Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, August 21, 2018

အလ်ွံ ပါယ္ ခ်မ္းသာ ျကြယ္ဝသူ ၏ လကၡဏာ ပံု

မူရင္း လက္ဝါးပံု ကိုပါ တြဲတင္ေပးလိုက္ပါသည္ လက္သူႂကြယ္ ေအာက္ အျဖဴေရာင္ျဖင့္ ဝိုင္းျပသည့္ထဲၾကည့္ပါက “ငါး႐ုပ္သေကၤတပံု´´ထင္႐ွားျပတ္သားစြာ ျမင္ေတြ႔ရမည္။

ငါး႐ုပ္ သည္ လက္ဝါးျပင္ ၌ မည္သည့္ေနရာ၌ ႐ွိ႐ွိ ေကာင္းက်ိဳး မဂၤလာ ကိုေပးသည္။ယခုပံု လက္သူႂကြယ္ ေအာက္႐ွိ ငါး႐ုပ္ သည္ မွန္ဘီလူး ျဖင့္ၾကည့္စရာမလိုပဲ ထင္ထင္႐ွား႐ွားျပတ္ျပတ္သားသား ျပထားသည္။

ကြၽန္ေတာ္မၾကာခဏ တင္ျပခဲ့သည္မွာ…လက္သူႂကြယ္ ေအာက္ၿဂိဳလ္ခံုေနရာ၌ မည္သည့္အေရးေၾကာင္း-လမ္းေၾကာင္းေလးမွမ႐ွိ ေျပာင္ေနသူ (သို႔မဟုတ္)ျပားခ်ပ္နိမ့္ဝင္ေနသူ တို႔သည္ ဆင္းရဲသူ-ပစၥည္းဥစၥာ မ႐ွိသူ-အေျခ ခံလူတန္းစားသာျဖစ္၏။

လူ႔ေလာက၌…ေနရာတစ္ခုခုျဖင့္ အဆင္ေျပေနသူထိုက္သင့္သေလာက္ ပစၥည္းဥစၥာ႐ွိသူႀကီးႀကီးက်ယ္က်ယ္ ခ်မ္းသာေသူႀကီးႀကီးက်ယ္က်ယ္ ေအာင္ျမင္ေနသူတို႔၏လက္သူႂကြယ္ေအာက္ ၿဂိဳလ္ခံုသည္ မဂၤလာ အမွတ္အသား တစ္ခုခု မုခ် ဧကံပါ႐ွိေနသည္။

ဤကား…လကၡဏာ ပညာ ဥပေဒႆ ၏ ထူးျခားခ်က္ ျဖစ္၏။
ယခု လကၡဏာ႐ွင္ သည္ အသက္ ၂၇ ႏွစ္သာ႐ွိေသး၏။တစဦးတည္းေသာသားျဖစ္၏။မ်ိဳး႐ိုးစဥ္ဆက္ ခ်မ္းသာ ျကြယ္ဝသူျဖစ္၏။ရန္ကုန္ၿမိဳ႕၏ ေစ်းေကာင္း-ေစ်းႀကီးေနရာတို႔၌ေျမယာ-အိုးအိမ္တို႔ မ်ားစြာ မ်ားစြာ ပိုင္ဆိုင္ထားသူျဖစ္၏။

ျမန္မာႏိုင္ငံ မွ လူေတာ္ေတာ္မ်ားမ်ားသည္…သာမန္ထက္ပို၍ ခ်မ္းသာ ေနသူကို ခ႐ိုနီ ဟုလြယ္လြယ္ထင္တတ္ၾက၏။ဤကားအထူးမွား၏။တစ္သက္လံုး စားမကုန္ေအာင္ခ်မ္းသာ သူ
ဗမာ စစ္စစ္ or ႐ွမ္းစစ္စစ္ or ရခိုင္စစ္စစ္ orကရင္ စစ္စစ္ or ကခ်င္ စစ္စစ္ or ခ််င္းလူမ်ိဳးစစ္စစ္…စသည့္ ျမန္မာႏိုင္ငံ၏ မူလတိုင္းရင္းသားတို႔ထဲမွ သံုးမကုန္ေအာင္ ခ်မ္းသာ ျကြယ္ဝသူ တို႔ေဆြစဥ္မ်ိဳးဆက္ ႐ွိခဲ့ၾကသည္။

ကြၽန္ေတာ္က အလုပ္ သေဘာ ဆက္ႏြယ္မႈ႐ွိ၍ ဤအေၾကာင္းတို႔ကို ၾကံဳေတြ႔လာၿပီးသာမန္လူထက္ပိုသိကာ
တင္ျပႏိုင္ျခင္းသာျဖစ္၏။လြန္လြန္ကဲကဲ ခ်မ္းသာ တိုင္း ခ႐ိုနီ မဟုတ္ပါ။
Credit:  Original

Unicode Version
မူရင်း လက်ဝါးပုံ ကိုပါ တွဲတင်ပေးလိုက်ပါသည် လက်သူကြွယ် အောက် အဖြူရောင်ဖြင့် ဝိုင်းပြသည့်ထဲကြည့်ပါက “ငါးရုပ်သင်္ကေတပုံ´´ထင်ရှားပြတ်သားစွာ မြင်တွေ့ရမည်။

ငါးရုပ် သည် လက်ဝါးပြင် ၌ မည်သည့်နေရာ၌ ရှိရှိ ကောင်းကျိုး မင်္ဂလာ ကိုပေးသည်။ယခုပုံ လက်သူကြွယ် အောက်ရှိ ငါးရုပ် သည် မှန်ဘီလူး ဖြင့်ကြည့်စရာမလိုပဲ ထင်ထင်ရှားရှားပြတ်ပြတ်သားသား ပြထားသည်။

ကျွန်တော်မကြာခဏ တင်ပြခဲ့သည်မှာ…လက်သူကြွယ် အောက်ဂြိုလ်ခုံနေရာ၌ မည်သည့်အရေးကြောင်း-လမ်းကြောင်းလေးမှမရှိ ပြောင်နေသူ (သို့မဟုတ်)ပြားချပ်နိမ့်ဝင်နေသူ တို့သည် ဆင်းရဲသူ-ပစ္စည်းဥစ္စာ မရှိသူ-အခြေ ခံလူတန်းစားသာဖြစ်၏။

လူ့လောက၌…နေရာတစ်ခုခုဖြင့် အဆင်ပြေနေသူထိုက်သင့်သလောက် ပစ္စည်းဥစ္စာရှိသူကြီးကြီးကျယ်ကျယ် ချမ်းသာသေူကြီးကြီးကျယ်ကျယ် အောင်မြင်နေသူတို့၏လက်သူကြွယ်အောက် ဂြိုလ်ခုံသည် မင်္ဂလာ အမှတ်အသား တစ်ခုခု မုချ ဧကံပါရှိနေသည်။

ဤကား…လက္ခဏာ ပညာ ဥပဒေဿ ၏ ထူးခြားချက် ဖြစ်၏။
ယခု လက္ခဏာရှင် သည် အသက် ၂၇ နှစ်သာရှိသေး၏။တစဦးတည်းသောသားဖြစ်၏။မျိုးရိုးစဉ်ဆက် ချမ်းသာ ကြွယ်ဝသူဖြစ်၏။ရန်ကုန်မြို့၏ ဈေးကောင်း-ဈေးကြီးနေရာတို့၌မြေယာ-အိုးအိမ်တို့ များစွာ များစွာ ပိုင်ဆိုင်ထားသူဖြစ်၏။

မြန်မာနိုင်ငံ မှ လူတော်တော်များများသည်…သာမန်ထက်ပို၍ ချမ်းသာ နေသူကို ခရိုနီ ဟုလွယ်လွယ်ထင်တတ်ကြ၏။ဤကားအထူးမှား၏။တစ်သက်လုံး စားမကုန်အောင်ချမ်းသာ သူ
ဗမာ စစ်စစ် or ရှမ်းစစ်စစ် or ရခိုင်စစ်စစ် orကရင် စစ်စစ် or ကချင် စစ်စစ် or ချျင်းလူမျိုးစစ်စစ်…စသည့် မြန်မာနိုင်ငံ၏ မူလတိုင်းရင်းသားတို့ထဲမှ သုံးမကုန်အောင် ချမ်းသာ ကြွယ်ဝသူ တို့ဆွေစဉ်မျိုးဆက် ရှိခဲ့ကြသည်။

ကျွန်တော်က အလုပ် သဘော ဆက်နွယ်မှုရှိ၍ ဤအကြောင်းတို့ကို ကြုံတွေ့လာပြီးသာမန်လူထက်ပိုသိကာ
တင်ပြနိုင်ခြင်းသာဖြစ်၏။လွန်လွန်ကဲကဲ ချမ်းသာ တိုင်း ခရိုနီ မဟုတ်ပါ။
Credit:  Original

No comments:

Post a Comment