Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, August 20, 2018

မြန်မာပြည်ရဲ့ ကြိုးစားအားထုတ်မှုကို စင်္ကာပူက ဆက်လက်ထောက်ပံ့သွားပါ့မယ်


မြန်မာနိုင်ငံရဲ့ အသက်မွေးဝမ်းကျောင်းစွမ်းရည်တည်ဆောက်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာပြည်ရဲ့ ကြိုးစားအားထုတ်မှုကို စင်္ကာပူက ဆက်လက်ထောက်ပံ့သွားပါ့မယ်တဲ့။

ချစ်မွှေး(ကလေး)
(၂၀-၀၈-၂၀၁၈)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

Happy to welcome Myanmar State Counsellor Daw Aung San Suu Kyi to Singapore. Daw Aung San Suu Kyi is in Singapore on a working visit, and will deliver the 43rd Singapore Lecture tomorrow. She was hosted to tea by ESM Goh today at the Lee Kuan Yew School of Public Policy (LKYSPP). We also received a briefing on the School and observed a class.

Myanmar and Singapore have good relations. We celebrated the 50th anniversary of diplomatic relations in 2016. We cooperate on many fronts. Singapore will continue to support Myanmar’s efforts in capacity-building and human resources development through our Singapore Cooperation Programme (SCP) and the Singapore-Myanmar Vocational Training Institute in Yangon.

#DrMohamadMalikiBinOsma

▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံရှိ Lee Kuan Yew School of Public Policy သို့ သွားရောက်လေ့လာ

စင်ကာပူ သြဂုတ် ၂၀

စင်ကာပူသမ္မတနိုင်ငံ ၀န်ကြီးချုပ် မစ္စတာ လီရှန်လုံး၏ ဖိတ်ကြားချက်အရ အလုပ်သဘောချစ်ကြည်ရေးခရီး လည်ပတ်ရန် စင်ကာပူတွင် ရောက်ရှိနေသော နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့ ဒေသစံတော်ချိန် ညနေ ၄ နာရီတွင် Lee Kuan Yew School of Public Policy (LKYSPP) သို့ သွားရောက် ကြည့်ရှုလေ့လာကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ Lee Kuan Yew School of Public Policy သို့ရောက်ရှိရာ စင်ကာပူနိုင်ငံ ဂုဏ်ထူးဆောင် ၀ါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်တောင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြပြီး မဟာဌာနမှူး Prof Danny Quah က Lee Kuan Yew School of Public Policy ဆိုင်ရာ နောက်ခံ သမိုင်းအကျဉ်းနှင့် အချက်အလက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် Lee Kuan Yew School of Public Policy ရှိ စာသင်ခန်းများ၌ စာပေသင်ကြားပို့ချ နေမှုများကို လှည့်လည်ကြည့်ရှုလေ့လာကြပြီး ကျောင်းသား ကျောင်းသူ များနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။

Lee Kuan Yew School of Public Policy ကို ၂၀၀၄ ခုနှစ် သြဂုတ်မှ စတင်ကာ ကိုယ်ပိုင်လွတ်လပ်သော ဘွဲ့လွန်တက္ကသိုလ်အဖြစ် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တက္ကသိုလ် ကို စင်ကာပူအမျိုးသားတက္ကသိုလ်(NUS)၏ အုပ်ချုပ်မှုအောက်တွင် ဖွင့်လှစ်ထားရှိ ကြောင်း သိရသည်။

Lee Kuan Yew School of Public Policy သည် QS World University Rankings (2019) ၏ အဆင့်သတ်မှတ်ချက်အရ အာရှတွင် အဆင့်တစ်အဖြစ် သတ်မှတ်ခြင်းခံရပြီး တက္ကသိုလ်အမည်ကို စင်ကာပူနိုင်ငံတွင် သက်တမ်းအကြာဆုံး အုပ်ချုပ်ခဲ့သည့် ၀န်ကြီးချုပ် လီကွမ်ယုအား ဂုဏ်ပြုသည့်အနေဖြင့် Lee Kuan Yew School of Public Policy ဟုအမည် ပေးအပ်ခဲ့ခြင်းဖြစ်သည်။

၂၀၁၈ ခုနှစ်တွင် Lee Kuan Yew School of Public Policy ၌ နိုင်ငံပေါင်း ၉၀ ကျော်မှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၂၈၀၀ ကျော် တက်ရောက်လျက်ရှိပြီး အဆိုပါတက္ကသိုလ်မှ မဟာဘွဲ့၊ ပါရဂူဘွဲ့များ ပေးအပ်လျက်ရှိသည့်အပြင် ကမ္ဘာ့ပေါ်ရှိ တက္ကသိုလ်များစွာနှင့်လည်း ပညာရေးဆိုင်ရာ Exchange Programmes များချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုယ်စား လှယ်အဖွဲ့အား စင်ကာပူနိုင်ငံ ဂုဏ်ထူးဆောင် ၀ါရင့်ဝန်ကြီး မစ္စတာ ဂိုချောက်တောင်က အဆိုပါ တက္ကသိုလ်၌ လက်ဘက်ရည်ပွဲဖြင့် ခင်မင်ရင်းနှီးစွာ ဧည့်ခံသည်။

အဆိုပါ ဧည့်ခံပွဲသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စု ၀န်ကြီး ဦးသောင်းထွန်းနှင့် ဦးကျော်တင်၊ ဒုတိယ၀န်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး စင်ကာပူနိုင်ငံ ဂုဏ်ထူး ဆောင် ၀ါရင့်ဝန်ကြီးနှင့်အတူ စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေး ၀န်ကြီးဌာန ၀ါရင့် ဒုတိယ၀န်ကြီး Dr.Mohamad Maliki Bin Osman ၊ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး Ms.Vanessa Chan နှင့် မဟာဌာနမှူး Prof Danny Quah တို့လည်း တက်ရောက်ကြသည်။

ညပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Dr.Vivian Balakrishnan က ၎င်း၏ နေအိမ်၌ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက်သည်။

#MSCO






No comments:

Post a Comment