Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, August 17, 2018

ဘဝမှာ တစ်ဖက်စောင်းနင်းဆန်တဲ့ မေးခွန်းတွေ


ဘဝမှာ တစ်ဖက်စောင်းနင်းဆန်တဲ့ မေးခွန်းတွေ
တကယ်ရှိတယ်။
ဥပမာ- ဖြိုးမြတ်အောင်ကို တစ်ယောက်တည်းပြိုင်ပြီး နိုင်ရတာ ကိုယ့်ကိုယ်ကိုယ် တရားတယ်လို့ ထင်ရဲ့လားဆိုတဲ့ မီဒီယာတစ်ခုရဲ့ မေးခွန်းမျိုး။

Myanmar Idolကိစ္စ ပွဲဆူနေပေမယ့် တစ်ပိုစ့်မှတောင် ဖြူသည်မဲသည် မတင်ခဲ့ဘူး။
စီစဉ်သူတွေ စီးပွားရှာတာ၊ ဖန်အချင်းချင်း ဝေဖန်ပြောဆိုကြတာ၊ ဒါတွေအားလုံးသည် လူတိုင်းရဲ့ ကိုယ်ပိုင်အခွင့်အရေးလို့ မှတ်ယူတယ်။
Grand Final နေ့မှာလည်းရေးမိခဲ့ရင် သဘောထားကွဲလွဲမိနေမှာစိုးလို့တောင် မရေးဖြစ်ခဲ့ဘူး။

ဘာပဲဖြစ်ဖြစ် နောက်ဆုံးပွဲမှာ Top Finalists နှစ်ယောက် ချစ်ချစ်ခင်ခင် မေတ္တာတရားကို ပြသသွားတာလေးကို ကြည်နူးတယ်။ ဘယ်သူမှန်တယ် ဘယ်သူမှားတယ် ဘယ်သူဘာအချိုးချိုးတယ်သည် ကိုယ့်ကိစ္စမဟုတ်ဘူး။
ဒီပွဲကို Entertainment တစ်ခုလို့ပဲ ခံယူထားလို့။

အခုနပြောခဲ့တဲ့ တရားရဲ့လားဆိုတဲ့ မေးခွန်းအတွက်ကျ ပြောချင်မိလာတယ်။ ဖြိုးမြတ်အောင်ကလည်း ပရိသတ်တွေ ဖြေပါလိမ့်မယ်လို့ ပြောသွားတယ်။

မောင်ချိုလေး ကျန်းမာရေး ဖြစ်သွားတယ်ပေါ့။
ဖိအားတွေကြောင့်ဖြစ်စေ အနေအထိုင်အစားအသောက်ကြောင့် ပင်ပန်းမှုတွေကြောင့် ဖြစ်စေ အဲ့ဒါသည် ဖြိုးမြတ်အောင် လုပ်ခဲ့တာ မဟုတ်ဘူး။ မောင်ချိုလေး မပြိုင်နိုင်အောင် သူလုပ်ခဲ့တာ မဟုတ်ဘူး။ သူ့ဖန်တွေကြောင့် ဖိအားဝင်ရရင်တောင် ဒါသည် သူစေခိုင်းခဲ့တာ မဟုတ်ဘူး။

ဖြိုးမြတ်အောင် စိတ်ထဲမှာလည်း ပြိုင်ပြီး ထိုက်ထိုက်တန်တန် Winner ဖြစ်ရတာမျိုးကို တစ်ဖက်က မပြိုင်လို့ နိုင်သွားတဲ့ အခုလို အဖြစ်မျိုးထက် ပိုလိုလားမှာ အမှန်ပဲ။ သူလည်း မျှမျှတတ ဖြစ်ချင်ခဲ့မှာပဲ နိုင်တာ ရှုံးတာထက်။
တစ်ဖက်က တကယ့်ကို ပြိုင်ပွဲမဝင်နိုင်လောက်အောင် သီချင်းမဆိုနိုင်တာလည်း ဖြစ်နိုင်ပါတယ်။
ဒါပေမယ့် အနိုင်ရရှိသူ Winnerက အောင်ပွဲခံရ စိတ်ဝင်စားမှုအမြင့်ဆုံးရသင့်တဲ့ ဒီပွဲမှာ တစ်ဖက်က စိတ်ဝင်စားမှုနဲ့ ကရုဏာကို အမြင့်ဆုံးယူသွားနိုင်ခဲ့တယ်။

တစ်ဖက်စောင်းနင်းဆန်တဲ့ မေးခွန်းမျိုးကို မေးတဲ့ မီဒီယာကိုလည်း ရှုံ့ချတယ်။ Cyber Bullying အပြင် Media Bullying သည်လည်း အပြစ်ရှိတယ်။

ဒါဟာ ပြိုင်ပွဲပါ။ ပြိုင်ပွဲမှာ ပြီးဆုံးအောင် ပြိုင်နိုင်တဲ့ ပြိုင်ပွဲဝင်ရဲ့ အနိုင်ဟာ မတရားစရာ ဘာအကြောင်းမှ မရှိပါဘူး။

ဒီပွဲမှာ Winnerဖြစ်သွားတဲ့ ဖြိုးမြတ်အောင်သည်လည်း နိုင်တယ်။ ပရိသတ်ရဲ့ ကရုဏာကို ရသွားတဲ့ ချမ်းမြေ့မောင်ချိုလေးသည်လည်း နိုင်တယ်။
ဒီပြိုင်ပွဲမှာ Professional မဆန်ခဲ့သူ အချို့နဲ့ အပြန်အလှန် ပုတ်ခတ်စိတ်ဆိုးဒေါသထွက်နေကြသူတွေကတော့ ရှုံးသွားတယ်။

ကိုယ်တို့လို ပရိတ်သတ်တွေကတော့
တီဗွီက Entertainment ကိုရော
Onlineပေါ်က ကြောက်စရာတွေအကြောင်းရော ကောင်းကောင်း သင်ယူခွင့်ရလိုက်တယ်။
တရားတဲ့အပြင် တရားကျစရာတွေပါ ရလိုက်သေးတယ်။

အချို့ မေးခွန်းတွေဟာ မေးခွန်းသက်သက်မဟုတ်ဘူး။
စိတ်ကို သတ်ချင်တဲ့ အစွယ်နဲ့အသွားနဲ့ ဓါးတွေ...
အိ ပန် ဆယ် လို

No comments:

Post a Comment