ။ အလွန်ပင်ပန်းခံနိုင်သည်။ ထိုသိုအပင်ပန်း ခံသည့်အလုပ်တွေကလဲ မိမိစိတ်ပျော်မဲ့အလုပ်တွေသာရွေးလုပ်တာပါ။ စိတ်ချမ်းသာမှုကို အလွန်မြတ်နိုး အလေးထားသည်။ စထားပြီး အဆုံးမသတ်ဖြစ်တဲ့ အလုပ်တွေလဲ မိမိဆီမှာ အများကြီးပင်။ မိမိသည် စိတ်ညစ်တာ စိတ်ရှုပ်တာမခံနိုင်ပါဘူး

မိမိသည်အားနာတတ်သည်။ အားနာလွန်းတာက မိမိအတွက်မကောင်းပါ။ မိမိသည် အားနည်းချက်များစွာရှိနေတတ်သည်။ ပေါ့ဆပြီး ပြီးစလွယ်လုပ်မည်၊ တစ်ခုခု လုပ်နေရင်း နောက်အသစ်တစ်ခုကိုစိတ်ပါသွားတတ်သည်။ စိတ်မငြိမ်။ အယူသည်းသည်။ ဇီဇာကြောင်တတ်သည်။ အငြင်းအခုန်သန်သည်။ မိမိသည် သူများတွေအတွက် အလွန်လွယ်ကူသောအလုပ်တွေကမိမိအတွက်ခက်ခဲနေတတ်သလို သူများတွေ မလုပ်နိုင်သော လက်လျှော့ထားသော အလုပ်တွေကိုလဲမိမိကအောင်မြင်အောင်လုပ်နိုင်သည်။

မိမိသည် ငြိမ်းငြိမ်းချမ်းချမ်းနေလိုသည်။ ကာယဝိဝေက စိတ္တဝိဝေက ဖြစ်သော နေရာမှာနေလိုသည်။ တစ်ယောက်ထဲလဲနေတတ်သည်။ အဖော်အပေါင်းအသင်းမမက်ပေ။ ဘဝင်မမြင့်တတ်ပေမဲ့ အလွန်မာနကြီးသည်။ ပညာမာန အလုပ်မာနရှိသည်။ သူများဆီက တစ်ပြားသားမှအလကားမလိုချင်သလို ကိုယ်ကလဲ တစ်ပြားသားမှမပေးချင်ပါ။ မိမိအားနှိမ့်ချဆက်ဆံထားသူအား မမေ့တတ်။ အခါအခွင့်ကြုံရင် ပြန်ကလဲ့စားခြေဖို့ စောင့်နေတတ်သည်။

ဆင်းရဲတဲ့မိဘက ပေါက်ဖွားပါစေ လူနေခြုံကြား စိတ်နေဘုံဖျား စိတ်မျိုးရှိသည်။ မတရားမှုများကိုလက်မခံတတ်ပေ။ မိမိဇာတာဟာ ကံအလွန်ကောင်းသည် မဟုတ် သော်လဲ ရည်မှန်းချက်ထားပြီးကြိုးစားတဲ့အတွက် အောင်မြင်လိမ့်မည်။ ရည်မှန်းချက်မရှိတဲ့ ရာဇဖွားတွေအတွက် အနာဂတ်မကောင်းနိုင်။ မိမိသည် သမိုင်းကိုစိတ်ဝင်စားသည်။ သူရဲကောင်းများ လူစွမ်းကောင်းများအား ကျတတ်ပြီး သူတို့လို ဖြစ်ချင်စိတ်ရှိမည်၊ ဂမ္ဘီရပစ္စည်းတွေစိတ်ဝင်စားသည်

ရှေးရိုးဆန်သည်။ ရိုးရာဓလေ့ထုံးစံကို လိုက်နာကျင့်

သုံးသည်။ အမျိုးဘာသာ သာသနာကို ချစ်မြတ်နိုးသည်။မိမိသည် ထူးဆန်းသော ဂမ္ဘီရနှင့်နွယ်သော ကိစ္စများ ကိုလေ့လာလိုက်စားလိုသည်။ ငွေကြေးကို စည်းနှင့်ကမ်းနှင့်သုံးသည်။ နှမြောတတ်သည်။ ဒါပေမဲ့ မိမိလိုချင်တဲ့ပစ္စည်းဆိုရင် မတန်တဆနှင့်ရောင်းလဲ ဝယ်သည်။ မနှမြောတော့ပေ။ ဘဝတစ်ဝက်လောက်ထိ ငွေစုဆောင်းလို့မရတတ်ပေ။

စုလိုက်ကုန်လိုက်ဖြစ်နေ မည်။ ငွေနှင့်အလွန်နီးသော ဇာတာပါတယ်။ စိတ်ထဲမှာလောဘကြီးပေမဲ့ လက်တွေ့မှာ ရသမျှနှင့်ရောင်ရဲ လွယ်သည်။

မိမိသတိထားရမည်က အိမ်ထောင်ရေးပါ။ သနားလို့အားနာလို့ မယူမိစေနဲ့။ လွယ်လွယ်ဆုံးဖြတ်ပြီး အိမ်ထောင်မပြုသင့်ပေ။ အိမ်ထောင်ရေးကံညံ့လွယ်သည်။ မိမိချစ်မြတ်နိုးရင်တောင် သူ့အကြောင်းသေချာလေ့လာပြီးမှယူသင့်သည်။ မိဘ လူကြီးတွေကပါ သဘောတူသည့်အိမ်ထောင်ဘက်ဆို အလွန်ကောင်းသည်။

မိမိသည် ဒုက္ခကိုပဲ ဖြစ်ဖြစ် သုခကိုပဲဖြစ်ဖြစ် မည်သူ့ကိုမှထုတ်ဖော်မပြောတတ်ပါ။ သူများကိုဒုက္ခမပေးပါ၊ ပြဿ နာတွေကို မိမိတစ်ယောက်ထဲသာ ခါးစည်းခံလိုသည်၊ ဒါကြောင့်လဲ မိမိကိုကြည့်ရုံနှင့် ပျော်နေလား စိတ်ဆင်းရဲနေလား မခန့်မှန်းနိုင်ကြပါ။ မိန်းမ

တွေနဲ့ ပက်သက်ပြီးအကူအညီတွေရနိုင်သည်၊ စပ်တူရှယ်ယာ လွန်စွာအကျိုးပေးသည်

ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

အဓိပတိဖွား ဟောကိန်း

အဓိပတိဆိုတဲ့အတိုင်းပဲ သူ့တို့တွေဟာ ခေါင်းဆောင်လုပ်လိုကြတယ်။ သြဇာပေးလို့ကြတယ်

အကြံပေးချင်ကြတယ်။ သူများနောက်လိုက်မလုပ်လို။ လူ့အောက်ကျို့ သိပ်မခံချင်ကြဘူး။ မိမိသာဘယ်အရာကိုမဆို စိတ်ပါလက်ပါလုပ်မယ်ဆို ထိပ်ဆုံးရောက်နိုင်တဲ့ သူတွေပါ။ လက်တွေ့မှာတော့ စိတ်ကူးများနေတတ်တယ်၊လေထဲတိုက်အိမ်ဆောက်နေတတ်ကြတယ်။ စီမံကိန်းတွေချ ၊ planတွေချပြီး လက်တွေမလုပ်ဖြစ်တတ်ပါ။

မိမိ ဉာဏ်ရည်ထက်မြက်သည်။ အတွေးအခေါ်ကောင်းသည်။ သင်ပြရလွယ်သည်။ သူများတစ်နှစ်လောက်သင်ရတဲ့ပညာကို မိမိက တစ်လလောက်သင်တာနဲ့ တတ်မြောက်သည်။ ထီထွင်ဖန်တီးလိုစိတ် ပြင်းထန်သည်။ မိမိက ကာယအားမကိုးချင်။ ဉာဏ်နသာ စိုက်ထုတ်လုပ်ချင်သည်။ ကျောပူမခံနိုင်ပေမဲ့ ခေါင်းပူခံနိုင်ကြတယ်။မိမိက အရာရာစိတ်ဝင်တစား လေ့လာလိုက်စားတတ်သည်။

အလုပ်တစ်ခုကိုလဲ ဇောက်ချမလုပ်ချင်ကြပေ။ ပညာရပ်တွေကိုလဲ နည်းနည်းစီလိုက်စားထားသည်။ ဒါကြောင့် သူ့တို့မသိတဲ့ ကဏ္ဍမရှိ ၊ အတွင်းကျကျသိသည်လဲမဟုတ်ပေ။ အပေါ်ယံသာသိသည်

အဓိပတိဖွားတွေဟာ စကားပြောကောင်းကြသည်၊ကိုယ့်ဘက်ပါအောင်စည်းရုံးတတ်သည်။ ပီယဝါစာ စကားတွေနဲ့ လူအများကို ဆွဲဆောင်နိုင်ကြတယ်။ အဓိပတိ ဖွားတွေဟာ အနုပညာဗီဇပါကြသည်။ စန်းရှိသည်။ အနုပညာ လက်မှုပညာတွေနဲ့ အောင်မြင်တတ်သည်။စိတ်ရှည်ဇွဲသန်ဖို့တော့ လိုတာပေါ့။ အဓိပတိဖွားတွေကငွေနဲ့ဝေးတဲ့ဇာတာပါတယ်။ လိုက်လေဝေးလေဖြစ်နေတတ်တယ်။

ငွေအစုလိုက်ရမယ်ဆိုပြီး မရဘဲဖြစ်နေတတ်တယ်။ အမွေရရင်တောင် မိမိခွဲတမ်းကနည်းနေတတ်တယ်။ ထီပေါက်ရင် အဖတ်မတင်ဘဲကုန်သွားတတ်တယ်၊

မိမိရဲ့ ပြင်ရမဲ့အချက်တွေထဲမှာ သနားတတ်တာရောအားနာတတ်တာရောပါတယ်။ သနားလို့ ငွေချေးရင် ဆုံးမှာပဲ။ အားနာလို့ ချေးလိုက်ရင်လဲ လှူလိုက်တယ်လို့ပဲ သဘောထားရလိမ့်မယ်။ မိမိက သူများငိုပြရင် လွန်စွာသနားတတ်သည်။ ရှိတာလေးထုတ်ပေးတတ်တယ်။ ငွေအချေးအဌားကြောင့် ဘဝမှာ ခဏခဏစိတ်ဆင်းရဲရမည်။အကြွေးပြန်မရလို့ အကူအညီလာတောင်းတဲ့ သူတွေဟာအဓိပတိဖွားတွေ အများဆုံးဖြစ်နေတာတွေ့ရတတ်တယ်

မိမိကံဇာတာအောက်လက်ငယ်သားတော်လှန်မဲ့ ဇာတာပါ၊

တပည့်မွေးလို့မရဘူး၊ ကိုယ်ကစေတနာနဲ့ တပည့်ကိုလိုက်လိုက်ရောရောနေပြီး ပညာကုန်သင်ပေးရင် မိမိကိုအာခံလိမ့်မယ်၊ ကိုယ်မွေးတဲ့မျောက်က ကိုယ့်ကိုပြန်ခြောက်တတ်တယ်။မိမိစေတနာကိုနားမလည်ဘူး၊ မိမိကိုပမာမခန့် လုပ်တတ်တယ်။ မိမိစေတနာကိုစော်ကားတတ်တယ်။ မိမိဟာ အေးအေးချမ်းချမ်းနေတတ်ကြတယ်။ ရိုးရိုးသားသားနေမယ်။ ဒါကြောင်ပဲ မိမိကိုယ် ပတ်ဝန်းကျင်က ငွေရှိတယ်။ ချမ်းသာတယ်ဟုထင်တတ်ကြသည်။ လက်တွ့မှာတော့ အမြဲတမ်းဘိုင်ကျနေမည်။ငွေမကြာခဏပြတ်နေတတ်သည်

မိမိက လူမှုရေး နိုင်ငံရေး စိတ်ဝင်စားမည်။ ဒါကြောင့်ပဲ ရပ်ကွက်ကောင်းစားရေးက စပြီး လုပ်နေမိတတ်သည်။အများအတွက် စေတနာဝန်ထမ်းလုပ်နေရတတ်သည်။မိမိသည် ငွေအစုလိုက်ဝင်သည်။ လူမှုရေး ပရဟိတရပ်ရွာကောင်းစားရေးအတွက်နဲ့ပဲ ထိုငွေပြန်ကုန်တတ်သည်။ မိမိဘဝမှာအောင်မြင်လိုရင် ကြိုးစားပါ။ အတ္တနဲ့ပရမျှတစွာလုပ်ပါ။ ဇွဲရှိပါ။ ကံဉာဏ်ဝီရိယ သုံးပါးမှာ မိမိကကံကောင်း ဉာဏ်ကောင်းပြီး ဝီရိယနည်းနေပါလိမ့်မည်။

ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

ပုတိဖွားဟောကိန်း

အရာရာတိုင်းကို လက်တွေ့မှ ယုံကြည်တတ်ကြသည်။ယထာဘူတကျမှ လက်ခံတတ်သည်။ သူများက မြှောက်ပြောတိုင်းလဲ ဘဝင်မမြင့်တတ်သလို ခြောက်ပြောတိုင်းလဲ မကြောက်တတ်ပေ။ စည်းနဲ့ကမ်းနဲ့နေတတ်သည်။ အောက်သက်ကြေသည်။ ပေးပြီးသားကတိကို တည်အောင်ထိန်းသည်။ မည်သည့်အလုပ်ကိုမဆို လေးလေးစားစားလုပ်တတ်သည်။

လူအများ၏ အထင်ကြီးခြင်း လေးစားခြင်းခံရမည်။ စည်းရုံးရေးကောင်းသည်။ဒါပေမဲ့ မိမိ၏ ကိုယ်စွမ်းကိုယ်စများကို မထုတ်ဖော်နိုင်တဲ့ ပုတိဖွားတွေ မအောင်မြင်တတ်ပေ။ မိမိအောင်မြင်ဖို့ ပတ်ဝန်းကျင်ကောင်း အသိုင်းအဝိုင်းကောင်းမှရသည်။

ဘဝတစ်လျှောက်လုံး ရုန်းကန်လုှပ်ရှားနေရတတ်သည်။ အတတ်အကျများသည်။ တုန်လှုပ်ဖွယ်ရာ ဘေးဆိုးများ မမျှော်လင့်တာသော ပြဿ နာများးလဲ မကြာခဏကြုံရတတ်သည်။ ဒါပေမဲ့ ဒုက္ခတွေကြားက သီသီလေးလွတ်မြောက်တတ်သည်။ အမြဲတမ်းအလကားမနေတတ်။ တစ်ခုခုလုပ်နေရမှကျေနပ်ကြသည်။ အပြင်ပန်းအမြင်မှာ အေးဆေးတည်ငြိမ်တယ် ထင်ရပေမဲ့ စိတ်တိုဒေါသထွက်လျှင် အမှန်အမှားမခွဲခြားတတ်တော့ပေ။ ထိန်းသိမ်းနိုင်စွမ်းနည်းကြသည်။ ဘဝတိုက်ပွဲအမြဲ ဆင်နွဲနေရမှ ကျေနပ်နေတတ်ကြတယ်။

အရာရာ ပြတ်ပြတ်သားသား ဆောင်ရွက်သည်။ တစ်ခါတလေအားနာတတ်သော်လဲ အားမနာတာကများတယ်။ ရဲတင်းလွန်ခြင်း ဦဆောင်ရဲခြင်းက လူအများရဲ့သြဘာ ပေးခြင်းခံရတတ်သည်။ မိမိသည်စိတ်ကောင်းစိတ်ဆိုး တစ်လှည့်ဆီဖြစ်မည်။ သူတော်ကောင်းစိတ် ဝင်နေရင်သူများထက် သူများထက်ကောင်းတတ်ပြီး စိတ်ဆိုးစိတ်ယုတ်ဝင်လာရင် ဘီလူးထက်မိုက်ပြတတ်သည်။ ပုတိဖွား

တွေဟာ ငယ်ငယ်ကဖတ်ဖူးတဲ့ ကျေးညီနောင်ပုံပြင်လိုပါပဲ။သူတော်ကောင်းနဲ့နီးရင် သူတော်ကောင်းဖြစ်သွားတတ်သလို သူယုတ်မာနဲ့ နီးရင် သူယုတ်မာဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် အောင်မြင်နေတဲ့ပုတိဖွားတွေကိုသုတေသနပြုကြည့်တဲ့အခါမှာ ပတ်ဝန်းကျင်ကောင်းမှာ နေခဲ့ရတာကို တွေ့ရပါတယ်။

မိမိသည် အခွင့်အရေးတွေကို လက်လွတ်မခံတတ်ဘဲရအောင်ယူတတ်သူပါပဲ။ ဖြောင့်မတ်ရိုးသားသူတွေပါပဲ။ စိတ်အခန့်မသင်လျှင် ဒေါသထွက်လွယ်သည်။ ဒေါသကြီးတာ ဒေါသထွက်လွယ်တာကို ရှောင်သင့်တယ်၊အောင်မြင်မှုအတွက်အတားအဆီး ဖြစ်နိုင်လို့ပါပဲ။ နာမည်ကျော်ကြားလွယ်တဲ့ဇာတာပါပဲ။ ကောင်းတာလုပ်ရင် နာမည်ကောင်းနဲ့ကျော်ကြားသလို ဆိုးတာလုပ်ရင်လဲ နာမည်ဆိုးကို ဖုံးဖိထားလို့မရပါဘူး။

မိမိသည်ငွေနှင့်နီးတဲ့ ဇာတာပါပဲ။ မကြာခဏငွေရတတ်သည်။ ငွေကို စည်းနဲ့ကမ်းနဲ့ သုံးမယ်လို့ ရည်မှန်းထားသော်လည်း လက်တွေ့မှာတော့လက်ဖွာတတ်သူပါပဲ။ ရှိရင်ရှိသလိုသုံးတတ်ပြီး မရှိရင်ရေသောက်ဗိုက်မှောက်နေတတ်သူပါပဲ။ စုလိုက်ကုန်လိုက်ပါပဲ။ ဘဝမှာ ဒုတိယအရွယ်ကအလွန်ကောင်းမည်။အောင်မြင်မည်။ ကျော်ကြားမည်။ လူအထင်ကြီးခြင်းခံရမည်။

မိမိဘဝဟာ မကြာခဏအပြောင်းအလဲကြုံရ တတ်သည်။ အလုပ်မှာလဲ လက်ငါးချောင်းထက်မနည်းပြောင်းလဲလုပ်ကိုင်နေရတတ်သည်။ ပုတိဖွားတွေဟာ မူရင်း စိတ်ထားဖြူစင်ပေမဲ့ ပတ်ဝန်းကျင်ကြောင့် အရောင်ပြောင်းသွားတတ်သည်။ အိမ်ထောင်ဘက်ကောင်းရတတ်သည်။ သားသမီးအကျိုးမခံစားရတတ်ပေ။

ငြိမ်းအေးလူ ( ဗေဒင်သုတေသီ)

သိုက်ဖွားဟောကိန်း

စိတ်ကူးတွေနဲ့ ဖန်တီးလို့မရ၊ အမြဲတမ်းလက်တွေ့ကျကျပဲအဆင်ပြေမည်။ စိတ်ကူးစိတ်သန်းတွေနဲ့ ရေရှည်ရည်မှန်းပြီးလုပ်သမျှ အဆင်ပြေဖို့မလွယ်။ ဘဝကိုလက်တွေကျကျ အကောင်အထည်ဖော်နိုင်မှရမည်။ အလုပ်ကိုလဲ အပင်ပန်းခံပြီးလုပ်ရမဲ့ ဇာတာပေါ့။ သူများတွေ တစ်နှစ်ထဲကြိုးစားပြီးအောင်မြင်တဲ့အလုပ်ကို ကိုယ်က သုံးနှစ်လောက်ကြိုးစားရမည်။ အလုပ်နှင့် လက်နဲ့မပြတ် လုပ်တတ်ပေမဲ့ မကြာခဏ ကြွေးတင်နေတတ် သည်။ လက်ထဲငွေပြတ်နေတယ်။ မိမိကစည်းကမ်းရှိသည်။ ငွေကိုစနစ်တကျသုံး တတ်သော်လည်း မိသားစုကြောင့် ကျန်းမာရေးကြောင့် ငွေသုံးရတတ်သည်။

မိမိကိုယ်တိုင်ကလဲ အလုပ်မရှိရင်မနေတတ်။ တစ်ခုခုအမြဲလုပ်နေတတ်သည်။ လုပ်သလောက် အလုပ်အကျိုးမခံစားရတတ်ပေ။ အလုပ်ကံညံ့သည်။ နှစ်ပေါင်းများစွာလုပ်ပြီး ရာထူးမတိုးတာ လစာမတိုးတာမျိုးကြုံရတတ်တယ်။ ဘယ်လောက်လုပ်လုပ်အကောင်းပြောမခံရတတ်။ မကြာခဏ စေတနာဝန်ထမ်း လုပ်နေရမည်။ အိတ်စိုက်လုပ်ရမည်။

တာဝန်ကျေပွန်အောင်လုပ်ပေးပေမဲ့ နောက်ကွယ်မှာ

အပြစ်ပြောခြင်းခံရမည်၊

မိမိကစိတ်ကောင်းရှိသည်။ သည်းခံစိတ်ရှိသည်။ လူအများကိုလဲ ခင်တွယ်စိတ်ရှိတယ်။ မိမိက ဘာမဟုတ်တဲ့ကိစ္စလေးတွေနဲ့ စိတ်ဆိုးနေတတ်သည်။ ကလေးတစ်ယောက်လို စိတ်ကောက်လိုက် စိတ်ပြေလိုက် မကြာခဏဖြစ်တတ်သည်။ မိမိသည် အပေါင်းအသင်းများသည်။ ဒါပေမဲ့ ရေရှည်လက်မတွဲတတ်။ အပေါင်းအသင်းသစ်တွေနဲ့ လဲ အမြဲတွေ့နေတတ်တဲ့အဖွားတွေပါပဲ။

အပျိုကြီး လူပျိုကြီးတွေလဲ ဖြစ်လွယ်ကြတယ်။ မိမိသည် လူအပင်ပန်းခံနိုင်ပေမဲ့ စိတ်အပင်ပန်းမခံနိုင်ကြပါ။ ဒါပေမဲ့ကံကလဲ စိတ်ပင်ပန်းအမြဲခံရမည်။ တစ်ယောက်ထဲဆို အားငယ်နေတတ်သည်။ ဝမ်းနည်းနေတတ်သည်။ မိမိကိုယ်ကို အားမလိုအားမရဖြစ်နေတတ်သည်။ အလုပ်တစ်ခု ကိုယ်လဲမိမိဆုံးဖြတ်ချက်ဖြင့်မဆုံးဖြတ်နိုင်ပါ။ အမြဲသူများဆီက အကြံဉာဏ်တောင်းနေရတတ်သည်။

မိမိက ပေါင်းသင်းဆက်ဆံရေးကောင်းပါတယ်။ ခင်မင်အောင်နေတတ်တယ်။ မိမိက တစ်ပါးသူကို အထင်ကြီးပြီး အယုံလွယ်တတ်တဲ့ အတွက်အလိမ်ခံရတတ်တယ်။မိမိကစိတ်အပြောင်းအလဲမြန်တယ်။ တစ်ခုမပြီးသေးခင်နောက်အသစ်တစ်ခုလုပ်တတ် တယ်။ မိမိကကံကိုယ်ယုံကြည်သည်။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်မယ်လို့

ခံယူထားသည်။ စိတ်ရှည်ပြီး မည်သည့်အလုပ်ကိုယ်မဆို သေသပ်စွာ လုပ်တတ်သည်။ မိမိကလဲ အများအထင်ကြီး အောင်လဲနေတတ်ကြသည်။

နှုတ်မှုရေးရာ ၊ အနုပညာ အလုပ်တွေ နဲ့အောင်မြင်တတ်သည်။ သိပ်မရင်းနှီးတဲ့သူဆို မိမိက စကားနည်းတဲ့သူလိုထင်ရပေမဲ့ မိမိကအရမ်းရင်းနှီးရင်တော့ စကားကိုကရားရေလွှတ်ပြောတတ်သူပါ။ စကားကိုအတုံးအလိုက်ပြောတတ်သည်။ ချီးကျူးစရာရှိလျှင် အလွန်အကျူး ချီးကျူးတတ်သလို အပြစ်တွေ့ရင်လဲ အာမနားတမ်းပြောတတ်တဲ့ အကျင့်ရှိသူပါ။ ဘွင်ဘွင်ရှင်းရှင်းပြောတတ်သည်။ မသွယ်ဝိုက်တတ်ပေ။

မိမိသည် စိတ်ကူးအလွန်ယဉ်သည်။ စိတ်ကူးနဲ့ လေထဲတိုက်အိမ်ဆောက်နေတတ်သည်။ စိတ်ကူးထားတာ ဖြစ်မလာရင်လဲ လွန်စွာ စိတ်ဓာတ်ကျတတ်သည်။ မိမိကထိုသို့ စိတ်ကူးနဲ့လုပ်မရပါ။ လက်တွေ့လုပ်ပါ။ အလုပ်ထဲကမှ ဘဝအတွက်အဆီအနှစ်တွေထုတ်ယူပါ။ လက်တွေဘဝကနေ အောင်မြင်မှုရှာပါ။ ။

ငြိမ်းအေးလူ( ဗေဒင်သုတေသီ)

အထွန်းဖွား ဟောကိန်း

ဖွားဇာတာတွေထဲမှာ အထွန်းဖွားတွေက အလွန်ပဲ တည်ကြည်တဲ့သူတွေပါ။ ကိုယ်ကျင့်သိက္ခာကျစေမဲ့ ကိစ္စ ၊ လူများလက်ညိုှးထိုးမဲ့ ကိစ္စမျိုး တတ်နိုင်သ၍ရှောင်ကြ သူတွေပါပဲ။ အစိုးရဝန်ထမ်းပဲလုပ်လုပ် ၊အပြင်အလုပ်တွေပဲလုပ်လုပ် သူများအလုပ်တိုင်းကို မိမိအလုပ်လိုသဘောထားပြီး လုပ်ပေးတတ်သူပါ။ မိမိကိုယ်ကျင့်သိက္ခာကို ထိပါးပြောဆိုလာမယ်ဆိုရင်လဲ အချိန်မဆိုင်းဘဲ ဖြေရှင်းတတ်သူပါ၊

အလွန်ပဲစေ့စပ်သေချာတဲ့သူတွေပါ။ စနစ်ကောင်းတယ်။ အလုပ်ကိုတန်ဖိုးထားမြတ်နိုးတယ်။အလုပ်နဲ့လက်နဲ့ပြတ် နေရင် မနေတတ်ဘဲ တစ်ခုခုရှာပြီးလုပ်နေတတ်သူပါ။

လုပ်စရာမရှိရင် ပျင်းနေတတ်ပြီး တစ်ခုခုလုပ်နေရမှာ ကျေနပ်နေသူတွေပါ။ မည်သည့်အလုပ်ကိုမဆို လွယ်လွယ်နဲ့ လက်မလျော့တတ်ဘဲ ဖြစ်မြောက်အောင် လုပ်တတ်သူပါ။ အလုပ်ကံကောင်းတတ်ကြတယ်။

မည်သည်အလုပ်ကို မဆို ရေရှည်ဇောက်ချပြီး လုပ်ပါကထွန်းပေါက်ပါလိမ့်မယ်။ လက်ရှိဘဝနဲ့ မတင်းတိမ်ဘဲ အမြဲတမ်း ဘဝတတ်လမ်းကို ရှာနေတတ်တဲ့ အတွက် ဖြည်းဖြည်းချင်းအောင်မြင်မှုတွေ

ရလာမှာပါ။ မည်သည့် ပညာရပ်ကိုမဆို သိလွယ်တတ်လွယ်သူတွေပါ။ မိဘတွေကသာ ပညာရေးကို ထောက်ပံ့ပေးနိုင်မယ်ဆို အလွန်ထူးချွန်ပါ လိမ့်မယ်။စိတ်ရှည်ကြတယ်။ အပင်ပန်းလဲ ခံနိုင်ကြတယ်။

ဘာလုပ်လုပ် ဂရုတစိုက်ရှိတယ်။ လုပ်သလောက်အကျိုးဖြစ်ထွန်းပင်ပေမဲ့ အောင်မြင်မှုအသီးအပွင့်တွေ အခွင့်အရေးတွေကို အခြား

လူတွေကရသွားကြတာများပါတယ်။ မိမိကအခွင့်အရေးကို ဂရုမစိုက်ပါ။ တာဝန်ကျေပွန်ရင်ကျေနပ်နေတတ်သူပါ။ လုပ်ချင်တာလုပ်ရရင် ပျော်နေတတ်သူပါ။

သူများအကျိုးစီးပွားကိုတောင်မှ အကူအညီတောင်းရင်မငြင်းတတ်သူပါ။ စိတ်ကောင်း စေတနာကောင်းသည်၊ရိုးသားတယ်။ ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောတတ်ကြတယ်။ အပြစ်လုပ်ထားရင်လဲ အားမနာတမ်းပြောတတ်ကြပါတယ်။ ပြောပြီးရင်လဲ မေ့မေ့ပျောက်ပျောက်နဲ့ နေတတ်သူ တွေပါ။ ရန်ညှိုးမထားတတ်ဘူး။ မိမိကအေးဆေးတည်ငြိမ်စွာနေတတ်တဲ့ အတွက် လူအများက ဘဝင်မြင့်တယ်။ မာနကြီးတယ်လို့ထင်တတ်ကြပါတယ်။ကိုယ်ကလဲ ခင်မင်သူများနဲ့ သာလိုက်ရောညီထွေ နေတတ်ပြီး မခင်မင်သူတွေနဲ့ကတော့ ခပ်ကင်းကင်း

နေတတ်ပါတယ်။

ဒါပေမဲ့မိမိကံက အပေါင်းအသင်းကံညံ့ပါတယ်။ မိမိကစေတနာနဲ့ပြောဆိုရင်တောင် မိတ်ဆွေတွေကအကောင်းမထင်တတ်ပါ။ မိမိကပဲ အနစ်နာခံပေါင်းသင်းနေရတတ်ပါတယ်။ မိမိက ကကျွေးလဲကျွေးရ အဆဲလဲခံရမဲ့ဇာတာပါ။ မိမိကလဲအဖော်ခင်တယ်။ အပေါင်းအသင်းမက်တယ်။ အပျော်အပါး ပွဲလမ်းသဘင် ဝါသနာထုံတယ်။ ခရီးထွက်ရတာ ဝါသနာပါတယ်။

မိမိဇာတာက သားသမီးအကျိုးပေးကံအားနည်းတယ်၊အနည်းဆုံး မိဘကို ဒုက္ခပေးမဲ့ စုန်းပြူးတစ်ယောက်လောက်တော့ပါလာတတ်တယ်။ ကိုယ်ကလဲ သားသမီးတွေ ဘာလုပ်လုပ်မျက်စိစပါးမွှေးစူးနေတတ်တယ်။ ဘာပဲလုပ်လုပ် အစမှာတော့ မိမိကအလွန်ပဲစိုးရိမ်တတ်ကြတယ်။ တကယ်လုပ်ကြည့်တဲ့အခါ မိမိအတွက်အခက်အခဲမရှိအဆင်ပြေသွားတတ်ပါတယ်။ ဇွတ်လုပ်တတ်ပြီး ဝီရိယရှိတဲ့အတွက် အောင်မြင်မှုလမ်းပေါ်ရောက်ပါလိမ့်မယ်။

ငြိမ်းအေးလူ ( ဗေဒင်သုတေသီ )

မရဏဖွားဟောကိန်း

မရဏဖွားတွေရဲ့စိတ်ကကြောက်စရာကောင်းသည်။ အမြဲတမ်း အစွန်းနှစ်ဖက်ရောက်နေတတ်တတ်သည်။ အချို့နေရာတွေမှာ ခြေသုတ်ပုဆိုးမြွေဆွယ်ကျိုးလို သည်းခံတတ်ပေမဲ့ ရက်စက်ပြီဆိုရင်လဲ သူများလိုက်မမှီအောင် ရက်စက်တတ်သူပါ။ မြွေပွေးတစ်ကောင်နှင့်အလားသဏ္ဍာန်တူသည်။ မထိသ၍ဘာမှရန်မပြုပေမဲ့ ထိမိလိုက်ရင်တော့ အန္တရာယ်အလွန်ရှိတတ်ကြသည်။

ထက်မြက်တယ်။ စိတ်ဓာတ်ပြင်းထန်ကြတယ်။ သမာသမတ်ကျတယ်။ အမှန်တရားကိုမြတ်နိုးသည်။ ရှေ့နေရှေ့ရပ်ကိစ္စ၊ ကြားဝင်ညှိနှိုင်းဆောင်ရွက်ရာမှာ ထူးချွန်တတ်သည်။

ဆွေးမျိုးထက် တစိမ်းကပိုအကျိုးပေးသည်။ ဆွေမျိုးတွေ ဒုက္ခပေးတတ်သည်။ တစိမ်းတရံကြားမှာအခြေချနေထိုင်ရတတ်သလို ဇာတိရဲ့အဝေးမှာ ထွန်းပေါက်အောင်မြင်တတ်တယ်။တစ်ခါ တရံဇွတ်တရွတ်လုပ်တတ်တာမျိုးရှောင်ပါ။ ကိုယ်ကအလုပ်အပေါ် သေချာဂရုစိုက်လုပ်ရင်တောင် သူများတွေက ပေါ့တယ် ဂရုမစိုက်ဘူး အလုပ်အပေါ်အလေးမထားဘူးလို့အပြောခံရတတ်တာမျိုးပါ။ မိမိကလဲ အလုပ်တစ်ခုကိုအစပိုင်းမှာစိတ်ပါဝင်စားတတ်သော်လည်း နောက်ပိုင်း မှာ ပျင်းရိသွားတတ်သူပါ။ကောက်ရိုးမီးလိုပါပဲ။ အစကတော့ ဟုန်းခနဲပေါ့။ နောက်ပိုင်းတော့ မီးစပင်ရှာလို့မရတတ်ဘူး။

အဲဒါကြောင့်ပဲ အလုပ်ခဏ ခဏပြောင်းမိနေတတ်တယ်။

မရဏဖွားတွေလဲ နှစ်ရှည်လုပ်ရတဲ့အလုပ် ၊ ကြာရှည်လုပ်ကိုင်ရတဲ့အလုပ်မျိုးတွေနဲ့ မသင့်လျော်ဘူး။

ဥပမာ ပေးရရင် နှစ်ရှည်ပင်စိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံ ၊ Hotel လုပ်ငန်းမျိုးတွေပေါ့။ အခုလုပ်အခုအကျိုးအမြတ်ရတဲ့ ပေါ်ပင်အလုပ်မျိုးတွေနဲ့ပဲသင့်လျော်ပါတယ်။ မိမိကစိတ်မြန်လက်မြန်ရှိပြီး မြန်မြန်သွက်သွက် နဲ့ လက်တွေ့ကျကျလုပ်ရသောအလုပ်တွေကို သဘောတွေ့တတ်ကြပါတယ်။ မရဏဖွားတွေ လောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်သူပါ။

ဒုက္ခလောကဓံကိုခါးစည်းခံနိုင်သလို သုခလောကဓံကိုလဲ ခံနိုင်သူပါ။ “ငရဲဆိုတာ ငါ့အတွက်တော့ ချွေးထုတ်ခန်း ဝင်သလောက်ပါပဲ”လို့ ပြောမဲ့သူတွေပါ။

မရဏဖွားတွေက အပြင်ပန်းကကြည့်ရင်တော့ လျှင်မြန်တယ် ဉာဏ်ပြေးတယ် သွက်လတ်တယ်လို့ ထင်ရပေမဲ့ လက်တွေ့မှာတော့ ကိစ္စတစ်ခုကို ဆုံးဖြတ်ချက်ချရာမှာ ချိတုံချတုံအလွန်ဖြစ်တတ်ပါတယ်။

ငါလုပ်လိုက်တာမှားသွားလားဆိုပြီး စိုးရိမ်စိတ်ကလေး အမြဲဝင်တတ်ပါတယ်။အားနည်းချက်က အလွန်မေ့တတ်တာပါ။ ပြောထားပြီး မေ့နေပြန်ရော။ အသက်ကြီးလာရင် အလွန်မေ့တတ်ကြတယ်။

သူတစ်ပါးအလုပ်ပင်ဖြစ်ပါစေ စေတနာပါပါနဲ့လုပ်ကိုင်ပေးတတ်သူပါပဲ။မိမိကိုယ် အားကိုးပြီးခိုင်းရင် အားကိုးသလောက်ပြန် လုပ်ပေးတတ်တယ်။ စကားကြီးစကားကျယ်ပြောတာ

အမှန်အတိုင်းသာပြောတတ်တာ တွေက လူမုန်းများသွားတတ်ပါတယ်။ ဘဝတည်ငြိမ်မှုအားနည်းတယ်။ လှိုင်းတပိုးတွေလို ဘဝကအတတ်အကျများတယ်။ အပယိကရောဂါလေး

တွေ ခဏခဏဖြစ်လွယ်တယ်။ ငယ်ဇာတာမကောင်းပါ။ ပင်ပန်းရတတ်တယ်။ စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်လွယ်တယ် ။ အိုဇာတာကတော့ ပထမတန်းစားကောင်းသူပါ။ မရဏဖွားတွေဟာ မိမိအပူသောကတွေကို သူများတွေကို လက်ဆင့်မကမ်းတတ်သူပါ။ ဒုက္ခတွေကို တစ်ယောက်ထဲခါးစည်းခံမဲ့သူတွေပါ။ ရောဂါဖြစ်ရင်တောင် အိမ်သားတွေမပြောဘဲ တစ်ယောက်ထဲကြိတ်ခံ တတ်တာမျိုးပါ။

ဘဝကိုအရှုံးမပေးတတ်သူတွေပါပဲ။ ဘယ်လိုအခက်အခဲကြုံကြုံရင်ဆိုင်သွားတတ်သူပါ။ ကံကြမ္မာကလဲ အခွင့်အရေးကောင်းတွေ မကြာခဏပေးတတ်ပါတယ်။ မိမိကဖမ်းဆုပ်တတ်ဖို့ပဲလို

ပါတယ်။ ကိုယ့်ကိုယ်ကို ဖျက် သံချေးတတ် ဆိုတာမျိုးမဖြစ်အောင် ဂရုစိုက်ပါ။ ကံက အတိုက်အခံတွေ့လေ အောင်မြင်လေပါပဲ။ မင်္ဂလာတရားတော်ထဲက ‘အတ္တသမ္မာ ပဏိဓိ စ” ဆိုတဲ့ မင်္ဂလာတရားတော်နဲ့အညီ မိမိကိုယ်ကိုစောင့်ထိန်းနိုင်မယ်ဆိုရင်တော့ အောင်မြင်မှုဆိုတာကို မလွဲမသွေ ခံစားရမှာပါ……။ ။

ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

ဘင်္ဂဖွား ဟောကိန်း

စေတနာကောင်း၊စိတ်ရင်းကောင်းသူပါပဲ။ ဇွဲလုံ့လဝီရိယနဲ့ပြည့်စုံပြီး ထက်သန်တဲ့စိတ် ၊ပြင်းပြသောဆန္ဒ၊ ကြိုးစား ချင်သောစိတ်တွေရှိကြတယ်။ မဆုတ်မနစ်သော ဇွဲက လမ်းကြောင်းမှန်ပါက အောင်မြင်မှုပန်းတိုင်ကိုရောက်မည်။ ဆုံးဖြတ်ချက်ချပြီးရင် သိကြားမင်းဆင်း၍ဖျက်တာတောင်မရပေ။ မိမိဆုံးဖြတ်ချက်သည် မှားနေရင်မှ လမ်းဆုံးရောက်အောင်လျှောက်တတ်သည်။ နောင်တတရားကလဲ မိမိသန္တန်မှာ ခဏသာခိုဝင်တတ်သည်။နောင်တရလဲ ခဏပင် ။အမှတ်သည်းခြေမရှိ ။ခေါင်းမာသည်။ တယူသန်သည်။

ပြောစရာရှိလျှင် လုပ်စရာရှိလျှင် ဘွင်ဘွင်ရှင်းရှင်းအားမနာတမ်းပြောတတ်ခြင်းကြောင့် လူမုန်းများတတ်သည်။ မိမိသည် စကားပြောမတတ်ခြင်းကြောင့်

ပေါင်းသင်းဆက်ဆံရေးညံ့သည်ဟုထင်ကြသည်။ မဟုတ်ပါ။ အတွင်းစိတ်ရင်းအရမ်းကောင်းသူဆိုတာမိမိနဲ့ ရေရှည်ပေါင်းသင်းသူသာသိသည်။ သူဘာပြောပြော စေတနာဒေါသနဲ့ ပြောသည်ဆိုတာနားလည်လာကြသည်။

ဒါကြောင့်ပဲ မိမိကိုယ်ခင်မိသူတွေက မိမိကိုယ် မိတ်ဆွေအဖြစ်ကနေ လက်လွတ်မခံချင်ကြပါ။ မိမိနဲ့ခင်မင်ဖူးသူတွေက မိမိအကြောင်းတသသပြောနေတတ်ကြသည်။ မိမိသည် တစိမ်းတရံတွေကိုခင်မိပြီဆိုရင် ဆွေမျိုးထက်ပိုခင်တတ်သည်။ ဒါကြောင့်ပဲမိမိကအခြားသူတွေကို မိမိလိုစိတ်ဖြူ သည်ထင်၍ အတွင်းရေးကိစ္စတွေ ပြောပြတိုင်ပင်အကြံဉာဏ်တောင်းမိသည်။ ထိုသို့ပြုမူခြင်းသည် အကျိုးမရှိသည့်အပြင် မိမိလျှို့ဝှက်ချက်ကို သိသွား၍မိမိအပေါ် အထင်မြင်သေး ဟားတိုက်စရာဖြစ်လိမ့်မည်။

ဘင်္ဂဖွားများဟာ ကိုယ့်ဒူးကိုယ်ချွန်ကြို းစာလိုစိတ်ရှိကြတယ်။ ဘယ်သူ့ကိုယ်မှ မမှီခိုလိုဘူး။ သူတစ်ပါးရဲ့လောင်းရိပ်မိနေတာမျိုးကိုလဲမလိုလားကြပါဘူး။ သူများကို အားကိုးလို့လဲ မရပါဘူး။ ဘယ်အလုပ်ကိစ္စမဆိုလဲ မိမိက ဦးဆောင်ဦးရွက်လုပ်ရမှလဲကျေနပ်ကြတယ်။ စီးပွားရေး ဘယ်လိုလုပ်မယ်။ ငွေကိုဘယ်လိုရှာလိုက်မယ်လို့ စိတ်ထဲတွေးနေတတ်ပေမဲ့အပြင်ပန်း လက်တွေ့မှာတော့ရသမျှနှင့်တင်းတမ်ရောင်ရဲတတ်သူပါ။

အမှန်တရားကိုမြတ်နိုးတတ်သူ၊တန်ဖိုးထားတတ်သူဖြစ်ပြီး ဘယ်အလုပ်ကိုပဲလုပ်လုပ် စေတနာပါပါနဲ့လုပ်တတ်သူပါပဲ။ စေတနာကောင်းရင် ကံကောင်းတယ်လို့ ခံယူထားသူပါ။

လူအများက မိမိကို အထင်ကြီးလေးစားပေမဲ့ မိမိက သူတစ်ပါးအထင်ကြီးအောင် ဟိတ်ဟန်မထုတ်တတ်ပါ။ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်ပေမဲ့ ပတ်ဝန်ကျင်းမှာ အခက်အခဲတခုခုဖြစ်ရင်တော့ စိတ်ပါလက်ပါ ကူညီတတ်သူပါပဲ။ မိမိကအငြင်းသန်ပါတယ်။ မှန်တယ်ထင်ရင်တော့ ငြင်းလို့ဆုံးမည်မဟုတ်ပေ။ ဖော်လံဖားမလုပ်တတ်ခြင်း ၊ မိမိကြိုးစားမှုကို ဂုဏ်ဖော်၍မပြောတတ်ခြင်းတွေကြောင့် မိမိဟာ အသိအမှတ်ပြုမခံရခြင်း ချောင်ထိုးခံရခြင်းတွေ ခဏခဏကြုံရတတ်ပါတယ်။

ဘင်္ဂဖွားတွေဟာ မည်သူ့ကိုမဆိုအဆင့်အတန်းခွဲခြားပြီးဆက်ဆံလေ့မရှိပါဘူး။ သူဌေးနဲ့ ဆက်ဆံလဲဒီအတိုင်းဆိုရင် ဆင်းရဲသားနဲ့ဆက်ဆံလဲ ဒီအတိုင်းပါပဲ။ ဘာမှပြောင်းလဲခြင်းမရှိဘဲ အားလုံးကိုတစ်သားထဲဆက်ဆံတတ်တယ်။

အခွင့်ထူးခံရဖို့ မျက်နှာသာပေးခံရဖို့ဆိုတဲ့စိတ်နဲ့ အလုပ်မလုပ်တတ်ပါ။ ပေးအပ်တဲ့တာဝန်နဲ့ ဝတ္တရားကို ကျေပွန်လိုတဲ့စိတ်နဲ့သာ လုပ်တတ်သူပါ။ငယ်ရွယ်စဉ်ကာလ အဘက်ဘက်ကကံအားနည်းတယ်။ ခြူခြာလွယ်တယ်။မိမိကို မွေးပြီးတော့ မိဘတွေလုပ်ငန်းစီးပွားတိုးတတ်နိုင်သလို အကုန် အကျတွေလဲ အလွန်များတတ်ပါတယ်။

ပထမအရွယ်ကံအားနည်းတတ်ပြီး ဒုတိယအရွယ်၊ တတိယအရွယ်ကံမြင့်တတ်ပါတယ်။ မွေးစကနေအသက်၁၂ထိ နေအိမ်အပြောင်းအရွေ့ မြို့အပြောင်းအရွေ့ ကျောင်းအပြောင်းအရွေ့ဆိုတာတွေကြုံ ရတတ်ပါ။ ဘင်္ဂဖွားတွေဟာ ကံအတတ်အကျများလွန်းတဲ့သူတွေပါပဲ။

သူတစ်ပါးကို အားကိုးပြီး စပ်တူလုပ်ငန်းမလုပ်ပါနဲ့

အမှီအခိုကင်းပြီး သူတစ်ပါးလာင်းရိပ်မမိတဲ့ဘဝနေထိုင်မှုမျိုးက မိမိဘဝကိုအောင်မြင်အောင်တွန်းပို့မှာပါ

ကိုယ်စွမ်းကိုယ်စကိုသိပြီး ဝီရိယရှိရှိကြိုးစားရင် အောင်မြင်မဲ့ ဖွားဇာတာပါပဲဗျာ
  ငြိမ်းအေးလူ (ဗေဒင်သုတေသီ)

No comments:

Post a Comment