Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, August 20, 2018

ဘုရားျဖစ္ရန္ အမ်ိဳးသမီးမ်ား ဆုထူးပန္နိုင္

တခ်ိဳ႕ေသာ အမ်ိဳးသမီးတုိ႔သည္ မိမိတုိ႔၏ အမ်ိဳးသမီးဘ၀ကို နိမ္႔က်ေသာ ဘ၀ဟု ထင္ျမင္ယူဆၾကသည္။ အရာရာတြင္ အမ်ိဳးသားမ်ား၏ ေနာက္လုိက္ သာ ျဖစ္ၾကရေပသည္။ အလြန္ျမင္႔ျမတ္ေသာ ဘုရားအျဖစ္သို႔ မရႏုိင္ၾကေပ။ ဆုထူးပန္ရန္ မျဖစ္ႏုိင္ဟု ထင္ျမင္ယူဆ ေနၾကသည္။ ဒီလို မဟုတ္ပါ။ အမ်ိဳး သမီးမ်ားသည္ အမ်ိဳးသားမ်ားႏွင္႔ တန္းတူ ေဆာင္ရြက္နုိင္ေသာ အခြင္႔အေရး ရွိသည္။ ဘုရားျဖစ္ရန္ ဆုထူးပန္ဆင္ႏုိင္သည္။ျမတ္စြာဘုရားလက္ထက္ေတာ္ အခါက အမ်ိဳးသမီးမ်ား ဘုရား ဆုေတာင္းၾကသည္႔ သာဓကမ်ား ရွိသည္။

 ျမတ္စြာဘုရား ခုနစ္၀ါေျမာက္ ၀ါဆုိခါနီးတြင္ တာ၀တႎသာ နတ္ျပည္သို႔ ႂကြသြား ၍ အဘိဓမၼာတရားေဟာၾကားသည္။ ၀ါကြ်တ္ေသာအခါ အဘိဓမၼာတရား ေဟာ ၾကားၿပီးဆံုးေသာေၾကာင္႔လူ႕ျပည္သုိ႔ ျပန္ႂကြဆင္းေတာ္မူသည္။ ဘုရားရွင္ျပန္ဆင္း ေသာလမ္းတြင္ နတ္ပရိသတ္မ်ား စံုလင္စြာ ရွိခုိးပူေဇာ္ၾကသည္။ ျမတ္စြာဘုရား၏ တန္ခုိးေတာ္ေၾကာင္႔ အထက္မွသည္ ေအာက္အ၀ီစိတုိင္ေအာင္ ဟင္းလင္းျပင္ျဖစ္ ကာ လူေတြလည္း နတ္ျဗဟၼာေတြကို ေတြ႕ျမင္ၾကရသည္။ ၃၆ -ယူဇနာရွိေသာ ပရိသတ္တြင္ အားလံုးလုိလုိ ဘုရားအျဖစ္ ဆုေတာင္းၾကေတာ႔သည္။ အမ်ိဳးသား အမ်ိဳးသမီး ခဲြျခားမႈ ဟူ၍ မရွိေတာ႔။ ထုိ႔ေၾကာင္႔ အမ်ိဳးသမီးမ်ားသည္ ဘုရားျဖစ္ ရန္ဆုထူးပန္ႏုိင္ၾကသည္ကို သိၾကေလသည္။ (ဓမၼပဒ၊ ဌ-၂၊ ၁၄၆)
ဘုရားအျဖစ္ကို ဆုေတာင္းၾကေသာ အမ်ိဳးသမီးတုိ႔သည္ အမ်ိဳးသမီးဘ၀အျဖစ္ေတာ႔ ဘုရားအျဖစ္ကို မရႏုိင္၊ ထုိ႔ေၾကာင္႔ ဘုရားဆုပန္ေသာ အမ်ိဳးသမီးသည္ အမ်ိဳးသား ျဖစ္ေၾကာင္း တရားကို အရင္လုိက္နာက်င္႔ၾကံရမည္။ အမ်ိဳးေကာင္းသား ေယာက်ာၤး တစ္ဦးျဖစ္ရန္ အမ်ိဳးသမီးမ်ားလုိက္နာက်င္႔ၾကံရမည္႔ တရားမ်ားမွာ-

(၁) ရတနာသံုးပါးတုိ႔၌ ၾကည္ညိဳျခင္း၊
(၂) ငါးပါးသီလကို ျဖည္႔က်င္႔ျခင္း၊
(၃) အမ်ိဳးသမီးအျဖစ္၊ မိန္းမအျဖစ္ကို မႏွစ္သက္ျခင္း၊
(၄) အမ်ိဳးသားအျဖစ္၊ ေယာက်ာၤးအျဖစ္ကို နွစ္သက္ျခင္း၊

ဟူေသာ တရားေလးပါးကို လုိက္နာက်င္႔ၾကံရမည္။ ရတနာသံုးပါး ၾကည္ညိဳရမည္ဟု ဆိုရာတြင္ ဘုရားဂုဏ္ေတာ္ ကိုးပါး၊ တရားဂုဏ္ေတာ္ ေျခာက္ပါး၊ သံဃာဂုဏ္ေတာ္ ကိုးပါးတုိ႔၌ ဉာဏ္သက္၀င္ကာ ယံုၾကည္ ၾကည္ညိဳရမည္ကို ဆုိလုိသည္။

          ငါးပါးသီလကို ျဖည္႔က်င္႔ရမည္ဟု ဆိုရာတြင္ ငါးပါးသီလ၏ အက်ိဳးနွွင္႔ အျပစ္ကို သိ၍ လံုျခံဳေအာင္ ေစာင္႔ထိန္း ျဖည္႔က်င္႔ရမည္ကို ဆုိလုိျခင္း ျဖစ္သည္။
အမ်ိဳးသမီးအျဖစ္၊ မိန္းမအျဖစ္ကို မနွစ္သက္ျခင္းဟု ဆိုရာတြင္ မိန္းမအျဖစ္၌ တည္ရွိ ပါက စၾက၀ေတးမင္း၊ သိၾကားမင္း၊ ျဗဟၼာမင္း တုိ႔၏ စည္းစိမ္ကို မရႏုိင္။ ပေစၥကဗုဒၶါ၊ သဗၺညဳ ျမတ္စြာဘုရားအျဖစ္ကို မရႏုိင္။ ထို႔ေၾကာင္႔ အမ်ိဳးသမီးအျဖစ္၊ မိန္းမ အျဖစ္ကိုမလုိခ်င္၊မနွစ္သက္ျခင္းရွိေနရမည္။ ထိုကဲ႔သုိ႔ မႏွစ္သက္ျခင္းသည္ပင္အမ်ိဳးေကာင္း သား ေယာက်ာၤးျဖစ္ဖုိ႔ရာ အေၾကာင္းတစ္ပါး ျဖစ္၏။
အမ်ိဳးသား ေယာက်ာၤးအျဖစ္ကို ႏွစ္သက္ျခင္းဟု ဆုိရာတြင္ အမ်ိဳးသား ေယာက်ာၤးအျဖစ္၌ တည္ရွိပါက စၾက၀ေတးမင္းမွ အစ ေနာက္ဆံုး သဗၺညဳ ျမတ္စြာဘုရားတုိင္ေအာင္ ျဖစ္ႏုိင္ သည္။ ထုိမြန္ျမတ္ေသာ ဘ၀မ်ားကို ရႏုိင္ေသာ အမ်ိဳးသားေယာက်ာၤးအျဖစ္ကို ႏွစ္သက္ စိတ္ရွိရမည္။
ျမတ္စြာဘုရားလက္ထက္ေတာ္အခါက ဤအမ်ိဳးသား ေယာက်ာၤးျဖစ္ေၾကာင္း တရားေလးပါး ကိုလုိက္နာက်င္႔ၾကံ၍ ဒုတိယဘ၀၌အမ်ိဳးသမီးအျဖစ္မွ အမ်ိဳးသား ေယာက်ာၤးအျဖစ္ကိုေရာက္ သြားေသာ သာဓကမ်ား ရွိသည္။

      အခါတစ္ပါး ကပၸိလ၀တ္ျပည္သူ ေဂါပိကာအမည္ရွိ သာကီ၀င္မင္းသမီးသည္ ဘုရား၊တရား အလြန္ၾကည္ညိဳသည္။ ငါးပါးသီလ လံုေအာင္ ေစာင္႔သည္။ အမ်ိဳးသမီးအျဖစ္ကို မနွစ္သက္။ အမ်ိဳးသားေယာက်ာၤးအျဖစ္ကို နွစ္သက္သည္ျဖစ္၍ ရဟန္းေတာ္သံုးပါးကို ျပဳစုလုပ္ေကြ်း လွ်က္ ေနသည္။ ေဂါပိကာ ကြယ္လြန္ေသာအခါ ဒုတိယဘ၀တြင္ တာ၀တႎသာနတ္ျပည္၌ သိၾကားမင္း၏ သားေတာ္ ေဂါပကနတ္သား ေယာက်ာၤးျဖစ္ရေလ၏။
ထိုသာဓကကို ေထာက္ထား၍ အမ်ိဳးသမီးတုိ႔သည္ ဤတရားေလးပါးကို ျပည္႔စံုေအာင္ က်င္႔ႏုိင္ေသာ္ ဒုတိယဘ၀၌ ေယာက်ာၤးေကာင္းစင္စစ္ ျဖစ္ႏုိင္သည္။ ေယာက်ာၤးဘ၀ ရၿပီးေသာအခါတြင္လည္း အရင္ဘ၀က ေတာင္းခဲ႔ေသာ ဘုရားဆုျပည္႔ေၾကာင္း ပါရမီ ကို ျဖည္႔က်င္႔ပါက ဘုရားအျဖစ္ကို ေရာက္ႏုိင္သည္။ သုိ႔ျဖစ္၍ အမ်ိဳးသမီးမ်ားလည္း ဘုရားျဖစ္ရန္ ဆုထူးပန္ႏုိင္ၾကေပသည္။

သဒၶမၼရံသီရိပ္သာ ဆရာေတာ္ အရွင္ကု႑လာဘိ၀ံသမွ ကူးယူ တင္ျပပါသည္။
satekuupuyar

#Unicode Version#
တချို့သော အမျိုးသမီးတို့သည် မိမိတို့၏ အမျိုးသမီးဘဝကို နိမ့်ကျသော ဘဝဟု ထင်မြင်ယူဆကြသည်။ အရာရာတွင် အမျိုးသားများ၏ နောက်လိုက် သာ ဖြစ်ကြရပေသည်။ အလွန်မြင့်မြတ်သော ဘုရားအဖြစ်သို့ မရနိုင်ကြပေ။ ဆုထူးပန်ရန် မဖြစ်နိုင်ဟု ထင်မြင်ယူဆ နေကြသည်။ ဒီလို မဟုတ်ပါ။ အမျိုး သမီးများသည် အမျိုးသားများနှင့် တန်းတူ ဆောင်ရွက်နိုင်သော အခွင့်အရေး ရှိသည်။ ဘုရားဖြစ်ရန် ဆုထူးပန်ဆင်နိုင်သည်။မြတ်စွာဘုရားလက်ထက်တော် အခါက အမျိုးသမီးများ ဘုရား ဆုတောင်းကြသည့် သာဓကများ ရှိသည်။

 မြတ်စွာဘုရား ခုနစ်ဝါမြောက် ဝါဆိုခါနီးတွင် တာဝတိံသာ နတ်ပြည်သို့ ကြွသွား ၍ အဘိဓမ္မာတရားဟောကြားသည်။ ဝါကျွတ်သောအခါ အဘိဓမ္မာတရား ဟော ကြားပြီးဆုံးသောကြောင့်လူ့ပြည်သို့ ပြန်ကြွဆင်းတော်မူသည်။ ဘုရားရှင်ပြန်ဆင်း သောလမ်းတွင် နတ်ပရိသတ်များ စုံလင်စွာ ရှိခိုးပူဇော်ကြသည်။ မြတ်စွာဘုရား၏ တန်ခိုးတော်ကြောင့် အထက်မှသည် အောက်အဝီစိတိုင်အောင် ဟင်းလင်းပြင်ဖြစ် ကာ လူတွေလည်း နတ်ဗြဟ္မာတွေကို တွေ့မြင်ကြရသည်။ ၃၆ -ယူဇနာရှိသော ပရိသတ်တွင် အားလုံးလိုလို ဘုရားအဖြစ် ဆုတောင်းကြတော့သည်။ အမျိုးသား အမျိုးသမီး ခွဲခြားမှု ဟူ၍ မရှိတော့။ ထို့ကြောင့် အမျိုးသမီးများသည် ဘုရားဖြစ် ရန်ဆုထူးပန်နိုင်ကြသည်ကို သိကြလေသည်။ (ဓမ္မပဒ၊ ဌ-၂၊ ၁၄၆)
ဘုရားအဖြစ်ကို ဆုတောင်းကြသော အမျိုးသမီးတို့သည် အမျိုးသမီးဘဝအဖြစ်တော့ ဘုရားအဖြစ်ကို မရနိုင်၊ ထို့ကြောင့် ဘုရားဆုပန်သော အမျိုးသမီးသည် အမျိုးသား ဖြစ်ကြောင်း တရားကို အရင်လိုက်နာကျင့်ကြံရမည်။ အမျိုးကောင်းသား ယောကျာၤး တစ်ဦးဖြစ်ရန် အမျိုးသမီးများလိုက်နာကျင့်ကြံရမည့် တရားများမှာ-

(၁) ရတနာသုံးပါးတို့၌ ကြည်ညိုခြင်း၊
(၂) ငါးပါးသီလကို ဖြည့်ကျင့်ခြင်း၊
(၃) အမျိုးသမီးအဖြစ်၊ မိန်းမအဖြစ်ကို မနှစ်သက်ခြင်း၊
(၄) အမျိုးသားအဖြစ်၊ ယောကျာၤးအဖြစ်ကို နှစ်သက်ခြင်း၊

ဟူသော တရားလေးပါးကို လိုက်နာကျင့်ကြံရမည်။ ရတနာသုံးပါး ကြည်ညိုရမည်ဟု ဆိုရာတွင် ဘုရားဂုဏ်တော် ကိုးပါး၊ တရားဂုဏ်တော် ခြောက်ပါး၊ သံဃာဂုဏ်တော် ကိုးပါးတို့၌ ဉာဏ်သက်ဝင်ကာ ယုံကြည် ကြည်ညိုရမည်ကို ဆိုလိုသည်။

          ငါးပါးသီလကို ဖြည့်ကျင့်ရမည်ဟု ဆိုရာတွင် ငါးပါးသီလ၏ အကျိုးနှင့် အပြစ်ကို သိ၍ လုံခြုံအောင် စောင့်ထိန်း ဖြည့်ကျင့်ရမည်ကို ဆိုလိုခြင်း ဖြစ်သည်။
အမျိုးသမီးအဖြစ်၊ မိန်းမအဖြစ်ကို မနှစ်သက်ခြင်းဟု ဆိုရာတွင် မိန်းမအဖြစ်၌ တည်ရှိ ပါက စကြဝတေးမင်း၊ သိကြားမင်း၊ ဗြဟ္မာမင်း တို့၏ စည်းစိမ်ကို မရနိုင်။ ပစ္စေကဗုဒ္ဓါ၊ သဗ္ဗညု မြတ်စွာဘုရားအဖြစ်ကို မရနိုင်။ ထို့ကြောင့် အမျိုးသမီးအဖြစ်၊ မိန်းမ အဖြစ်ကိုမလိုချင်၊မနှစ်သက်ခြင်းရှိနေရမည်။ ထိုကဲ့သို့ မနှစ်သက်ခြင်းသည်ပင်အမျိုးကောင်း သား ယောကျာၤးဖြစ်ဖို့ရာ အကြောင်းတစ်ပါး ဖြစ်၏။
အမျိုးသား ယောကျာၤးအဖြစ်ကို နှစ်သက်ခြင်းဟု ဆိုရာတွင် အမျိုးသား ယောကျာၤးအဖြစ်၌ တည်ရှိပါက စကြဝတေးမင်းမှ အစ နောက်ဆုံး သဗ္ဗညု မြတ်စွာဘုရားတိုင်အောင် ဖြစ်နိုင် သည်။ ထိုမွန်မြတ်သော ဘဝများကို ရနိုင်သော အမျိုးသားယောကျာၤးအဖြစ်ကို နှစ်သက် စိတ်ရှိရမည်။
မြတ်စွာဘုရားလက်ထက်တော်အခါက ဤအမျိုးသား ယောကျာၤးဖြစ်ကြောင်း တရားလေးပါး ကိုလိုက်နာကျင့်ကြံ၍ ဒုတိယဘဝ၌အမျိုးသမီးအဖြစ်မှ အမျိုးသား ယောကျာၤးအဖြစ်ကိုရောက် သွားသော သာဓကများ ရှိသည်။

      အခါတစ်ပါး ကပ္ပိလဝတ်ပြည်သူ ဂေါပိကာအမည်ရှိ သာကီဝင်မင်းသမီးသည် ဘုရား၊တရား အလွန်ကြည်ညိုသည်။ ငါးပါးသီလ လုံအောင် စောင့်သည်။ အမျိုးသမီးအဖြစ်ကို မနှစ်သက်။ အမျိုးသားယောကျာၤးအဖြစ်ကို နှစ်သက်သည်ဖြစ်၍ ရဟန်းတော်သုံးပါးကို ပြုစုလုပ်ကျွေး လျှက် နေသည်။ ဂေါပိကာ ကွယ်လွန်သောအခါ ဒုတိယဘဝတွင် တာဝတိံသာနတ်ပြည်၌ သိကြားမင်း၏ သားတော် ဂေါပကနတ်သား ယောကျာၤးဖြစ်ရလေ၏။
ထိုသာဓကကို ထောက်ထား၍ အမျိုးသမီးတို့သည် ဤတရားလေးပါးကို ပြည့်စုံအောင် ကျင့်နိုင်သော် ဒုတိယဘဝ၌ ယောကျာၤးကောင်းစင်စစ် ဖြစ်နိုင်သည်။ ယောကျာၤးဘ၀ ရပြီးသောအခါတွင်လည်း အရင်ဘဝက တောင်းခဲ့သော ဘုရားဆုပြည့်ကြောင်း ပါရမီ ကို ဖြည့်ကျင့်ပါက ဘုရားအဖြစ်ကို ရောက်နိုင်သည်။ သို့ဖြစ်၍ အမျိုးသမီးများလည်း ဘုရားဖြစ်ရန် ဆုထူးပန်နိုင်ကြပေသည်။

သဒ္ဓမ္မရံသီရိပ်သာ ဆရာတော် အရှင်ကုဏ္ဍလာဘိဝံသမှ ကူးယူ တင်ပြပါသည်။
satekuupuyar

No comments:

Post a Comment