Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 3, 2018

၁၄ နှစ်အရွယ် မြေးမလေးပျောက်လို့ လိုက်ရှာတော့ တစ်​ရွာထည်းသား၏ ​အိမ်​ခြင်​​ထောင်​အတွင်း​တွေ့သောအခါ







 tinlayzaw

#Unicode Version#
၁၄ နှစ်အရွယ် မြေးမလေးပျောက်သွားလို့ လိုက်ရှာတော့ တစ်ရွာထည်းသား၏ နေအိမ်ခြင်ထောင်အတွင်းတွေ့သောအခါ

အိမ်ကပျောက်သွားတဲ့ မြေးမလေးကို လိုက်ရှာတော့ တစ်ရွာထည်းသား ၏ နေအိမ်ခြင်ထောင် အတွင်းကတွေ့လို့မိခင်က ရဲတိုင်။

မှု့ခင်းသတင်းဂျာနယ် 25,7,18

၃.၇.၂၀၁၈ ညနေ ၄ နာရီ အချိန်ကပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့နယ်မှတ်တိုင်နယ်မြေရဲစခန်း အရှေ့တောင် ဘက် ၇ မိုင် ၄ ဖာလုံခန့်အကွာ ××××ကျေးရွာ အုပ်စု ×××××ကျေးရွာ မှ မိခင်ဖြစ်သူ ဒေါ်××××× ၃၅ နှစ်သည် ၎င်းရွာတောင်ပိုင်း ကွမ်းခြံတွင် ရှိနေစဉ် ဒေါ်×××××၏ မိခင်ဖြစ်သူမှ ဒေါ်××××၆၈နှစ်မှ ဖုံးဆက်ပြီး မြေးဖြစ်သူ မ××××၁၄ နှစ်သည် နေအိမ်မှ ထွက်ခွာ သွား၍သမီးဖြစ်သူ ဒေါ်××××ထံ ရောက်နေသလားဟု မေးမြန်းရာ ရောက်လာခြင်းမရှိကြောင်း ပြန်လည်ဖြေကြားပြီး မိခင်ဖြစ်သူမှ နေအိမ်သို့ ပြန်လာသည် ဆို၏။

နေအိမ်တွင် သမီးဖြစ်သူ မ××××အားမတွေ့ရှိသဖြင့် သမီးဖြစ်သူ သွားလာတတ်သော မ×××× ၏ နေအိမ်သို့ သွားရောက်မေးမြန်းရာ ခြံနောက်ဘက်သို့ ထွက်သွား ကြောင်း ပြောပြသိရှိရသဖြင့်လိုက်လံရှာဖွေရာ မင်းအောင် (ခ)မင်းဇေယျာအောင်မှာ ၎င်းခြံရှေ့တွင်ရပ်နေသည်ကို တွေ့မြင်ရသဖြင့် မသင်္ကာသဖြင့် နေအိမ်အတွင်း ဝင်ရောက်ရှာဖွေရာ နေအိမ် ခြင်ထောင် အတွင်း သမီးဖြစ်သူ ကို ထိုင်လျှက်တွေ့ရှိရသဖြင့် နေအိမ်သို့ ပြန်လည်ခေါ်ဆောင်လာပြီး မေးမြန်းရာ…….

နေအိမ်မှ မိခင်ရှိသော ကွမ်းခြံသို့ လိုက်လာစဉ် မင်းအောင် (ခ)မင်းဇေယျာအောင်မှ ၎င်း၏ ခြံရှေ့မှ လက်ပြ၍ ခေါ်ကြောင်း၎င်းမှ “မလာဘူးဟု “ပြောစဉ် အနားသို့ရောက်ရှိလာကာ ပြန်မပြောနဲ့ ပြောရင်သတ်ပစ်မည်ဟု ဆိုကာ လက်ကိုဆွဲ၍၎င်း၏ နေအိမ် ခြင်ထောင် ထဲသို့ ဆွဲခေါ်တွန်းပို့ပြီး အမည်မသိ ဆေးနှစ်လုံးသောက်ခိုင်းသဖြင့် မသောက်ဘဲလွှင့်ပြစ်ခဲ့ကြောင်း ၎င်းမှ ခြင်ထောင် အတွင်း ဝင်လာပြီး မ××××အား မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ပြောပြသိရှိရ၏။

ယင်းဖြစ်စဉ်အရ မင်းအောင်(ခ)မင်းဇေယျာအောင် ၃၆ နှစ် ×××××ကျေးရွာ အုပ်စု ပေါင်းတည်မြို့နယ် နေသူအားဥပဒေ အရ အရေးယူပေးပါရန် မိခင်ဖြစ်သူ ဒေါ်××××မှ တရားလိုပြုလုပ်ပြီး ပေါင်းတည်မြို့မ ရဲစခန်း သို့ တိုင်ကြားရာရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁/၅၀၆တို့ ဖြင့် အမှု့ဖွင့် ပြီး စစ်ဆေးဆောင်ရွက်လျှက်ရှိ ကြောင်း ဂျာနယ်မှာ ရေးသားဖော်ပြ ထားပါတယ်။
 tinlayzaw

No comments:

Post a Comment