Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, August 5, 2018

အများပြည်သူများသတိပြုသိရှိစေရန်




အများပြည်သူများသတိပြုသိရှိစေရန် U Kyan Tine Aung Facebook Page မှ ပြန်လည်ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။
---------

ဒီနေ့ သမီးလေးအနားမှာစောင့်ရင်းဒီpostလေးကို ရေးလိုက်တာပါ.
မိတ်ဆွေတချို့ကလည်း မိခင်ဖခင်တွေဖြစ်တဲ့သားသမီးရှင်တွေ ဗဟုသုတရပြီး
သားသမီးတွေကို အစားအသောက်ဆင်ချင်နိုင်အောင်လို့ ရေးပေးပါဆိုလို့ပါ🌟

ရောဂါအစ2018ခုသင်္ကြန်မတိုင်မီကျတော်တို့မိသားစု ကျိုင်းတုံဘက်
အလည်ထွက်ပါတယ်.တာချီလိတ်မှာညအိပ်တော့ သမီးလေးဝမ်းမသွားပဲ
ဗိုက်က အောင့်ပြီး တင်းလာပါတယ်.
ဆရာဝန်ပြပါတယ် တာချီလိတ်မှာဆရာဝန်က ဗိုက်အနေအထားကိုကြည့်ပြီး
ကိုယ်ဝန်ဆောင်လို့ ထင်ယောင်ထင်မှားဖြစ်ပါသေးတယ်.မိခင်ဖြစ်သူမှ အပျိုဖြစ်ကြောင်း
ပြောတော့ ဗိုက်အနေအထားကိုကြည့်ကာအမြန်ဆုံး ဓာတ်မှန်ရိုက်ကာ စနစ်တကျ
ကုသဖို့ လမ်းညွှန်ပါတယ်🌟

12.4.2018နေ့မှာ ကျိုင်းတုံကနေကျိုက်ထီးဆောင်းသို့ ပြန်ကာ သင်္ကြန်
အကျိုနေ့မှာ သမီးလေးက သီလရှင်ဝတ်ပါတယ်
KTAက ရဟန်းဝတ်ပီ ဇင်းကျိုက်တောင်မှာနေကြပါတယ်.ပထမတော့ ဝမ်းချုပ်ပြီး
ဗိုက်အောင့်တယ်လို့ ထင်နေတာဖြစ်ပြီးတရက်၂ရက်အတွင်း ဗိုက်ကတင်း
တင်းလာပြီး ညဆို ကိုယ်ပူအဖျားတက်တော့တာဘဲ.
ဒါနဲ့ချက်ချင်းပဲ 15.4.2018နေ့မှာမဲဆောက်အင်တာနေရှင်နယ်ဆေးရုံကို
ဇင်းကျိုက်မှ အပြေးတက်လာပါတော့တယ်🌟

ဆေးရုံက စနစ်တကျဆေးစစ်ပါတယ်ဆီး ဝမ်း သွေး အစာအိမ်လမ်းကြောင်း
မှန်ပြောင်းကြည့်တယ် အသဲ အဆုတ်ကျောက်ကပ် နှလုံးစစ်တယ်.အကုန်ကောင်းပါတယ်.
15.4.2018နေ့မှ ဝမ်းဗိုက်ကို ဓာတ်မှန်အဖြေရရေတွေတွေ့ပါတယ်.ဒါနဲ့ချက်ချင်း စုပ်ထုတ်တယ်
ရေ၂လီတာကျော် သုံးပုလင်းခန့်ထွက်ကာ
သမီးလေးဗိုက်တင်းတာ သက်သာပါတော့တယ်🌟

ရောဂါလက္ခဏာက ညဆိုခဏခဏကိုယ်ပူပါတယ်
ဆေးရုံရောက်ပြီး ဆေးသွင်းတာတောင်၆ရက်လောက်ထိကိုယ်ပူတုန်းပါ.
ဝမ်းဗိုက်တွင်းက ရေကိုစစ်ထားတာ အဖြေစောင့်ရင်းဆရာဝန်က သွေးထုတ်ကာ
ရောဂါပိုးကို မွေးပြီး အဖြေရှာပါတယ်.
ဆေးစစ်ထားချက်အဖြေက ကင်ဆာမဟုတ်ကြောင်းဝမ်းဗိုက်အမှေးတီဘီဖြစ်နိုင်ကြောင်း
ဝမ်းဗိုက်ထဲက စုပ်ထားတဲ့ အရည်အဖြေမရခင်(7)ရက်မြောက်နေ့မှာ တီဘီဆေး စမ်းတိုက်ရာ
အဖျားတက်တဲ့ အကြိမ်ကျဆင်းပါတော့တယ်.
နောက်ဆုံးဗိုက်ထဲမှရေကို စစ်ထားတဲ့အဖြေကတီဘီပိုးတွေ့ကြောင်းအတည်ပြုကာ
တီဘီဆေးသောက်စေပါတော့တယ်.
ထိုင်းနိုင်ငံ ဆေးကုသမှုက စနစ်ကျပါတယ်ရောဂါရှာဖွေတယ် သွေးဖောက်ရောဂါပိုးကို
မွေးပြီး ပိုးသတ်ပါတယ်🌟

ရောဂါဖြစ်ရတဲ့အကြောင်းရင်းကတော့သမီးလေးက ခြေလေးချောင်းသား မစားပါဘူး
ဒါကြောင့် အသားအတု အသားတုလုံးတွေဆိုအရမ်းကြိုက်ပါတယ်..
တတိယနှစ်ကျောင်းတက်ပါတယ်.ရန်ကုန်မှာလမ်းဘေးအစာတွေ လက်လုပ်ချဉ်တွေ
အရမ်းကြိုက်တယ်.အကင်နဲ့အသားတုတွေဆိုအရမ်းကြိုက်တယ်.အဲ့တော့ ဆရာဝန်တွေရဲ့
သုံးသပ်ချက်က အစားမှားတယ်လို့ ဆိုတယ်.
တရုတ်က ဝင်တဲ့ အသားလုံးအတုတွေကအနံ့အရသာ ဓာတုပစ္စည်းတွေ ပါဝင်တယ်
FDAစစ်တာ နည်းတယ်.အချဉ်ကလည်းအရောင်တင်ဆေးမှုန့်တွေနဲ့ အက်ဆစ်ဓာတ်များတယ်.
ဒါကြောင့် ကလေးများကို အစားအသောက်ဂရုတစိုက်ဆင်ခြင်ကြစေခြင်ပါတယ်.
ကျတော့်ရဲ့သမီးလေလို မခံစားစေချင်ပါဘူး.
ခုဆိုသမီးလေးတီဘီဆေးသောက်တာ၃လကျော်ပြီး ဝမ်းဗိုက်ကာ ကောင်းကာ
ပေါင်ရင်းနားမှာ ဝမ်းဗိုက်ကဲ့သို့ အရည်အိတ်လက်ဝါးတအုပ်လောက်ဖြစ်ကာ
ယနေ့ 3.8.2018နေ့မှာ ခွဲစိတ်ကုသမှုခံရပါမယ်📡📡📡
ဝမ်းဗိုက်အမှေးတီဘီသည် ဆရာဝန်မှပြောရာအဆုတ်တီဘီကဲ့သို့ တပါးသူအားမကူးပါ.
ဝေဒနာရှင်ကသာ အထူးဂရုပြုနေထိုင်ပါကိုယ်ခံအားနည်း၍ တခြားရောဂါများ
အလွယ်တကူ ကူးဆက်နိုင်ပါသည်..

(ဘဝတူ မိဘများ ဗဟုသုတရစေရန်အလို့ဌာ)

Credit : U Kyan Tine Aung

No comments:

Post a Comment