Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, August 31, 2018
ဝေဒနာတူသူများအတွက် ( ၉ )နှစ်တာကာလခါးနာ ရောဂါခံစားနေရသူ နှင့် ငွေပန်းဥ
ခါးနာ ရောဂါခံစားနေရသူ-ချင်းမနှင့်-ကျွနှ်ပ်၏
အတွေ့အကြုံလွန်ခဲ့တဲ့နှစ် ၂၃ နှစ်လောက်ပေါ့ ကျွန်တော်ကဦးဇင်းဘဝပေါ့ဗျာ…
ဖြစ်စဉ်ကဒီလိုဗျဘုရားရွှေစက်တော်
အ​နောက်ဖက် ဟိုးးးးအနောက်ဖက်ငဖဲမြို့ဆိုတာရှိပါတယ် ။
ငဖဲမြို့ရဲ့မြောက်ဖက်မှာပါရမီတောင်ဆိုတာရှိ
ပါတယ်အဲ့တောင်မှာနေထိုင်ဖို့ငဖဲမဝတကကျွန်
တော်ကိုပင့်တယ်ဗျ…အဲ့ဒါနဲ့ကျွန်တော်လဲ အဲဒီ
တောင်မှာနေဖြစ်သွားပါတယ်။
အဲ့တောင်မှာနေရင်းမကျန်းမာသူတွေ လူနာတွေ
ကို ၅နှစ်တိတိဆေးကုပြီးကယ်ခဲ့ပါတယ်။ဒါနဲ့ပဲဗျာ တနေ့ကျတော့ငဖဲမြို့ရဲ့မြောက်ဖက်မှာပေကုန်းရွာ
ဆိုတာရှိတယ်ဗျ အဲ့ပေကုန်းရွာက ချင်းအမျိုးသမီး
က တနေ့ရောက်လာပါရောဗျာ နွားလှည်းကြီးနဲ့ပေါ့
ဗျာ။ဒါနဲ့ပဲတောင်ပေါ်ကိုရောက်တော့ လူနာကလဲ
များနေတယ် ။
တနေ့ကိုလူပေါင်း၆၀ လောက် အနည်းဆုံးကု​ပေးနေရတယ်ဗျ..သူလဲတုံကင်ယူပြီးစောင့်ပေါ့။
ဟော သူအလှည့်လဲရောက်လာရောလာပါလေ
ရောဗျာ။ ခါးကြီးကကုန်းလို့တောင်ဝှေးကြီးနဲ့ဗျ။
အဲ့တာနဲ့ကဲဒကာမကြီး ဘာဖြစ်တာလဲဆိုတော့
အရှင်ဘုရားတဲ့တပည့်တော်မခါးကနာနေလို့
ကုမလို့ပါဘုရားတဲ့ ။
အော် ဘယ်လောက်ကြာပြီလဲဒကာမကြီးဆိုတော့
၉ နှစ်ရှိပါပြီဘုရားတဲ့။ သူကဘာပြောသေးတယ်
မှတ်လဲ တပည့်တော်မရဲ့ခါးကဘယ်ပျောက်မလဲ
ဘုရားတဲ့ ဘာလို့မပျောက်တာလဲဒကာမကြီးဆို
တော့ တပည့်တော်မကိုလူပြုစားထားတာပါဘုရား
တဲ့...
ဗုဒ္ဓေါဒကာမကြီးကဘယ်လိုသိလဲဆိုတော့
အမလေးဘုရားတဲ့ဘယ်မှာဗေဒင်ပဲတွက်တွက်
အဲတာပဲပေါ်ပါတယ်ဘုရား ။
ဟူးးးးးခက်ရောပေါ့ ဒါနဲ့ပဲကျုပ်ကလဲဘယ်ရမလဲ
ကဲတာဆိုလာခြေဆင်းစမ်းဆိုပြီး ပယောဂစစ်တာ
ပေါ့ဗျာ ပယောဂကတော့မသိဘူး ကျုပ်ကတော့
ဖတ်ဖတ်ကိုမောရော ဘာပယောဂမှမတွေ့ရ
ကဲတာနဲ့ပဲကျုပ်က ဒကာမကြီး ခင်ဗျာမှာဘာကောင်
မှနှောက်ယှက်ထားတာမရှိဘူးဆိုတော့ ဘာပြော
တယ်မှတ်လဲ။ချင်းမကအောင်မလေးအရှင်ဘုရား ကျကာမှပဲ ပြုစားထားတာမရှိဘူးပြောတယ်။
ကြိုက်တဲ့ဆရာကိုမေး ပြုစားတယ်ပဲပြောတယ်
အသလွတ်ကြီးရန်တွေ့ပါရော့လားကျုပ်ကို ။
ဒါနဲ့ပဲ ကျုပ်က ကဲကဲဒကာမကြီးရောဂါသက်သာ
ရင်ပြီး ရောမဟုတ်ဖူးလားဆိုတော့မှ အင်းးးးးတဲ့
ခက်တော့အခက်သားကိုဗျ ဒါနဲ့ပဲကျုပ်ကလဲ မကွေး
ဆေးရုံကလဲပြန်လာပါပြီဘုရား ဆရာတွေလဲစုံနေ
ပါပြီ ဘုရားတဲ့။ ငဖဲမြို့ထဲကဗမာဆရာဦးအောင်ဖေ
နဲ့လဲကုပြီးပြီ နောက်ဆုံးတော့အနှိုပ်သယ်ကိုတည
၅၀၀ ပေးပြီးနှိပ်မှ ညအိပ်နိုင်တယ်ဘုရား။
အဲ့လိုမနှိပ်တဲ့ညကတော့ တပည့်တော်ဟာ ငရဲခံရ
တာထက်ဆိုးပါတယ်ဘုရား ကောင်းအောင်တော့
ကု​ပေးပါတဲ့ ။
ဒါနဲ့ပဲဗျာ ကျုပ်မှာရှိတဲ့ငွေပန်းဥအမုန့်လေး နည်းနည်း ပေးပြီး ကဲဒကာမကြီး ခုညဒီအမှုန့်နဲ့ကြက်သွန်ဖြူလေး
နဲ့ ဟင်းခါးကျိုသောက်ဗျာ။ခုညအနှိပ်လွတ်တယ်။
မလွတ်ဖူး။မနက်ဖြန်အကြောင်းပြန်ဗျာ ဆိုပြီးပြန်ခိုင်း
လိုက်တယ်ဗျာ ။
ဒါနဲ့ပဲဆေးခန်းပိတ်လို့မိုးချုပ်ပြီး အိပ်ယာဝင်တော့
မအိပ်နိုင်ဘူးဗျ ဘာလို့ဆိုသူရောဂါကိုစဉ်းစားနေ
တာဗျ ။ ကျုပ်ကလဲ အဲ့တုန်းကအသက်က ၂၀
ပဲရှိသေးတာဗျ ဘာကြောင့်ဒီလိုဖြစ်တာလဲ ဆရာ
တွေလဲစုံနေပြီမပျောက် စဉ်းစားတာအဖြေက
မထွက် မနက် ၄ နာရီအုန်းမောင်းတီးလောက်မှ
သွားသတိရတယ်ဗျ ။
အော် ငါ့အဘကပြောဘူးတာပဲ တခြားဟုတ်ဖူး
လေမျိုး ၈၀ ထဲက အရိုးနဲ့ခြင်ဆီသွေးကြောကိုသွား
တဲ့လေ အဲ့လေနာမည်က အင်္ဂမင်္ဂလေတဲ့ဗျ။
အဲ့လေကနည်းနေတော့ အရိုးနဲ့ခါးအာရုံကြောတွေ
ကို မရောက်ဖြစ်နေတာ အဲ့တော့ခါးက လေမရဘူး
လေမရတော့ နာပြီပေါ့။
၉ နှစ်ခံစမ်းပဲဗျာ ဆီးစစ်လိုက်တော့လဲ ဆီးက
ဖြူ တယ် အကြိမ်ကနည်းတယ် ဆီးကများတယ်။
အဲ့တော့ရှင်းနေတာပဲဗျာ ဆီးဖြူ တာကသီတ ဆိုတဲ့
အအေးများနေတာဗျ။ဆီးအကြိမ်နည်းတာကနောက်
ကလေအားကမရှိလို့ပဲဆီးတခါသွားရင်များနေတာ
ကအာပေါဓါတ်လွန်လို့ပဲဗျ ။
ကဲစကားကောင်းနေလိုက်တာ ဒါနဲ့ပဲဗျာ
မိုးလင်းတော့ ရောက်လာပါရော။
ကဲဒကာမကြီး ညကအနှိပ်လွတ်လားဗျဆိုတော့
ညကအနှိပ်လွတ်ပါတယ် ဘုရားတဲ့ ။
ဟာကျုပ်ကလဲအပိုင်ဆိုပြီး ကြိမ်းသေပြီကွာ
အင်္ဂမင်္ဂလေအားနည်းနေတာဆိုပြီး ကဲဒကာမကြီး
ခင်ဗျာရောဂါပျောက်ပြီဗျာဆိုတော့ သူကအရှင်ဘုရား
တဲ့ တပည့်တော်မ ပျောက်ရင်ဘာလှူရမလဲ ဘုရားတဲ့ ။
အင်းကျုပ်ကဦးဇင်းဆိုတော့ ဘာလိုမှာလဲဗျာ။
ဒီပါရမီတောင်ကိုဖေါက်ပြီး ဂူတည်ပြီးအထဲမှာ
လျှောင်းတော်မူ ဘုရားတည်ချင်တယ်ဆိုတော့
စိတ်ချဘုရားတဲ့။ဒါနဲ့ပဲဒီငွေပန်းဥဆေးကိုသောက်
လာ တာတပါတ်ပြည့်တော့ ခါးဆန့်သွားပြီဗျာ။
တခါဆက်သောက်တာ ၉ ရက်မြောက်တော့
ယာထဲဆင်းအလုပ်လုပ်နေပြီတဲ့ ဗုဒ္ဓေါကိုယ်တောင်
လန့်သွားတယ်အဲ့တာနဲ့ပဲ အဲ့နားက သရက်ပင်ရွာ
အိုးမြေတွင်းရွာ ချင်းစုရွာ ဒကာမကြီးနဲ့ တောင်ကို ဖေါက်ပြီး လျှောင်တော်မူ ဘုရားတည်ခဲ့ပါတယ် ။
ဒီငွေပန်းဥဟာ အရိုးနဲ့ခြင်ဆီကိုအားဖြစ်စေတယ်။
အကိုက်ကိုပျောက်စေတယ်။ နို့ကိုထွက် စေတယ် ။
သွေးအားကိုဖြစ်စေတယ်။ ခါးဒူး အရွတ်တွေကို
အားဖြစ်စေတယ် ကျီးပေါင်းကိုသက်သာစေတယ် ၊
ငွေပန်းဥကို ကြက်သွန်ဖြူ နဲ့ ဟင်းခါးကျို​သောက်
ငပိရေနဲ့ တို့စား မြုတ်စား အစာလဲကျေပါ့။
အရသာက နည်းနည်းပူ ချို ဆိမ့် ၊နည်းနည်းစပ်
အားလုံးပဲဗဟုသုတရကြပါစေ။ ။
Credit~ သံသရာ ခရီးသွား
No comments:
Post a Comment