Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, August 21, 2018

နိဗၺာန္​မ​ေရာက္​​ေၾကာင္​းတရား(၅)ပါး

(၁) ကုသိတ = မွားယြင္းေသာ ႀကံစည္မႈတို႔ျဖင့္ ယွဥ္ေနျခင္း။

 မွားယြင္းေသာႀကံစည္မႈ (၃) မ်ိဳး

(က) ကာမဝိတက္ = ကာမဂုဏ္တို႔ကို ႀကံစည္ေတြးေတာေနျခင္း (ေလာဘ)။

(ခ) ဗ်ာပါဒဝိတက္ = သူတစ္ပါးတို႔၏ ပ်က္စီးမႈကို ႀကံစည္ေတြးေတာေနျခင္း (ေဒါသ)။

(ဂ) ဝိဟႎသဝိတက္ = သူတစ္ပါးတို႔အား ညွင္းဆဲမႈကို ႀကံစည္ေတြးေတာေနျခင္း (ေဒါသ)။

(၂) ဟီနဝီရိယ = ေလ်ာင္း ထိုင္ ရပ္ သြား ဣရိယာပုတ္ေလးပါး၌ အားထုတ္မႈ ႀကိဳးစားမႈမရွိျခင္း။
(၃) ထိန မိဒၶ ဗဟုလ = ထိုင္းမႈိင္းမႈမ်ားျခင္း ကိုယ္စိတ္ႏွစ္ပါး မၾကည္မလင္ျဖစ္မႈမ်ားျခင္း။
(၄) အဟိရိက = မေကာင္းမႈျပဳလုပ္ရမည္ကို မရွက္ျခင္း။

(၅) အနာဒရ = ေကာင္းမြန္မွန္ကန္ေသာ အက်င့္ျမတ္ ပဋိပတ္၌ ရိုေသလိုက္နာမႈ မရွိျခင္း။

⇨ ထိုငါးပါးတို႔ႏွင့္ ျပည့္စံုေသာပုဂၢိဳလ္သည္ ျမတ္ေသာနိဗၺာန္သို႔ မေရာက္ႏိုင္။

 နိဗၺာန္ေရာက္ေၾကာင္းတရား (၄) ပါး

(၁) သမာဓိ = သတိပ႒ာန္ေလးပါးတို႔၌ အၿမဲမျပတ္ သတိကပ္ေနသူ။

(၂) နိပက = ကမၼ႒ာန္း၌ မျပတ္အားထုတ္ေလ့ရွိေသာ ဥာဏ္ႏွင့္ျပည့္စံုသူ။

(၃) စ်ာယီ = အာရမၼဏူပနိဇၨ်ာန (အာရမၼန + ဥပနိဇၨ်ာန) သမထစ်ာန္
လကၡဏူပနိဇၨ်ာန (လကၡဏာ + ဥပနိဇၨ်ာန) ဝိပႆနာစ်ာန္
ယင္းႏွစ္ပါးတို႔ႏွင့္ျပည့္စံုသူ

(၄) သံေယာဇနံဇာတိဇရာယေဆက = ေမြးေသဒုကၡကိုျဖစ္ေစတတ္သည့္ သံေယာဇဥ္ကို ျဖတ္ႏိုင္သူ။

ထိုေလးပါးႏွင့္ ျပည့္စံုေသာပုဂၢိဳလ္သည္ ျမတ္ေသာနိဗၺာန္သို႔ ေရာက္ႏိုင္၏။
 အာတာပီသုတ္ ဣတိဝုတ္ပါဠိေတာ္ (ႏွာ-၂၁၄)

Unicode Version
(၁) ကုသိတ = မှားယွင်းသော ကြံစည်မှုတို့ဖြင့် ယှဉ်နေခြင်း။

 မှားယွင်းသောကြံစည်မှု (၃) မျိုး

(က) ကာမဝိတက် = ကာမဂုဏ်တို့ကို ကြံစည်တွေးတောနေခြင်း (လောဘ)။

(ခ) ဗျာပါဒဝိတက် = သူတစ်ပါးတို့၏ ပျက်စီးမှုကို ကြံစည်တွေးတောနေခြင်း (ဒေါသ)။

(ဂ) ဝိဟိံသဝိတက် = သူတစ်ပါးတို့အား ညှင်းဆဲမှုကို ကြံစည်တွေးတောနေခြင်း (ဒေါသ)။

(၂) ဟီနဝီရိယ = လျောင်း ထိုင် ရပ် သွား ဣရိယာပုတ်လေးပါး၌ အားထုတ်မှု ကြိုးစားမှုမရှိခြင်း။
(၃) ထိန မိဒ္ဓ ဗဟုလ = ထိုင်းမှိုင်းမှုများခြင်း ကိုယ်စိတ်နှစ်ပါး မကြည်မလင်ဖြစ်မှုများခြင်း။
(၄) အဟိရိက = မကောင်းမှုပြုလုပ်ရမည်ကို မရှက်ခြင်း။

(၅) အနာဒရ = ကောင်းမွန်မှန်ကန်သော အကျင့်မြတ် ပဋိပတ်၌ ရိုသေလိုက်နာမှု မရှိခြင်း။

⇨ ထိုငါးပါးတို့နှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် မြတ်သောနိဗ္ဗာန်သို့ မရောက်နိုင်။

 နိဗ္ဗာန်ရောက်ကြောင်းတရား (၄) ပါး

(၁) သမာဓိ = သတိပဋ္ဌာန်လေးပါးတို့၌ အမြဲမပြတ် သတိကပ်နေသူ။

(၂) နိပက = ကမ္မဋ္ဌာန်း၌ မပြတ်အားထုတ်လေ့ရှိသော ဉာဏ်နှင့်ပြည့်စုံသူ။

(၃) ဈာယီ = အာရမ္မဏူပနိဇ္ဇျာန (အာရမ္မန + ဥပနိဇ္ဇျာန) သမထဈာန်
လက္ခဏူပနိဇ္ဇျာန (လက္ခဏာ + ဥပနိဇ္ဇျာန) ဝိပဿနာဈာန်
ယင်းနှစ်ပါးတို့နှင့်ပြည့်စုံသူ

(၄) သံယောဇနံဇာတိဇရာယဆေက = မွေးသေဒုက္ခကိုဖြစ်စေတတ်သည့် သံယောဇဉ်ကို ဖြတ်နိုင်သူ။

ထိုလေးပါးနှင့် ပြည့်စုံသောပုဂ္ဂိုလ်သည် မြတ်သောနိဗ္ဗာန်သို့ ရောက်နိုင်၏။

အာတာပီသုတ် ဣတိဝုတ်ပါဠိတော် (နှာ-၂၁၄)

No comments:

Post a Comment