Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, August 17, 2018

ရုပ္ရွင္ဒါရုိက္တာ မုိက္တီး ေမာင္းႏွင္လာေသာ ေမာ္ေတာ္ယာဥ္အား ပူးေပါင္းအဖြဲ႕က စစ္ေဆးရာ မူးယစ္ေဆး၀ါးမ်ား ဖမ္းဆီးရမိ

ရန္ကုန္၊ ၾသဂုတ္ ၁၇

၁၆.၈.၂၀၁၈ ရက္ေန႔ ည ၂၃၀၀ နာရီအခ်ိန္ တာေမြၿမိဳ႕နယ္ရဲတပ္ဖြဲ႕မွဴး
ဦးစီးတပ္ဖြဲ႕၀င္မ်ား၊ ယာဥ္ထိန္းတပ္ဖြဲ႕၀င္မ်ား၊ မူးယစ္ေဆး၀ါးတားဆီး
ႏွိမ္နင္းေရးတပ္ဖြဲ႕၀င္မ်ား၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနမွ
တာ၀န္ရွိသူမ်ားပါ၀င္ေသာ ပူးေပါင္းအဖြဲ႕သည္ တာေမြၿမိဳ႕နယ္၊ တာေမြ
ႀကီး(ခ)ရပ္ကြက္၊ အေရွ႕ျမင္းၿပိဳင္ကြင္းလမ္း၊ အထက(၃)ေရွ႕တြင္
ေမာ္ေတာ္ ယာဥ္မ်ားအား ပိတ္ဆို႔စစ္ေဆးရွာေဖြေနစဥ္
သန္းထြန္းေဇာ္(ခ)မုိက္တီး ေမာင္းႏွင္လာေသာ ယာဥ္အမွတ္
9D/------Mazda Demio အစိမ္းႏုေရာင္ယာဥ္အား ရပ္တန္႔စစ္ေဆး
ရွာေဖြရာ သန္းထြန္းေဇာ္(ခ)မုိက္တီး ထိုင္ေနသည့္ ဖင္ထိုင္ခုံ ႏွင့္
ေက်ာမွီၾကားမွ မီးခိုးေရာင္ မ်က္မွန္ဘူးအတြင္းထည့္ထားသည့္
အၾကည္ေရာင္ပလပ္စတစ္ကပ္ခြာအိတ္ျဖင့္ထုပ္လ်က္ WY စာတန္းပါ
ပန္းေရာင္ စိတ္ၾကြရူးသြပ္ေဆးျပား(၁၇)ျပားပါ (၁)ထုပ္၊ အစိမ္းေရာင္
အဖုံးပါ ေကာ္ဘူးအတြင္းထည့္လ်က္ WY စာတန္းပါ ပန္းေရာင္
စိတ္ၾကြရူးသြပ္ေဆးျပား(၉)ျပား ပါ(၁)ဘူး၊ စုစုေပါင္း(၂၆)ျပား၊
အေလးခ်ိန္(၂.၆)ဂရမ္၊ လက္ကုိင္ဖုန္း(၂)လုံး၊ ေမာ္ေတာ္ယာဥ္(၁)စီး၊
ယာဥ္ေမာင္းလိုင္စင္(၁)ခု၊ ၀ွီးတက္(၁)ခုတို႔ႏွင့္အတူ ရွာေဖြသိမ္းဆည္း
ရမိၿပီး မူးယစ္ေဆး၀ါးမ်ားလက္၀ယ္ေတြ႔ရွိသူ သန္းထြန္းေဇာ္(ခ)မုိက္တီး
(၅၃)ႏွစ္၊ (၁၆)ရပ္ကြက္၊ ရန္ကင္းၿမိဳ႕နယ္ေန သူအား တာေမြၿမိဳ႕မရဲစခန္း
မယ(ပ)၂၉/၂၀၁၈ ၊ မူးယစ္ေဆး၀ါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆး၀ါး
မ်ားဆိုင္ရာဥပေဒ ပုဒ္မ ၁၆(ဂ)ျဖင့္ အမႈဖြင့္အေရးယူ ေဆာင္ရြက္လ်က္
ရွိကာ ကြင္းဆက္တရားခံဖမ္းဆီးရမိေရးဆက္လက္ေဆာင္ရြက္လ်က္
ရွိေၾကာင္း သတင္းရရွိသည္။
Yangon Police

ရုပ်ရှင်ဒါရိုက်တာ မိုက်တီး မောင်းနှင်လာသော မော်တော်ယာဉ်အား
ပူးပေါင်းအဖွဲ့က စစ်ဆေးရာ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ရန်ကုန်၊ သြဂုတ် ၁၇

၁၆.၈.၂၀၁၈ ရက်နေ့ ည ၂၃၀ဝ နာရီအချိန် တာမွေမြို့နယ်ရဲတပ်ဖွဲ့မှူး
ဦးစီးတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ မူးယစ်ဆေးဝါးတားဆီး
နှိမ်နင်းရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ
တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် တာမွေမြို့နယ်၊ တာမွေ
ကြီး(ခ)ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ အထက(၃)ရှေ့တွင်
မော်တော် ယာဉ်များအား ပိတ်ဆို့စစ်ဆေးရှာဖွေနေစဉ်
သန်းထွန်းဇော်(ခ)မိုက်တီး မောင်းနှင်လာသော ယာဉ်အမှတ်
9D/------Mazda Demio အစိမ်းနုရောင်ယာဉ်အား ရပ်တန့်စစ်ဆေး
ရှာဖွေရာ သန်းထွန်းဇော်(ခ)မိုက်တီး ထိုင်နေသည့် ဖင်ထိုင်ခုံ နှင့်
ကျောမှီကြားမှ မီးခိုးရောင် မျက်မှန်ဘူးအတွင်းထည့်ထားသည့်
အကြည်ရောင်ပလပ်စတစ်ကပ်ခွာအိတ်ဖြင့်ထုပ်လျက် WY စာတန်းပါ
ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား(၁၇)ပြားပါ (၁)ထုပ်၊ အစိမ်းရောင်
အဖုံးပါ ကော်ဘူးအတွင်းထည့်လျက် WY စာတန်းပါ ပန်းရောင်
စိတ်ကြွရူးသွပ်ဆေးပြား(၉)ပြား ပါ(၁)ဘူး၊ စုစုပေါင်း(၂၆)ပြား၊
အလေးချိန်(၂.၆)ဂရမ်၊ လက်ကိုင်ဖုန်း(၂)လုံး၊ မော်တော်ယာဉ်(၁)စီး၊
ယာဉ်မောင်းလိုင်စင်(၁)ခု၊ ဝှီးတက်(၁)ခုတို့နှင့်အတူ ရှာဖွေသိမ်းဆည်း
ရမိပြီး မူးယစ်ဆေးဝါးများလက်ဝယ်တွေ့ရှိသူ သန်းထွန်းဇော်(ခ)မိုက်တီး
(၅၃)နှစ်၊ (၁၆)ရပ်ကွက်၊ ရန်ကင်းမြို့နယ်နေ သူအား တာမွေမြို့မရဲစခန်း
မယ(ပ)၂၉/၂၀၁၈ ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါး
များဆိုင်ရာဥပဒေ ပုဒ်မ ၁၆(ဂ)ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်
ရှိကာ ကွင်းဆက်တရားခံဖမ်းဆီးရမိရေးဆက်လက်ဆောင်ရွက်ရှိကြောင်း
သတင်းရရှိသည်။

No comments:

Post a Comment