Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, August 16, 2018

ဖားကန့်မှာ ရဲ နဲ့ စစစ က မူးယစ်ရာဇာကို ပြန်ပေးဆွဲပြီး ကျပ်သိန်း ၃၅၀ တောင်း ၊ အဝေမတည့်လို့ ဘူးပေါ်သလို ပေါ်ကုန်ပြီ


စစ်တပ်က ပြည်ထဲရေးကို အဆိပ်ခတ်သတ်နေတာ
ခုထိမပြီးသေးဘူးဗျ ။ ဝါးတုန်းစားတုံးက အတူတူစားပြီး
ခုကျမှ ရဲတွေကို ထောင်ထဲထည့်ဘို့ အကြံပက်စက်နေတဲ့
ကချင်ပြည်နယ် စစစ တွေရဲ့ စိတ်ဓါတ်က ကြောက်စရာ
ကောင်းလိုက်တာဗျာ ။

ရှရော်ခ ရွာက မူးယစ်ဆေးဝါးမျိုးစုံရောင်းတဲ့ ဦးသိန်းဇော်
နေအိမ်ကို ကား နှစ်စီးနဲ့ ရောက်လာပြီး မူးယစ်ဆေးဝါး
ရှာမယ်ဆိုပြီး ဝင်မွှေတာ ။ ဝန်ထမ်းက ၅ ယောက် ။
ဖားကန့်စခန်းက ဒုစခန်းမှူးပါတယ် ။ အခြားအဆင့်က
သုံးယောက် ။ ဖားကန့် စသုံးလုံးဆွယ်က ဆွယ်မှူး
ဒုစုံမှူး ကြယ်စင်ထက် ၊ အရပ်သားနှစ်ယောက် အားလုံး
၇ ယောက် ။ သေနတ်အရှည်တစ်လက်လွယ်ထားတယ် ။
မျက်နှာကို ဖုန်ကာတွေတပ်ထားတယ် ။

၉.၈.၂၀၁၈ နေ့ မနက်အစောကြီးမှာ ရှရော်ခရွာက
ကိုသိန်းဇော်အိမ်ကို ဝင်မွှေသွားတာ ။ မူးယစ်ဆေးဝါး
မတွေ့တော့ ကိုသိန်းဇော်ကို ကားပေါ်တင်ခေါ်သွားတယ် ။
ကိုသိန်းဇော်အိမ်ဘေးက မူးယစ်ဆေးဝါးရောင်းတဲ့
ဒေါ်ကြည်ကို သိန်း ၃၅၀ နဲ့ လာရွေးဘို့ မှာသွားတယ်
။ ဒေါ်ကြည်ကို သိန်း ၃၅၀ နဲ့ ရွေးဘို့ နေ့လည်
တစ်နာရီလောက်မှာ ဖုန်းဆက်ပီးတော့ ငွေယူပြီး
လာရွေးဘို့ပြောတယ် ။ ဒေါ်ကြည်က သူတို့ချိန်းတဲ့
ဆန်းကြွယ်ရွာနဲ့ ရှရော်ခရွာ လမ်းခွဲနားကို သွားပြီး သိန်း
၃၅၀ နဲ့ ကိုသိန်းဇော်ကို ရွေးခဲ့ရတယ် ။

ကြယ်စင်ထက်တို့ လုပ်ရပ်က KIA လိုလို ၊ တခြား
လက်နက်ကိုင် အဖွဲ့အစည်းလိုလို ပုံမှားရိုက်တဲ့ပြင်
ဒုစခန်းမှူးကလည်း စခန်းမှူးမသိအောင် အပျောက်ရိုက်မယ်
ဆိုပြီး အပီကြံတာပါ ။ ဖားကန့် ဒုစခန်းမှူးနဲ့ စသုံးလုံး ဆွယ်မှူး
ကြယ်စင်ထက်တို့က သူတို့ကိုယ် သူတို့ပိုင်ပြီ ဆိုပြီး
လုပ်လိုက်တာ ။ အဝေမတဲ့တော့ သူတို့ထဲက
တယောက်က ကိုသိန်းဇော်နဲ့ ဒေါ်ကြည်ကို
လွှတ်တော်ကိုယ်စားလှယ်ဆီကို တိုင်ဘို့
အကြံပေးလိုက်တာ ။

သိန်းဇော်နဲ့ ဒေါ်ကြည်က လွှတ်တော် ကိုယ်စားလှယ်
ဦးဒါရှီလဆိုင်းဆီတိုင်ပါလေရော ။ ဦးဒါရှီလဆိုင်းကလည်း
ဝန်ကြီးချုပ် ဒေါက်တာခက်အောင်ကို ဖုန်းနဲ့ ဆက်ပြီး
အကြောင်းကြားရော ကြယ်စယ်ထက်တို့အဖွဲ့ မိုးမီးလောင်
တော့တာဘဲ ။ မူးယစ်ဆေးဝါး ရောင်းတဲ့သူကတောင်
ရဲက ပိုက်ဆံညှစ်လို့ လွှတ်တော်ကိုယ်စားလှယ်ကို
တိုင်တယ်ဆိုတော့ ။ မူးယစ်ဆေးဝါးရောင်းတဲ့လူတွေက
လွှတ်တော်ကိုယ်စားလှယ်တွေကို ကောင်းကောင်းေ
မွးထားနိုင်ပြီလား ဆိုတာ လည်းမေးခွန်းထုတ်စရာပေါ့ဗျာ ။

ဝန်ကြီးချုပ်ဆီ ရွှေနားတော်ပေါက်ကြားသွားတော့
ချက်ချင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးတို့ ၊ နယ်လုံဝန်ကြီးတို့ဆီလည်း
သတင်းရောက်သွားပြီး ကချင်ပြည်နယ်က ရှိသမျှရဲစခန်းတွေ
မိုးမီးလောင်တော့တာပဲ ။ ပိုင်ပြီ ၊ ပွပြီ ဆိုပြီး ပျော်နေတဲ့
ဖားကန့် ဒုစခန်းမှူးနဲ့ စသုံးလုံးဆွယ်မှူး ကြယ်စင်ထက်
တို့အဖွဲ့ ချက်ချင်း ပိုက်ဆံ သိန်း၃၅၀ကို ပြန်သွားပေးရ
တယ် ။ပြန်သွားပေးတော့ စစ်တပ်လှည့်ကင်းနဲ့ တွေ့လို့
ပါးတောင်အရိုက်ခံလိုက်ရသေး ။ အဲဒီဖြစ်စဉ်
ကြေးနန်းတွေကို ပြည်နယ် ရဲတပ်ဖွဲ့ မှူးက ကချင်ပြည်နယ်
တခုလုံးက ရဲစခန်းတွေကို ပို့ထားတယ် ။

လောလောဆယ် ဒုစခန်းမှူးနဲ့ ရဲတွေကို အချုပ်ထဲ
ထည့်ထားပြီး စသုံးလုံးက ဖားကန့်ဆွယ်မှူး ကြယ်စင်ထက်ကို
ဖျောက်ထားတယ် ။ ကြယ်စင်ထက်ကို ဘာလို့ ဖျောက်ထားလဲ
ဆိုတော့ ဗိုလ်မှူး သော်ဝင်းထွန်းရဲ့ တပည့်ဖြစ်နေလို့ ပါ ။
ဗိုလ်မှူး သော်ဝင်းထွန်းဆိုတာ DSA 37 ဆင်း ၊ အသက်
၄၀ ကျော်ပဲ ရှိသေးတဲ့ ကချင်ပြည်နယ်ရဲ့ စစစ
ပြည်နယ်မှူးပါ ။

ကြယ်စင်ထက်ဆိုတာက သူငွေရှာခိုင်းထားတဲ့
လက်သပ်မွေးတပည့်ပါ ။စစစ ပြည်နယ်မှူး ဗိုလ်မှူးသော်ဝင်းထွန်းက ကြယ်စင်ထက် နဲ့ စုံမှူးသူရလင်းကို လက်သပ်မွေးပြီး ငွေရှာ
ခိုင်းနေတာပါ ။ ဒီကိစ္စမှာ ဗိုလ်မှူး သော်ဝင်းထွန်း မသိစရာ
အကြောင်းမရှိပါဘူး ။ ကချင်ပြည်နယ်က ဝင်ငွေကောင်းတဲ့
တပ်ဆွယ်တွေကို စုံမှူးသူရလင်း နဲ့ဒုစုံမှူးကြယ်စင်ထက်ကို
တာဝန်ပေးပြီး ငွေရှာခိုင်းပါတယ် ။ ကျန်တဲ့ လူတွေက
ကြယ်စင်ထက်နဲ့ သူရလင်း မသွားချင်တဲ့ ဆွယ်မှ
သွားရတာပါ ။

ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့ရဲ့ ကြေးနန်းစာမှာ ကြယ်စင်ထက်
ကိုဖေါ်ရေးထားပေမဲ့ သူတို့ဖာသာသူတို့အရေးယူမယ်ဆိုပြီး
စစစပြည်နယ်မှူး ဗိုလ်မှူး သော်ဝင်းထွန်းက မြစ်ကြီးနားကို
ခေါ်သွားတယ်လို့ သိရပါတယ် ။ ဒါဟာ သူ့လူသူ ကာဘာပေးတဲ့ သဘောပါပဲ ။ အဖွဲ့အစည်း အချင်းချင်း လူပါးဝတာပါပဲ ။
ကျုပ်တို့ ရဲတွေကိုကျထောင်ကျစေ ။ စစစကျ လွှတ်စေဆိုတဲ့
သဘောလားဗျာ ။

စ သုံးလုံးအပါအဝင် ပြည်ထဲရေးက ရာထူးကြီးကြီး
မှန်သမျှကို မိုးကျရွှေကို စစ်ဗိုလ်လူထွက်တွေနဲ့ အဆိပ်ခတ်
လာလိုက်တာ ယနေ့ပြည်ထဲရေးက ပြည့်တန်ဆာမ
လောက်တောင်ကျက်သရေမရှိတော့ပါဘူး။ဒါဟာ စစ်ဗိုလ်ချုပ်
တွေရဲ့ လုပ်ရပ်ဘာလဲ ဆိုတာ ပြသနေတာပါပဲ ။

စစ်ဗိုလ်ချုပ်တွေဟာ အရည်အချင်းရှိတဲ့ ရဲစစ်စစ်တွေကို
ကိုယ်ကျင့်တရားပျက်အောင်ဖျက်ဆီးမယ် ။ ပြီးရင် အမှား
လိုက်ရှာပြီး ရာထူးပြုတ်ထောင်ချမယ် ။ လစ်လပ်သွားတဲ့နေ
ရာကို တပ်ထဲက မိုးကျရွှေကိုယ်တွေကို အစားထိုးပြီး
စနစ်တကျ ဖျက်ဆီးမယ် ။ ဒါဟာ စစ်တပ်ရဲ့ future plan
ပါပဲ ။ နောင်လဲ ဒီလိုပွဲမျိုးတွေ အလီလီ နွှဲရအုံးမှာပါ။ ဒါက
အစပဲ ရှိပါသေးတယ် ။ ပြည်ထဲရေးက ရဲစစ်စစ်ကြီးများ
သတိသာထားကြပါတော့။
ရွှေသံစဉ်48






No comments:

Post a Comment