Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, August 21, 2018

လင္​မယား ဆိုရင္​ ၂၄နာရီ ဒီကိစၥပဲ ​ေခါင္​းထဲ႐ွိၿပီး ဒါပဲလုပ္​ခ်င္​​ေနၾကတယ္​လို႔ ထင္​​ေနၾကတာလားမသိ

ကြၽန္​မရဲ႕ Facebookထဲ က ညီမငယ္​ တစ္​​ေယာက္​က သူ႔ခင္​ပြန္​းနဲ႔ သူ..
သူတို႔ မဂၤလာ​ေဆာင္​မွာ နမ္​း​ေနၾကတဲ့..ဓာတ္​ပံု​ေလးကို profile picture အ​ေနနဲ႔ တင္​ထားဖူးတယ္​

အဲဒီမွာ တစ္​​ေယာက္​က ဘာဝင္​​ေရးလဲဆိုရင္​
.....
လုပ္​လိုက္​ရင္​ ​ေသာက္​တလြဲ​ေတြခ်ည္​းပဲ
အ႐ွက္​ကိုမ႐ွိဘူးတဲ့..

ကြၽန္​မဘာလို႔ အဲဒီ ကြန္​မန္​႔ႀကီးကို အတံုးလိုက္​ အတစ္​လိုက္​ႀကီး မွတ္​မိ​ေနလဲမသိဘူး
႐ိုင္​းလြန္​းလို႔..
ၿပီး​ေတာ့ ​ေတြးစရာ​ေတြပါ​ေနလို႔ မွတ္​မိ​ေနခဲ့တယ္​ထင္​ပါတယ္​

​ေျပာခံရတဲ့သူက​ေတာ့ ​ေအး​ေအး​ေဆး​ေဆးပဲ reply ျပန္​လုပ္​ထားတယ္​..

ဘာကို႐ွက္​ရမွာလဲ..တဲ့..
ကိုယ္​့ မဂၤလာ​ေဆာင္​မွာ ကိုယ္​့ ​ေယာက်ာ္​း ကိုယ္​နမ္​း​ေနတာ ႐ွက္​စရာလား..တဲ့..

တကယ္​​ေတာ့ သူမ်ားကိုယ္​​ေရးကိုယ္​တာကို ဘာမဆိုင္​ညာမဆိုင္​ အတင္​းဝင္​စြက္​တဲ့ သူလို ​ေအာက္​တန္​းစားကမွ ႐ွက္​စရာ​ေကာင္​း​ေနတယ္​ဆိုတာမသိ႐ွာဘူး

တခ်ိဳ႕သူ​ေတြဟာ..အရမ္​းကို​ conservative ​ေ႐ွး႐ိုးဆန္​တယ္​
Narrow minded အျမင္​က်ဥ္​းတယ္​ ​ေျပာရမလားမသိဘူး

လင္​မယားဆိုတာနဲ႔ အိပ္​ရာထဲက ကိစြလုပ္​ဖို႔​ေလာက္​ပဲ မ်က္​စိထဲျမင္​တတ္​ၾကတယ္​

လင္​နဲ႔မယား နမ္​း​ေနၿပီဆို..
ဟာ..ႏွာဘူးထ​ေနၿပီ..
လင္​နဲ႔မယား..အခ်င္​းခ်င္​း ကလူက်ီစယ္​ က​ယုကယင္​နဲ႔..
ခ်စ္​ခြန္​းတုံ႔တင္​​ေတြျဖစ္​​ေနျကၿပီဆို..
ဟယ္​..ႏွာမႊန္​​ေနၾကၿပီ..

လက္​ထပ္​ၿပီးခါစ ရံုးျပန္​တက္​ၿပီဆို လုပ္​​ေဖာ္​ကိုင္​ဖက္​​ေတြက
​ေဟ့..မင္​း ..ဒူး​ေခ်ာင္​​ေနတယ္​..
ညက ဘယ္​ႏွစ္​ခါ ​ေကာင္​းလိုက္​လဲ..
ႏႈတ္​ဆက္​ၾကၿပီ..

လင္​မယား ဆိုရင္​ ၂၄နာရီ ဒီကိစၥပဲ ​ေခါင္​းထဲ႐ွိၿပီး ဒါပဲလုပ္​ခ်င္​​ေနၾကတယ္​လို႔ ထင္​​ေနၾကတာလားမသိ

လင္​မယား ဆိုတာ တကယ္​​ေတာ့ Best friend
အခ်စ္​ဆံုးသူငယ္​ခ်င္​း​ေတြပါ
ဘဝကိုအတူ႐ုန္​းၾကရတဲ့ Life partner ရဲ​ေဘာ္​ရဲဘက္​​ေတြပါ
ဘဝတစ္​ခုတည္​းကို ​ေဝမ်ွခံစားရတဲ့.. Soul mate ​ေတြပါ..

အိမ္​​ေထာင္​က်သြားၿပီဆိုတာနဲ႔ အခ်စ္​ဆိုတဲ့အရာကို ​ေခ်ာင္​ထိုးလိုက္​ရၿပီလို႔ ထင္​​ေနၾကတာလား

အိမ္​​ေထာင္​က်ၿပီးမွ ႏွစ္​​ေယာက္​
ခ်စ္​တယ္​ဆိုတာထက္​
တစ္​​ေယာက္​အ​ေပၚတစ္​​ေယာက္​ထားတဲ့
​ေမတၱာ ​ေစတနာ​ေတြ
​ေပးဆပ္​မႈ​ေတြ
တန္​ဖိုး​ေတြကို သိၿပီး..
အခ်င္​းခ်င္​း ပိုၿပီးျမတ္​ႏိုးလာတာ..
သံ​ေယာဇဥ္​ ​ေတြခိုင္​မာျမဲျမံလာတာ..

ဘဝကိုရင္​ဆိုင္​ဖို႔..
​ေမ်ွာ္​လင္​့ခ်က္​​ေတြ အိပ္​မက္​​ေတြ သတၱိ​ေတြ ​ခြန္​အား​ေတြ
​ေပၚလာၾကတာ

ဒါ​ေတြဟာ ခ်စ္​တဲ့သူနဲ႔ အိမ္​ယာထူ​ေထာင္​ျခင္​းရဲ႕ အက်ိဳးရလာဒ္​​ေတြပါ..

လူႏွစ္​​ေယာက္​ဟာ
တစ္​မိုး​ေအာက္​မွာ အတူ႐ွိ​ေနလ်က္​နဲ႔​ေတာင္​ မၾကင္​နာႏိုင္​​ျကေတာ့ဘူးဆိုရင္​ ဝမ္​းနည္​းစရာပါပဲ..

တခ်ိဳ႕​ေတြ အိမ္​ေ​ထာင္က်ျပီးမွ..​
လက္​က​ေလးတြဲတာ ပုခံုးက​ေလးဖက္​တာ​ေတာင္​ မလုပ္​ၾက
လူ​ေ႐ွ႕သူ​ေ႐ွ႕ သားသမီး​ေတြ​ေ႐ွ႕က်ပိုဆိုး..
အမ​ေလး.. အိမ္​​ေထာင္​ပဲက်ၿပီး​ေနၿပီ
ခ်စ္​တယ္​ဆိုတာလည္​းမ႐ွိ​ေတာ့ပါဘူး..

ဒီလို ခံယူခ်က္​​ေတြနဲ႔ သြားၾက​ေတာ့..
ခ်စ္​တတ္​တဲ့ သူမ်ားလင္​မယား​ေတြ ကိုယ္​့​ေ႐ွ႕မွာခ်စ္​ၾကတာျမင္​​ေတာ့လည္​း မနာလို ​ေဂ်ထၿပီး
မ႐ွက္​ၾကဘူးလားဟယ္​တို႔ အ႐ွက္​ကိုမ႐ွိဘူးတို႔က ျဖစ္​လာၾက​ေသးတယ္​..

အဲလို လူမ်ိဳး​ေတြမွာ..
မိန္​းမဆိုလည္​း ..
အို က​ေလး​ေတြ​ေမြးၿပီး အိမ္​မႈ ကိစြသိမ္​းထုပ္​​ေသခ်ာရင္​ၿပီး​ေရာ​ေပါ့
​ေယာက်ာ္​းကလည္​း..
အို..အိမ္​က္ို မယားငယ္​​ေခၚမလာတာ​ေတာ္​​ေသးတာ​ေပါ့..
မွန္​မွန္​ ​ေပးကမ္​း​ေနတာပဲ..
ဒီလိုမ်ိဳး​ေတြးၾကတယ္​..

တခ်ိဳ႕ လူၾကီး မိဘ​ေတြ႐ွိ​ေသးတယ္​
လင္​မယားက ခ်စ္​​ေရ ​ေမာင္​​ေရ ​ေျပာၾကဆိုၾကဆိုရင္​
မင္​းတို႔ဟာကလည္​း နား႐ွက္​ မ်က္​စိ႐ွက္​စရာ
တို႔​ေ႐ွ႕​ေတာ့လာမလုပ္​နဲ႔..
အ​ေနအထိုင္​ ဆင္​ျခင္​ဖို႔​ေကာင္​းတယ္​..တဲ့..

​ေျသာ္​
သမီးနဲ႔သမက္​ပဲျဖစ္​ျဖစ္​
သားနဲ႔​ေခြၽးမပဲျဖစ္​ျဖစ္​
ကိုယ္​့မ်က္​စိ​ေ႐ွ႕ သတ္​​ေန ႐ိုက္​​ေန ဆဲ​ေနၾကတာထက္​စာရင္​
ခ်စ္​​ေန ၾကင္​နာ​ေနၾကတဲ့ ကိစြကို ဘာလို႔
မ​ေက်နပ္​ႏိုင္​ရတာလဲ
မဂၤလာ မယူႏိုင္​ရတာလည္​း ​ေမးခ်င္​မိတယ္​

တကယ္​​ေတာ့ ကိုယ္​့မိန္​းမကိုယ္​ခ်စ္​တာပဲ..ဘာျဖစ္​လ​ဲ..
ခ်စ္​ရမွာ​ေပါ့..
ကိုယ္​​ေယာက်ာ္​းကိုယ္​နမ္​းတဲ့ဟာပဲ..ဘာျဖစ္​လဲ
သူမ်ား ​ေယာက်ာ္​း သြားနမ္​း​ေနမိရင္​​ေတာ့ ႐ွက္​စရာ​ေပါ့..

႐ွက္​စရာ မဟုတ္​တာကို..
႐ွက္​စရာ​ေကာင္​းတယ္​ထင္​ၾကသူ​ေတြ
​ေသာက္​တလြဲလုပ္​တယ္​ထင္​ၾကသူ​ေတြရဲ႕..
အိမ္​​ေထာင္​​ေရး​ေတြမွာ လူႏွစ္​​ေယာက္​ကို
ခ်ည္​ထားတဲ့ႀကိဳးဆိုတာ
ဟိုး ​ေအာက္​ဆံုးအဆင္​့မွာ..
အ​ေလ်ာ့ဆံုး..
အနိမ္​့ဆံုး..
ျပတ္​လဲထြက္​မသြား..
သာလည္​းမသာယာ..

အိမ္​​ေထာင္​​ေရးမွာ ကိုယ္​့ ​ေယာက်ာ္​းကိုယ္​ခ်စ္​ဖို႔
ကိုယ္​့မိန္​းမကိုယ္​ ၾကင္​နာဖို႔လိုပါတယ္​
ဒါဟာ အ​ေရးႀကီးပါတယ္​..
 မြန္​​ေဟာ္​စီ
# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်မရဲ့ Facebookထဲ က ညီမငယ် တစ်ယောက်က သူ့ခင်ပွန်းနဲ့ သူ..
သူတို့ မင်္ဂလာဆောင်မှာ နမ်းနေကြတဲ့..ဓာတ်ပုံလေးကို profile picture အနေနဲ့ တင်ထားဖူးတယ်

အဲဒီမှာ တစ်ယောက်က ဘာဝင်ရေးလဲဆိုရင်
.....
လုပ်လိုက်ရင် သောက်တလွဲတွေချည်းပဲ
အရှက်ကိုမရှိဘူးတဲ့..

ကျွန်မဘာလို့ အဲဒီ ကွန်မန့်ကြီးကို အတုံးလိုက် အတစ်လိုက်ကြီး မှတ်မိနေလဲမသိဘူး
ရိုင်းလွန်းလို့..
ပြီးတော့ တွေးစရာတွေပါနေလို့ မှတ်မိနေခဲ့တယ်ထင်ပါတယ်

ပြောခံရတဲ့သူကတော့ အေးအေးဆေးဆေးပဲ reply ပြန်လုပ်ထားတယ်..

ဘာကိုရှက်ရမှာလဲ..တဲ့..
ကိုယ့် မင်္ဂလာဆောင်မှာ ကိုယ့် ယောကျာ်း ကိုယ်နမ်းနေတာ ရှက်စရာလား..တဲ့..

တကယ်တော့ သူများကိုယ်ရေးကိုယ်တာကို ဘာမဆိုင်ညာမဆိုင် အတင်းဝင်စွက်တဲ့ သူလို အောက်တန်းစားကမှ ရှက်စရာကောင်းနေတယ်ဆိုတာမသိရှာဘူး

တချို့သူတွေဟာ..အရမ်းကို conservative ရှေးရိုးဆန်တယ်
Narrow minded အမြင်ကျဉ်းတယ် ပြောရမလားမသိဘူး

လင်မယားဆိုတာနဲ့ အိပ်ရာထဲက ကိစွလုပ်ဖို့လောက်ပဲ မျက်စိထဲမြင်တတ်ကြတယ်

လင်နဲ့မယား နမ်းနေပြီဆို..
ဟာ..နှာဘူးထနေပြီ..
လင်နဲ့မယား..အချင်းချင်း ကလူကျီစယ် ကယုကယင်နဲ့..
ချစ်ခွန်းတုံ့တင်တွေဖြစ်နေကြပြီဆို..
ဟယ်..နှာမွှန်နေကြပြီ..

လက်ထပ်ပြီးခါစ ရုံးပြန်တက်ပြီဆို လုပ်ဖော်ကိုင်ဖက်တွေက
ဟေ့..မင်း ..ဒူးချောင်နေတယ်..
ညက ဘယ်နှစ်ခါ ကောင်းလိုက်လဲ..
နှုတ်ဆက်ကြပြီ..

လင်မယား ဆိုရင် ၂၄နာရီ ဒီကိစ္စပဲ ခေါင်းထဲရှိပြီး ဒါပဲလုပ်ချင်နေကြတယ်လို့ ထင်နေကြတာလားမသိ

လင်မယား ဆိုတာ တကယ်တော့ Best friend
အချစ်ဆုံးသူငယ်ချင်းတွေပါ
ဘဝကိုအတူရုန်းကြရတဲ့ Life partner ရဲဘော်ရဲဘက်တွေပါ
ဘဝတစ်ခုတည်းကို ဝေမျှခံစားရတဲ့.. Soul mate တွေပါ..

အိမ်ထောင်ကျသွားပြီဆိုတာနဲ့ အချစ်ဆိုတဲ့အရာကို ချောင်ထိုးလိုက်ရပြီလို့ ထင်နေကြတာလား

အိမ်ထောင်ကျပြီးမှ နှစ်ယောက်
ချစ်တယ်ဆိုတာထက်
တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့
မေတ္တာ စေတနာတွေ
ပေးဆပ်မှုတွေ
တန်ဖိုးတွေကို သိပြီး..
အချင်းချင်း ပိုပြီးမြတ်နိုးလာတာ..
သံယောဇဉ် တွေခိုင်မာမြဲမြံလာတာ..

ဘဝကိုရင်ဆိုင်ဖို့..
မျှော်လင့်ချက်တွေ အိပ်မက်တွေ သတ္တိတွေ ခွန်အားတွေ
ပေါ်လာကြတာ

ဒါတွေဟာ ချစ်တဲ့သူနဲ့ အိမ်ယာထူထောင်ခြင်းရဲ့ အကျိုးရလာဒ်တွေပါ..

လူနှစ်ယောက်ဟာ
တစ်မိုးအောက်မှာ အတူရှိနေလျက်နဲ့တောင် မကြင်နာနိုင်ကြတော့ဘူးဆိုရင် ဝမ်းနည်းစရာပါပဲ..

တချို့တွေ အိမ်ထောင်ကျပြီးမှ..
လက်ကလေးတွဲတာ ပုခုံးကလေးဖက်တာတောင် မလုပ်ကြ
လူရှေ့သူရှေ့ သားသမီးတွေရှေ့ကျပိုဆိုး..
အမလေး.. အိမ်ထောင်ပဲကျပြီးနေပြီ
ချစ်တယ်ဆိုတာလည်းမရှိတော့ပါဘူး..

ဒီလို ခံယူချက်တွေနဲ့ သွားကြတော့..
ချစ်တတ်တဲ့ သူများလင်မယားတွေ ကိုယ့်ရှေ့မှာချစ်ကြတာမြင်တော့လည်း မနာလို ဂျေထပြီး
မရှက်ကြဘူးလားဟယ်တို့ အရှက်ကိုမရှိဘူးတို့က ဖြစ်လာကြသေးတယ်..

အဲလို လူမျိုးတွေမှာ..
မိန်းမဆိုလည်း ..
အို ကလေးတွေမွေးပြီး အိမ်မှု ကိစွသိမ်းထုပ်သေချာရင်ပြီးရောပေါ့
ယောကျာ်းကလည်း..
အို..အိမ်ကို မယားငယ်ခေါ်မလာတာတော်သေးတာပေါ့..
မှန်မှန် ပေးကမ်းနေတာပဲ..
ဒီလိုမျိုးတွေးကြတယ်..

တချို့ လူကြီး မိဘတွေရှိသေးတယ်
လင်မယားက ချစ်ရေ မောင်ရေ ပြောကြဆိုကြဆိုရင်
မင်းတို့ဟာကလည်း နားရှက် မျက်စိရှက်စရာ
တို့ရှေ့တော့လာမလုပ်နဲ့..
အနေအထိုင် ဆင်ခြင်ဖို့ကောင်းတယ်..တဲ့..

သြော်
သမီးနဲ့သမက်ပဲဖြစ်ဖြစ်
သားနဲ့ချွေးမပဲဖြစ်ဖြစ်
ကိုယ့်မျက်စိရှေ့ သတ်နေ ရိုက်နေ ဆဲနေကြတာထက်စာရင်
ချစ်နေ ကြင်နာနေကြတဲ့ ကိစွကို ဘာလို့
မကျေနပ်နိုင်ရတာလဲ
မင်္ဂလာ မယူနိုင်ရတာလည်း မေးချင်မိတယ်

တကယ်တော့ ကိုယ့်မိန်းမကိုယ်ချစ်တာပဲ..ဘာဖြစ်လဲ..
ချစ်ရမှာပေါ့..
ကိုယ်ယောကျာ်းကိုယ်နမ်းတဲ့ဟာပဲ..ဘာဖြစ်လဲ
သူများ ယောကျာ်း သွားနမ်းနေမိရင်တော့ ရှက်စရာပေါ့..

ရှက်စရာ မဟုတ်တာကို..
ရှက်စရာကောင်းတယ်ထင်ကြသူတွေ
သောက်တလွဲလုပ်တယ်ထင်ကြသူတွေရဲ့..
အိမ်ထောင်ရေးတွေမှာ လူနှစ်ယောက်ကို
ချည်ထားတဲ့ကြိုးဆိုတာ
ဟိုး အောက်ဆုံးအဆင့်မှာ..
အလျော့ဆုံး..
အနိမ့်ဆုံး..
ပြတ်လဲထွက်မသွား..
သာလည်းမသာယာ..

အိမ်ထောင်ရေးမှာ ကိုယ့် ယောကျာ်းကိုယ်ချစ်ဖို့
ကိုယ့်မိန်းမကိုယ် ကြင်နာဖို့လိုပါတယ်
ဒါဟာ အရေးကြီးပါတယ်..
 မွန်ဟော်စီ

No comments:

Post a Comment