Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, August 16, 2018

သင့္ေမြးသကၠရာဇ္ေနာက္ကြယ္က လွ်ိဳ႕၀ွက္ခ်က္မ်ား


ကိုယ္ေမြးတဲ့ ရက္၊လ၊ႏွစ္ေတြက ကုိယ့္အရည္အေသြးနဲ႕စိတ္ေနစိတ္ထားကို ေျပာျပေနပါတယ္။ ေမြးသကၠ၇ာဇ္ကေျပာတဲ့အသံေတြကို တစ္ခါေလာက္ နားစြင့္ၾကည့္ရေအာင္။

တြက္နည္းက လြယ္ပါတယ္။ ေမြးေန႔၊ ေမြးလ၊ ေမြးႏွစ္ကို ဂဏန္းတစ္ခုတည္းရေအာင္ ေပါင္းရမွာပါ။ ဥပမာအေနနဲ႔ျပပါမယ္။

မတ္ ၂၀ ၁၉၅၀
၃+၂၀+၁၉၅၀ = ၁၉၇၃
၁+၉+၇+၃ = ၂၀
၂+၀= ၂
သည္ေတာ့ ၂ ကို သြားၾကည့္ရမွာပါ။

အခု ဖြင့္ဆို႐ွင္းလင္းခ်က္ေတြကို ၾကည့္ရေအာင္။

၁ ဂဏန္းသမား မူလရင္းျမစ္
၂ ဂဏန္းသမား ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္
၃ ဂဏန္းသမား ေပ်ာ္ရႊင္ျမဴးထူးတဲ့သူ
၄ ဂဏန္းသမား ေရွးရုိးစဥ္လာသမား
၅ ဂဏန္းသမား ေရြ႕လ်ားေနတတ္သူ
၆ ဂဏန္းသမား ရုိမန္တစ္ျဖစ္တဲ့သူ
၇ ဂဏန္းသမား စူးစမ္းသူ
၈ ဂဏန္းသမား ျပသနာရွင္းတတ္သူ
၉ ဂဏန္းသမား အႏုပညာရွင္

၁ မူလရင္းျမစ္
၁ ေတြဟာ အေျခခံက်တဲ့သူေတြျဖစ္တယ္။ သူတုိ႔ဆီက အိုင္ဒီယာအသစ္ေတြ အၿမဲထြက္လာေလ့ရွိတယ္။ ေခါငး္လည္းမာၾကတယ္။ သိပ္လည္းရုိးသားတယ္။ လုိခ်င္တာရွိရင္ ရေအာင္ညွိႏိႈင္းႏိုင္ၾကတယ္။ ကိစၥတစ္ခုကို ဦးေဆာင္ဖုိ႔ ၀န္မေလးဘူး။ ေခါင္းေဆာင္လည္း ျဖစ္တတ္ၾကတယ္။ သတိထားရမွာက သူမ်ားရဲ႕စိတ္ကူးကလည္း သူ႔ေနရာနဲ႔သူေကာင္းတယ္ဆုိတာပါပဲ။ နာမည္ႀကီး ၁ ဂဏန္းသမားေတြ – တြမ္ဟန္႔၊ ကာရုိးဘားနက္၊ နန္စီေရဂင္

၂ ၿငိမ္းခ်မ္းေရးအက်ိဳးေတာ္ေဆာင္
၂ ေတြဟာ သံတမန္ျဖစ္ဖုိ႔ ေမြးလာသူေတြပါ။ တျခားသူေတြရဲ႕ လုိအပ္ခ်က္၊ ခံစားခ်က္ေတြကို သူတို႔သိတယ္။ သူတပါးကို ဦးစားေပးစဥ္းစားတတ္တယ္။ သူတို႔ဟာ တစ္ေယာက္တည္းမေနခ်င္ၾကဘူး။ ေပါင္းသင္းဆက္ဆံေရးနဲ႔ သူငယ္ခ်င္းေတြဟာ သူတို႔အတြက္ သိပ္အေရးႀကီးၿပီး သည္ဆက္ဆံေရးေၾကာင့္ ဘ၀မွာ ေအာင္ျမင္ၾကတယ္။ ဒါေပမယ့္ ဆက္ဆံေရးမေျပလည္တာထက္စာရင္ တစ္ေယာက္တည္းေနဖုိ႔ကိုပဲ ေရြးခ်ယ္တာလည္း သူတို႔ပါပဲ။ ပင္ကုိအားျဖင့္ ရွက္တတ္သူေတြျဖစ္တာေၾကာင့္ ကိုယ့္အေၾကာင္းကိုယ္ထုတ္ေျပာတတ္ဖုိ႔၊ သုိ၀ွက္မထားဖုိ႔ ေလ့လာသင့္ပါတယ္။
ထင္ရွားတဲ့ ၂ ေတြ- ဘီလ္ကလင္တန္၊ မက္ေဒါနား၊ ေသာမတ္စ္အယ္ဒီဆင္၊ မုိးဇက္

၃ ေပ်ာ္ရႊင္ျမဴးထူးတဲ့သူ
၃ ေတြဟာ စိတ္ကူးဥာဏ္ရင့္သန္သူေတြျဖစ္တယ္။ တီထြင္ဆန္းသစ္နိုင္စြမ္း သိပ္ေကာင္းတယ္။ ဆုိရွယ္က်တယ္။ ခ်စ္စရာေကာင္းတယ္။ ေပါင္းလုိ႔သင္းလုိ႔ေကာင္းတယ္။ တျခားသူေတြကုိ ေပ်ာ္ရႊင္ေစခ်င္တဲ့ဆႏၵရွိၿပီး ေပ်ာ္ေအာင္လည္း စြမ္းေဆာင္ေပးႏိုင္တယ္။ သူတို႔ဟာ ေပၚျပဴလာလည္းျဖစ္၊ စိတ္ကူးယဥ္လည္းဆန္ၾကတယ္။ ကမၻာႀကီးကို ပိုမိုလက္ေတြ႕ဆန္နဲ႔အျမင္နဲ႔ ျမင္တတ္ဖုိ႔ သူတို႔ေလ့လာသင့္ပါတယ္။
ထင္ရွားတဲ့ ၃ ေတြ – ဂ်ိဳဒီေဖာ္စတာ၊ အန္းလန္ဒါ

၄ ေရွးရုိးစဥ္လာသမား
၄ေတြဟာ ရုိးရာဓေလ့ကုိ ႏွစ္သက္တယ္။ အစီအစဥ္အတုိငး္ ပံုမွန္လႈပ္ရွားရတာကို ႀကိဳက္တယ္။ ခုိင္းတာကို ရွင္းရွင္းလင္းလင္းနားလည္တဲ့အခါမွ သူတုိ႔က လႈပ္ရွားတတ္ၾကတယ္။ လုပ္ရင္လည္း စိတ္ပါလက္ပါ၊ အားႀကိဳးမာန္တက္လုပ္ၾကတယ္။ သူတုိ႔ဟာ ျပင္ပေလာကကုိစိတ္၀င္စားၿပီး သဘာ၀နဲ႔ဆက္စပ္မႈရွိတယ္။ ေစာင့္ဆိုင္းဖို႔ စိတ္ရွည္တယ္။ ေခါင္းလည္းမာတယ္။ သူတုိ႔အေနနဲ႔ အရာရာနဲ႔လုိက္ေလ်ာညီေထြျဖစ္ေအာင္ ေနထိုင္ၿပီး ကိုယ့္ကိုယ္ကုိညွာတာဖို႔ ေလ့လာသင္ယူသင့္တယ္။
ထင္ရွားတဲ့ ၄ေတြ – အာႏိုး ရွ၀ါဇန္နဂၢါ၊ မာဂရက္ သက္ခ်ာ၊ အုိပရာ၀င္းဖရီး

၅ ေရြ႕လ်ားေနတတ္သူ
၅ ေတြဟာ စူးစမ္းရွာေဖြသူေတြျဖစ္တယ္။ သဘာ၀အရ စပ္စုတဲ့စိတ္၊ လာမယ့္ေဘး ေျပးေတြ႕တဲ့စိတ္နဲ႔ စိတ္အားထက္သန္မႈေၾကာင့္ မၾကာခဏဒုကၡႀကံဳရတယ္။ သူတုိ႔ဟာ ကြဲျပားျခားနားမႈကိုလိုလားၿပီး ေရေသအုိင္မွာ ၀ပ္မေနခ်င္ဘူး။ တစ္ကမၻာလံုးက သူတို႔ေက်ာင္းပဲ။ ဘယ္အေျခအေနမွာေရာက္ေရာက္ ေလ့လာသင္ယူႏိုင္စြမ္းလည္းရွိၾကတယ္။ ေမးခြန္းေတြကိုလည္း အဆက္မျပတ္ေမးတတ္ၾကတယ္။ သည္ေတာ့ တစ္ခုခုဆို ထင္ရာမစုိင္းဖို႔အတြက္ ဆံုးျဖတ္ခ်က္မခ်ခင္ အရာရာကို ေစ့ေစ့စပ္စပ္ေလ့လာသင့္တယ္။
ထင္႐ွားတဲ့ ၅ ေတြက ေအဘရာဟမ္လင္ကြန္း၊ ဗင္းဆင့္ဗင္ဂိုး၊ ဟယ္လင္ကယ္လာ

၆ ရုိမန္တစ္ျဖစ္တဲ့သူ
၆ ေတြဟာ စိတ္ကူးေကာင္းၿပီး သူတို႔ဟာ အသံုးက်တဲ့လူလုိ႔ခံစားရမွ ေနေပ်ာ္တဲ့သူေတြျဖစ္တယ္။ မိသားစုနဲ႔ ခ်စ္ၾကည္ေႏြးေထြးမႈဟာ သူတို႔အတြက္ သိပ္အေရးႀကီးတယ္။ သူတို႔ဟာ သူတပါးကိုကူညီဖို႔၊ ဂရုစုိက္ဖုိ႔ စိတ္လုိလက္ရရွိၾကတယ္။ သိပ္ၿပီးသစၥာရွိသလုိ ဆရာေကာင္းေတြလည္း ျဖစ္တတ္ၾကတယ္။ သူတို႔က အႏုပညာ၊ ဂီတကုိ ႏွစ္သက္တယ္။ သူတို႔မွာ ခင္မင္ရင္းႏွီးမႈကို အထူးတလည္တန္ဖိုးထားတဲ့ သူငယ္ခ်င္းေကာင္းေတြရွိတယ္။ ၆ ဂဏန္းသမားေတြ ေလ့လာသင့္တာက သူတုိ႔ေျပာင္းလဲရင္ ဒါမွမဟုတ္ မေျပာင္းလဲဘဲထားရင္ ျဖစ္ေပၚလာမယ့္ ကြဲျပားျခားနားမႈေတြကို ေလ့လာသင့္ပါတယ္။
ထင္ရွားတဲ့ ၆ ေတြ – အဲလ္ဘတ္ အုိင္းစတုိင္း၊ ဂြ်န္ဒန္ဗာ၊ ခရစ္စတုိဖာ ကိုလံဘတ္

၇ စူးစမ္းသူ
၇ ေတြဟာ စူးစမ္းရွာေဖြသူေတြျဖစ္တယ္။ ေနာက္ကြယ္က သတင္းအခ်က္အလက္ေတြကို အၿမဲေဖာ္ထုတ္ေနၿပီး အေပၚယံတန္ဖိုးအတုိင္း လက္ခံဖို႔ ခက္ခဲၾကတယ္။ ခံစားခ်က္ေၾကာင့္ ဆံုးျဖတ္ခ်က္မယိမ္းယိုင္ဘူး။ ဘ၀မွာ အရာရာကိုေမးခြန္းထုတ္တတ္ၿပီး သူတို႔ကိုသူတို႔ ေမးခြန္းထတ္ရမွာကိုေတာ့ မႀကိဳက္ဘူး။ ဘယ္အရာကိုမွ အလ်င္စလုိမလုပ္ဘူး။ သူတုိ႔ရဲ႕ေဆာင္ပုဒ္က ျဖည္းျဖည္းမွန္မွန္ေအာင္ပြဲခံပါ။ သူတုိ႔ဟာ အေတြးအေခၚပညာရွင္တစ္ေယာက္လို ဘ၀ကိုျဖတ္သန္းၿပီး အသိပညာၾကြယ္၀တတ္ေပမယ့္ တခါတေလ အထီးက်န္ဆန္ၾကတယ္။ သူတို႔ဟာ လွ်ိဳ႕၀ွက္ခ်က္ေတြကုိ ႏွစ္သက္တယ္။ ကိုယ္ပိုင္ကမၻာငယ္ေလးမွာေနထုိင္သူေတြျဖစ္တာေၾကာင့္ ေလာကႀကီးက ဘာကိုလက္ခံႏိုင္တယ္၊ ဘာကိုလက္မခံနိုင္ဘူးဆုိတာ ေလ့လာသင့္ပါတယ္။
ထင္ရွားတဲ့ ၇ေတြ ၀ီလ်ံရွိတ္စပီးယား၊ မုိက္ကယ္ဂ်က္ဆင္၊ ဒိုင္ယာနာမင္းသမီး

၈ ျပသနာရွင္းတတ္သူ
၈ ေတြဟာ ျပသနာေျဖရွင္းသူေတြျဖစ္တယ္။ ပညာရွင္ဆန္တယ္၊ ဘြင္းဘြင္းနဲ႔ထိေရာက္ေအာင္ ေျပာတယ္၊ ဆံုးျဖတ္ခ်က္မွန္တယ္၊ ျပတ္သားတယ္။ သူတုိ႔မွာ မဟာစီမံကိန္းေတြ ရွိတတ္တယ္။ ေကာင္းေကာင္းေန၊ ေကာင္းေကာင္းစားရတာကိုလည္း ႀကိဳက္တယ္။ လူေတြကုိ ႀကီးၾကပ္ကြပ္ကဲတတ္တယ္။ သူတို႔က လူေတြကို ယထာဘူတက်က်ပဲ ျမင္တယ္။ သူတုိ႔သာ အႀကီးအကဲျဖစ္ေၾကာင္းလည္း ျပတ္ျပတ္သားသားေဖာ္ျပတတ္တယ္။ ၈ ေတြအဖို႔ သူတပါးလုိအပ္ခ်က္ကိုသိေအာင္ ႀကိဳးစားသင့္ပါတယ္။
ထင္ရွားတဲ့ ၈ ေတြ – ဂ်ိန္းေဖာင္ဒါ၊ ပါဘလုိပီကာဆို၊ အာရစ္သာ ဖရန္ကလင္း

၉ အႏုပညာရွင္
၉ ေတြဟာ ေမြးရာပါ အႏုပညာရွင္ေတြျဖစ္တယ္။ ဂရုစိုက္တတ္တယ္၊ ရက္ေရာတယ္၊ ေနာက္ဆုံးလက္က်န္ပိုက္ဆံေလးကိုေတာင္ အကူအညီေတာင္းလာရင္ ရက္ရက္ေရာေရာေပးတတ္တယ္။ သူတို႔ရဲ႕ခ်စ္စရာေကာင္းမႈေၾကာင့္ သူတုိ႔ဟာ သူငယ္ခ်င္းဖြဲ႕ရာမွာ အခက္အခဲမရွိဘူး။ သူတုိ႔နဲ႔ တစိမ္းဆုိတာလည္း မရွိဘူး။ သူတုိ႔မွာ ကိုယ္ရည္ကိုယ္ေသြးအမ်ိဳးမ်ိဳးရွိတဲ့အတြက္ ေဘးကလူေတြက သူတုိ႔ကို နားလည္ရခက္ၾကတယ္။ သူတုိ႔ဟာ ကံလည္း ေကာင္းၾကေပမယ့္ အတက္ၾကမ္း၊ အက်ႀကမ္းၿပီး စိတ္ေထာင္းကိုယ္ေၾကျဖစ္တတ္တယ္။ ေအာင္ျမင္မႈရဖုိ႔ဆုိရင္ သူတို႔အေနနဲ႔ အေျခခံေကာင္းေကာင္းတစ္ခုတည္ေဆာက္ထားဖုိ႔လုိတယ္။
ထင္ရွားတဲ့ ၉ ေတြ- ဟယ္ရီဆင္ဖို႔ဒ္၊ ဂ်င္မီကာတာ၊ အဲလ္ဗစ္ ပရက္စေလ
သည္နည္းအတုိင္းတြက္ၾကည့္ရင္ ကြ်န္မက ၆ ပါ။ စာဖတ္သူကေရာ ဘယ္ဂဏန္းထဲမွာ အက်ံဳး၀င္သလဲ။ တုိက္ဆုိင္မႈေရာ ရွိရဲ႕လား။ ကြန္မန္႔မွာ ေျပာေပးခဲ့ပါ။
စုျပည့္စံု

#Unicode Version#
ကိုယ်မွေးတဲ့ ရက်၊လ၊နှစ်တွေက ကိုယ့်အရည်အသွေးနဲ့စိတ်နေစိတ်ထားကို ပြောပြနေပါတယ်။ မွေးသက္ကရာဇ်ကပြောတဲ့အသံတွေကို တစ်ခါလောက် နားစွင့်ကြည့်ရအောင်။

တွက်နည်းက လွယ်ပါတယ်။ မွေးနေ့၊ မွေးလ၊ မွေးနှစ်ကို ဂဏန်းတစ်ခုတည်းရအောင် ပေါင်းရမှာပါ။ ဥပမာအနေနဲ့ပြပါမယ်။

မတ် ၂၀ ၁၉၅၀
၃+၂၀+၁၉၅၀ = ၁၉၇၃
၁+၉+၇+၃ = ၂၀
၂+၀= ၂
သည်တော့ ၂ ကို သွားကြည့်ရမှာပါ။

အခု ဖွင့်ဆိုရှင်းလင်းချက်တွေကို ကြည့်ရအောင်။

၁ ဂဏန်းသမား မူလရင်းမြစ်
၂ ဂဏန်းသမား ငြိမ်းချမ်းရေးအကျိုးတော်ဆောင်
၃ ဂဏန်းသမား ပျော်ရွှင်မြူးထူးတဲ့သူ
၄ ဂဏန်းသမား ရှေးရိုးစဉ်လာသမား
၅ ဂဏန်းသမား ရွေ့လျားနေတတ်သူ
၆ ဂဏန်းသမား ရိုမန်တစ်ဖြစ်တဲ့သူ
၇ ဂဏန်းသမား စူးစမ်းသူ
၈ ဂဏန်းသမား ပြသနာရှင်းတတ်သူ
၉ ဂဏန်းသမား အနုပညာရှင်

၁ မူလရင်းမြစ်
၁ တွေဟာ အခြေခံကျတဲ့သူတွေဖြစ်တယ်။ သူတို့ဆီက အိုင်ဒီယာအသစ်တွေ အမြဲထွက်လာလေ့ရှိတယ်။ ခေါငး်လည်းမာကြတယ်။ သိပ်လည်းရိုးသားတယ်။ လိုချင်တာရှိရင် ရအောင်ညှိနှိုင်းနိုင်ကြတယ်။ ကိစ္စတစ်ခုကို ဦးဆောင်ဖို့ ၀န်မလေးဘူး။ ခေါင်းဆောင်လည်း ဖြစ်တတ်ကြတယ်။ သတိထားရမှာက သူများရဲ့စိတ်ကူးကလည်း သူ့နေရာနဲ့သူကောင်းတယ်ဆိုတာပါပဲ။ နာမည်ကြီး ၁ ဂဏန်းသမားတွေ – တွမ်ဟန့်၊ ကာရိုးဘားနက်၊ နန်စီရေဂင်

၂ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်
၂ တွေဟာ သံတမန်ဖြစ်ဖို့ မွေးလာသူတွေပါ။ တခြားသူတွေရဲ့ လိုအပ်ချက်၊ ခံစားချက်တွေကို သူတို့သိတယ်။ သူတပါးကို ဦးစားပေးစဉ်းစားတတ်တယ်။ သူတို့ဟာ တစ်ယောက်တည်းမနေချင်ကြဘူး။ ပေါင်းသင်းဆက်ဆံရေးနဲ့ သူငယ်ချင်းတွေဟာ သူတို့အတွက် သိပ်အရေးကြီးပြီး သည်ဆက်ဆံရေးကြောင့် ဘဝမှာ အောင်မြင်ကြတယ်။ ဒါပေမယ့် ဆက်ဆံရေးမပြေလည်တာထက်စာရင် တစ်ယောက်တည်းနေဖို့ကိုပဲ ရွေးချယ်တာလည်း သူတို့ပါပဲ။ ပင်ကိုအားဖြင့် ရှက်တတ်သူတွေဖြစ်တာကြောင့် ကိုယ့်အကြောင်းကိုယ်ထုတ်ပြောတတ်ဖို့၊ သို၀ှက်မထားဖို့ လေ့လာသင့်ပါတယ်။
ထင်ရှားတဲ့ ၂ တွေ- ဘီလ်ကလင်တန်၊ မက်ဒေါနား၊ သောမတ်စ်အယ်ဒီဆင်၊ မိုးဇက်

၃ ပျော်ရွှင်မြူးထူးတဲ့သူ
၃ တွေဟာ စိတ်ကူးဉာဏ်ရင့်သန်သူတွေဖြစ်တယ်။ တီထွင်ဆန်းသစ်နိုင်စွမ်း သိပ်ကောင်းတယ်။ ဆိုရှယ်ကျတယ်။ ချစ်စရာကောင်းတယ်။ ပေါင်းလို့သင်းလို့ကောင်းတယ်။ တခြားသူတွေကို ပျော်ရွှင်စေချင်တဲ့ဆန္ဒရှိပြီး ပျော်အောင်လည်း စွမ်းဆောင်ပေးနိုင်တယ်။ သူတို့ဟာ ပေါ်ပြူလာလည်းဖြစ်၊ စိတ်ကူးယဉ်လည်းဆန်ကြတယ်။ ကမ္ဘာကြီးကို ပိုမိုလက်တွေ့ဆန်နဲ့အမြင်နဲ့ မြင်တတ်ဖို့ သူတို့လေ့လာသင့်ပါတယ်။
ထင်ရှားတဲ့ ၃ တွေ – ဂျိုဒီဖော်စတာ၊ အန်းလန်ဒါ

၄ ရှေးရိုးစဉ်လာသမား
၄တွေဟာ ရိုးရာဓလေ့ကို နှစ်သက်တယ်။ အစီအစဉ်အတိုငး် ပုံမှန်လှုပ်ရှားရတာကို ကြိုက်တယ်။ ခိုင်းတာကို ရှင်းရှင်းလင်းလင်းနားလည်တဲ့အခါမှ သူတို့က လှုပ်ရှားတတ်ကြတယ်။ လုပ်ရင်လည်း စိတ်ပါလက်ပါ၊ အားကြိုးမာန်တက်လုပ်ကြတယ်။ သူတို့ဟာ ပြင်ပလောကကိုစိတ်ဝင်စားပြီး သဘာဝနဲ့ဆက်စပ်မှုရှိတယ်။ စောင့်ဆိုင်းဖို့ စိတ်ရှည်တယ်။ ခေါင်းလည်းမာတယ်။ သူတို့အနေနဲ့ အရာရာနဲ့လိုက်လျောညီထွေဖြစ်အောင် နေထိုင်ပြီး ကိုယ့်ကိုယ်ကိုညှာတာဖို့ လေ့လာသင်ယူသင့်တယ်။
ထင်ရှားတဲ့ ၄တွေ – အာနိုး ရှဝါဇန်နဂ္ဂါ၊ မာဂရက် သက်ချာ၊ အိုပရာဝင်းဖရီး

၅ ရွေ့လျားနေတတ်သူ
၅ တွေဟာ စူးစမ်းရှာဖွေသူတွေဖြစ်တယ်။ သဘာဝအရ စပ်စုတဲ့စိတ်၊ လာမယ့်ဘေး ပြေးတွေ့တဲ့စိတ်နဲ့ စိတ်အားထက်သန်မှုကြောင့် မကြာခဏဒုက္ခကြုံရတယ်။ သူတို့ဟာ ကွဲပြားခြားနားမှုကိုလိုလားပြီး ရေသေအိုင်မှာ ၀ပ်မနေချင်ဘူး။ တစ်ကမ္ဘာလုံးက သူတို့ကျောင်းပဲ။ ဘယ်အခြေအနေမှာရောက်ရောက် လေ့လာသင်ယူနိုင်စွမ်းလည်းရှိကြတယ်။ မေးခွန်းတွေကိုလည်း အဆက်မပြတ်မေးတတ်ကြတယ်။ သည်တော့ တစ်ခုခုဆို ထင်ရာမစိုင်းဖို့အတွက် ဆုံးဖြတ်ချက်မချခင် အရာရာကို စေ့စေ့စပ်စပ်လေ့လာသင့်တယ်။
ထင်ရှားတဲ့ ၅ တွေက အေဘရာဟမ်လင်ကွန်း၊ ဗင်းဆင့်ဗင်ဂိုး၊ ဟယ်လင်ကယ်လာ

၆ ရိုမန်တစ်ဖြစ်တဲ့သူ
၆ တွေဟာ စိတ်ကူးကောင်းပြီး သူတို့ဟာ အသုံးကျတဲ့လူလို့ခံစားရမှ နေပျော်တဲ့သူတွေဖြစ်တယ်။ မိသားစုနဲ့ ချစ်ကြည်နွေးထွေးမှုဟာ သူတို့အတွက် သိပ်အရေးကြီးတယ်။ သူတို့ဟာ သူတပါးကိုကူညီဖို့၊ ဂရုစိုက်ဖို့ စိတ်လိုလက်ရရှိကြတယ်။ သိပ်ပြီးသစ္စာရှိသလို ဆရာကောင်းတွေလည်း ဖြစ်တတ်ကြတယ်။ သူတို့က အနုပညာ၊ ဂီတကို နှစ်သက်တယ်။ သူတို့မှာ ခင်မင်ရင်းနှီးမှုကို အထူးတလည်တန်ဖိုးထားတဲ့ သူငယ်ချင်းကောင်းတွေရှိတယ်။ ၆ ဂဏန်းသမားတွေ လေ့လာသင့်တာက သူတို့ပြောင်းလဲရင် ဒါမှမဟုတ် မပြောင်းလဲဘဲထားရင် ဖြစ်ပေါ်လာမယ့် ကွဲပြားခြားနားမှုတွေကို လေ့လာသင့်ပါတယ်။
ထင်ရှားတဲ့ ၆ တွေ – အဲလ်ဘတ် အိုင်းစတိုင်း၊ ဂျွန်ဒန်ဗာ၊ ခရစ်စတိုဖာ ကိုလံဘတ်

၇ စူးစမ်းသူ
၇ တွေဟာ စူးစမ်းရှာဖွေသူတွေဖြစ်တယ်။ နောက်ကွယ်က သတင်းအချက်အလက်တွေကို အမြဲဖော်ထုတ်နေပြီး အပေါ်ယံတန်ဖိုးအတိုင်း လက်ခံဖို့ ခက်ခဲကြတယ်။ ခံစားချက်ကြောင့် ဆုံးဖြတ်ချက်မယိမ်းယိုင်ဘူး။ ဘဝမှာ အရာရာကိုမေးခွန်းထုတ်တတ်ပြီး သူတို့ကိုသူတို့ မေးခွန်းထတ်ရမှာကိုတော့ မကြိုက်ဘူး။ ဘယ်အရာကိုမှ အလျင်စလိုမလုပ်ဘူး။ သူတို့ရဲ့ဆောင်ပုဒ်က ဖြည်းဖြည်းမှန်မှန်အောင်ပွဲခံပါ။ သူတို့ဟာ အတွေးအခေါ်ပညာရှင်တစ်ယောက်လို ဘဝကိုဖြတ်သန်းပြီး အသိပညာကြွယ်ဝတတ်ပေမယ့် တခါတလေ အထီးကျန်ဆန်ကြတယ်။ သူတို့ဟာ လျှို့ဝှက်ချက်တွေကို နှစ်သက်တယ်။ ကိုယ်ပိုင်ကမ္ဘာငယ်လေးမှာနေထိုင်သူတွေဖြစ်တာကြောင့် လောကကြီးက ဘာကိုလက်ခံနိုင်တယ်၊ ဘာကိုလက်မခံနိုင်ဘူးဆိုတာ လေ့လာသင့်ပါတယ်။
ထင်ရှားတဲ့ ရတွေ ၀ီလျံရှိတ်စပီးယား၊ မိုက်ကယ်ဂျက်ဆင်၊ ဒိုင်ယာနာမင်းသမီး

၈ ပြသနာရှင်းတတ်သူ
၈ တွေဟာ ပြသနာဖြေရှင်းသူတွေဖြစ်တယ်။ ပညာရှင်ဆန်တယ်၊ ဘွင်းဘွင်းနဲ့ထိရောက်အောင် ပြောတယ်၊ ဆုံးဖြတ်ချက်မှန်တယ်၊ ပြတ်သားတယ်။ သူတို့မှာ မဟာစီမံကိန်းတွေ ရှိတတ်တယ်။ ကောင်းကောင်းနေ၊ ကောင်းကောင်းစားရတာကိုလည်း ကြိုက်တယ်။ လူတွေကို ကြီးကြပ်ကွပ်ကဲတတ်တယ်။ သူတို့က လူတွေကို ယထာဘူတကျကျပဲ မြင်တယ်။ သူတို့သာ အကြီးအကဲဖြစ်ကြောင်းလည်း ပြတ်ပြတ်သားသားဖော်ပြတတ်တယ်။ ၈ တွေအဖို့ သူတပါးလိုအပ်ချက်ကိုသိအောင် ကြိုးစားသင့်ပါတယ်။
ထင်ရှားတဲ့ ၈ တွေ – ဂျိန်းဖောင်ဒါ၊ ပါဘလိုပီကာဆို၊ အာရစ်သာ ဖရန်ကလင်း

၉ အနုပညာရှင်
၉ တွေဟာ မွေးရာပါ အနုပညာရှင်တွေဖြစ်တယ်။ ဂရုစိုက်တတ်တယ်၊ ရက်ရောတယ်၊ နောက်ဆုံးလက်ကျန်ပိုက်ဆံလေးကိုတောင် အကူအညီတောင်းလာရင် ရက်ရက်ရောရောပေးတတ်တယ်။ သူတို့ရဲ့ချစ်စရာကောင်းမှုကြောင့် သူတို့ဟာ သူငယ်ချင်းဖွဲ့ရာမှာ အခက်အခဲမရှိဘူး။ သူတို့နဲ့ တစိမ်းဆိုတာလည်း မရှိဘူး။ သူတို့မှာ ကိုယ်ရည်ကိုယ်သွေးအမျိုးမျိုးရှိတဲ့အတွက် ဘေးကလူတွေက သူတို့ကို နားလည်ရခက်ကြတယ်။ သူတို့ဟာ ကံလည်း ကောင်းကြပေမယ့် အတက်ကြမ်း၊ အကျကြမ်းပြီး စိတ်ထောင်းကိုယ်ကြေဖြစ်တတ်တယ်။ အောင်မြင်မှုရဖို့ဆိုရင် သူတို့အနေနဲ့ အခြေခံကောင်းကောင်းတစ်ခုတည်ဆောက်ထားဖို့လိုတယ်။
ထင်ရှားတဲ့ ၉ တွေ- ဟယ်ရီဆင်ဖို့ဒ်၊ ဂျင်မီကာတာ၊ အဲလ်ဗစ် ပရက်စလေ
သည်နည်းအတိုင်းတွက်ကြည့်ရင် ကျွန်မက ၆ ပါ။ စာဖတ်သူကရော ဘယ်ဂဏန်းထဲမှာ အကျံုးဝင်သလဲ။ တိုက်ဆိုင်မှုရော ရှိရဲ့လား။ ကွန်မန့်မှာ ပြောပေးခဲ့ပါ။

 စုပြည့်စုံ

No comments:

Post a Comment