Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 3, 2018

သမီးငယ်လေးတစ်ယောက်ရဲ့ ရောဂါဆန်း


စိတ်မကောင်းဘူးသမီးလေး ပပဝင်း
ပြည် ဆေးရုံကြီးက ရောဂါအမည်မတပ်ပေးနိုင်
ဟယ်လပင် ကလေးဆေးရုံ ရန်ကုန်ဆီလွှဲတယ်
အလုပ်သင်ဆရာဝန်တွေမမြင်ဘူးလို့ ဝိုင်းအုံ ဓါတ်ပုံ ရိုက်ကြတယ် ဆရာဝန်တွေ အဆင့်ဆင့်စစ်တယ်
ရန်ကုန်အထွေထွေ ဆေရုံကြီးဆီ ထပ်လွှဲတယ်
ဆေးရုံကြီးက ဆရာဝန်ကြီးတွေ အဆင့်ဆင့် စစ်ဆေးကြပါတယ် CT ဓါတ်မှန်တွေရိုက်တယ်
သိန်းချီကုန်ကျပါတယ်
ဓါတ်မှန် အဖြေတွေကို အောက်က ဆရာဝန်တွေက
စစ်ဆေးပေးကြပါတယ်
ညနေ နေဝင်မှ ပြခွင့်ရတဲ့ သမားတော်ကြီးက ဘာမှတောင်မစစ်ဆေးတော့ပဲ ၁၁ နှစ်သမီးမို့ ရန်ကင်း
ခလေးဆေးရုံ ဆက်လွှဲပါတယ်
ရန်ကင်းမှာ ပထမဆရာဝန်က သူ့ဆီလွှဲတာမဟုတ် နာမ်မည်တပ်လွှဲတာမို့ ထပ်စောင့်ရပါတယ်
ညနေ နေဝင်မှ လွှဲတဲ့ ဆရာဝန်မကြီးနဲ့ ထပ်တွေ့ရပါတယိ

ဇာတ်လမ်းကပြတ်သလောက်ထိပြောပါတယ်
ရန်ကုန်ဆေးရုံကြီးက လွှဲတဲ့ဆရာဝန်ကြီးက သူ့ဆရာပါတဲ့ သူမလုပ်နိုင်တဲ့အလုပ်ကို သူ့ဆီလွှဲတာပါတဲ့
သူက ဒီသွေးကြောမျိုး ရောဂါနဲ့ပတ်သက်ပြီး လုံးဝ မတတ်ပါဘူးတဲ့
လက်ဖြတ်ပစ်ရမဲ့ကိန်းရှိနေပါတယ်တဲ့
ပါရမီဆေးရုံက ဆရာဝန်ဆီ သွားပြကြည့်ပါလားတဲ့
ဒါပေမဲ့ အဲဒီဆရာဝန်ကလည်း ဒီရောဂါပိုင်း ကိုင်တာတော့မဟုတ်ပါဘူးတဲ့
မြန်မာပြည်မှာတော့ ဘယ်သူမှ မကုပေးနိုင်တော့ဘူး
ဖြစ်နေပါပြီ။
ဒီသွေးကြောအဖုတွေက မတော်တဆများထိခိုက်မိလို့
ပေါက်ပြဲခဲ့ရင်လဲ သွေးမတိတ်တော့ပဲ သေသွားနိုင်ပါတယ်တဲ့။
ဆေးရုံကြီး ဆရာဝန်တစ်ယောက်ပြောတာကတော့ လက်ပုပ်သွားတတ်ပါတယ်တဲ့။

ကဲ ခုကျွန်တော် ဘာဆက်လုပ်ရမလဲ။
သမီးကတော့ ခလေးဆိုတော့ ပျော်ပျော်ပါပဲ။
ဒီအတိုင်းဆက်သွားရင် ဒီသွေးကြောတွေက ဆက်ပွါး
နေပြီး ဘယ်အရွယ်ထိ နေနိုင်မှာလဲ။
ထိခိုက်ဒဏ်ရာ ရလို့ သွေးထွက်တာနဲ့ သွေးမတိတ်
တော့ဘူးဆိုလဲ သေသွားနိုင်တာပဲ။

တိုင်းရင်းဆေးသမားတော်တွေနဲ့တော့ ဆက်ပြကြည့်ဦးမယ်
မိတ်ဆွေများလဲ နီးစပ်ရာ လမ်းညွှန်ပေးပါလို့ တောင်းပန်ပါတယ်ဗျာ။

မြတ်စိုးနိုင် 095040656
https://m.facebook.com/story.php?story_fbid=943810625827012&id=100005942500722
ပြန်လည်ကူးယူဖော်ပြပေးပါသည်။ ။




No comments:

Post a Comment