Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, August 19, 2018

ေလာကမွာ “ကံဆိုးလို႔ ဆင္းရဲသူ ရွိႏိုင္ပါသလား” ???

ငရဲသားမ်ားရယ္၊ နတ္ ျဗဟၼာမ်ားရယ္၊
လူ႔ျပည္မွာ ေလာသကတိႆလို ကံရဲ႕ အေထာက္အပံ့ကိုခံစားခြင့္ မရသူမ်ားရယ္ကလြဲရင္ က်န္သတၱဝါအားလံုးဟာကံ နဲဲ႔ လံု႔လ ႏွစ္မ်ဳိးစံုကို မွီၿပီး အသက္ေမြးၾကသူေတြ
ျဖစ္ပါတယ္။ -【အံ-႒-၂-၃၃၇-ပိ႑တၳ】

ဒီေဆာင္းပါးရဲ႕ ေခါင္းစီးကိုၾကည့္ရင္ ဒါမ်ား ေမးေနစရာလိုေသးလား။ေလာကမွာ ကံမေကာင္း
အေၾကာင္းမလွလို႔ ဆင္းရဲေနၾကသူေတြ ဒုနဲ႔ေဒး လို႔ ေျပာၾကမယ့္သူေတြ နည္းလွမယ္ မဟုတ္ပါဘူး။
ဒီအထဲမွာ ဗုဒၶဘာသာ မႏူးမနပ္ေတြရဲ႕အေရအတြက္က အမ်ားဆံုးျဖစ္မယ္လို႔ေတာင္
ထင္ပါတယ္။

တခ်ဳိ႕ကေတာ့လည္း ကို္ယ့္ကိုယ္ကိုယ္ မႏူးမနပ္မွန္းမသိၾကဘဲ အရင့္အမာႀကီးေတြ အထင္နဲ႔
သူတို႔စကားကို အခိုင္အမာ ယံုၾကည္ေနၾကသူေတြရွိသလုိ၊တခ်ဳိ႕ကေတာ့ မႏူးမနပ္မွန္း သေဘာေပါက္
လာၾကလို႔ ႏူးနပ္ေအာင္ သိလိုတဲ့အတြက္ခ်မ္းသာဆင္းရဲဆိုတာ ကံနဲ႔သာ ပတ္သက္သလား၊
လံု႔လနဲ႔ပဲ ပတ္သက္သလား။ ဒီႏွစ္မ်ဳိးမွာဘယ္အရာက အဓိကက်သလဲ”
ဆိုတဲ့ ေမးခြန္းကို ေမးလာၾကပါတယ္။

ဒါနဲ႔ပတ္သက္လို႔ အသိဉာဏ္ ႏူးႏူးနပ္နပ္နဲ႔ယံုမွားသံသယကင္းဖို႔အတြက္ အဂၤုတၳိဳရ္ စတုကၠနိပါတ္
ဥ႒ာနဖလသုတ္မွာ ျမတ္စြာဘုရားခြဲျခားျပေတာ္မူတဲ့အသက္ေမြးမူ ျပဳသူေလးမ်ဳိးကို ပထမဆံုး
သိထားသင့္ပါတယ္။ ေလးမ်ဳိးဆိုတာကေတာ့-
✦(၁)။လုံ႔လရဲ႕ အက်ဳိးကိုသာ မွီၿပီး ကံရဲ႕
အက်ဳိးကို မွီခြင့္မရဘဲ အသက္ေမြးရသူ။
✦(၂)။ကံရဲ႕အက်ဳိးကိုသာ မွီၿပီး လံု႔လကို မမွီဘဲ၊
အသက္ေမြးရသူ။
✦(၃)။လံု႔လနဲ႔ ကံႏွစ္မ်ဳိးလံုးကို မမွီဘဲ
အသက္ေမြးရသူ။
✦(၄)။လံု႔လ၊ ကံႏွစ္မ်ဳိးလံုးကိုမွီၿပီး
အသက္ေမြးရသူ တို႔ျဖစ္ပါတယ္။
(အံ-၁-၄၅၂)

(အဓိပၸာယ္ေျပာတဲ့အခါ အႂကြင္းကို ယူဖို႔လြယ္ကူေအာင္
(၃)နဲ႔ (၄)ကို ေရွ႕ေနာက္နံပါတ္ေျပာင္းထားပါတယ္။)

အ႒ကထာဆရာေတာ္က နံပါတ္(၁) ပုဂၢိဳလ္မ်ဳိးသာကံရဲ႕အေထာက္အပံ့ လံုးဝ ခံစားခြင့္ မရႏိုင္တဲ့အတြက္
တစ္ေနကုန္ ထႂကြလံု႔လနဲ႔သာ ပင္ပင္ပန္းပန္း ရွာေဖြၿပီးမျဖစ္စေလာက္ မဝေရစာေလးနဲ႔ မေသ႐ံုတစ္မည္
အသက္ေမြးရတဲ့ ပုဂၢိဳလ္မ်ဳိးလို႔ဖြင့္ျပပါတယ္။
ဘယ္လိုပုဂၢိဳလ္ရယ္လိုေတာ့ သာဓကထုတ္မျပပါဘူး။

ပကိဏၰက ဝိသဇၨနာက်မ္း ဒုတိယတြဲမွာ လံုးေတာ္ဆရာေတာ္ႀကီးကေတာ့ အဲဒါ ရဟႏၲာမေထရ္ျမတ္ႀကီးကို
လွဴမယ့္အာဟာရကို မေစၧရစိတ္နဲ႔ ဖ်က္ဆီးခဲ့မိတဲ့အကုသိုလ္ကံေၾကာင့္ နိဗၺာန္ကို မ်က္ေမွာက္ျပဳရတဲ့
ဘဝအထိ အာဟာရဝလင္ေအာင္ မစားရရွာတဲ့ေလာသကတိႆ(ကလ်ာဏမိတၱတို႔ရဲ႕
ဂုဏ္ေက်းဇူးတို႔ကို ေခ်ဖ်က္တတ္သူ တိႆ) ရဟန္းလိုပုဂၢိဳလ္မ်ဳိးလို႔ ေထာက္ျပပါတယ္။

အရွင္ေလာသကတိႆအေလာင္းဟာကႆပဘုရားရွင္လက္ထက္တုန္းက သာသနာ့ေဘာင္မွာ
ရဟန္းတရားကို သီလသိကၡာ စင္စင္ၾကယ္ၾကယ္နဲ႔အားထုတ္ခဲ့တဲ့ အမ်ဳိးေကာင္းသား ရဟန္းေကာင္း
တစ္ပါး ျဖစ္ခဲ့ပါတယ္။ တစ္ေန႔သူ႔ရဲ႕ေဂါစရဂါမ္ရြာကိုကြလာတဲ့ ရဟႏၲာမေထရ္ျမတ္ႀကီးကို သူ႔ရဲ႕
ဒကာရင္းသူေဌးႀကီးက ၾကည္ညိဳၿပီး အာဟာရေတြလွဴဒါန္းတာကို ေတြ႕ရေတာ့ ရဟႏၲာမေထရ္ျမတ္မွန္း
မသိဘဲ မနာလိုဝန္တိုျဖစ္ျပီး ဆြမ္းစားပင့္ရာကိုမႂကြႏိုင္ေအာင္ အခ်က္ေပးေခါင္းေလာင္းကိုလည္း
လက္သည္းဖ်ားေလးနဲ႔သာ ေခါက္၊ အခန္းတံခါးကိုလည္းအလားတူပဲျပဳတယ္။ အာဂႏၲဳ မေထရ္ျမတ္ႀကီးကေတာ့ေက်ာင္းေနရဟန္းရဲ႕ စိတ္ထားကို အဘိညာဥ္နဲ႔
သိတဲ့အတြက္ အခန္းျပင္ မထြက္ပါဘူး။

ဆြမ္းဒကာအိမ္ေရာက္ေတာ့ ေလာသကတိႆအေလာင္း ေက်ာင္းေနရဟန္းက “အာဂႏၲဳဘုန္းႀကီးက
အစားေကာင္းေတြစားရလို႔ အိပ္လိုက္တာသိုးလို႔၊ေခါင္းေလာင္းထိုးတာလည္း မၾကား၊ အခန္းတံခါး
ေခါက္တာလည္း မႏိုးနဲ႔၊ မင္းတို႔မို႔ ဒီလိုဘုန္းႀကီးမ်ဳိးၾကည္ညိဳတတ္ပေလ။”လို႔ လီဆယ္ေျပာျပန္တယ္။
ဆြမ္းဒကာကေတာ့ “ခရီးပန္းလို႔ျဖစ္မွာပါဘုရား။ႏိုးရင္ ဘုဥ္းေပးရေအာင္ဆိုျပီး မြန္ျမတ္တဲ့
အာဟာရေတြကို လွဴလိုက္ပါတယ္။ ဒကာကဒီလိုအၾကည္ညိဳသန္ေလ ေက်ာင္းဘုန္းႀကီးရဲ႕
မေစၧရကလည္း ႀကီးထြားလာေလျဖစ္ၿပီး “ဒီေလာက္ေကာင္းမြန္လွတ့ဲ အာဟာရေတြ
ဘုဥ္းေပးေနရရင္ ဒီကိုယ္ေတာ္ႀကီး လည္ပင္းႀကိဳးနဲ႔ဆြဲထုတ္ေတာင္ ဒီေက်ာင္းက ျပန္ႂကြမွာ မဟုတ္ဘူး။
ဒီအစာေတြ ဖ်က္စီးပစ္မယ္” ဆိုၿပီး လမ္းမွာေတြ႕တဲ့မီးေလာင္သစ္ပံုထဲ ေလာင္းထည့္ဖ်က္ဆီးပစ္လိုက္တယ္။
ေက်ာင္းေရာက္လို႔ အာဂႏၲဳမေထရ္ကို မေတြ႕ရေတာ့မွ“ဧကႏၲ ရဟႏၲာမေထရ္ျမတ္ႀကီး ျဖစ္မယ္။
ငါ့စိတ္ကို အဘိညာဥ္နဲ႔ သိလို႔ ျပန္ႂကြသြားတာျဖစ္မယ္။”
လို႔ ေတြးမိၿပီး ေနာင္တပူပန္ ျဖစ္ရေတာ့တယ္။ေတာင္းပန္ကန္ေတာ့ဖို႔လည္း ဘယ္လိုက္ရွာရမွန္း
မသိေတာ့ဘူး။

ဒီ ေနာင္တ ပူပန္စိတ္နဲ႔ပဲ မေသခင္မွာလည္းမစားႏိုင္မေသာက္ႏိုင္၊ လူၿပိတၱာလို ခံစားရင္း
ေသသြားၿပီးတဲ့ေနာက္ေတာ့ အပါယ္ဒုဂၢတိမွာက်င္လည္ခဲ့ရတယ္။ ဘီလူးဘဝေပါင္း ငါးရာ
ျဖစ္ခဲ့ရတဲ့အထဲက တစ္ဘဝမွာ မီးဖြားတဲ့ကိုယ္ဝန္သည္က စြန္႔ပစ္တဲ့ ေသြးအညစ္အေၾကး
ေတြကို တစ္ႀကိမ္ဝေအာင္ စားခဲ့ရဖူးတယ္။ေခြးျဖစ္တဲ့ဘဝမွာ အစာမေၾကတဲ့ ခရီးသြားတစ္ဦးရဲ႕
အန္ဖတ္ကို တစ္ႀကိမ္အဝစားခဲ့ရဖူးတယ္။က်န္တဲ့ဘဝေတြ တစ္ေလွ်ာက္လံုး တစ္ေနကုန္
ရွာစားခ့ဲေပမယ့္ ဝလင္ေအာင္ မစားခဲ့ရပါဘူးတဲ့။

အစားအတြက္ ကံႀကီးလိုက္ခဲ့ေပမယ့္ တရားအတြက္ပါရမီရင့္ခဲ့လို႔ ေနာက္ဆံုးဘဝ အခု ဘုရားရွင္
လက္ထက္မွာေတာ့ ပစိၧမဘဝိကသား
(မုခ်အာသေဝါကုန္ခန္းျပီး ပရိနိဗၺာန္ ျပဳရမယ့္ပုဂၢိဳလ္)
အျဖစ္နဲ႔ လူျဖစ္လာပါတယ္။ သူနဲ႔ဆက္စပ္သမွ်ဒုဗိၻကၡႏၲရကပ္ဆိုက္ရလို႔ မိဘမ်ားကပါ
သည္းမခံႏိုင္ေတာ့ဘဲ အိမ္ကႏွင္ထုတ္လိုက္၊ စြန္႔ပစ္လိုက္တ့ဲအတြက္ ငယ္ငယ္ရြယ္ရြယ္နဲ႔
လမ္းတကာ အိမ္တကာလွည့္ၿပီး အိုးခြက္ေဆးရညနဲ႔အတူ စြန္႔ပစ္တဲ့ ထမင္းတစ္းလံုးစီကို ၾကက္ေကာင္၊
ငွက္ေကာက္လိုက္ေကာက္စားေနရာကအရွင္သာရိပုတၱရာ မေထရ္ျမတ္ႀကီးနဲ႔ ေတြ႕ေတာ့
က႐ုဏာသက္ျပီး သာသနာ့ေဘာင္ သြတ္သြင္းေပးလိုက္တဲ့အခါ ပါရမီ ဓာတ္ခံရွိသူပီပီ ရဟႏၲာ
ျဖစ္သြားပါတယ္။

ဒါေပမဲ့ ဝေအာင္ဆြမ္းခံလို႔ေတာ့မရဘူး။ဒကာ ဒကာမေတြက ဆြမ္းေလာင္းမယ္လို႔
ၾကည့္လိုက္တုိင္း သူ႔သပိတ္ထဲမွာ ဆြမ္းေတြျပည့္ေနသေယာင္ ထင္ျမင္လာၾကလို႔ စတိသေဘာေလာက္သာ
လွဴၾကတဲ့အတြက္ မဝေရစာနဲ႔ အသက္ရွင္ေနရာကပရိနိဗၺာန္ျပဳရမယ့္ေန႔ေရာက္ေတာ့မွ အရွင္သာရိပုတၱရာ
မေထရ္ျမတ္ကိုယ္တိုင္ လက္နဲ႔ကိုင္ၿပီး ပါးစပ္ထဲအေရာက္တိုက္ေကြၽးတဲ့ စတုမဓူကို ဝလင္ေအာင္
တစ္နပ္စားခြင့္ ရလိုက္တယ္။ ကႆပနဲ႔ ေဂါတမဘုရားရွင္ ႏွစ္ဆူတို႔ရဲ႕ ၾကားကာလတစ္ေလွ်ာက္လံုး
အစာသံုးနပ္သာ ဝလင္ေအာင္ စားခဲ့ရဖူးပါသတဲ့။

✦[ဒီေနရာမွာ အတြန္႔တက္စရာ တစ္ခုရွိတာကေတာ့
“သူ႔ရဲ႕ မေစၧရကံေၾကာင့္ သူနဲ႔ဆက္စပ္သူေတြပါ ဒုဗၻိကၡႏၲရ ကပ္ဆိုးဒဏ္ ဘာေၾကာင့္ခံရသလဲ။
တစ္ေယာက္ျပဳတဲ့ကံေၾကာင့္ တျခားသူေတြပါခံရတာလား။” ဆိုတာပါပဲ။ တစ္ေယာက္ ျပဳတဲ့ကံေၾကာင့္
တျခားတစ္ေယာက္ေယာက္ ခံရတာ မဟုတ္ပါဘူး။
အဂၤုတၳိဳရ္စတုကၠ-ကမၼပထဝဂ္မွာ ေဟာေတာ္မူတဲ့အတိုင္း
ေကာင္းကံ၊ဆိုးကံႏွစ္မ်ဳိးလံုးမွာ ေဝစုရထိုက္သူေလးဦး
ရွိပါတယ္။ “ကိုယ္တိုင္၊ တိုက္တြန္း၊ ခ်ီးမြမ္း၊ စိတ္တူ၊
ေလးဦးစပ္၊ ရံွဳးျမတ္ ေဝခြဲယူ” ဆိုတာပါပဲ။✦
(အံ ၁-၅၇၆)

✦ေလာသကတိႆနဲ႔ တစ္အိမ္တည္း၊တစ္ရြာတည္းစသည္ျဖင့္ ဆက္စပ္မိၾကသူမ်ားဟာ ခုလို ကံေဝစုဝင္
ပုဂၢိဳလ္မ်ားအေနနဲ႔ တူညီတဲ့ ပုဂၢိဳလ္မ်ားရင္လည္းျဖစ္မယ္။ ဒါမွမဟုတ္ “သတၱဝါေတြဟာ ဓာတ္တူရာ
ေပါင္းဆံုမိၾကျမဲ ျဖစ္တယ္။ ယုတ္ညံ့တဲ့ဓာတ္ခံရွိသူခ်င္း၊ေကာင္းျမတ္တဲ့ ဓာတ္ခံရွိသူခ်င္း ေပါင္းဆံုမိၾကရတယ္။”
ဆိုတဲ့အတိုင္း အလားတူ ကံမ်ဳိးက်ဴးလြန္ဖူးၾကတဲ့ကံတူ အက်ဳိးေပးမ်ားရင္ ျဖစ္ပါလိမ့္မယ္။
ဒါေၾကာင့္ အက်ဳိးတူ ခံစားၾကရတာပါ။ေကာင္းကံေကာင္းက်ဳိး အရာမွာလည္း အလားတူ
မွတ္ယူရမွာ ျဖစ္ပါတယ္။ အမွာ]

❖နံပတ္(၂)ကံရဲ႕ အက်ဳိးသက္သက္နဲ႔ အသက္ေမြးရသူဆိုတာ စတုမဟာရာဇ္စတဲ့ နတ္ျဗဟၼာမ်ား ျဖစ္တယ္
လို႔ အ႒ကထာမွာ ဖြင့္ပါတယ္။ ျဗဟၼာမ်ားကေတာ့အစားမလိုပါဘူး။ ဝတ္စရာ၊ ေနစရာပါပဲ။
နတ္ေတြက်ေတာ့ လိုအပ္တဲ့ စားဝတ္ေနေရးဆိုင္ရာပစၥည္းဝတၳဳမွန္သမွ် လံု႔လနဲ႔အားထုတ္စရာမလိုဘူး။
အတိတ္ကံရဲ႕ အက်ဳိး ကမၼဇိဒိၶအျဖစ္ အရန္သင့္ေနထိုင္သံုးစားၾကရပါသတဲ့။

နတ္ေတြဟာ ဒီလို ကံေဟာင္းစား သက္သက္ေတြျဖစ္ၾကလို႔လည္း ေလာကမွာ “လူစြမ္းလူစ” လို႔
ရွိေပမယ့္ “နတ္စြမ္းနတ္စ” ရယ္လို႔ မရွိတာျဖစ္ပါလိမ့္မယ္။ သူတို႔မွာလည္း အစြမ္းအစေတြ
ရွိတာပဲ မဟုတ္လားလို႔ေတာ့ ေျပာစရာေပါ့။
ဒါေပမဲ့ အဲဒီအစြမ္းအစေတြဟာ နတ္ျပည္ေရာက္မွအားထုတ္ၿပီးျဖစ္ေပၚလာတာေတြမဟုတ္ပါဘူး။
လူ႔ျပည္မွာတုန္းက ျပဳလုပ္ခဲ့တဲ့ ကံေဟာင္းရဲ႕အက်ဳိးေပးမ်ားသာ ျဖစ္လို႔ သူတို႔မွာ ရွိသမွ်
အစြမ္းအစေတြဟာလည္း “လူစြမ္းလူစ”မ်ားလို႔သာယူဆရပါလိမ့္မယ္။

❖နံပါတ္(၃)။ ကံနဲ႔လံု႔လႏွစ္မ်ဳိးလံုးနဲ႔ ကင္းလြတ္ၿပီးအသက္ေမြးေနရသူမ်ားကေတာ့ ငရဲသားသတၱဝါမ်ား
ျဖစ္ပါသတဲ့။ ငရဲသားမ်ားဟာ က်ဴးလြန္ခဲ့တဲ့ကံအေလ်ာက္ ဘာမွ စားေသာက္ရမႈ မရွိတဲ့
ဆင္းရဲသက္သက္ကိုသာ ခံစားခြင့္၊အသက္ရွင္ေနရသူေတြ ျဖစ္လို႔ပါပဲ။

❖နံပါတ္(၄)။နတ္ျဗဟၼာနဲ႔ ငရဲသားမ်ားကလြဲရင္ ရွင္ဘုရင္၊မွဴးမတ္ ကစလို႔ က်န္တဲ့သတၱဝါမွန္သမွ်
ကံအက်ဳိး၊လံု႔လအက်ဳိး ႏွစ္မ်ဳိးလံုးကို မွီၿပီးေတာ့အသက္ေမြးရတဲ့ သတၱဝါေတြခ်ည္း ျဖစ္ပါတယ္။
(အံ-႒-၂-၃၃၇)

ျမတ္စြာဘုရားရွင္ရဲ႕ ေဟာၾကားေတာ္မူခ်က္နဲ႔အ႒ကထာဆရာ ဖြင့္ျပခ်က္တို႔ကို ျခံဳငံုသံုးသပ္
ၾကည့္လိုက္ရင္ လူ႔ျပည္မွာ “ကံဆိုးလို႔ ဆင္းရဲသူ”ဆိုတာ ေလာသကတိႆတို႔လို႔ ေလာကခ်မ္းသာဆိုင္ရာ
ကံႀကီးထိုက္သူမ်ားသာ ရွိတယ္။က်န္လူမ်ားအေနနဲ႔ကံဆိုးမႈသက္သက္ေၾကာင့္ ဆင္းရဲသူဆိုတာ မရွိႏိုင္ဘူး
လို႔ အခိုင္အမာ ေျပာႏိုင္ပါတယ္။

ေလာသကတိႆလို ပုဂၢိဳလ္ဆိုတာ လူဦးေရအခ်ဳိးအစားနဲ႔ တြက္ၾကည့္ရင္ ဘယ္ေလာက္ ရွိမယ္
ထင္သလဲ။ တစ္ေသာင္းတစ္ေယာက္၊တစ္သိန္းတစ္ေယာက္ အခ်ဳိးအစားေလာက္ေတာင္
ရွိခ်င္မွ ရွိလိမ့္မယ္။ ပိဋကတ္ေတာ္မွာကုေဋနဲ႔ခ်ီတဲ့လူဦးေရေတြ အေၾကာင္းပါ ပါတယ္။
တရားတစ္ပြဲအဆံုးမွာ ရွစ္ေသာင္းေလးေထာင္ေလာက္ရွိတဲ့ သတၱဝါေတြ အကြၽတ္တရားရၾကတယ္ဆိုတဲ့
အေရအတြက္နဲ႔ ခန္႔မွန္းၾကည့္တာပါ။ အဲဒီအထဲမွာကံဆိုးလို႔ ဆင္းရဲသူ စစ္စစ္ျဖစ္ေနရသူဆိုလို႔
ေလာသကတိႆေလာက္ပဲ ပါတာကိုၾကည့္ရင္ကံဆိုးလို႔ ဆင္းရဲသူဟာ တစ္သိန္းတစ္ေယာက္ႏႈန္း
ေလာက္ေတာင္ ရွိလွမယ္ မဟုတ္ဘူးလို႔ ခန္႔မွန္းမိပါတယ္။

ဟုတ္ပါတယ္။ လူ႔ဘဝဆိုတာ “ကာမာဝစရကုသိုလ္ကံ”အေထာက္မပံ့ရွိသူမ်ားသာ ေရာက္ခြင့္ရတဲ့
ကာမသုဂတိဘံု ဘဝပါ။ ကာမာဝစရ ကုသိုလ္ကံေတြထဲမွာလည္း အျပဳလုပ္ဆံုးနဲ႔ အျပဳအမ်ားဆံုးကံဟာ
ဒါနကုသိုလ္ကံ ျဖစ္တယ္ဆိုတာ လက္ရွိလူ႔ပတ္ဝန္းက်င္ကို အကဲခတ္ၾကည့္ရင္ သိသာပါတယ္။
ဒါေၾကာင့္ လူတိုင္းမွာ “ဒါနမ်ဳိးေစ့” အနည္းနဲ႔ အမ်ားဆိုသလို ရွိၾကတာခ်ည္းပါပဲ။

❖မ်ဳိးေစ့ဆိုတာ မစိုက္မပ်ဳိးရင္၊စိုက္ပ်ဳိးပံုနည္းလမ္းမမွန္၊ရာသီမမွန္၊ ေဒသမမွန္ရင္ အပင္၊ အပြင့္၊ အသီး
မျဖစ္ေပၚႏိုင္ပါဘူး။ ဒါေၾကာင့္လည္း မဃေဒဝလကၤာဆရာေတာ္က-

“ကံဟုမူလ၊ သမၺဳဒၶတို႔၊ ေဟာျပသည္မွာအရင္း(မ်ဳိးေစ့သေဘာ)သာရွင့္၊
ဥစၥာေဘာဂ၊ ဇီဝိတႏွင့္၊ သုခပြားရန္၊ဤလူ႔႒ာန္၌၊ ဉာဏ္ဝီရိယ၊ ပေယာဂတည္း။”
လို႔ စပ္ဆို သတိေပးခဲ့တာပါ။

“သက္ရွည္၊က်န္းမာ ဥစၥာျပည့္စံု” ဆိုတဲ့
ေလာကီခ်မ္းသာမ်ား ခ်ဳိတဲ့ရတာဟာ ကံဆိုးလို႔မဟုတ္ဘူး။ ဉာဏ္၊ လံု႔လ၊ ပေယာဂေတြ
ဆိုးေန ၊ ညံ့ေနၾကလို႔သာ ျဖစ္တယ္ လို႔ ဆိုလိုတဲ့သေဘာပါ။ ဉာဏ္၊ လံု႔လ၊ပေယာဂ
ဆိုးတယ္ဆိုတာ “အလုပ္မလုပ္ၾကလို႔” လို႔ေျပာတာ မဟုတ္ပါဘူး။

❖“အခ်က္အလက္၊ အခ်ိန္အခါ၊ ေနရာေဒသနဲ႔အရည္အခ်င္းေတြ ညံ့ဖ်င္းေနၾကလို႔”
လို႔ ေျပာလိုတာပါ။
“ကံမရွိ ဉာဏ္ရွိတိုင္းမြဲ”ဆိုတဲ့ဉာဏ္မ်ဳိး၊
အဲသလို ညံ့ဖ်င္းတဲ့ ဉာဏ္မ်ဳိးနဲ႔ ဉာဏ္နီဉာဏ္နက္တစ္နပ္စား ျဖတ္လမ္း ဉာဏ္မ်ဳိးသာ ျဖစ္ပါလိမ့္မယ္။

လူတိုင္းမွာ ကံမ်ဳိးေစ့ပါၿပီးရွိတယ္။ လံု႔လကအရည္အခ်င္း ျပည့္စံုခဲ့ရင္
“ကံမ်ဳိး ဉာဏ္ရွိတိုင္းတိုး”
လို႔ ဆိုႏိုင္ပါလိမ့္မယ္။
လံု႔လရဲ႕ အရည္အခ်င္းမ်ားနဲ႔ ပတ္သက္လို႔ “ေအာင္ပြဲေရာက္တဲ့ ေျခလွမ္းမ်ား”
အျဖစ္ ဆက္လက္ေရးပါဦးမယ္။

မ်ဳိးေစ့ေကာင္းတိုင္း ေျမေကာင္း၊ မိုးေကာင္း၊
လုပ္သားေကာင္းမ်ားနဲ႔ ေတြ႕ေစေသာ္။

-【ဆရာေတာ္ဓမၼေဘရီ အရွင္ဝီရိယ-ေတာင္စြန္း】
Young Buddhist's Association


#Unicode Version#
ငရဲသားများရယ်၊ နတ် ဗြဟ္မာများရယ်၊
လူ့ပြည်မှာ လောသကတိဿလို ကံရဲ့ အထောက်အပံ့ကိုခံစားခွင့် မရသူများရယ်ကလွဲရင် ကျန်သတ္တဝါအားလုံးဟာကံ နဲ့ လုံ့လ နှစ်မျိုးစုံကို မှီပြီး အသက်မွေးကြသူတွေ
ဖြစ်ပါတယ်။ -【အံ-ဋ္ဌ-၂-၃၃၇-ပိဏ္ဍတ္ထ】

ဒီဆောင်းပါးရဲ့ ခေါင်းစီးကိုကြည့်ရင် ဒါများ မေးနေစရာလိုသေးလား။လောကမှာ ကံမကောင်း
အကြောင်းမလှလို့ ဆင်းရဲနေကြသူတွေ ဒုနဲ့ဒေး လို့ ပြောကြမယ့်သူတွေ နည်းလှမယ် မဟုတ်ပါဘူး။
ဒီအထဲမှာ ဗုဒ္ဓဘာသာ မနူးမနပ်တွေရဲ့အရေအတွက်က အများဆုံးဖြစ်မယ်လို့တောင်
ထင်ပါတယ်။

တချို့ကတော့လည်း ကိုယ့်ကိုယ်ကိုယ် မနူးမနပ်မှန်းမသိကြဘဲ အရင့်အမာကြီးတွေ အထင်နဲ့
သူတို့စကားကို အခိုင်အမာ ယုံကြည်နေကြသူတွေရှိသလို၊တချို့ကတော့ မနူးမနပ်မှန်း သဘောပေါက်
လာကြလို့ နူးနပ်အောင် သိလိုတဲ့အတွက်ချမ်းသာဆင်းရဲဆိုတာ ကံနဲ့သာ ပတ်သက်သလား၊
လုံ့လနဲ့ပဲ ပတ်သက်သလား။ ဒီနှစ်မျိုးမှာဘယ်အရာက အဓိကကျသလဲ”
ဆိုတဲ့ မေးခွန်းကို မေးလာကြပါတယ်။

ဒါနဲ့ပတ်သက်လို့ အသိဉာဏ် နူးနူးနပ်နပ်နဲ့ယုံမှားသံသယကင်းဖို့အတွက် အင်္ဂုတ္ထိုရ် စတုက္ကနိပါတ်
ဥဋ္ဌာနဖလသုတ်မှာ မြတ်စွာဘုရားခွဲခြားပြတော်မူတဲ့အသက်မွေးမူ ပြုသူလေးမျိုးကို ပထမဆုံး
သိထားသင့်ပါတယ်။ လေးမျိုးဆိုတာကတော့-
✦(၁)။လုံ့လရဲ့ အကျိုးကိုသာ မှီပြီး ကံရဲ့
အကျိုးကို မှီခွင့်မရဘဲ အသက်မွေးရသူ။
✦(၂)။ကံရဲ့အကျိုးကိုသာ မှီပြီး လုံ့လကို မမှီဘဲ၊
အသက်မွေးရသူ။
✦(၃)။လုံ့လနဲ့ ကံနှစ်မျိုးလုံးကို မမှီဘဲ
အသက်မွေးရသူ။
✦(၄)။လုံ့လ၊ ကံနှစ်မျိုးလုံးကိုမှီပြီး
အသက်မွေးရသူ တို့ဖြစ်ပါတယ်။
(အံ-၁-၄၅၂)

(အဓိပ္ပာယ်ပြောတဲ့အခါ အကြွင်းကို ယူဖို့လွယ်ကူအောင်
(၃)နဲ့ (၄)ကို ရှေ့နောက်နံပါတ်ပြောင်းထားပါတယ်။)

အဋ္ဌကထာဆရာတော်က နံပါတ်(၁) ပုဂ္ဂိုလ်မျိုးသာကံရဲ့အထောက်အပံ့ လုံးဝ ခံစားခွင့် မရနိုင်တဲ့အတွက်
တစ်နေကုန် ထကြွလုံ့လနဲ့သာ ပင်ပင်ပန်းပန်း ရှာဖွေပြီးမဖြစ်စလောက် မဝရေစာလေးနဲ့ မသေရုံတစ်မည်
အသက်မွေးရတဲ့ ပုဂ္ဂိုလ်မျိုးလို့ဖွင့်ပြပါတယ်။
ဘယ်လိုပုဂ္ဂိုလ်ရယ်လိုတော့ သာဓကထုတ်မပြပါဘူး။

ပကိဏ္ဏက ဝိသဇ္ဇနာကျမ်း ဒုတိယတွဲမှာ လုံးတော်ဆရာတော်ကြီးကတော့ အဲဒါ ရဟန္တာမထေရ်မြတ်ကြီးကို
လှူမယ့်အာဟာရကို မစ္ဆေရစိတ်နဲ့ ဖျက်ဆီးခဲ့မိတဲ့အကုသိုလ်ကံကြောင့် နိဗ္ဗာန်ကို မျက်မှောက်ပြုရတဲ့
ဘဝအထိ အာဟာရဝလင်အောင် မစားရရှာတဲ့လောသကတိဿ(ကလျာဏမိတ္တတို့ရဲ့
ဂုဏ်ကျေးဇူးတို့ကို ချေဖျက်တတ်သူ တိဿ) ရဟန်းလိုပုဂ္ဂိုလ်မျိုးလို့ ထောက်ပြပါတယ်။

အရှင်လောသကတိဿအလောင်းဟာကဿပဘုရားရှင်လက်ထက်တုန်းက သာသနာ့ဘောင်မှာ
ရဟန်းတရားကို သီလသိက္ခာ စင်စင်ကြယ်ကြယ်နဲ့အားထုတ်ခဲ့တဲ့ အမျိုးကောင်းသား ရဟန်းကောင်း
တစ်ပါး ဖြစ်ခဲ့ပါတယ်။ တစ်နေ့သူ့ရဲ့ဂေါစရဂါမ်ရွာကိုကွလာတဲ့ ရဟန္တာမထေရ်မြတ်ကြီးကို သူ့ရဲ့
ဒကာရင်းသူဌေးကြီးက ကြည်ညိုပြီး အာဟာရတွေလှူဒါန်းတာကို တွေ့ရတော့ ရဟန္တာမထေရ်မြတ်မှန်း
မသိဘဲ မနာလိုဝန်တိုဖြစ်ပြီး ဆွမ်းစားပင့်ရာကိုမကြွနိုင်အောင် အချက်ပေးခေါင်းလောင်းကိုလည်း
လက်သည်းဖျားလေးနဲ့သာ ခေါက်၊ အခန်းတံခါးကိုလည်းအလားတူပဲပြုတယ်။ အာဂန္တု မထေရ်မြတ်ကြီးကတော့ကျောင်းနေရဟန်းရဲ့ စိတ်ထားကို အဘိညာဉ်နဲ့
သိတဲ့အတွက် အခန်းပြင် မထွက်ပါဘူး။

ဆွမ်းဒကာအိမ်ရောက်တော့ လောသကတိဿအလောင်း ကျောင်းနေရဟန်းက “အာဂန္တုဘုန်းကြီးက
အစားကောင်းတွေစားရလို့ အိပ်လိုက်တာသိုးလို့၊ခေါင်းလောင်းထိုးတာလည်း မကြား၊ အခန်းတံခါး
ခေါက်တာလည်း မနိုးနဲ့၊ မင်းတို့မို့ ဒီလိုဘုန်းကြီးမျိုးကြည်ညိုတတ်ပလေ။”လို့ လီဆယ်ပြောပြန်တယ်။
ဆွမ်းဒကာကတော့ “ခရီးပန်းလို့ဖြစ်မှာပါဘုရား။နိုးရင် ဘုဉ်းပေးရအောင်ဆိုပြီး မွန်မြတ်တဲ့
အာဟာရတွေကို လှူလိုက်ပါတယ်။ ဒကာကဒီလိုအကြည်ညိုသန်လေ ကျောင်းဘုန်းကြီးရဲ့
မစ္ဆေရကလည်း ကြီးထွားလာလေဖြစ်ပြီး “ဒီလောက်ကောင်းမွန်လှတဲ့ အာဟာရတွေ
ဘုဉ်းပေးနေရရင် ဒီကိုယ်တော်ကြီး လည်ပင်းကြိုးနဲ့ဆွဲထုတ်တောင် ဒီကျောင်းက ပြန်ကြွမှာ မဟုတ်ဘူး။
ဒီအစာတွေ ဖျက်စီးပစ်မယ်” ဆိုပြီး လမ်းမှာတွေ့တဲ့မီးလောင်သစ်ပုံထဲ လောင်းထည့်ဖျက်ဆီးပစ်လိုက်တယ်။
ကျောင်းရောက်လို့ အာဂန္တုမထေရ်ကို မတွေ့ရတော့မှ“ဧကန္တ ရဟန္တာမထေရ်မြတ်ကြီး ဖြစ်မယ်။
ငါ့စိတ်ကို အဘိညာဉ်နဲ့ သိလို့ ပြန်ကြွသွားတာဖြစ်မယ်။”
လို့ တွေးမိပြီး နောင်တပူပန် ဖြစ်ရတော့တယ်။တောင်းပန်ကန်တော့ဖို့လည်း ဘယ်လိုက်ရှာရမှန်း
မသိတော့ဘူး။

ဒီ နောင်တ ပူပန်စိတ်နဲ့ပဲ မသေခင်မှာလည်းမစားနိုင်မသောက်နိုင်၊ လူပြိတ္တာလို ခံစားရင်း
သေသွားပြီးတဲ့နောက်တော့ အပါယ်ဒုဂ္ဂတိမှာကျင်လည်ခဲ့ရတယ်။ ဘီလူးဘဝပေါင်း ငါးရာ
ဖြစ်ခဲ့ရတဲ့အထဲက တစ်ဘဝမှာ မီးဖွားတဲ့ကိုယ်ဝန်သည်က စွန့်ပစ်တဲ့ သွေးအညစ်အကြေး
တွေကို တစ်ကြိမ်ဝအောင် စားခဲ့ရဖူးတယ်။ခွေးဖြစ်တဲ့ဘဝမှာ အစာမကြေတဲ့ ခရီးသွားတစ်ဦးရဲ့
အန်ဖတ်ကို တစ်ကြိမ်အဝစားခဲ့ရဖူးတယ်။ကျန်တဲ့ဘဝတွေ တစ်လျှောက်လုံး တစ်နေကုန်
ရှာစားခဲ့ပေမယ့် ဝလင်အောင် မစားခဲ့ရပါဘူးတဲ့။

အစားအတွက် ကံကြီးလိုက်ခဲ့ပေမယ့် တရားအတွက်ပါရမီရင့်ခဲ့လို့ နောက်ဆုံးဘဝ အခု ဘုရားရှင်
လက်ထက်မှာတော့ ပစ္ဆိမဘဝိကသား
(မုချအာသဝေါကုန်ခန်းပြီး ပရိနိဗ္ဗာန် ပြုရမယ့်ပုဂ္ဂိုလ်)
အဖြစ်နဲ့ လူဖြစ်လာပါတယ်။ သူနဲ့ဆက်စပ်သမျှဒုဗ္ဘိက္ခန္တရကပ်ဆိုက်ရလို့ မိဘများကပါ
သည်းမခံနိုင်တော့ဘဲ အိမ်ကနှင်ထုတ်လိုက်၊ စွန့်ပစ်လိုက်တဲ့အတွက် ငယ်ငယ်ရွယ်ရွယ်နဲ့
လမ်းတကာ အိမ်တကာလှည့်ပြီး အိုးခွက်ဆေးရညနဲ့အတူ စွန့်ပစ်တဲ့ ထမင်းတစ်းလုံးစီကို ကြက်ကောင်၊
ငှက်ကောက်လိုက်ကောက်စားနေရာကအရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးနဲ့ တွေ့တော့
ကရုဏာသက်ပြီး သာသနာ့ဘောင် သွတ်သွင်းပေးလိုက်တဲ့အခါ ပါရမီ ဓာတ်ခံရှိသူပီပီ ရဟန္တာ
ဖြစ်သွားပါတယ်။

ဒါပေမဲ့ ဝအောင်ဆွမ်းခံလို့တော့မရဘူး။ဒကာ ဒကာမတွေက ဆွမ်းလောင်းမယ်လို့
ကြည့်လိုက်တိုင်း သူ့သပိတ်ထဲမှာ ဆွမ်းတွေပြည့်နေသယောင် ထင်မြင်လာကြလို့ စတိသဘောလောက်သာ
လှူကြတဲ့အတွက် မဝရေစာနဲ့ အသက်ရှင်နေရာကပရိနိဗ္ဗာန်ပြုရမယ့်နေ့ရောက်တော့မှ အရှင်သာရိပုတ္တရာ
မထေရ်မြတ်ကိုယ်တိုင် လက်နဲ့ကိုင်ပြီး ပါးစပ်ထဲအရောက်တိုက်ကျွေးတဲ့ စတုမဓူကို ဝလင်အောင်
တစ်နပ်စားခွင့် ရလိုက်တယ်။ ကဿပနဲ့ ဂေါတမဘုရားရှင် နှစ်ဆူတို့ရဲ့ ကြားကာလတစ်လျှောက်လုံး
အစာသုံးနပ်သာ ဝလင်အောင် စားခဲ့ရဖူးပါသတဲ့။

✦[ဒီနေရာမှာ အတွန့်တက်စရာ တစ်ခုရှိတာကတော့
“သူ့ရဲ့ မစ္ဆေရကံကြောင့် သူနဲ့ဆက်စပ်သူတွေပါ ဒုဗ္ဘိက္ခန္တရ ကပ်ဆိုးဒဏ် ဘာကြောင့်ခံရသလဲ။
တစ်ယောက်ပြုတဲ့ကံကြောင့် တခြားသူတွေပါခံရတာလား။” ဆိုတာပါပဲ။ တစ်ယောက် ပြုတဲ့ကံကြောင့်
တခြားတစ်ယောက်ယောက် ခံရတာ မဟုတ်ပါဘူး။
အင်္ဂုတ္ထိုရ်စတုက္က-ကမ္မပထဝဂ်မှာ ဟောတော်မူတဲ့အတိုင်း
ကောင်းကံ၊ဆိုးကံနှစ်မျိုးလုံးမှာ ဝေစုရထိုက်သူလေးဦး
ရှိပါတယ်။ “ကိုယ်တိုင်၊ တိုက်တွန်း၊ ချီးမွမ်း၊ စိတ်တူ၊
လေးဦးစပ်၊ ရံှုးမြတ် ဝေခွဲယူ” ဆိုတာပါပဲ။✦
(အံ ၁-၅၇၆)

✦လောသကတိဿနဲ့ တစ်အိမ်တည်း၊တစ်ရွာတည်းစသည်ဖြင့် ဆက်စပ်မိကြသူများဟာ ခုလို ကံဝေစုဝင်
ပုဂ္ဂိုလ်များအနေနဲ့ တူညီတဲ့ ပုဂ္ဂိုလ်များရင်လည်းဖြစ်မယ်။ ဒါမှမဟုတ် “သတ္တဝါတွေဟာ ဓာတ်တူရာ
ပေါင်းဆုံမိကြမြဲ ဖြစ်တယ်။ ယုတ်ညံ့တဲ့ဓာတ်ခံရှိသူချင်း၊ကောင်းမြတ်တဲ့ ဓာတ်ခံရှိသူချင်း ပေါင်းဆုံမိကြရတယ်။”
ဆိုတဲ့အတိုင်း အလားတူ ကံမျိုးကျူးလွန်ဖူးကြတဲ့ကံတူ အကျိုးပေးများရင် ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် အကျိုးတူ ခံစားကြရတာပါ။ကောင်းကံကောင်းကျိုး အရာမှာလည်း အလားတူ
မှတ်ယူရမှာ ဖြစ်ပါတယ်။ အမှာ]

❖နံပတ်(၂)ကံရဲ့ အကျိုးသက်သက်နဲ့ အသက်မွေးရသူဆိုတာ စတုမဟာရာဇ်စတဲ့ နတ်ဗြဟ္မာများ ဖြစ်တယ်
လို့ အဋ္ဌကထာမှာ ဖွင့်ပါတယ်။ ဗြဟ္မာများကတော့အစားမလိုပါဘူး။ ဝတ်စရာ၊ နေစရာပါပဲ။
နတ်တွေကျတော့ လိုအပ်တဲ့ စားဝတ်နေရေးဆိုင်ရာပစ္စည်းဝတ္ထုမှန်သမျှ လုံ့လနဲ့အားထုတ်စရာမလိုဘူး။
အတိတ်ကံရဲ့ အကျိုး ကမ္မဇိဒ္ဓိအဖြစ် အရန်သင့်နေထိုင်သုံးစားကြရပါသတဲ့။

နတ်တွေဟာ ဒီလို ကံဟောင်းစား သက်သက်တွေဖြစ်ကြလို့လည်း လောကမှာ “လူစွမ်းလူစ” လို့
ရှိပေမယ့် “နတ်စွမ်းနတ်စ” ရယ်လို့ မရှိတာဖြစ်ပါလိမ့်မယ်။ သူတို့မှာလည်း အစွမ်းအစတွေ
ရှိတာပဲ မဟုတ်လားလို့တော့ ပြောစရာပေါ့။
ဒါပေမဲ့ အဲဒီအစွမ်းအစတွေဟာ နတ်ပြည်ရောက်မှအားထုတ်ပြီးဖြစ်ပေါ်လာတာတွေမဟုတ်ပါဘူး။
လူ့ပြည်မှာတုန်းက ပြုလုပ်ခဲ့တဲ့ ကံဟောင်းရဲ့အကျိုးပေးများသာ ဖြစ်လို့ သူတို့မှာ ရှိသမျှ
အစွမ်းအစတွေဟာလည်း “လူစွမ်းလူစ”များလို့သာယူဆရပါလိမ့်မယ်။

❖နံပါတ်(၃)။ ကံနဲ့လုံ့လနှစ်မျိုးလုံးနဲ့ ကင်းလွတ်ပြီးအသက်မွေးနေရသူများကတော့ ငရဲသားသတ္တဝါများ
ဖြစ်ပါသတဲ့။ ငရဲသားများဟာ ကျူးလွန်ခဲ့တဲ့ကံအလျောက် ဘာမှ စားသောက်ရမှု မရှိတဲ့
ဆင်းရဲသက်သက်ကိုသာ ခံစားခွင့်၊အသက်ရှင်နေရသူတွေ ဖြစ်လို့ပါပဲ။

❖နံပါတ်(၄)။နတ်ဗြဟ္မာနဲ့ ငရဲသားများကလွဲရင် ရှင်ဘုရင်၊မှူးမတ် ကစလို့ ကျန်တဲ့သတ္တဝါမှန်သမျှ
ကံအကျိုး၊လုံ့လအကျိုး နှစ်မျိုးလုံးကို မှီပြီးတော့အသက်မွေးရတဲ့ သတ္တဝါတွေချည်း ဖြစ်ပါတယ်။
(အံ-ဋ္ဌ-၂-၃၃၇)

မြတ်စွာဘုရားရှင်ရဲ့ ဟောကြားတော်မူချက်နဲ့အဋ္ဌကထာဆရာ ဖွင့်ပြချက်တို့ကို ခြုံငုံသုံးသပ်
ကြည့်လိုက်ရင် လူ့ပြည်မှာ “ကံဆိုးလို့ ဆင်းရဲသူ”ဆိုတာ လောသကတိဿတို့လို့ လောကချမ်းသာဆိုင်ရာ
ကံကြီးထိုက်သူများသာ ရှိတယ်။ကျန်လူများအနေနဲ့ကံဆိုးမှုသက်သက်ကြောင့် ဆင်းရဲသူဆိုတာ မရှိနိုင်ဘူး
လို့ အခိုင်အမာ ပြောနိုင်ပါတယ်။

လောသကတိဿလို ပုဂ္ဂိုလ်ဆိုတာ လူဦးရေအချိုးအစားနဲ့ တွက်ကြည့်ရင် ဘယ်လောက် ရှိမယ်
ထင်သလဲ။ တစ်သောင်းတစ်ယောက်၊တစ်သိန်းတစ်ယောက် အချိုးအစားလောက်တောင်
ရှိချင်မှ ရှိလိမ့်မယ်။ ပိဋကတ်တော်မှာကုဋေနဲ့ချီတဲ့လူဦးရေတွေ အကြောင်းပါ ပါတယ်။
တရားတစ်ပွဲအဆုံးမှာ ရှစ်သောင်းလေးထောင်လောက်ရှိတဲ့ သတ္တဝါတွေ အကျွတ်တရားရကြတယ်ဆိုတဲ့
အရေအတွက်နဲ့ ခန့်မှန်းကြည့်တာပါ။ အဲဒီအထဲမှာကံဆိုးလို့ ဆင်းရဲသူ စစ်စစ်ဖြစ်နေရသူဆိုလို့
လောသကတိဿလောက်ပဲ ပါတာကိုကြည့်ရင်ကံဆိုးလို့ ဆင်းရဲသူဟာ တစ်သိန်းတစ်ယောက်နှုန်း
လောက်တောင် ရှိလှမယ် မဟုတ်ဘူးလို့ ခန့်မှန်းမိပါတယ်။

ဟုတ်ပါတယ်။ လူ့ဘဝဆိုတာ “ကာမာဝစရကုသိုလ်ကံ”အထောက်မပံ့ရှိသူများသာ ရောက်ခွင့်ရတဲ့
ကာမသုဂတိဘုံ ဘဝပါ။ ကာမာဝစရ ကုသိုလ်ကံတွေထဲမှာလည်း အပြုလုပ်ဆုံးနဲ့ အပြုအများဆုံးကံဟာ
ဒါနကုသိုလ်ကံ ဖြစ်တယ်ဆိုတာ လက်ရှိလူ့ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ရင် သိသာပါတယ်။
ဒါကြောင့် လူတိုင်းမှာ “ဒါနမျိုးစေ့” အနည်းနဲ့ အများဆိုသလို ရှိကြတာချည်းပါပဲ။

❖မျိုးစေ့ဆိုတာ မစိုက်မပျိုးရင်၊စိုက်ပျိုးပုံနည်းလမ်းမမှန်၊ရာသီမမှန်၊ ဒေသမမှန်ရင် အပင်၊ အပွင့်၊ အသီး
မဖြစ်ပေါ်နိုင်ပါဘူး။ ဒါကြောင့်လည်း မဃဒေဝလင်္ကာဆရာတော်က-

“ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာအရင်း(မျိုးစေ့သဘော)သာရှင့်၊
ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ဤလူ့ဋ္ဌာန်၌၊ ဉာဏ်ဝီရိယ၊ ပယောဂတည်း။”
လို့ စပ်ဆို သတိပေးခဲ့တာပါ။

“သက်ရှည်၊ကျန်းမာ ဥစ္စာပြည့်စုံ” ဆိုတဲ့
လောကီချမ်းသာများ ချိုတဲ့ရတာဟာ ကံဆိုးလို့မဟုတ်ဘူး။ ဉာဏ်၊ လုံ့လ၊ ပယောဂတွေ
ဆိုးနေ ၊ ညံ့နေကြလို့သာ ဖြစ်တယ် လို့ ဆိုလိုတဲ့သဘောပါ။ ဉာဏ်၊ လုံ့လ၊ပယောဂ
ဆိုးတယ်ဆိုတာ “အလုပ်မလုပ်ကြလို့” လို့ပြောတာ မဟုတ်ပါဘူး။

❖“အချက်အလက်၊ အချိန်အခါ၊ နေရာဒေသနဲ့အရည်အချင်းတွေ ညံ့ဖျင်းနေကြလို့”
လို့ ပြောလိုတာပါ။
“ကံမရှိ ဉာဏ်ရှိတိုင်းမွဲ”ဆိုတဲ့ဉာဏ်မျိုး၊
အဲသလို ညံ့ဖျင်းတဲ့ ဉာဏ်မျိုးနဲ့ ဉာဏ်နီဉာဏ်နက်တစ်နပ်စား ဖြတ်လမ်း ဉာဏ်မျိုးသာ ဖြစ်ပါလိမ့်မယ်။

လူတိုင်းမှာ ကံမျိုးစေ့ပါပြီးရှိတယ်။ လုံ့လကအရည်အချင်း ပြည့်စုံခဲ့ရင်

“ကံမျိုး ဉာဏ်ရှိတိုင်းတိုး”
လို့ ဆိုနိုင်ပါလိမ့်မယ်။

လုံ့လရဲ့ အရည်အချင်းများနဲ့ ပတ်သက်လို့ “အောင်ပွဲရောက်တဲ့ ခြေလှမ်းများ”
အဖြစ် ဆက်လက်ရေးပါဦးမယ်။

မျိုးစေ့ကောင်းတိုင်း မြေကောင်း၊ မိုးကောင်း၊
လုပ်သားကောင်းများနဲ့ တွေ့စေသော်။

-【ဆရာတော်ဓမ္မဘေရီ အရှင်ဝီရိယ-တောင်စွန်း】

Young Buddhist's Association