Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, August 26, 2018

ဥေရာပ သမုိင္းကုိေျပာင္းလဲေစခဲ့သူ (သုိ႔) စစ္သူျကီး နပုိလီယန္ ဘုိနာဘတ္


နပိုလီယန္ ဘိုနာပတ္ ( ၁၇၆၉ – ၁၈၂၁) သည္ ဥေရာပ သမိုင္းကို ေျပာင္းလဲေစႏိုင္ခဲ့သည့္ ျပင္သစ္ ဘုရင္ ျဖစ္သည္။ ၁၇၆၉ ဩဂုတ္ (၁၅) တြင္ ေမြးဖြားခဲ့၍ ၁၈၂၁ ေမ(၅) တြင္ ေသဆုံးခဲ့သည္။ ျပင္သစ္ေတာ္လွန္ေရးတြင္ ဗိုလ္ခ်ဳပ္ တစ္ဦး ျဖစ္ခဲ့ၿပီး ပထမ ျပင္သစ္အင္ပါယာ၏ ဧကရာဇ္ ျဖစ္ခဲ့သည္။

ငယ္ဘဝ

ေကာ္စီကာ ကၽြန္းတြင္ မိခင္မုဆိုးမမွေမြးဖြားခဲ့ၿပီး မေမြးဖြားမွီ ၁၅လ အလိုတြင္မွ ေကာ္စီကာကို ျပင္သစ္တို႔က သိမ္းပိုက္ခဲ့ျခင္းျဖစ္သည္။ ငယ္စဥ္က အျခားေသာ ေကာ္စီကာ မ်ိဳးခ်စ္မ်ားနည္းတူ ျပင္သစ္တို႔ကို ေတာ္လွန္ရန္ ဆႏၵရွိခဲ့ဖူးသည္ဟုဆိုသည္။ သို႔ေသာ္ အသက္ ၁၆ ႏွစ္ အ႐ြယ္တြင္ ျပင္သစ္ဗိုလ္သင္တန္းတက္ေရာက္ ၿပီးေနာက္တြင္ ျပင္သစ္ အေျမာက္တပ္တြင္ အရာရွိအျဖစ္ အမႈထမ္းခဲ့သည္။

ျပင္သစ္ေျမကို အဂၤလိပ္တို႔လက္မွ ျပန္လည္တိုက္ယူသည့္ နာမည္ေက်ာ္ ၁၇၈၃ တိုးလုံတိုက္ပြဲတြင္ ၎၏အေျမာက္တပ္ကို ဦးေဆာင္ၿပီး အသက္ငယ္ငယ္ႏွင့္ ေကာင္းစြာအစြမ္းျပႏိုင္၍ ဗိုလ္မႈးႀကီးရာထူးသို႔ တိုးျမႇင့္ခန္႔ထားခံရၿပီးေနာက္ နာမည္ရလာခဲ့သည္။

တိုက္ပြဲမ်ား

၁၇၉၆ အီတလီကိုသိမ္းပိုက္ရန္ခ်ီတက္သည့္ တပ္ကိုအုပ္ခ်ဳပ္ရန္ အသက္ ၂၇အ႐ြယ္နပိုလီယန္က ဦးေဆာင္ရသည္။ ထိုအခ်ိန္မွစကာ ေနာင္ဥေရာပတြင္တိုက္သည့္ စစ္ပြဲမ်ားကို လက္တြဲတိုက္မည့္ စစ္ဗိုလ္ခ်ဳပ္မ်ားႏွင့္ စတင္ကာတြဲဖက္မိျခင္းျဖစ္သည္။ အီတလီတိုက္ပြဲမ်ားတြင္လည္း စြမ္းစြမ္းတမံ ဦးေဆာင္သျဖင့္ ပို၍နာမည္ေက်ာ္ၾကားလာသည္။

အီတလီမွျပန္လာၿပီးေနာက္ ၁၇၉၈တြင္ အီဂ်စ္ကိုတိုက္ခိုက္ရန္ ခ်ီတက္သြားျပန္သည္။ သို႔ေသာ္ မွန္းခ်က္ႏွင့္ ႏွမ္းထြက္မကိုက္ပဲ စစ္ႏိုင္ေသာ္ႏိုင္ျငား အက်ိဳးမရွိသည့္အျပင္ မ်ားစြာေသာ စစ္သည္တို႔မွာ ျပင္းထန္ဆိုး႐ြားေသာ အီဂ်စ္၏ရာသီဥတု၊ ေရာဂါဘယ ႏွင့္ ေရတပ္တြင္ အင္အားႀကီး အဂၤလိပ္တို႔ရန္ အစရွိသည္တို႔ေၾကာင့္ အက်အဆုံးမ်ားခဲ့ရသည္။

အေျခအေနမဟန္သည့္ နပိုလီယန္လည္း တစ္ကိုယ္တည္း ကိုယ္လြတ္႐ုန္းကာ သေဘၤာတစ္စင္းတည္းျဖင့္ ျပင္သစ္သို႔ျပန္လာရသည္။ ျပင္သစ္ေရာက္ေသာ္ ပါရီလူထုက အီဂ်စ္မွ အ႐ႈံးကိုလ်စ္လၽွဴ႐ႈၿပီး အီတလီမွေအာင္ျမင္မႈတို႔ကိုသာ တဖြဖြေျပာၿပီး သူရဲေကာင္းသဖြယ္ ခ်ီးေျမႇာက္သျဖင့္ ႏိုင္ငံေရးေလာကတြင္ပါ ေနရာရလာၿပီး ျပင္သစ္ေတာ္လွန္ေရး ႏွင့္ အာဏာသိမ္းပြဲမ်ားအၿပီးတြင္ ထင္ေပၚေသာေခါင္းေဆာင္တစ္ေယာက္ျဖစ္လာသည္။

မၾကာမီတြင္ ၿပိဳင္ဖက္မ်ားကို ဖယ္ရွားၿပီး အသက္ ၃၀ အ႐ြယ္တြင္ ႏုိင္ငံ့ေခါင္းေဆာင္ျဖစ္လာေတာ့သည္။ ျပင္သစ္ေတာ္လွန္ေရးတြင္ လူထုေတာင္းဆိုေသာ လိုလားခ်က္မ်ားကို အေျခခံဥပေဒ ေရးဆြဲရာတြင္ ထည့္သြင္းေပးထားႏိုင္သည့္ အတြက္ နပိုလီယန္ကို အာဏာရွင္ဟု မျမင္ႏိုင္ပဲ သူရဲေကာင္းအျဖစ္သာ ဆက္လက္ကိုးစားခဲ့ၾကသည္။ အာဏာရၿပီးေနာက္တြင္ တိုင္းျပည္ကို အေရးပါသည့္ ျပဳျပင္ေျပာင္းလဲမႈမ်ား တရစပ္ေဆာင္႐ြက္သည္။

ဗဟိုဘဏ္ႏွင့္ တကၠသိုလ္ ကိုတည္ေထာင္ေပးသည္။ အလြန္ထင္ရွားသည့္ ေျပာင္းလဲမႈမွာ နပိုလီယန္ဥပေဒ (Code Napoleon) ျဖစ္သည္။ ယေန႔တိုင္ ဥေရာပႏိုင္ငံမ်ားတြင္ ထိုဥပေဒကို မွီျငမ္းေနစဲျဖစ္သည္။ ျပင္သစ္နယ္နိမိတ္ကို ေက်ာ္ကာ ဥေရာပ ႏိုင္ငံမ်ားကို သိမ္းယူသည္။ တိုက္တိုင္းႏိုင္သျဖင့္ ျပင္သစ္တပ္ကို ယွဥ္ႏိုင္သူမရွိေတာ့ေပ။ ထိုေၾကာင့္ ႏွစ္အနည္းငယ္အတြင္း ဥေရာပ ေျမပုံတြင္ ျပင္သစ္ပိုင္နယ္က်ယ္ျပန္႔လာသည္။

ဧကရာဇ္ နပိုလီယန္

၁၈၀၄တြင္ မိမိကိုယ္ကို ဧကရာဇ္အျဖစ္ေၾကျငာကာ ညီအစ္ကိုမ်ားကို ဥေရာပ ၃ ႏိုင္ငံတြင္ ဘုရင္ခံအျဖစ္ ခန္႔အပ္ခဲ့သည္။ ေတာ္လွန္ေရး၏အႏွစ္အရသာမ်ားကို မထိခိုက္ဟု အမ်ားက ထင္ျမင္ယုံၾကည္သျဖင့္ သမၼတႏိုင္ငံထူေထာင္လိုသူမ်ားက အေရးတယူ မကန္႔ကြက္ဝံ့ၾကေပ။ ျပည္တြင္းတြင္ ဆန္႔က်င္သူမရွိေသာ္လည္း ျပည္ပတြင္မူ သိမ္းပိုက္နယ္ေျမမ်ားမွာ ၿငိမ္သက္လွသည္မရွိေပ။ အၿမဲပင္ ပုန္ကန္ရန္ႀကိဳးပမ္းေနၾကသည္။

၁၈၀၂တြင္ အဂၤလန္ႏွင့္ ေအမီယန္စာခ်ဳပ္ ခ်ဳပ္ဆိုကာ စစ္ေျပၿငိမ္းသည္။ တစ္ႏွစ္သာ ခံၿပီးအဂၤလန္ႏွင့္ မဟာမိတ္မ်ားက ျပင္သစ္ကို စစ္ေၾကျငာၾကျပန္သည္။ ၾကည္းတပ္တြင္ အစဥ္အလာအတိုင္း နပိုလီယန္၏ ျပင္သစ္တပ္မ်ား ခ်ိမ့္ခ်ိမ့္သည္း ေအာင္ပြဲခံေသာ္လည္း ပင္လယ္တြင္ ေရတပ္အင္အား ေတာင့္တင္းသည့္ အဂၤလန္တို႔အား ၁၈၀၅ ထေရာ္လဖာတိုက္ပြဲတြင္ အႀကီးအက်ယ္႐ႈံးရသည္။

ေနာက္ေျခာက္ပတ္တြင္ ဩစတီးယား ႏွင့္႐ုရွားႏွစ္ႏိုင္ငံ တပ္ေပါင္းစုကို ဩစတာလစ္တြင္ ႏိုင္ေသာ္လည္း အက်ိဳးမထူးေတာ့ေပ။ အဘယ့္ေၾကာင့္ဆိုေသာ္ ပင္လယ္ျပင္တြင္ အဂၤလန္တို႔ ဗိုလ္စြဲၿပီးျဖစ္သျဖင့္ ျပင္သစ္တို႔မွာ မ်ားစြာနစ္နာရေလသည္။ ၁၈၀၈တြင္ အိုေဗရီယန္ကၽြန္းသို႔ မလိုအပ္ပဲျပင္သစ္တပ္မ်ားကို ပို႔ၿပီးတပ္စြဲထားေစျခင္းျဖင့္ အမွားတစ္ရပ္ကို က်ဴးလြန္လိုက္ေသးသည္။ ထို႔ျပင္ အေရးပါသည့္ သမိုင္းျဖစ္ရပ္တစ္ခုမွာ အေမရိကရွိ ျပင္သစ္ပိုင္ လူဝီစီယားနားျပည္နယ္ကို အေမရိကန္ျပည္ေထာင္စုထံ ေရာင္းခ်ပစ္ခဲ့သည္။

အ႐ႈံးမ်ား

အႀကီးဆုံးေသာ ျပင္သစ္တို႔၏ ဆုံး႐ႈံးမႈႏွင့္ နပိုလီယန္၏ အမွားမွာ ႐ုရွားသို႔ခ်ီတက္ျခင္းျဖစ္သည္။ ၁၈၀၇တြင္ ႐ုရွားဇာဘုရင္ႏွင့္ ခ်စ္ၾကည္ေရးစာခ်ဳပ္ ခ်ဳပ္ဆိုထားေသာ္လည္း ၁၈၁၂တြင္ ႐ုရွားကိုတိုက္သည္။ ႐ုရွားတပ္မ်ားက နပိုလီယန္တပ္ကို ရင္ဆိုင္တိုက္သည္မရွိပဲ ေရွာင္ရွားသြားၾကသည္။ ထို႔ေၾကာင့္ ျပင္သစ္တပ္မ်ားမွာ ေမာ္စကိုၿမိဳ႕ထိ အခက္အခဲႀကီးႀကီးမားမား တစ္စုံတစ္ရာမေတြ႕ပဲ ခ်ီတက္သြားႏိုင္ခဲ့သည္။ သို႔ေသာ္ ေမာ္စကိုမွာ ႐ုရွားတို႔မီးတိုက္ကာ ခ်န္ခဲ့သျဖင့္ အႀကီးအက်ယ္ ဒုကၡေရာက္ေတာ့သည္။

ေမာ္စကိုတြင္ တပ္ခ်ကာ ႐ုရွားမွစစ္ေျပၿငိမ္းရန္ ကမ္းလွမ္းသည္ကို ငါးပတ္တိတိ ေစာင့္ေသာ္လည္း အက်ိဳးမထူးေတာ့သျဖင့္ တပ္ေခါက္ျပန္ရန္ ဆုံးျဖတ္သည္။ သို႔ေသာ္ အခ်ိန္ေႏွာင္းေလၿပီ။ ႐ုရွားတပ္မ်ား၊ ႐ုရွားေဆာင္းတြင္း၊ ရိကၡာမလုံေလာက္သည့္ ဒဏ္မ်ားကို မ႐ႈမလွခံစားရကာ ျပင္သစ္ျပန္အေရာက္တြင္ စစ္သည္ ၁၀ရာခိုင္ႏႈန္းသာ က်န္ေတာ့သည္။ ဩစႀတီးယား၊ ပရပ္ရွား အစရွိသည့္ သိမ္းပိုက္ခံမ်ားအေနျဖင့္လည္း ယခုအခ်ိန္သည္ ျပင္သစ္တို႔ကို ေတာ္လွန္ရန္ အခ်ိန္ေကာင္းျဖစ္ေၾကာင္း နားလည္သည့္အေလၽွာက္ ေတာ္လွန္ၾကသည္။

ထိုသို႔ျဖင့္ ႏွစ္ဖက္ ရင္ဆိုင္တိုက္သည့္ လိုက္ပဇ္တြင္ ျပင္သစ္တပ္မ်ား ထပ္မံအေရးႏွိမ့္သျဖင့္ အင္အားနည္းေၾကာင္း သိသာစြာ ေပၚလြင္သည္။ တစ္ႏွစ္အၾကာတြင္ ရာထူးမွ ႏုတ္ထြက္ကာ အီတလီအနီးရွိ အယ္လာဗ္ကၽြန္းသို႔ အက်ယ္ခ်ဳပ္ျဖင့္ အပို႔ခံရသည္။

ထိုကၽြန္းမွ ၁၈၁၅တြင္ ထြက္ေျပးလာကာ ျပင္သစ္ျပန္ေရာက္ေသာ္ ျပည္သူတို႔က ဝမ္းပမ္းတသာႀကိဳဆိုၿပီး အာဏာျပန္အပ္ၾကသည္။ အာဏာရသည့္ႏွင့္ အျခားဥေရာပႏိုင္ငံမ်ားကို စစ္ေၾကညာသည္။ အာဏာရၿပီး ရက္တစ္ရာတြင္ တိုက္ခိုက္ၾကသည့္ ဝါတာလူးစစ္ပြဲတြင္ ႐ႈံးသျဖင့္ ၿဗိတိသၽွတို႔ ဖမ္းဆီးေခၚေဆာင္သြားၿပီးေနာက္ စိန္႔ဟယ္လင္နာ ကၽြန္းသို႔ ပို႔ေဆာင္ခံခဲ့ရသည္။ စိန္႔ဟယ္လင္နာကၽြန္းတြင္ပင္ အက်ဥ္းသားအျဖစ္ ေနထိုင္သြားခဲ့ရၿပီး ကင္ဆာေရာဂါျဖင့္ ၁၈၂၁ တြင္ ကြယ္လြန္ရွာသည္။

ေသဆုံးျခင္းအေၾကာင္း

အစာအိမ္ကင္ဆာျဖင့္ ေသဆုံးသည္ဟု နပိုလီယန္၏ ဆရာဝန္၏ ခြဲစိတ္စစ္ေဆးမႈမွတ္တမ္းတြင္ ေဖာ္ျပထားသည္။ ေနာက္ပိုင္းတြင္ အာဆင္းနစ္အဆိပ္ျဖင့္ အသတ္ခံရသည္ဟု ယူဆလာၾကသည္။ အေၾကာင္းမွာ နပိုလီယန္ ေသဆုံးခါနီးဆံခ်ည္တို႔တြင္ အာဆင္းနစ္ပါဝင္ႏႈန္း အဆမတန္ ျမင့္မားေနျခင္းေၾကာင့္ျဖစ္သည္။ ၂၀၀၇ ႏွင့္ ၂၀၀၈ တြင္ ျပဳလုပ္ခဲ့ေသာ ေလ့လာမႈမ်ားအရ နပိုလီယန္သည္ ကေလးဘဝတည္းက သဘာဝအေလ်ာက္ အာဆင္းနစ္ဓာတ္သင့္ႏႈန္း မ်ားျပားခဲ့ၿပီး အစာအိမ္ကင္ဆာျဖင့္ ေသဆုံးခဲ့ေၾကာင္း အတည္ျပဳခဲ့သည္။

ရည္ၫႊန္းကိုးကား
E. Hales, “Napoleon and the Pope”, (London:1962)
ေက်ာ္စြာ(၁၀၀)-ေဒါက္တာသန္းထြန္း
Myanmar Wikipedia






# Unicode Version ျဖင့္ ဖတ္ပါ #
နပိုလီယန် ဘိုနာပတ် ( ၁၇၆၉ – ၁၈၂၁) သည် ဥရောပ သမိုင်းကို ပြောင်းလဲစေနိုင်ခဲ့သည့် ပြင်သစ် ဘုရင် ဖြစ်သည်။ ၁၇၆၉ ဩဂုတ် (၁၅) တွင် မွေးဖွားခဲ့၍ ၁၈၂၁ မေ(၅) တွင် သေဆုံးခဲ့သည်။ ပြင်သစ်တော်လှန်ရေးတွင် ဗိုလ်ချုပ် တစ်ဦး ဖြစ်ခဲ့ပြီး ပထမ ပြင်သစ်အင်ပါယာ၏ ဧကရာဇ် ဖြစ်ခဲ့သည်။

ငယ်ဘဝ

ကော်စီကာ ကျွန်းတွင် မိခင်မုဆိုးမမှမွေးဖွားခဲ့ပြီး မမွေးဖွားမှီ ၁၅လ အလိုတွင်မှ ကော်စီကာကို ပြင်သစ်တို့က သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ငယ်စဉ်က အခြားသော ကော်စီကာ မျိုးချစ်များနည်းတူ ပြင်သစ်တို့ကို တော်လှန်ရန် ဆန္ဒရှိခဲ့ဖူးသည်ဟုဆိုသည်။ သို့သော် အသက် ၁၆ နှစ် အရွယ်တွင် ပြင်သစ်ဗိုလ်သင်တန်းတက်ရောက် ပြီးနောက်တွင် ပြင်သစ် အမြောက်တပ်တွင် အရာရှိအဖြစ် အမှုထမ်းခဲ့သည်။

ပြင်သစ်မြေကို အင်္ဂလိပ်တို့လက်မှ ပြန်လည်တိုက်ယူသည့် နာမည်ကျော် ၁၇၈၃ တိုးလုံတိုက်ပွဲတွင် ၎င်း၏အမြောက်တပ်ကို ဦးဆောင်ပြီး အသက်ငယ်ငယ်နှင့် ကောင်းစွာအစွမ်းပြနိုင်၍ ဗိုလ်မှုးကြီးရာထူးသို့ တိုးမြှင့်ခန့်ထားခံရပြီးနောက် နာမည်ရလာခဲ့သည်။

တိုက်ပွဲများ

၁၇၉၆ အီတလီကိုသိမ်းပိုက်ရန်ချီတက်သည့် တပ်ကိုအုပ်ချုပ်ရန် အသက် ၂၇အရွယ်နပိုလီယန်က ဦးဆောင်ရသည်။ ထိုအချိန်မှစကာ နောင်ဥရောပတွင်တိုက်သည့် စစ်ပွဲများကို လက်တွဲတိုက်မည့် စစ်ဗိုလ်ချုပ်များနှင့် စတင်ကာတွဲဖက်မိခြင်းဖြစ်သည်။ အီတလီတိုက်ပွဲများတွင်လည်း စွမ်းစွမ်းတမံ ဦးဆောင်သဖြင့် ပို၍နာမည်ကျော်ကြားလာသည်။

အီတလီမှပြန်လာပြီးနောက် ၁၇၉၈တွင် အီဂျစ်ကိုတိုက်ခိုက်ရန် ချီတက်သွားပြန်သည်။ သို့သော် မှန်းချက်နှင့် နှမ်းထွက်မကိုက်ပဲ စစ်နိုင်သော်နိုင်ငြား အကျိုးမရှိသည့်အပြင် များစွာသော စစ်သည်တို့မှာ ပြင်းထန်ဆိုးရွားသော အီဂျစ်၏ရာသီဥတု၊ ရောဂါဘယ နှင့် ရေတပ်တွင် အင်အားကြီး အင်္ဂလိပ်တို့ရန် အစရှိသည်တို့ကြောင့် အကျအဆုံးများခဲ့ရသည်။

အခြေအနေမဟန်သည့် နပိုလီယန်လည်း တစ်ကိုယ်တည်း ကိုယ်လွတ်ရုန်းကာ သင်္ဘောတစ်စင်းတည်းဖြင့် ပြင်သစ်သို့ပြန်လာရသည်။ ပြင်သစ်ရောက်သော် ပါရီလူထုက အီဂျစ်မှ အရှုံးကိုလျစ်လျှူရှုပြီး အီတလီမှအောင်မြင်မှုတို့ကိုသာ တဖွဖွပြောပြီး သူရဲကောင်းသဖွယ် ချီးမြှောက်သဖြင့် နိုင်ငံရေးလောကတွင်ပါ နေရာရလာပြီး ပြင်သစ်တော်လှန်ရေး နှင့် အာဏာသိမ်းပွဲများအပြီးတွင် ထင်ပေါ်သောခေါင်းဆောင်တစ်ယောက်ဖြစ်လာသည်။

မကြာမီတွင် ပြိုင်ဖက်များကို ဖယ်ရှားပြီး အသက် ၃၀ အရွယ်တွင် နိုင်ငံ့ခေါင်းဆောင်ဖြစ်လာတော့သည်။ ပြင်သစ်တော်လှန်ရေးတွင် လူထုတောင်းဆိုသော လိုလားချက်များကို အခြေခံဥပဒေ ရေးဆွဲရာတွင် ထည့်သွင်းပေးထားနိုင်သည့် အတွက် နပိုလီယန်ကို အာဏာရှင်ဟု မမြင်နိုင်ပဲ သူရဲကောင်းအဖြစ်သာ ဆက်လက်ကိုးစားခဲ့ကြသည်။ အာဏာရပြီးနောက်တွင် တိုင်းပြည်ကို အရေးပါသည့် ပြုပြင်ပြောင်းလဲမှုများ တရစပ်ဆောင်ရွက်သည်။

ဗဟိုဘဏ်နှင့် တက္ကသိုလ် ကိုတည်ထောင်ပေးသည်။ အလွန်ထင်ရှားသည့် ပြောင်းလဲမှုမှာ နပိုလီယန်ဥပဒေ (Code Napoleon) ဖြစ်သည်။ ယနေ့တိုင် ဥရောပနိုင်ငံများတွင် ထိုဥပဒေကို မှီငြမ်းနေစဲဖြစ်သည်။ ပြင်သစ်နယ်နိမိတ်ကို ကျော်ကာ ဥရောပ နိုင်ငံများကို သိမ်းယူသည်။ တိုက်တိုင်းနိုင်သဖြင့် ပြင်သစ်တပ်ကို ယှဉ်နိုင်သူမရှိတော့ပေ။ ထိုကြောင့် နှစ်အနည်းငယ်အတွင်း ဥရောပ မြေပုံတွင် ပြင်သစ်ပိုင်နယ်ကျယ်ပြန့်လာသည်။

ဧကရာဇ် နပိုလီယန်

၁၈၀၄တွင် မိမိကိုယ်ကို ဧကရာဇ်အဖြစ်ကြေငြာကာ ညီအစ်ကိုများကို ဥရောပ ၃ နိုင်ငံတွင် ဘုရင်ခံအဖြစ် ခန့်အပ်ခဲ့သည်။ တော်လှန်ရေး၏အနှစ်အရသာများကို မထိခိုက်ဟု အများက ထင်မြင်ယုံကြည်သဖြင့် သမ္မတနိုင်ငံထူထောင်လိုသူများက အရေးတယူ မကန့်ကွက်ဝံ့ကြပေ။ ပြည်တွင်းတွင် ဆန့်ကျင်သူမရှိသော်လည်း ပြည်ပတွင်မူ သိမ်းပိုက်နယ်မြေများမှာ ငြိမ်သက်လှသည်မရှိပေ။ အမြဲပင် ပုန်ကန်ရန်ကြိုးပမ်းနေကြသည်။

၁၈၀၂တွင် အင်္ဂလန်နှင့် အေမီယန်စာချုပ် ချုပ်ဆိုကာ စစ်ပြေငြိမ်းသည်။ တစ်နှစ်သာ ခံပြီးအင်္ဂလန်နှင့် မဟာမိတ်များက ပြင်သစ်ကို စစ်ကြေငြာကြပြန်သည်။ ကြည်းတပ်တွင် အစဉ်အလာအတိုင်း နပိုလီယန်၏ ပြင်သစ်တပ်များ ချိမ့်ချိမ့်သည်း အောင်ပွဲခံသော်လည်း ပင်လယ်တွင် ရေတပ်အင်အား တောင့်တင်းသည့် အင်္ဂလန်တို့အား ၁၈၀၅ ထရော်လဖာတိုက်ပွဲတွင် အကြီးအကျယ်ရှုံးရသည်။

နောက်ခြောက်ပတ်တွင် ဩစတီးယား နှင့်ရုရှားနှစ်နိုင်ငံ တပ်ပေါင်းစုကို ဩစတာလစ်တွင် နိုင်သော်လည်း အကျိုးမထူးတော့ပေ။ အဘယ့်ကြောင့်ဆိုသော် ပင်လယ်ပြင်တွင် အင်္ဂလန်တို့ ဗိုလ်စွဲပြီးဖြစ်သဖြင့် ပြင်သစ်တို့မှာ များစွာနစ်နာရလေသည်။ ၁၈၀၈တွင် အိုဗေရီယန်ကျွန်းသို့ မလိုအပ်ပဲပြင်သစ်တပ်များကို ပို့ပြီးတပ်စွဲထားစေခြင်းဖြင့် အမှားတစ်ရပ်ကို ကျူးလွန်လိုက်သေးသည်။ ထို့ပြင် အရေးပါသည့် သမိုင်းဖြစ်ရပ်တစ်ခုမှာ အမေရိကရှိ ပြင်သစ်ပိုင် လူဝီစီယားနားပြည်နယ်ကို အမေရိကန်ပြည်ထောင်စုထံ ရောင်းချပစ်ခဲ့သည်။

အရှုံးများ

အကြီးဆုံးသော ပြင်သစ်တို့၏ ဆုံးရှုံးမှုနှင့် နပိုလီယန်၏ အမှားမှာ ရုရှားသို့ချီတက်ခြင်းဖြစ်သည်။ ၁၈၀၇တွင် ရုရှားဇာဘုရင်နှင့် ချစ်ကြည်ရေးစာချုပ် ချုပ်ဆိုထားသော်လည်း ၁၈၁၂တွင် ရုရှားကိုတိုက်သည်။ ရုရှားတပ်များက နပိုလီယန်တပ်ကို ရင်ဆိုင်တိုက်သည်မရှိပဲ ရှောင်ရှားသွားကြသည်။ ထို့ကြောင့် ပြင်သစ်တပ်များမှာ မော်စကိုမြို့ထိ အခက်အခဲကြီးကြီးမားမား တစ်စုံတစ်ရာမတွေ့ပဲ ချီတက်သွားနိုင်ခဲ့သည်။ သို့သော် မော်စကိုမှာ ရုရှားတို့မီးတိုက်ကာ ချန်ခဲ့သဖြင့် အကြီးအကျယ် ဒုက္ခရောက်တော့သည်။

မော်စကိုတွင် တပ်ချကာ ရုရှားမှစစ်ပြေငြိမ်းရန် ကမ်းလှမ်းသည်ကို ငါးပတ်တိတိ စောင့်သော်လည်း အကျိုးမထူးတော့သဖြင့် တပ်ခေါက်ပြန်ရန် ဆုံးဖြတ်သည်။ သို့သော် အချိန်နှောင်းလေပြီ။ ရုရှားတပ်များ၊ ရုရှားဆောင်းတွင်း၊ ရိက္ခာမလုံလောက်သည့် ဒဏ်များကို မရှုမလှခံစားရကာ ပြင်သစ်ပြန်အရောက်တွင် စစ်သည် ၁၀ရာခိုင်နှုန်းသာ ကျန်တော့သည်။ ဩစတြီးယား၊ ပရပ်ရှား အစရှိသည့် သိမ်းပိုက်ခံများအနေဖြင့်လည်း ယခုအချိန်သည် ပြင်သစ်တို့ကို တော်လှန်ရန် အချိန်ကောင်းဖြစ်ကြောင်း နားလည်သည့်အလျှောက် တော်လှန်ကြသည်။

ထိုသို့ဖြင့် နှစ်ဖက် ရင်ဆိုင်တိုက်သည့် လိုက်ပဇ်တွင် ပြင်သစ်တပ်များ ထပ်မံအရေးနှိမ့်သဖြင့် အင်အားနည်းကြောင်း သိသာစွာ ပေါ်လွင်သည်။ တစ်နှစ်အကြာတွင် ရာထူးမှ နုတ်ထွက်ကာ အီတလီအနီးရှိ အယ်လာဗ်ကျွန်းသို့ အကျယ်ချုပ်ဖြင့် အပို့ခံရသည်။

ထိုကျွန်းမှ ၁၈၁၅တွင် ထွက်ပြေးလာကာ ပြင်သစ်ပြန်ရောက်သော် ပြည်သူတို့က ဝမ်းပမ်းတသာကြိုဆိုပြီး အာဏာပြန်အပ်ကြသည်။ အာဏာရသည့်နှင့် အခြားဥရောပနိုင်ငံများကို စစ်ကြေညာသည်။ အာဏာရပြီး ရက်တစ်ရာတွင် တိုက်ခိုက်ကြသည့် ဝါတာလူးစစ်ပွဲတွင် ရှုံးသဖြင့် ဗြိတိသျှတို့ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် စိန့်ဟယ်လင်နာ ကျွန်းသို့ ပို့ဆောင်ခံခဲ့ရသည်။ စိန့်ဟယ်လင်နာကျွန်းတွင်ပင် အကျဉ်းသားအဖြစ် နေထိုင်သွားခဲ့ရပြီး ကင်ဆာရောဂါဖြင့် ၁၈၂၁ တွင် ကွယ်လွန်ရှာသည်။

သေဆုံးခြင်းအကြောင်း

အစာအိမ်ကင်ဆာဖြင့် သေဆုံးသည်ဟု နပိုလီယန်၏ ဆရာဝန်၏ ခွဲစိတ်စစ်ဆေးမှုမှတ်တမ်းတွင် ဖော်ပြထားသည်။ နောက်ပိုင်းတွင် အာဆင်းနစ်အဆိပ်ဖြင့် အသတ်ခံရသည်ဟု ယူဆလာကြသည်။ အကြောင်းမှာ နပိုလီယန် သေဆုံးခါနီးဆံချည်တို့တွင် အာဆင်းနစ်ပါဝင်နှုန်း အဆမတန် မြင့်မားနေခြင်းကြောင့်ဖြစ်သည်။ ၂၀၀၇ နှင့် ၂၀၀၈ တွင် ပြုလုပ်ခဲ့သော လေ့လာမှုများအရ နပိုလီယန်သည် ကလေးဘဝတည်းက သဘာဝအလျောက် အာဆင်းနစ်ဓာတ်သင့်နှုန်း များပြားခဲ့ပြီး အစာအိမ်ကင်ဆာဖြင့် သေဆုံးခဲ့ကြောင်း အတည်ပြုခဲ့သည်။

ရည်ညွှန်းကိုးကား
E. Hales, “Napoleon and the Pope”, (London:1962)
ကျော်စွာ(၁၀၀)-ဒေါက်တာသန်းထွန်း
Myanmar Wikipedia

No comments:

Post a Comment