CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, August 30, 2018
deleteလို့ရရင် သိပ်ကောင်းမှာပဲ
ဖေ့စ်ဘွတ်ဖွင့်တော့လည်း ...
ဖေ့စ်ဘွတ်စည်းမျဉ်းနဲ့အညီ မသုံးဘူး ။
ဆင်းကဒ်ထုတ်တော့လည်း ...
ပြိုင်ဘက်အော်ပရေတာတွေကြားထဲ
မျှမျှတတယှဉ်ပြိုင်ချင်တဲ့
စီးပွားရေးEthic မရှိဘူး ။
ဦးပိုင်ကုမ္ပဏီထောင်တော့လည်း
တိုင်းပြည်ကို အခွန်မဆောင်ဘူး ။
လွှတ်တော်ထဲဝင်ထိုင်တော့လည်း
ပြည်သူ့ကိုယ်စားလှယ်တွေကို
ကန့်လန့်တိုက်ဖို့ကလွဲပြီး
အခြားဘာမှ မလုပ်ဘူး ။
ကမ္ဘာမှာ"လူပါးဝပြိုင်ပွဲ"ရှိရင်...
မြန်မာစစ်တပ်ကလွဲပြီး ဘယ်သူမှ
နံပါတ်၁ မချိတ်ဘူး ။
ပွင့်ပွင့်လင်းလင်းပြောရရင်
စစ်တပ်ဟာ ဖေ့စ်ဘွတ်စည်းမျဉ်းနဲ့တင်
မညီတာ မဟုတ်ဘူး ။
စစ်တပ်စည်းမျဉ်းနဲ့လည်း မညီဘူး ။
စစ်တပ်ဟာ လူ့စည်းမျဉ်းနဲ့တောင် မညီဘူး ။
စစ်တပ်ဟာ ဘာစည်းမျဉ်းနဲ့မှကို မညီဘူး ။
စစ်တပ်ဟာ စနစ်တကျပရမ်းပတာဖြစ်နေတဲ့
အဖွဲ့အစည်းပဲ ။
ကမ္ဘာမှာဘယ်စစ်တပ်မှ မြန်မာ့စစ်တပ်လို
စီးပွားရေး မသောင်းကျန်းဘူး ။
ယုတ်စွအဆုံး
ငယ်သားတွေ ရှေ့တန်းမှာ
ငှက်ပျောအူစားရပြီး
ခေါင်းဆောင်တွေ နောက်တန်းမှာ
ဘီလျံနာဖြစ်နေတဲ့ စစ်တပ်မျိုး
ကမ္ဘာမှာ မရှိဘူး ။
ကမ္ဘာမှာ ဘယ်စစ်တပ်မှ မြန်မာ့စစ်တပ်လို
ကိုယ်မပိုင်တဲ့ နိုင်ငံရေးထဲ ဝင်မရှုပ်ဘူး ။
ကိုယ်မသိတဲ့ စီးပွားရေးထဲ ဝင်မရှုပ်ဘူး ။
ကိုယ်နားမလည်တဲ့ ပညာရေးထဲ ဝင်မရှုပ်ဘူး ။
မြန်မာစစ်တပ်ကတော့
မသာပို့ အခေါင်းထမ်းရတဲ့
နာရေးပရဟိတအလုပ်က လွဲပြီး
ဝင်မရှုပ်တဲ့နေရာ တနေရာမှမရှိဘူး ။
ကမ္ဘာမှာ ဘယ်စစ်တပ်မှ
လူထုကျွေးတဲ့ ထမင်းစားပြီး
လူထုတင်မြှောက်တဲ့ အစိုးရကို
ရန်သူလိုဆက်ဆံတာ မရှိဘူး ။
အမေရိကန်မှာနေတဲ့ မာ့ဇူကာဘတ်တောင်
တရုတ်မနဲ့အိပ်နေရင်း
မြန်မာစစ်တပ် စောက်ကျင့်မကောင်းကြောင်းကို
သိနေသေးရင်
မြန်မာပြည်မှာနေတဲ့ မြန်မာပြည်သူတွေတော့
ပြောဖွယ်ရာကို မရှိတော့ဘူး ...
မာ့ဇူကာဘတ်ကံကောင်းတာက
သူ့ဖေ့စ်ဘွတ်စည်းမျဉ်းနဲ့ မညီသူကို
သူ့ဖေ့စ်ဘွတ်ထက်ကနေ ခလုတ်တစ်ချက်နဲ့
သူမောင်းထုတ် ပစ်နိုင်တာပဲ ... ။
မြန်မာပြည်သူတွေ ကံမကောင်းတာက
လူ့စည်းမျဉ်းနဲ့ မညီသူကို
လူ့ပြည်ထက်ကနေ မောင်းထုတ်ဖို့
ဘယ်ခလုတ် သွားနှိပ်ရမယ်မှန်း
မသိကြတာပဲ ။
စစ်ဗိုလ်ချုပ်တွေရဲ့အကောင့်ကို
ဇူကာဘတ်deleteလို့ ရသလို
စစ်ဗိုလ်ချုပ်တွေရဲ့ဘဝကို
ပြည်သူတွေ deleteလို့ရရင်
သိပ်ကောင်းမှာပဲ ။
Credit: SPO
🇹🇼မောင်မာ(မုံရွာသား)
deleteလို့ရရင် သိပ်ကောင်းမှာပဲ
Reviewed by MP4 YoU
on
August 30, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment