Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, August 29, 2018

ဘုရား အေနကဇာ မတင္ဘဲ ကိုးကြယ္လို႔ ရ / မရ

ဘုရား ဆင္းတုေတြ ကို တစ္ခ်ိဳ႕က အေနကဇာ တင္မွ အသက္ ဝင္တယ္ ။ အေနကဇာ မတင္ရင္ အသက္ မဝင္ ဘူး လို႔ေျပာၾကသလို တစ္ခ်ိဳ႕က အေနကဇာ တင္မွ ဘုရားျဖစ္တာ အေနကဇာ မတင္ဘဲ ကိုးကြယ္ရင္ ကုသိုလ္ မရဘူးလို႔လဲ ေျပာၾကပါတယ္ ။ တစ္ခ်ိဳ႕က အေနကဇာ မတင္ဘဲ မကိုးကြယ္ေကာင္းဘူးလို႔လဲ ယူဆၾက ပါေသးတယ္ ။

ယၡဳ အယူအဆေတြက မွားပါတယ္ ။ တစ္ကယ္ေတာ့ အေနကဇာ တင္တယ္ ဆိုတာ ျမတ္ဗုဒၶ ၏ ဂုဏ္ေတာ္ေတြ ေက်းဇူးေတာ္ေတြကို ေအာက္ေမ့ ရြတ္ဖတ္ ပူေဇာ္ျခင္း အမွတ္ရျခင္း ျပဳတ့ဲ သေဘာမ်ိဳးပါ ။ ေစတီေတာ္ ဆင္းတု ေတာ္ေတြကို ထပ္မံ မြန္းမံျခင္းလို႔လဲ ဆိုႏိူင္ ပါတယ္ ။ အေနကဇာ တင္ေတာ့ အေနက ဇာတိ စတ့ဲ ဗုဒၶ ၾကဳံးဝါးခ့ဲတ့ဲ ဂါထာေတာ္ေတြကို ၾကားနာခြင့္ရတယ္ ။ ဗုဒၶ ဆင္ျခင္သံုးသပ္ခ့ဲတ့ဲ ပဋိစၥသမုပၸါဒ္ ကို နာခြင့္ရတယ္ ။ ရဟန္းေတာ္ေတြကို လႉဒါန္း ကုသိုလ္ျပဳခြင့္ရတယ္ အစရိွ သျဖင့္ ဆိုင္ရာ အက်ိဳးေတြ ရပါတယ္ ။

ဒါေပမ့ဲ အဲဒီလို အေနကဇာ တင္ျခင္းေၾကာင့္ ေစတီ ႐ုပ္ထုေတြက အသက္ ဝင္လာတာေတာ့ မဟုတ္ပါဘူး ။ ဗုဒၶဘာသာေတြ ကလဲ အဲဒီ ႐ုပ္ထုေတြကို ကိုးကြယ္ေနတာ မဟုတ္ရပါဘူး ။ ဗုဒၶ ၏ ဂုဏ္ေတာ္ေတြ ကို ကိုးကြယ္တာပါ ။ ေစတီ ႐ုပ္ထု ဆိုတာက ဗုဒ ၶ၏ ဂုဏ္ေတာ္ေတြကို အာ႐ုံျပဳလို႔ လြယ္ကူေအာင္ အေထာက္ပံ့ ျပဳတ့ဲ အရာမွ်သာ ျဖစ္ၾကပါတယ္ ။ ေစတီ ဆင္းတုေတာ္ေတြကို ဖူးေမွ်ာ္ၿပီး ဗုဒၶ ၏ ဂုဏ္ေတာ္ ေက်းဇူးေတာ္ေတြကို အာ႐ုံျပဳၾက ပူေဇာ္ၾကရပါတယ္ ။ ေ႐ွ႕မွာ ရိွေနတ့ဲ ေစတီ ဆင္းတုေတာ္ေတြကို ပူေဇာ္ေနၾကတာ မဟုတ္ပါဘူး ပရိနိဗၺာန္ ဝင္စံေတာ္မူၿပီးျဖစ္တ့ဲ ျမတ္စြာဘုရား႐ွင္၏ ေက်းဇူးေတာ္ အနႏၲ ဂုဏ္ေတာ္ အနႏၲ ကို ပူေဇာ္ေနၾကတာပါ။

မိမိစိတ္ က ဗုဒ ၶ၏ ဂုဏ္ေတာ္ေတြကုိ ရည္မွတ္ဖို႔သာ အဓိက က်တာျဖစ္ပါတယ္ ေစတီ ဆင္းတုေတြက အဓိက မက်ပါဘူး သာမည မွ်သာ ျဖစ္ၾကပါတယ္ ။ ဒါေၾကာင့္ မိမိ အေန နဲ႔ ဗုဒၶ၏ ဂုဏ္ေတာ္ေတြ ကို ရည္ မွတ္ရရင္ အေနကဇာ တင္တင္ မတင္တင္ ကိုးကြယ္လို႔ ရပါတယ္ ။ ျမတ္ဗုဒၶ အား မိမိ ၏ ၾကည္ညိဳမႈ သဒၶါ ထက္သန္သေလာက္ အက်ိဳးထူးရရိွမွာသာ ျဖစ္ပါတယ္ သူေတာ္ေကာင္းတို႔ ။

စာဖတ္သူ ဓမၼမိတ္ေဆြ အေပါင္းသူေတာ္ေကာင္းတို႔ အားလံုး ျမတ္ဗုဒၶ၏ ေက်းဇူးေတာ္ ဂုဏ္ေတာ္ အနႏၲေတြကို ထက္သန္ေသာ သဒၶါ တရား ႏွင့္ ကိုးကြယ္ ဆည္းကပ္ ပူေဇာ္တတ္သူ စစ္စစ္မ်ား ျဖစ္ၾကပါေစ။

ေမတၱာျဖင့္ အရွင္နေႏၵာဘာသ (ဓမၼေရာင္စဥ္)
___________________________________________________

အေနကဇာတင္ျခင္း ရသ
***************************

“အေနကဇာ မတင္လွ်င္ ဘုရားအျဖစ္ ကိုးကြယ္မရ၊ အေနကဇာတင္ပါမွ ဘုရားအျဖစ္ ကိုးကြယ္လို႔ ရ သလား” ဆိုေတာ့ မဟုတ္ပါ။ ဘုရား ႐ုပ္တုေတာ္ ဆင္းတုေတာ္အျဖစ္ ထုလိုက္သည္ႏွင့္ တၿပိဳင္နက္ ႐ိုေသေလးစားဖို႔ တာ၀န္ရွိသြားပါျပီ၊ ‘ဘုရား’ ဟု ‘ဘုရားဆင္းတု’ ဟုသာ ေခၚၾကပါသည္။ တစ္စုံတစ္ေယာက္မွ် ျခေသၤ့႐ုပ္ ဆင္႐ုပ္ စသည္ မေခၚၾကပါဘူး၊ ႐ုပ္ပံုေပၚလာသည္ႏွင့္ တစ္ၿပိဳင္နက္ “ဒါ ဘုရားပဲ၊ မ႐ုိမေသ မေလးစားလုပ္လွ်င္ အျပစ္ရွိသည္” ဟု ယုံၾကည္ထားၾကပါသည္။

ဘုရား ထုလုပ္ေသာ လူေတြ ကေတာ့ အေနကဇာ မတင္ရေသးလွ်င္ ဘုရား မျဖစ္ေသးဘူး ဟူ၍ ထင္မွတ္ တတ္ၾကပါသည္။ ဘုရား ဟူ၍ သတ္မွတ္လိုက္သည္ႏွင့္ တစ္ၿပိဳင္နက္ ဗုဒၶဘာသာ အားလုံးက သမၼဳတိသစၥာ သေဘာအရ ဘုရားဟူ၍ အသိအမွတ္ ျပဳထားသည့္ အတြက္ေၾကာင့္ ဘုရားပဲ ျဖစ္ပါသည္။ မ႐ိုမေသ မေလးမစားလုပ္လွ်င္ အျပစ္ရွိပါသည္။ ဘုရား ဆင္းတု ထုလုပ္ၾကပါကုန္ေသာ ဆရာမ်ား သတိ ထားဖြယ္ရာ အျဖစ္ ၾကားညႇပ္ကာ ေရးသားေပးရပါသည္။ ထို႔ေၾကာင့္ အေနကဇာ မတင္လည္း ဘုရားအျဖစ္ ကိုးကြယ္ႏိုင္ၾကပါသည္ ဟူ၍ ဦးစြာ အက်ဥ္းအားျဖင့္ မွတ္သားေပးၾကေစလိုပါသည္။

“ထိုသို႔ ဘုရားရွင္ကို အေနကဇာ တင္ျခင္း ကိစၥသည္ ဘယ္ေခတ္က စတင္ ျဖစ္ထြန္း လာပါသလဲ” ဆိုေတာ့ မိမိတို႔ ေထရဝါဒ ဗုဒၶဘာသာ ျမန္မာျပည္တြင္ သာသနာေတာ္ႀကီး တစ္ဖန္ ထြန္းေတာက္ရာေခတ္ျဖစ္ေသာ ပုဂံေခတ္ က စခဲ့သည္ဟု ဆိုၾကပါ၏။

 ေရွးအခါက ပုဂံျပည္မွာ ဘုရားေစတီပုထိုးမ်ား မ်ားစြာ တည္ၾကပါသည္။ တည္ျပီးေသာအခါ ပူေဇာ္ပြဲ အမ်ိဳးမ်ိဳး ျပဳလုပ္ၾကရာ၌လည္း ရြတ္ဖတ္ ပူေဇာ္မႈ ကိုပါ ထည့္သြင္း၍ ပူေဇာ္မႈ ျပဳၾကပါသည္ဟု ဆိုၾကပါ ၏။ ထိုတြင္ ဘုရားအသစ္ ကို ထုလုပ္ ပူေဇာ္ျခင္းျဖစ္ေၾကာင့္ ဘုရားျဖစ္စ ကို ရည္ရြယ္မွန္းဆ၍ ဘုရားရွင္ ကိုယ္ေတာ္တိုင္ စိတ္ျဖင့္ လည္းေကာင္း ႏႈတ္ျဖင့္လည္းေကာင္း ပြားမ်ား ဆင္ျခင္ေတာ္ မူခဲ့ပါေသာ တရားေတာ္မ်ားကို ပူေဇာ္ ရြတ္ဆိုၾကရန္ စီမံၾကျခင္းျဖစ္ပါသည္။ ဤကား အေနကဇာ တင္မႈ စတင္ျဖစ္ေပၚလာ အေၾကာင္းရင္း ျဖစ္ပါသည္။

“ ဘာေၾကာင့္ အေနကဇာ တင္ၾကပါသလဲ” ဆိုေတာ့ ေထရဝါဒ ဗုဒၶဘာသာဝင္မ်ားသည္ အိမ္သစ္ ေက်ာင္း သစ္ စသည္ ေဆာက္လုပ္ၾကေသာအခါ အိမ္ဦးခန္း ေက်ာင္းဦးခန္းမွာ ဘုရားရွင္ သီတင္းသုံးဖို႔ရန္ အတြက္ ေက်ာင္းေဆာင္ေလးမ်ားကိုပါ အဦးထား၍ ေဆာက္လုပ္ၾကပါသည္။ ေဆာက္လုပ္၍ ၿပီးစီးၾကေသာအခါ ဘုရားရွင္ ၏ ႐ုပ္ပြားေတာ္ကို ပင့္ေဆာင္၍ အိမ္ဦးခန္း ေက်ာင္းဦးခန္းမွာ ကိုးကြယ္ထားၾကပါသည္။

ထိုသို႔ ကိုးကြယ္ၾကရာ၌ အသစ္ျဖစ္ေသာ အိမ္ေက်ာင္းမွာ အစဦးဆုံး အျဖစ္ ဘုရားရွင္ကို ပင့္ေဆာင္ၾကျခင္းျဖစ္၍ ဘုရားရွင္ ကို ပူေဇာ္ၾကဖို႔ရန္ အတြက္ သံဃာေတာ္မ်ားကို ပင့္ဖိတ္ၿပီး ဘုရားရွင္ကို ပူေဇာ္သမႈ ျပဳေစၾကျခင္း ျဖစ္ပါသည္။ ဒါသည္ ပုဂံေခတ္မွ လာခဲ့ေသာ အစဥ္အလာ အတိုင္းပင္ ျဖစ္ပါသည္။ သံဃာေတာ္မ်ားက ရြတ္ဆိုပူေဇာ္နည္းကို မသိၾကပါကုန္ေသာ လူမ်ားကိုယ္စား ဘုရားရွင္ကို ပူေဇာ္ေပးၾကျခင္း ျဖစ္ပါသည္။ ထိုသို႔ သံဃာေတာ္မ်ားကို မိမိတို႔ အိမ္ေဂဟာသို႔ ပင့္ဖိတ္၍ ဘုရားရွင္ကို ပူေဇာ္ေစၾကသူတို႔သည္ ဘုရား တရား သံဃာ ရတနာသုံးျဖာလုံးကိုပင္ ပူေဇာ္ၿပီးသား ျဖစ္ရပါသည္။ ရြတ္ဆိုပူေဇာ္နည္းကို သိၾကပါကုန္ေသာ လူမ်ားကေတာ့ ကိုယ္တိုင္လည္း ရြတ္ဆို ပူေဇာ္ႏိုင္ၾကပါသည္။

ဆရာေတာ္ေလးတစ္ပါးက “တစ္ခ်ိဳ႕က ဘုရားအေနကဇာ တင္တာကုိ ဗုဒၶါဘိေသက အေနကဇာတင္တယ္လုိ႔ ဆုိတာ ရွိပါေသးတယ္။ ဘုရားကုိ အဘိသိက္ေျမာက္တယ္ေပ့ါ။ ဒါဟာ ဘုရားကုိ အဘိသိက္ေျမာက္တာ မဟုတ္ပါဘူး။ ဘုရားကုိ အဘိသိက္ေျမာက္ေပးလုိ႔လည္း မရပါဘူး။ ဆင္းတုေတာ္ကုိ ထုလုပ္ ပူေဇာ္တဲ့ အရာ၀တၳဳကုိ သန္႔စင္ေစတဲ့ သေဘာပဲ ျဖစ္ပါတယ္” ဟူ၍ ေရးသားထားသည္ကို ဖတ္ ရဖူးပါသည္။ သူ႔ အယူအဆႏွင့္ သူ မွန္သည္ဟု ဆိုရပါမည္။ သို႔ေသာ္ “ဗုဒၶါဘိေသက မဂၤလာ” ဟူသည္ ဘုရားရွင္ကို အသက္သြင္းျခင္း, ေရစင္ျဖင့္ အဘိသိက္သြန္းျခင္း မဟုတ္ရပါ။

အဘိသိက္ ဟူသည္ သုံးမ်ိဳး ရွိသည္ဟု မင္းကြန္း ဆရာေတာ္ႀကီး၏ ဗုဒၶေန႔ဆိုင္ရာ တရားအလႊာထဲမွာ ထည့္သြင္း၍ ေဟာၾကားထားပါသည္။ ထိုသုံးမ်ိဳးမွာ-----

၁။ မုဒၶါဘိေသက မဂၤလာ။
၂။ ပဗၺဇၨာဘိေသက မဂၤလာ။
၃။ ဗုဒၶါဘိေသက မဂၤလာ တို႔ ျဖစ္ပါသည္။

ထိုသုံးမ်ိဳးတို႔တြင္ မုဒၶါဘိေသက မဂၤလာဟူသည္မွာ အစဥ္အလာ သူ႔ေခတ္အခါလာ ေဗဒင္ က်မ္းလာ အတိုင္း ရွင္ဘုရင္ အျဖစ္ တင္ေျမာက္မည့္ ဘုရင္ေလာင္းကို ထိုထို ဆက္သစရာမ်ား ဆက္သၿပီး ထိုထို ဆိုင္ရာ မႏၲာန္မ်ားကို ရြတ္ဆိုၾကကာ ဦးေခါင္းထိပ္၌ ေရစင္ျဖင့္ သြန္းေလာင္းျခင္း ျဖစ္ပါသည္။

ပဗၺဇၨာဘိေသက မဂၤလာဟူသည္မွာ ေရစင္ျဖင့္ သြန္းေလာင္းရသည့္ အဘိသိက္ တင္ျခင္း ေျမာက္ျခင္းမ်ိဳး မဟုတ္ပါ။ ( ေလာကီမဂၤလာ အျဖစ္ မင္းမ်ား အဘိသိက္ခံယူၾကသည္ကို အစြဲျပဳကာ ယဥ္ေက်းမႈ ဓေလ့႐ိုးရာ အစဥ္အလာျဖင့္ ရွင္ေလာင္းကို အဘိသိက္ေျမႇာက္ျခင္းသည္ ျမန္မာတို႔၏ အစဥ္အလာမို႔ အျပစ္ဖို႔စရာ မရွိပါ) ယုတ္ညံ့ေသာ လူအျဖစ္မွ ျမင့္ျမတ္ေသာ သာမေဏ ပဥၨင္းအျဖစ္သို႔ ဝင္ေရာက္မည့္ ရွင္ေလာင္း,ရဟန္းေလာင္း ကို ရွင္ျဖစ္လွ်င္ သကၤန္းေတာင္းျခင္း သရဏဂုံ ပီသရျခင္း စသည္ႏွင့္ ရဟန္းျဖစ္လွ်င္ ဥပဇၩာယ္ ယူမႈမွသည္ ကမၼဝါ စာဆုံးသည္ အထိ ဌာန္ က႐ိုဏ္းက်က် ရြတ္ဆိုရျခင္းဟု ဆိုအပ္ေသာ အစီအစဥ္ အတိုင္း ျပဳလုပ္ရျခင္းသည္ အဘိေသက မႏၲာန္ကို ရြတ္ဆိုျခင္းႏွင့္ တူသည္ကို အစြဲျပဳကာ ေခၚေဝၚထားေသာ အမည္ျဖစ္ပါသည္။

ဗုဒၶါဘိေသက မဂၤလာဟူသည္ အေနကဇာ တင္သည့္ ပါဠိမ်ားထဲတြင္ အပါအဝင္ျဖစ္ေသာ “ အပရာဇိတပလႅေကၤ သီေသ ပုထုဝိပုကၡေလ။ အဘိေသေက သဗၺဗုဒၶါနံ အဂၢပၸေတၱာ ပေမာဒတိ” ဟူေသာ ေရွးဆရာေတာ္ႀကီး၏ ဂါထာကို အစြဲျပဳကာ ေပၚေပါက္လာသည့္ အေခၚအေဝၚျဖစ္ပါသည္။ သို႔ေသာ္ ခ်ီးေျမႇာက္ေသာ အဘိသိက္မ်ိဳး မဟုတ္ပါ။ ရွိၿပီးသားဂုဏ္ကို အမႊမ္းတင္ေသာ အဘိသိက္မ်ိဳး ျဖစ္ပါသည္။

ဘုရားရွင္သည္ ဘုရားျဖစ္စ ပထမ သတၱာဟ ေဗာဓိပင္ရင္းတြင္ တဏွာကၽြန္ အျဖစ္မွ လြတ္ခဲ့ပံုကို အေနကဇာတိ သံသာရံ -စေသာ ဂါထာျဖင့္ စိတ္ေတာ္၌ ဆင္ျခင္ေတာ္မူပါသည္။ ထို႔ေနာက္ ပဋိစၥသမုပၸါဒ္ အႏုလံု၊ ပဋိလံုတို႔ကို စိတ္ေတာ္ျဖင့္ပင္ ဆက္လက္ ဆင္ျခင္ေတာ္မူပါသည္။ ထို႔ေနာက္ စိတ္ေတာ္ျဖင့္ ဆင္ျခင္ရသည္ကို အားရေတာ္ မမူေသာေၾကာင့္ ႏႈတ္၀စီျဖင့္ ယဒါ ဟေ၀ -စေသာ ဂါထာေတာ္မ်ားကို ၀မ္းေျမာက္၀မ္းသာ ဥဒါန္းက်ဴးရင့္ေတာ္မူပါသည္။

တစ္ဖန္ စတုတၳ သတၱာဟ ၌ အဘိဓမၼာ ၇-က်မ္းကို ဆင္ျခင္ေတာ္မူရာ ပ႒ာန္းက်မ္းေတာ္ႀကီးသို႔ အေရာက္တြင္ ေရာင္ျခည္ေတာ္မ်ား ထြက္ပါသည္။ ထိုကို ရည္ရြယ္၍ ပ႒ာန္း ၂၄-ပစၥည္း ရြတ္ပါသည္။ ဆက္ လက္၍ ေအာင္ဂါထာမ်ား ပါ၀င္ေသာ ပုဗၺဏွသုတ္ ကို ရြတ္ပြား၍ ဆုေတာင္းပါသည္။

ဆိုခဲ့ၿပီးေသာ ဗုဒၶါဘိေသက ျဖစ္ထိုက္ေသာ ဗုဒၶဝစန မ်ားကို အစဥ္အတိုင္း ရြတ္ဆိုၾကကာ ဘုရားရွင္ေတာ္ျမတ္ကို အမႊမ္းတင္ၾကျခင္း ပူေဇာ္ၾကျခင္းကိုပင္ ဗုဒၶါဘိေသက မဂၤလာဟု တင္စားကာ ေခၚဆိုထားျခင္း ျဖစ္ပါသည္။ ဤကား ဘုရားရွင္ကို အသက္သြင္းၿခင္း မဟုတ္ေၾကာင္း, အဘိသိက္ ဟူရာမွာလည္း ေရစင္ျဖင့္ သြန္းေလာင္းရသည့္ တင္ေျမႇာက္ျခင္းကို မဆိုလိုေၾကာင္း မီးေမာင္းထိုးျပျခင္း ျဖစ္ပါသည္။

တစ္ခ်ိဳ႕က---“ ပုံေတာ္က သာမည ပါ။ ဟန္ျပပါ။ ဂုဏ္ေတာ္ ကိုသာ အာ႐ုံျပဳ၍ ပူေဇာ္ႏိုင္ဖို႔ လိုရင္းပါ” ဟူ၍ ဆိုလာၾကပါသည္။ ပုံေတာ္ကိုၾကည္ညိဳ ဂုဏ္ေတာ္ကို အာ႐ုံစိုက္ ကာ ပူေဇာ္ရမည္ မွန္ပါေသာ္ လည္း ပုံေတာ္က သာမညလည္း မဟုတ္ ဟန္ျပလည္း မဟုတ္ပါ။ ေလးအသေခ်ၤႏွင့္ ကမၻာ တစ္သိန္း ၾကာ သည့္တိုင္ေအာင္ အနစ္နာခံျခင္း သူတစ္ပါးအက်ိဳး ကို ေဆာင္ရြက္ျခင္းဟု ဆိုအပ္ေသာ ပါရမီ စရိယ မ်ားစြာတို႔ကို ျဖည့္က်င့္ပါမွ ရရွိလာပါေသာ လကၡဏာေတာ္ႀကီးငယ္ အသြယ္သြယ္ျဖင့္ တုဖက္မရွိ ၾကည္ညိဳဖြယ္ အတိျပည့္ေသာ ပုံေတာ္ ျဖစ္ပါသည္။

ထုလုပ္သူ ညံ့လို႔ ပုံေကာင္း မထြက္လွ်င္သာ ရွိပါမည္။ “ထို႐ုပ္တု ဆင္းတု သ႑ာန္မ်ားသည္ ျမတ္စြာဘုရား ၏ သ႑ာန္ေတာ္ႏွင့္ ဆက္စပ္လွ်က္ ရွိသည္ျဖစ္၍ ထို႐ုပ္ပုံ ႐ုပ္တုေတာ္မ်ားကို ျမင္လိုက္ရသည္ႏွင့္ တစ္ၿပိဳင္နက္ ဘုရား ဘုရား ဟူ၍ ျမတ္စြာဘုရားကို အာ႐ုံျပဳေသာစိတ္သည္ ထင္ရွားစြာ ျဖစ္ေပၚလာ၏။ ျမတ္စြာဘုရားကို အာ႐ုံျပဳ၍ အားေကာင္းစြာျဖစ္ေပၚလာေသာ ထိုကုသိုလ္စိတ္မ်ားသည္ ခ်မ္းသာမ်ားစြာရ သံသရာ ဘဝထိေအာင္ အက်ိဳးမ်ားပါသည္” ဟုလည္းေကာင္း, ဘုရား အစစ္၏ ႐ုပ္ပုံေတာ္ သ႑ာန္ေတာ္မ်ားကို ဖူးျမင္ခြင့္ မရၾကသည့္ အတြက္ ထိုဘုရားအစစ္ ၏ ႐ုပ္ပုံေတာ္ သ႑ာန္ေတာ္ႏွင့္ အသြင္အဆင္တူေသာ ႐ုပ္ပုံေတာ္ ဆင္းတုေတာ္မ်ားကို အလြန္ဖူးျမင္လိုၾက၏။

 ၾကည္ညိဳစြာ ဖူးေျမႇာ္ၾကရေသာအခါ၌ ထိုသူတို႔၏ စိတ္မေနာ သည္ ဘုရားအစစ္ သို႔ စိတ္ေရာက္၍ သြားၾက ကုန္သည္ခ်ည္းသာ ျဖစ္ကုန္၏။ ရွိခိုးပူေဇာ္စဥ္ အခါ ႏႈတ္မွ ရြတ္ဆိုၾကေသာ ဣတိပိ ေသာ ဘဂဝါ အရဟံ အစရွိေသာ ဂုဏ္ေတာ္မ်ားသည္ ဘုရားစစ္ ၌ ရွိေသာ ဂုဏ္ေတာ္မ်ားေပတည္း ဟု အမွန္သိ၍ ရြတ္ဆိုၾကျခင္း ျဖစ္၏။

 ေလာက၌ ဤသူသည္ သီလ စေသာဂုဏ္ႀကီး၏ စသည္ျဖင့္ ၾကားသိရလွ်င္ ထိုပုဂၢဳိလ္ႀကီးကို ဖူးေျမႇာ္လိုေသာစိတ္ အလြန္ ထက္သန္ၾကသည့္ အားေလ်ာ္စြာ ထိုပုဂၢဳိလ္ႀကီး ရွိရာသို႔ ကိုယ္တိုင္ သြား၍ပင္ ဖူးေျမႇာ္ၾက၏။ မသြားႏိုင္ ျဖစ္ခဲ့ၾကလွ်င္ ထိုပုဂၢဳိလ္ႀကီး၏ ပုံမ်ားကို ဝယ္ယူ ပူေဇာ္၍ ေခါင္းရင္းျမင့္ျမတ္ရာမွာ ထားကာ ၾကည္ညိဳပူေဇာ္ၾကကုန္၏။

ထိုအမႈသည္ အလြန္ေကာင္းျမတ္ေသာ အမႈျဖစ္၏” ဟု လည္းေကာင္း ေက်းဇူးးေတာ္ရွင္ လယ္တီ ဆရာေတာ္ႀကီး မွ ရတနာသုံးပါးကို ၾကည္ညိဳ ပူေဇာ္ရျခင္း၏ အက်ိဳးမ်ားပုံကို ေရးသားထားပါသည္။

အားလုံး သာယာခ်မ္းေျမ႕ၾကပါေစ.....။
အ႐ွင္ေခမိႏၵ တိပိဋကနိကာယ

#Unicode Version#
ဘုရား ဆင်းတုတွေ ကို တစ်ချို့က အနေကဇာ တင်မှ အသက် ဝင်တယ် ။ အနေကဇာ မတင်ရင် အသက် မဝင် ဘူး လို့ပြောကြသလို တစ်ချို့က အနေကဇာ တင်မှ ဘုရားဖြစ်တာ အနေကဇာ မတင်ဘဲ ကိုးကွယ်ရင် ကုသိုလ် မရဘူးလို့လဲ ပြောကြပါတယ် ။ တစ်ချို့က အနေကဇာ မတင်ဘဲ မကိုးကွယ်ကောင်းဘူးလို့လဲ ယူဆကြ ပါသေးတယ် ။

ယ္ခု အယူအဆတွေက မှားပါတယ် ။ တစ်ကယ်တော့ အနေကဇာ တင်တယ် ဆိုတာ မြတ်ဗုဒ္ဓ ၏ ဂုဏ်တော်တွေ ကျေးဇူးတော်တွေကို အောက်မေ့ ရွတ်ဖတ် ပူဇော်ခြင်း အမှတ်ရခြင်း ပြုတဲ့ သဘောမျိုးပါ ။ စေတီတော် ဆင်းတု တော်တွေကို ထပ်မံ မွန်းမံခြင်းလို့လဲ ဆိုနိူင် ပါတယ် ။ အနေကဇာ တင်တော့ အနေက ဇာတိ စတဲ့ ဗုဒ္ဓ ကြုံးဝါးခဲ့တဲ့ ဂါထာတော်တွေကို ကြားနာခွင့်ရတယ် ။ ဗုဒ္ဓ ဆင်ခြင်သုံးသပ်ခဲ့တဲ့ ပဋိစ္စသမုပ္ပါဒ် ကို နာခွင့်ရတယ် ။ ရဟန်းတော်တွေကို လှူဒါန်း ကုသိုလ်ပြုခွင့်ရတယ် အစရှိ သဖြင့် ဆိုင်ရာ အကျိုးတွေ ရပါတယ် ။

ဒါပေမဲ့ အဲဒီလို အနေကဇာ တင်ခြင်းကြောင့် စေတီ ရုပ်ထုတွေက အသက် ဝင်လာတာတော့ မဟုတ်ပါဘူး ။ ဗုဒ္ဓဘာသာတွေ ကလဲ အဲဒီ ရုပ်ထုတွေကို ကိုးကွယ်နေတာ မဟုတ်ရပါဘူး ။ ဗုဒ္ဓ ၏ ဂုဏ်တော်တွေ ကို ကိုးကွယ်တာပါ ။ စေတီ ရုပ်ထု ဆိုတာက ဗုဒ ္ဓ၏ ဂုဏ်တော်တွေကို အာရုံပြုလို့ လွယ်ကူအောင် အထောက်ပံ့ ပြုတဲ့ အရာမျှသာ ဖြစ်ကြပါတယ် ။ စေတီ ဆင်းတုတော်တွေကို ဖူးမျှော်ပြီး ဗုဒ္ဓ ၏ ဂုဏ်တော် ကျေးဇူးတော်တွေကို အာရုံပြုကြ ပူဇော်ကြရပါတယ် ။ ရှေ့မှာ ရှိနေတဲ့ စေတီ ဆင်းတုတော်တွေကို ပူဇော်နေကြတာ မဟုတ်ပါဘူး ပရိနိဗ္ဗာန် ဝင်စံတော်မူပြီးဖြစ်တဲ့ မြတ်စွာဘုရားရှင်၏ ကျေးဇူးတော် အနန္တ ဂုဏ်တော် အနန္တ ကို ပူဇော်နေကြတာပါ။

မိမိစိတ် က ဗုဒ ္ဓ၏ ဂုဏ်တော်တွေကို ရည်မှတ်ဖို့သာ အဓိက ကျတာဖြစ်ပါတယ် စေတီ ဆင်းတုတွေက အဓိက မကျပါဘူး သာမည မျှသာ ဖြစ်ကြပါတယ် ။ ဒါကြောင့် မိမိ အနေ နဲ့ ဗုဒ္ဓ၏ ဂုဏ်တော်တွေ ကို ရည် မှတ်ရရင် အနေကဇာ တင်တင် မတင်တင် ကိုးကွယ်လို့ ရပါတယ် ။ မြတ်ဗုဒ္ဓ အား မိမိ ၏ ကြည်ညိုမှု သဒ္ဓါ ထက်သန်သလောက် အကျိုးထူးရရှိမှာသာ ဖြစ်ပါတယ် သူတော်ကောင်းတို့ ။

စာဖတ်သူ ဓမ္မမိတ်ဆွေ အပေါင်းသူတော်ကောင်းတို့ အားလုံး မြတ်ဗုဒ္ဓ၏ ကျေးဇူးတော် ဂုဏ်တော် အနန္တတွေကို ထက်သန်သော သဒ္ဓါ တရား နှင့် ကိုးကွယ် ဆည်းကပ် ပူဇော်တတ်သူ စစ်စစ်များ ဖြစ်ကြပါစေ။

မေတ္တာဖြင့် အရှင်နန္ဒောဘာသ (ဓမ္မရောင်စဉ်)
___________________________________________________

အနေကဇာတင်ခြင်း ရသ
***************************

“အနေကဇာ မတင်လျှင် ဘုရားအဖြစ် ကိုးကွယ်မရ၊ အနေကဇာတင်ပါမှ ဘုရားအဖြစ် ကိုးကွယ်လို့ ရ သလား” ဆိုတော့ မဟုတ်ပါ။ ဘုရား ရုပ်တုတော် ဆင်းတုတော်အဖြစ် ထုလိုက်သည်နှင့် တပြိုင်နက် ရိုသေလေးစားဖို့ တာဝန်ရှိသွားပါပြီ၊ ‘ဘုရား’ ဟု ‘ဘုရားဆင်းတု’ ဟုသာ ခေါ်ကြပါသည်။ တစ်စုံတစ်ယောက်မျှ ခြင်္သေ့ရုပ် ဆင်ရုပ် စသည် မခေါ်ကြပါဘူး၊ ရုပ်ပုံပေါ်လာသည်နှင့် တစ်ပြိုင်နက် “ဒါ ဘုရားပဲ၊ မရိုမသေ မလေးစားလုပ်လျှင် အပြစ်ရှိသည်” ဟု ယုံကြည်ထားကြပါသည်။

ဘုရား ထုလုပ်သော လူတွေ ကတော့ အနေကဇာ မတင်ရသေးလျှင် ဘုရား မဖြစ်သေးဘူး ဟူ၍ ထင်မှတ် တတ်ကြပါသည်။ ဘုရား ဟူ၍ သတ်မှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ဗုဒ္ဓဘာသာ အားလုံးက သမ္မုတိသစ္စာ သဘောအရ ဘုရားဟူ၍ အသိအမှတ် ပြုထားသည့် အတွက်ကြောင့် ဘုရားပဲ ဖြစ်ပါသည်။ မရိုမသေ မလေးမစားလုပ်လျှင် အပြစ်ရှိပါသည်။ ဘုရား ဆင်းတု ထုလုပ်ကြပါကုန်သော ဆရာများ သတိ ထားဖွယ်ရာ အဖြစ် ကြားညှပ်ကာ ရေးသားပေးရပါသည်။ ထို့ကြောင့် အနေကဇာ မတင်လည်း ဘုရားအဖြစ် ကိုးကွယ်နိုင်ကြပါသည် ဟူ၍ ဦးစွာ အကျဉ်းအားဖြင့် မှတ်သားပေးကြစေလိုပါသည်။

“ထိုသို့ ဘုရားရှင်ကို အနေကဇာ တင်ခြင်း ကိစ္စသည် ဘယ်ခေတ်က စတင် ဖြစ်ထွန်း လာပါသလဲ” ဆိုတော့ မိမိတို့ ထေရဝါဒ ဗုဒ္ဓဘာသာ မြန်မာပြည်တွင် သာသနာတော်ကြီး တစ်ဖန် ထွန်းတောက်ရာခေတ်ဖြစ်သော ပုဂံခေတ် က စခဲ့သည်ဟု ဆိုကြပါ၏။

 ရှေးအခါက ပုဂံပြည်မှာ ဘုရားစေတီပုထိုးများ များစွာ တည်ကြပါသည်။ တည်ပြီးသောအခါ ပူဇော်ပွဲ အမျိုးမျိုး ပြုလုပ်ကြရာ၌လည်း ရွတ်ဖတ် ပူဇော်မှု ကိုပါ ထည့်သွင်း၍ ပူဇော်မှု ပြုကြပါသည်ဟု ဆိုကြပါ ၏။ ထိုတွင် ဘုရားအသစ် ကို ထုလုပ် ပူဇော်ခြင်းဖြစ်ကြောင့် ဘုရားဖြစ်စ ကို ရည်ရွယ်မှန်းဆ၍ ဘုရားရှင် ကိုယ်တော်တိုင် စိတ်ဖြင့် လည်းကောင်း နှုတ်ဖြင့်လည်းကောင်း ပွားများ ဆင်ခြင်တော် မူခဲ့ပါသော တရားတော်များကို ပူဇော် ရွတ်ဆိုကြရန် စီမံကြခြင်းဖြစ်ပါသည်။ ဤကား အနေကဇာ တင်မှု စတင်ဖြစ်ပေါ်လာ အကြောင်းရင်း ဖြစ်ပါသည်။

“ ဘာကြောင့် အနေကဇာ တင်ကြပါသလဲ” ဆိုတော့ ထေရဝါဒ ဗုဒ္ဓဘာသာဝင်များသည် အိမ်သစ် ကျောင်း သစ် စသည် ဆောက်လုပ်ကြသောအခါ အိမ်ဦးခန်း ကျောင်းဦးခန်းမှာ ဘုရားရှင် သီတင်းသုံးဖို့ရန် အတွက် ကျောင်းဆောင်လေးများကိုပါ အဦးထား၍ ဆောက်လုပ်ကြပါသည်။ ဆောက်လုပ်၍ ပြီးစီးကြသောအခါ ဘုရားရှင် ၏ ရုပ်ပွားတော်ကို ပင့်ဆောင်၍ အိမ်ဦးခန်း ကျောင်းဦးခန်းမှာ ကိုးကွယ်ထားကြပါသည်။

ထိုသို့ ကိုးကွယ်ကြရာ၌ အသစ်ဖြစ်သော အိမ်ကျောင်းမှာ အစဦးဆုံး အဖြစ် ဘုရားရှင်ကို ပင့်ဆောင်ကြခြင်းဖြစ်၍ ဘုရားရှင် ကို ပူဇော်ကြဖို့ရန် အတွက် သံဃာတော်များကို ပင့်ဖိတ်ပြီး ဘုရားရှင်ကို ပူဇော်သမှု ပြုစေကြခြင်း ဖြစ်ပါသည်။ ဒါသည် ပုဂံခေတ်မှ လာခဲ့သော အစဉ်အလာ အတိုင်းပင် ဖြစ်ပါသည်။ သံဃာတော်များက ရွတ်ဆိုပူဇော်နည်းကို မသိကြပါကုန်သော လူများကိုယ်စား ဘုရားရှင်ကို ပူဇော်ပေးကြခြင်း ဖြစ်ပါသည်။ ထိုသို့ သံဃာတော်များကို မိမိတို့ အိမ်ဂေဟာသို့ ပင့်ဖိတ်၍ ဘုရားရှင်ကို ပူဇော်စေကြသူတို့သည် ဘုရား တရား သံဃာ ရတနာသုံးဖြာလုံးကိုပင် ပူဇော်ပြီးသား ဖြစ်ရပါသည်။ ရွတ်ဆိုပူဇော်နည်းကို သိကြပါကုန်သော လူများကတော့ ကိုယ်တိုင်လည်း ရွတ်ဆို ပူဇော်နိုင်ကြပါသည်။

ဆရာတော်လေးတစ်ပါးက “တစ်ချို့က ဘုရားအနေကဇာ တင်တာကို ဗုဒ္ဓါဘိသေက အနေကဇာတင်တယ်လို့ ဆိုတာ ရှိပါသေးတယ်။ ဘုရားကို အဘိသိက်မြောက်တယ်ပေ့ါ။ ဒါဟာ ဘုရားကို အဘိသိက်မြောက်တာ မဟုတ်ပါဘူး။ ဘုရားကို အဘိသိက်မြောက်ပေးလို့လည်း မရပါဘူး။ ဆင်းတုတော်ကို ထုလုပ် ပူဇော်တဲ့ အရာဝတ္ထုကို သန့်စင်စေတဲ့ သဘောပဲ ဖြစ်ပါတယ်” ဟူ၍ ရေးသားထားသည်ကို ဖတ် ရဖူးပါသည်။ သူ့ အယူအဆနှင့် သူ မှန်သည်ဟု ဆိုရပါမည်။ သို့သော် “ဗုဒ္ဓါဘိသေက မင်္ဂလာ” ဟူသည် ဘုရားရှင်ကို အသက်သွင်းခြင်း, ရေစင်ဖြင့် အဘိသိက်သွန်းခြင်း မဟုတ်ရပါ။

အဘိသိက် ဟူသည် သုံးမျိုး ရှိသည်ဟု မင်းကွန်း ဆရာတော်ကြီး၏ ဗုဒ္ဓနေ့ဆိုင်ရာ တရားအလွှာထဲမှာ ထည့်သွင်း၍ ဟောကြားထားပါသည်။ ထိုသုံးမျိုးမှာ-----

၁။ မုဒ္ဓါဘိသေက မင်္ဂလာ။
၂။ ပဗ္ဗဇ္ဇာဘိသေက မင်္ဂလာ။
၃။ ဗုဒ္ဓါဘိသေက မင်္ဂလာ တို့ ဖြစ်ပါသည်။

ထိုသုံးမျိုးတို့တွင် မုဒ္ဓါဘိသေက မင်္ဂလာဟူသည်မှာ အစဉ်အလာ သူ့ခေတ်အခါလာ ဗေဒင် ကျမ်းလာ အတိုင်း ရှင်ဘုရင် အဖြစ် တင်မြောက်မည့် ဘုရင်လောင်းကို ထိုထို ဆက်သစရာများ ဆက်သပြီး ထိုထို ဆိုင်ရာ မန္တာန်များကို ရွတ်ဆိုကြကာ ဦးခေါင်းထိပ်၌ ရေစင်ဖြင့် သွန်းလောင်းခြင်း ဖြစ်ပါသည်။

ပဗ္ဗဇ္ဇာဘိသေက မင်္ဂလာဟူသည်မှာ ရေစင်ဖြင့် သွန်းလောင်းရသည့် အဘိသိက် တင်ခြင်း မြောက်ခြင်းမျိုး မဟုတ်ပါ။ ( လောကီမင်္ဂလာ အဖြစ် မင်းများ အဘိသိက်ခံယူကြသည်ကို အစွဲပြုကာ ယဉ်ကျေးမှု ဓလေ့ရိုးရာ အစဉ်အလာဖြင့် ရှင်လောင်းကို အဘိသိက်မြှောက်ခြင်းသည် မြန်မာတို့၏ အစဉ်အလာမို့ အပြစ်ဖို့စရာ မရှိပါ) ယုတ်ညံ့သော လူအဖြစ်မှ မြင့်မြတ်သော သာမဏေ ပဉ္ဇင်းအဖြစ်သို့ ဝင်ရောက်မည့် ရှင်လောင်း,ရဟန်းလောင်း ကို ရှင်ဖြစ်လျှင် သင်္ကန်းတောင်းခြင်း သရဏဂုံ ပီသရခြင်း စသည်နှင့် ရဟန်းဖြစ်လျှင် ဥပဇ္ဈာယ် ယူမှုမှသည် ကမ္မဝါ စာဆုံးသည် အထိ ဌာန် ကရိုဏ်းကျကျ ရွတ်ဆိုရခြင်းဟု ဆိုအပ်သော အစီအစဉ် အတိုင်း ပြုလုပ်ရခြင်းသည် အဘိသေက မန္တာန်ကို ရွတ်ဆိုခြင်းနှင့် တူသည်ကို အစွဲပြုကာ ခေါ်ဝေါ်ထားသော အမည်ဖြစ်ပါသည်။

ဗုဒ္ဓါဘိသေက မင်္ဂလာဟူသည် အနေကဇာ တင်သည့် ပါဠိများထဲတွင် အပါအဝင်ဖြစ်သော “ အပရာဇိတပလ္လင်္ကေ သီသေ ပုထုဝိပုက္ခလေ။ အဘိသေကေ သဗ္ဗဗုဒ္ဓါနံ အဂ္ဂပ္ပတ္တော ပမောဒတိ” ဟူသော ရှေးဆရာတော်ကြီး၏ ဂါထာကို အစွဲပြုကာ ပေါ်ပေါက်လာသည့် အခေါ်အဝေါ်ဖြစ်ပါသည်။ သို့သော် ချီးမြှောက်သော အဘိသိက်မျိုး မဟုတ်ပါ။ ရှိပြီးသားဂုဏ်ကို အမွှမ်းတင်သော အဘိသိက်မျိုး ဖြစ်ပါသည်။

ဘုရားရှင်သည် ဘုရားဖြစ်စ ပထမ သတ္တာဟ ဗောဓိပင်ရင်းတွင် တဏှာကျွန် အဖြစ်မှ လွတ်ခဲ့ပုံကို အနေကဇာတိ သံသာရံ -စသော ဂါထာဖြင့် စိတ်တော်၌ ဆင်ခြင်တော်မူပါသည်။ ထို့နောက် ပဋိစ္စသမုပ္ပါဒ် အနုလုံ၊ ပဋိလုံတို့ကို စိတ်တော်ဖြင့်ပင် ဆက်လက် ဆင်ခြင်တော်မူပါသည်။ ထို့နောက် စိတ်တော်ဖြင့် ဆင်ခြင်ရသည်ကို အားရတော် မမူသောကြောင့် နှုတ်ဝစီဖြင့် ယဒါ ဟေ၀ -စသော ဂါထာတော်များကို ဝမ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်တော်မူပါသည်။

တစ်ဖန် စတုတ္ထ သတ္တာဟ ၌ အဘိဓမ္မာ ၇-ကျမ်းကို ဆင်ခြင်တော်မူရာ ပဋ္ဌာန်းကျမ်းတော်ကြီးသို့ အရောက်တွင် ရောင်ခြည်တော်များ ထွက်ပါသည်။ ထိုကို ရည်ရွယ်၍ ပဋ္ဌာန်း ၂၄-ပစ္စည်း ရွတ်ပါသည်။ ဆက် လက်၍ အောင်ဂါထာများ ပါဝင်သော ပုဗ္ဗဏှသုတ် ကို ရွတ်ပွား၍ ဆုတောင်းပါသည်။

ဆိုခဲ့ပြီးသော ဗုဒ္ဓါဘိသေက ဖြစ်ထိုက်သော ဗုဒ္ဓဝစန များကို အစဉ်အတိုင်း ရွတ်ဆိုကြကာ ဘုရားရှင်တော်မြတ်ကို အမွှမ်းတင်ကြခြင်း ပူဇော်ကြခြင်းကိုပင် ဗုဒ္ဓါဘိသေက မင်္ဂလာဟု တင်စားကာ ခေါ်ဆိုထားခြင်း ဖြစ်ပါသည်။ ဤကား ဘုရားရှင်ကို အသက်သွင်းခြင်း မဟုတ်ကြောင်း, အဘိသိက် ဟူရာမှာလည်း ရေစင်ဖြင့် သွန်းလောင်းရသည့် တင်မြှောက်ခြင်းကို မဆိုလိုကြောင်း မီးမောင်းထိုးပြခြင်း ဖြစ်ပါသည်။

တစ်ချို့က---“ ပုံတော်က သာမည ပါ။ ဟန်ပြပါ။ ဂုဏ်တော် ကိုသာ အာရုံပြု၍ ပူဇော်နိုင်ဖို့ လိုရင်းပါ” ဟူ၍ ဆိုလာကြပါသည်။ ပုံတော်ကိုကြည်ညို ဂုဏ်တော်ကို အာရုံစိုက် ကာ ပူဇော်ရမည် မှန်ပါသော် လည်း ပုံတော်က သာမညလည်း မဟုတ် ဟန်ပြလည်း မဟုတ်ပါ။ လေးအသင်္ချေနှင့် ကမ္ဘာ တစ်သိန်း ကြာ သည့်တိုင်အောင် အနစ်နာခံခြင်း သူတစ်ပါးအကျိုး ကို ဆောင်ရွက်ခြင်းဟု ဆိုအပ်သော ပါရမီ စရိယ များစွာတို့ကို ဖြည့်ကျင့်ပါမှ ရရှိလာပါသော လက္ခဏာတော်ကြီးငယ် အသွယ်သွယ်ဖြင့် တုဖက်မရှိ ကြည်ညိုဖွယ် အတိပြည့်သော ပုံတော် ဖြစ်ပါသည်။

ထုလုပ်သူ ညံ့လို့ ပုံကောင်း မထွက်လျှင်သာ ရှိပါမည်။ “ထိုရုပ်တု ဆင်းတု သဏ္ဍာန်များသည် မြတ်စွာဘုရား ၏ သဏ္ဍာန်တော်နှင့် ဆက်စပ်လျှက် ရှိသည်ဖြစ်၍ ထိုရုပ်ပုံ ရုပ်တုတော်များကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ဘုရား ဘုရား ဟူ၍ မြတ်စွာဘုရားကို အာရုံပြုသောစိတ်သည် ထင်ရှားစွာ ဖြစ်ပေါ်လာ၏။ မြတ်စွာဘုရားကို အာရုံပြု၍ အားကောင်းစွာဖြစ်ပေါ်လာသော ထိုကုသိုလ်စိတ်များသည် ချမ်းသာများစွာရ သံသရာ ဘဝထိအောင် အကျိုးများပါသည်” ဟုလည်းကောင်း, ဘုရား အစစ်၏ ရုပ်ပုံတော် သဏ္ဍာန်တော်များကို ဖူးမြင်ခွင့် မရကြသည့် အတွက် ထိုဘုရားအစစ် ၏ ရုပ်ပုံတော် သဏ္ဍာန်တော်နှင့် အသွင်အဆင်တူသော ရုပ်ပုံတော် ဆင်းတုတော်များကို အလွန်ဖူးမြင်လိုကြ၏။

 ကြည်ညိုစွာ ဖူးမြှော်ကြရသောအခါ၌ ထိုသူတို့၏ စိတ်မနော သည် ဘုရားအစစ် သို့ စိတ်ရောက်၍ သွားကြ ကုန်သည်ချည်းသာ ဖြစ်ကုန်၏။ ရှိခိုးပူဇော်စဉ် အခါ နှုတ်မှ ရွတ်ဆိုကြသော ဣတိပိ သော ဘဂဝါ အရဟံ အစရှိသော ဂုဏ်တော်များသည် ဘုရားစစ် ၌ ရှိသော ဂုဏ်တော်များပေတည်း ဟု အမှန်သိ၍ ရွတ်ဆိုကြခြင်း ဖြစ်၏။

 လောက၌ ဤသူသည် သီလ စသောဂုဏ်ကြီး၏ စသည်ဖြင့် ကြားသိရလျှင် ထိုပုဂ္ဂိုလ်ကြီးကို ဖူးမြှော်လိုသောစိတ် အလွန် ထက်သန်ကြသည့် အားလျော်စွာ ထိုပုဂ္ဂိုလ်ကြီး ရှိရာသို့ ကိုယ်တိုင် သွား၍ပင် ဖူးမြှော်ကြ၏။ မသွားနိုင် ဖြစ်ခဲ့ကြလျှင် ထိုပုဂ္ဂိုလ်ကြီး၏ ပုံများကို ဝယ်ယူ ပူဇော်၍ ခေါင်းရင်းမြင့်မြတ်ရာမှာ ထားကာ ကြည်ညိုပူဇော်ကြကုန်၏။

ထိုအမှုသည် အလွန်ကောင်းမြတ်သော အမှုဖြစ်၏” ဟု လည်းကောင်း ကျေးဇူးးတော်ရှင် လယ်တီ ဆရာတော်ကြီး မှ ရတနာသုံးပါးကို ကြည်ညို ပူဇော်ရခြင်း၏ အကျိုးများပုံကို ရေးသားထားပါသည်။

အားလုံး သာယာချမ်းမြေ့ကြပါစေ.....။
အရှင်ခေမိန္ဒ တိပိဋကနိကာယ

No comments:

Post a Comment