Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, August 5, 2018

ကင္ပြန္းခ်ဥ္ရဲ႕အံ့မခမ္း အစြမ္း ဒီေလာက္စြမ္းမွန္း ခုသိရျပီဗ်ာ

ေက်ာက္ကပ္ ႏွလံုး အသည္းေရာဂါေတြေတာင္ ေပ်ာက္ေစလို႕ သိမ္းထားပါ

ပူျပင္း ေျခာက္ေသြ႕ေသာ ေႏြကာလႏွင့္ လုိက္ဖက္ေသာ အစာလည္းေဆး၊ ေဆးလည္း အစာ တစ္မ်ဳိးမွာ ကင္ပြန္းခ်ဥ္ ျဖစ္သည္။
က်န္းမာသူ အတြက္ အာဟာရျဖစ္ၿပီး မက်န္းမာသူ အတြက္ ေဆးဝါးဓာတ္စာ ျဖစ္သည့္ ကင္ပြန္းခ်ဥ္ကို အဖိုးနည္းဝန္ပါ သူသူငါငါ လြယ္ကူစြာ စားသံုး ႏိုင္သည္။

ကင္ပြန္းခ်ဥ္ပင္သည္ ႏြယ္ေယာင္ပင္ေယာင္ခ်ဳံပင္မ်ဳိးျဖစ္သည္။
ေပ်ာ့ေပ်ာင္းေသာ ပင္စည္ႏွင့္ အရြက္တံတို႔တြင္ ဆူးရွိသည္။
အခက္စိမ္းမ်ား၌ နီမႈိင္းမႈိင္း အေရာင္အဆင္း ရွိသည္။
အရြက္ ေသး ငယ္ၿပီး ရြက္ထိပ္ ဝိုင္းသည္။
အသီးမွာ သီးေတာင့္ရွည္ မ်ဳိးျပား၍ ေျဖာင့္သည္။
အေစ့မ်ား ၾကားတြင္ အဆစ္မ်ား ျဖစ္ကာ ခ်ဳိင့္ဝင္ေနသည္။
ျမန္မာႏုိင္ငံ အႏွံ႔အျပား သဘာဝ အေလ်ာက္ အေလ့က် ေပါက္ေသာ စားသံုးပင္ ျဖစ္သည္။
ကင္ပြန္းခ်ဥ္သည္အသည္းအတြက္ အစြမ္းထက္အသံုးဝင္သည္။
ကင္ပြန္းခ်ဥ္ကို ဟင္းခ်ဳိ ခ်က္ေသာက္ျခင္း၊ အခ်ဥ္ခ်က္ျပဳတ္ စားျခင္း၊ ေၾကာ္စားျခင္း၊ မီးကင္စားျခင္းမ်ား ျပဳႏုိင္သည္။
အရြက္ႏုကိုင႐ုတ္ေကာင္း အရည္တြင္စိမ္၍ ဆား၊မန္းက်ည္းသီး၊ င႐ုတ္သီးႏွင့္ ေရာေထာင္းၿပီး တုိက္ေကြၽးလွ်င္
အသည္းေရာင္အသား ဝါေရာဂါ၊
သည္းေျခ ေရာဂါတုိ႔ကို သက္သာ ေစသည္။
အရြက္ႏုကို ႀကိတ္ၿပီး အသည္းေရာင္သည့္ ေနရာကို စိတ္ရွည္ လက္ရွည္ လိမ္းေပးပါက ေရာဂါ သက္သာသည္။
အရြက္ႏုကိုညက္ေအာင္ေထာင္း တစ္ညသိပ္ၿပီးသၾကားအနည္း
ငယ္ ထည့္၍ ေရက်က္ ေအးႏွင့္ ေန႔စဥ္မွန္မွန္ေသာက္ေပးလွ်င္ အဖ်ဥ္း(ေရဖ်ဥ္း)ေရာဂါ ေပ်ာက္သည္။
ကိုယ္ေဖာ ကိုယ္ေရာင္ အူေရာင္ ျမင္းသ႐ိုက္ ေလနာျမစ္
ေျခာက္နာ စသည္ တို႔ကိုလည္း ႏိုင္သည္။
ကင္ပြန္းခ်ဥ္ရြက္ကို ေရေႏြးေဖ်ာၿပီး ေသာက္က ဝမ္းခ်ဳပ္ေလခ်ဳပ္ ေပ်ာက္ကင္း၍ ဝမ္းေပ်ာ့ ဝမ္းမွန္ ေစသည္။

ဝမ္းဗိုက္ေလပြ ေလထျခင္းကို တန္႔ေစသည္။
ေလနာ ေလေအာင့္ေလထိုး ေလစူး သက္သာသည္။
ကင္ပြန္းရြက္ ဟင္းခ်ဳိသည္ လူႏွင့္ အခါခပ္သိမ္း တည့္သည္။
ကိုယ္တြင္း အပူကို ၿငိမ္းေစသည္။
ေက်ာက္ကပ္ကို အားေပးသျဖင့္ ဆီးရႊင္သည္။
ဆီးပူဆီး ေအာင့္ေညာင္းက် ပန္းေသ ပန္းညိႇဳးမွ အစေကာင္းမြန္သည္။
ေသြးသားကို သန္႔စင္ေစသျဖင့္ ႐ုပ္ဆင္းအဂၤါႏုပ်ဳိၾကည္လင္
ကာ အဆီက် ေပါ့ပါး ေစပါသည္။
ငွက္ဖ်ားေရာဂါ၊ အစာအိမ္ေရာဂါ၊ ေသြးႏွင့္ ဆုိင္ေသာ ေရာဂါ၊ အျဖဴကြက္ထ ေရာဂါရွိသူတို႔ အေနျဖင့္ ကင္ပြန္းခ်ဥ္ အၿမဲစားသံုး သင့္သည္။

ႏွလံုးေရာဂါ ရွိသူအား ကင္ပြန္းခ်ဥ္ ငါးက်ပ္သား၊ ထန္းလ်က္
၁ဝ က်ပ္သား၊ ဆားအသင့္အတင့္ႏွင့္ က်ဳိ၍ တစ္ေန႔သံုးႀကိမ္
မွီဝဲ ေစသင့္သည္။

နာလန္ထစ လူမမာအား ကင္ပြန္းရြက္ဟင္းခ်ဳိႏွင့္ထမင္းပူပူတြင္ ႏွပ္ထားေသာ ငါးပုပ္ေျခာက္တုိ႔ အတူ ေကြၽးပါကစားရသူလူမမာ အလြန္အဆင္ ေျပသည္။

ကင္ပြန္းရြက္ကုိ အသားငါး တစ္မ်ဳိးမ်ဳိးႏွင့္ေရာေႏွာ၍ေၾကာ္စားလွ်င္ ထမင္းၿမိန္ပါသည္။

အစာလမ္းေၾကာင္း မေကာင္းသူမ်ား၊ အစာမေၾက ေရာဂါ ရွိသူမ်ားႏွင့္ အူေရာင္ေရာဂါ ရွိသူမ်ား အတြက္ ကင္ပြန္းခ်ဥ္ကို အခ်ဥ္ခ်က္ျပဳတ္ စားေပးရန္ လိုသည္။

ကင္ပြန္းရြက္ႏုကို အမႈန္႔ရေအာင္ လွီးၿပီး ၾကက္သြန္ျဖဴ၊ ဆိတ္ဖူး၊ နႏြင္း၊ ဆား၊ ငါးပိ၊ ပုစြန္ ေျခာက္မႈန္႔၊ သီဟိုဠ္ေစ့့ သင့္႐ံုထည့္၍ ဆီျဖင့္ ႏွံ႔ေအာင္နယ္ပါ။
ဂ်ဳံမႈန္႔ႏွင့္ အေနေတာ္ ဆုပ္နယ္၍ မီးျပထားေသာ ရဲယိုရြက္ႏွင့္ ထုပ္ပါ။

ငွက္ေပ်ာရြက္ျဖင့္ ထပ္မံ ထုပ္ၿပီးေနာက္ ညႇပ္ျဖင့္ အထက္ေအာက္
လွန္ မီးကင္လွ်င္ အနံ႔သင္းသင္း ကင္ပြန္းရြက္ကင္ကို ရသည္။
ေနမေကာင္းသူမ်ား၊ ခံတြင္း ပ်က္သူမ်ားကို ဓာတ္စာေဆးဝါး အျဖစ္ စားသံုး ေစႏုိင္သည္။

©ျမန္မာ့ေဆးစြမ္းနွင့္အိမ္တြင္းေဆးျမီးတိုမ်ား
ေမာင္ ေမာင္ ျမတ္သူမွ

မ်ွ​ေဝလ်က္​

MiMiTun
# Unicode Version ျဖင့္ ဖတ္ပါ #
ကျောက်ကပ် နှလုံး အသည်းရောဂါတွေတောင် ပျောက်စေလို့ သိမ်းထားပါ

ပူပြင်း ခြောက်သွေ့သော နွေကာလနှင့် လိုက်ဖက်သော အစာလည်းဆေး၊ ဆေးလည်း အစာ တစ်မျိုးမှာ ကင်ပွန်းချဉ် ဖြစ်သည်။
ကျန်းမာသူ အတွက် အာဟာရဖြစ်ပြီး မကျန်းမာသူ အတွက် ဆေးဝါးဓာတ်စာ ဖြစ်သည့် ကင်ပွန်းချဉ်ကို အဖိုးနည်းဝန်ပါ သူသူငါငါ လွယ်ကူစွာ စားသုံး နိုင်သည်။

ကင်ပွန်းချဉ်ပင်သည် နွယ်ယောင်ပင်ယောင်ချုံပင်မျိုးဖြစ်သည်။

ပျော့ပျောင်းသော ပင်စည်နှင့် အရွက်တံတို့တွင် ဆူးရှိသည်။

အခက်စိမ်းများ၌ နီမှိုင်းမှိုင်း အရောင်အဆင်း ရှိသည်။

အရွက် သေး ငယ်ပြီး ရွက်ထိပ် ဝိုင်းသည်။

အသီးမှာ သီးတောင့်ရှည် မျိုးပြား၍ ဖြောင့်သည်။

အစေ့များ ကြားတွင် အဆစ်များ ဖြစ်ကာ ချိုင့်ဝင်နေသည်။

မြန်မာနိုင်ငံ အနှံ့အပြား သဘာဝ အလျောက် အလေ့ကျ ပေါက်သော စားသုံးပင် ဖြစ်သည်။

ကင်ပွန်းချဉ်သည်အသည်းအတွက် အစွမ်းထက်အသုံးဝင်သည်။

ကင်ပွန်းချဉ်ကို ဟင်းချို ချက်သောက်ခြင်း၊ အချဉ်ချက်ပြုတ် စားခြင်း၊ ကြော်စားခြင်း၊ မီးကင်စားခြင်းများ ပြုနိုင်သည်။

အရွက်နုကိုငရုတ်ကောင်း အရည်တွင်စိမ်၍ ဆား၊မန်းကျည်းသီး၊ ငရုတ်သီးနှင့် ရောထောင်းပြီး တိုက်ကျွေးလျှင်

အသည်းရောင်အသား ဝါရောဂါ၊

သည်းခြေ ရောဂါတို့ကို သက်သာ စေသည်။

အရွက်နုကို ကြိတ်ပြီး အသည်းရောင်သည့် နေရာကို စိတ်ရှည် လက်ရှည် လိမ်းပေးပါက ရောဂါ သက်သာသည်။

အရွက်နုကိုညက်အောင်ထောင်း တစ်ညသိပ်ပြီးသကြားအနည်း
ငယ် ထည့်၍ ရေကျက် အေးနှင့် နေ့စဉ်မှန်မှန်သောက်ပေးလျှင် အဖျဉ်း(ရေဖျဉ်း)ရောဂါ ပျောက်သည်။

ကိုယ်ဖော ကိုယ်ရောင် အူရောင် မြင်းသရိုက် လေနာမြစ်
ခြောက်နာ စသည် တို့ကိုလည်း နိုင်သည်။

ကင်ပွန်းချဉ်ရွက်ကို ရေနွေးဖျောပြီး သောက်က ဝမ်းချုပ်လေချုပ် ပျောက်ကင်း၍ ဝမ်းပျော့ ဝမ်းမှန် စေသည်။



ဝမ်းဗိုက်လေပွ လေထခြင်းကို တန့်စေသည်။

လေနာ လေအောင့်လေထိုး လေစူး သက်သာသည်။

ကင်ပွန်းရွက် ဟင်းချိုသည် လူနှင့် အခါခပ်သိမ်း တည့်သည်။

ကိုယ်တွင်း အပူကို ငြိမ်းစေသည်။

ကျောက်ကပ်ကို အားပေးသဖြင့် ဆီးရွှင်သည်။

ဆီးပူဆီး အောင့်ညောင်းကျ ပန်းသေ ပန်းညှိုးမှ အစကောင်းမွန်သည်။

သွေးသားကို သန့်စင်စေသဖြင့် ရုပ်ဆင်းအင်္ဂါနုပျိုကြည်လင်
ကာ အဆီကျ ပေါ့ပါး စေပါသည်။

ငှက်ဖျားရောဂါ၊ အစာအိမ်ရောဂါ၊ သွေးနှင့် ဆိုင်သော ရောဂါ၊ အဖြူကွက်ထ ရောဂါရှိသူတို့ အနေဖြင့် ကင်ပွန်းချဉ် အမြဲစားသုံး သင့်သည်။

နှလုံးရောဂါ ရှိသူအား ကင်ပွန်းချဉ် ငါးကျပ်သား၊ ထန်းလျက်
၁ဝ ကျပ်သား၊ ဆားအသင့်အတင့်နှင့် ကျို၍ တစ်နေ့သုံးကြိမ်
မှီဝဲ စေသင့်သည်။

နာလန်ထစ လူမမာအား ကင်ပွန်းရွက်ဟင်းချိုနှင့်ထမင်းပူပူတွင် နှပ်ထားသော ငါးပုပ်ခြောက်တို့ အတူ ကျွေးပါကစားရသူလူမမာ အလွန်အဆင် ပြေသည်။

ကင်ပွန်းရွက်ကို အသားငါး တစ်မျိုးမျိုးနှင့်ရောနှော၍ကြော်စား
လျှင် ထမင်းမြိန်ပါသည်။

အစာလမ်းကြောင်း မကောင်းသူများ၊ အစာမကြေ ရောဂါ ရှိသူများနှင့် အူရောင်ရောဂါ ရှိသူများ အတွက် ကင်ပွန်းချဉ်ကို အချဉ်ချက်ပြုတ် စားပေးရန် လိုသည်။

ကင်ပွန်းရွက်နုကို အမှုန့်ရအောင် လှီးပြီး ကြက်သွန်ဖြူ၊ ဆိတ်ဖူး၊ နနွင်း၊ ဆား၊ ငါးပိ၊ ပုစွန် ခြောက်မှုန့်၊ သီဟိုဠ်စေ့ သင့်ရုံထည့်၍ ဆီဖြင့် နှံ့အောင်နယ်ပါ။

ဂျုံမှုန့်နှင့် အနေတော် ဆုပ်နယ်၍ မီးပြထားသော ရဲယိုရွက်နှင့် ထုပ်ပါ။

ငှက်ပျောရွက်ဖြင့် ထပ်မံ ထုပ်ပြီးနောက် ညှပ်ဖြင့် အထက်အောက်
လှန် မီးကင်လျှင် အနံ့သင်းသင်း ကင်ပွန်းရွက်ကင်ကို ရသည်။

နေမကောင်းသူများ၊ ခံတွင်း ပျက်သူများကို ဓာတ်စာဆေးဝါး အဖြစ် စားသုံး စေနိုင်သည်။

©မြန်မာ့ဆေးစွမ်းနှင့်အိမ်တွင်းဆေးမြီးတိုများ
မောင် မောင် မြတ်သူမှ

မျှဝေလျက်
MiMiTun

No comments:

Post a Comment