CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, August 30, 2018
ဗိုလ်ကတော်တွေတဲ့ဗျာ … Online.စုကြေးမဲကိစ္စ စကားများရာမှလူသတ်မှုဖြစ်ပွား
သာစည် သြဂုတ်-၃၀
သာစည်မြို့အနောက်ဘက်၊မိတ္ထီလာ-တောင်ကြီး
လမ်းဘေး၊ ရှင်ရဲတစ်ထောင်ဘုရားမုခ်ဦ အနီးတွင်
(29.8.2018)-(၇း၃၀)အချိန်ခန့်က
သေဆုံးသူ မဆုရည်နှင်း-အသက်(၂၅)နှစ်နှင့်
တရားခံ မလင်းလင်းအောင်-အသက်(၂၃)နှစ်တို့ဟာ
တိုယိုတာ(ဗစ်)ကားအမျိုးအစာပေါ်တွင် online စုကြေးမဲကိစ္စနှင့်စကားများရန်ဖြစ်ကြရာ မလင်းလင်းအောင်မှ အရှည်(၁)ပေခန့်ရှိ ဓားဖြင့် မဆုရည်နှင်းအား ထိုးရာ လည်ပင်းရှေ့လည်မြို တွင် ထိုးသွင်းဒဏ်ရာနှင့်ရင်ညွန့် အလယ်တွင်ပြတ်ရှထိုးသွင်းဒဏ်ရာများရရှိပြီး သေဆုံးခဲ့တယ်လို့သိရှိရပါတယ်။
တရားခံ မလင်းလင်းအောင်မှာ (အဖ)ဦး ဝင်းအောင်၊
မကျီးကုန်းရပ်ကွက်၊မိတ္ထီလာမြို့နေသူဟုသိရပြီး သေဆုံးသူ မဆုရည်နှင်းမှာ ရှမ်းတဲလေတပ်အနီး၊ညောင်ကန်ကျေးရွာ၊ မိတ္ထီလာမြို့နယ်နေထိုင်သူများဟုလည်းသိရှိရပါတယ်။
Online သတင်းအရသိရတာတော့ ဗိုလ်ကတော်တွေလို့လည်း ကြားသိရပါတယ်။ တရားခံအား ရာဇသတ်ကြီး ပုဒ်မ(၃၀၂)ဖြင့်သာစည်မြို့မရဲစခန်းတွင် သေဆုံးသူ၏ မိခင် ဒေါ်စန်းစန်း မြင့်မှ တရားလိုပြု အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါတယ်။
fb သတင်းမျှသာ #Credit
ဗိုလ်ကတော်တွေတဲ့ဗျာ … Online.စုကြေးမဲကိစ္စ စကားများရာမှလူသတ်မှုဖြစ်ပွား
Reviewed by MP4 YoU
on
August 30, 2018
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment