Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 3, 2018

ခွေးရူးကို ရိုက်သတ်ချက်စားခဲ့သည့် မြန်မာမိသားစု ဆေးရုံတင်ကုသနေရ ခလေးနှစ်ဦး အခြေအနေဆိုး



ထိုင်းမြန်မာ နယ်ခြား မဲဆောက် မြို့ နယ် မယ်ပ ကျေးရွာအုပ်စု ၁၀ မှာ ခွေးရူးရောဂါကူးဆင်ပြန့် ပွားနေကြောင်းသိရပါတယ်၊ မြို့ နယ်ကျန်းမာရေး
အာဏာပိုင်တွေက ခွေးတွေကြောင်တွေကို ကာကွယ်ဆေးတွေ လိုက်
ထိုးပေးနေကြပါတယ်။

ပြီးခဲ့တဲ့ ၁၀ ရက်ခန့် က သလနတ် ဈေးမှာ မြန်မာခလေးငယ်နှစ်ဦးခွေးရူးကိုက်တာကို မိဘတွေက ဆေးရုံမပို့ ခဲ့ပဲ ကိုက်တဲ့ခွေးကို ရိုက်သတ်ချက်စားခဲ့ပါတယ်၊ အသက်(၆)နှစ်နဲ့  (၂)နှစ်အရွယ် ခလေးနှစ်ဦးကတော့ မဲဆောက်ဆေးရုံကြီးမှာ တင်ထား
ပြီး ရောဂါပိုး ကျွမ်းလို့  နောက်ဆုံးအခြေအနေရောက်နေပြီလို့ သိရပါတယ်။

မဲဆောက်မြို့ မှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ ခွေးကိုက်ခံရပါက အမြန်ဆုံး မဲဆောက်ဆေးရုံကြီးကို ပို့ ဆောင် ဆေးကုသခံယူကြပါလို့  အာဏာပိုင်တွေကသတိပေးနေပါတယ်။
SAW
Credit Maesot news online



No comments:

Post a Comment