Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 26, 2018

“Crazy Rich Asians” ရုပ်ရှင် အာရှတိုက်သားတွေ တခဲနက် အားပေးနေကြ


Photo: Crazy Rich Asians - facebook
အာရှတိုက်သားတချို့ရဲ့ အံ့သြဖွယ် ကြွယ်ဝမှုတွေကို နောက်ခံပြု တင်ပြရိုက်ကူးထားတဲ့ Crazy Rich Asians (ရူးသွပ်ချမ်းသာသော အာရှတိုက်သားများ) ဆိုတဲ့ ရုပ်ရှင်ကားဟာ အမေရိကန်ပြည်ထောင်စုမှာ စတင်ပြသတဲ့ သြဂုတ်လ ၁၅ ရက်နေ့ကနေ မနေ့ကအထိ ဝင်ငွေ ဒေါ်လာ သန်း ၄ဝ ရရှိခဲ့ပါတယ်။

နယူးယောက်မှာနေထိုင်တဲ့ အာရှနွယ်ဖွား အမေရိကန်သူတစ်ယောက် စင်္ကာပူကို သွားရောက်လည်ပတ်ခဲ့ရာမှာ သူမချစ်သူ မိသားစုရဲ့ အံ့သြဖွယ် ချမ်းသာကြွယ်ဝမှုတွေနဲ့ ကြုံတွေ့ရပုံကို တင်ပြထားတဲ့ အဲဒီ အချစ်နဲ့ ဟာသ ရုပ်ရှင်ကို နိုင်ငံတကာရောက် အာရှတိုက်သားတွေက အားရဝမ်းသာ အားပေးကြည့်ရှုနေကြပါတယ်။

ဟောလီဝုဒ်က ရိုက်ကူးတဲ့ ဇာတ်ကားတွေမှာ ယေဘူယျအားဖြင့် အာရှတိုက်သားတွေကို ဇာတ်ရံတွေ လူဆိုးတွေအဖြစ် ထည့်သွင်းလေ့ရှိပေမယ့် ဒီကားမှာတော့ ပထမဆုံးအကြိမ်အဖြစ် ဇာတ်ဆောင်အားလုံး အာရှတိုက်သားတွေ ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/

No comments:

Post a Comment