Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, August 19, 2018

လူဆင္းရဲ၊ လူခ်မ္းသာ ျဖစ္ေၾကာင္းမ်ား

၁။ အခ်ိဳ႕က ၾကိဳးစားတယ္။ သူမ်ား တစ္ရက္ ၈ နာရီ လုပ္ရင္ သူက ၁၆ နာရီ လုပ္ခ်င္လုပ္တတ္တယ္။ ဒါေပမယ့္ ေငြေၾကး ၾကြယ္ဝ ခ်မ္းသာတဲ့ အေနအထား တစ္ခုကုိ မေရာက္ဘူး။ ယင္းဟာ ဥာဏ္အေထာက္အပံ့ လိုေနေသးလို႔ ျဖစ္ပါ လိမ့္မယ္။ အလုပ္ဆုိတာ ၾကိဳးစားတိုင္းလည္း မရ ပါဘူး။ ဥာဏ္ကိုလႊာျပီး သံုးဖို႔ လိုအပ္ ပါလိမ့္မယ္။ ဥပမာ ရာထူး တစ္ခုမွာပဲ ေပးအပ္တဲ့ တာဝန္သာ ေၾကေအာင္ လုပ္ေန တာထက္ ပိုမို ျမင့္မားတဲ့ အဆင့္ကို ေရာက္ႏိုင္ တဲ့ အရည္အခ်င္းေတြသာ ထုတ္ျပႏိုင္မယ္ ဆုိရင္ ဒါဟာ ဥာဏ္ရဲ႕ ေထာက္ပံ့မွု ျဖစ္ပါတယ္။

၂။ အခ်ိဳ႕က ဥာဏ္ေကာင္းတယ္။ ဒီေခတ္စကားအရဆုိရင္ ဂ်ီးနယက္စ္ ဆုိျပီးေတာ့ ေခၚၾကတယ္။ ေနာက္က်မွအိပ္ခ်င္အိပ္မယ္။ ေစာေစာအိပ္ခ်င္အိပ္တယ္။ ရံုးကို သြားခ်င္မွလည္း သြားတယ္။ အလုပ္ကိုလည္း လုပ္ခ်င္မွလည္း လုပ္တယ္။ ဒါေပမယ့္ သူ႔ရဲ႕ ဥဏ္ပညာ ထက္ျမတ္မွုက သိသာေနေတာ့ လူေတြ သတိထားမိတယ္။ ဒါေပမယ့္ သူလည္း အဲ့ဒီ အေျခအေန ကေန ေနာက္တစ္ဆင့္ကို မေရာက္ဘူး။ ဟုတ္ကဲ့။ ၾကိဳးစားခ်င္စိတ္။ ဝီရိယ အားနည္းေနသူ ျဖစ္ပါတယ္။ ဥာဏ္ဘယ္ေလာက္ ေကာင္းေကာင္း ဝီရိယ မရွိရင္ မၾကီးပြား ပါဘူး။

၃။ အခ်ိဳ႕က ဥာဏ္လည္း မေကာင္းဘူး၊ ၾကိဳးလည္းမၾကိဳးစားဘူး။ ဒါေပမယ့္ စည္းစိမ္ဟာ သာမန္ လူေတြထက္ပုိျပီး ခ်မ္းသာလို႔ ေနတတ္ပါတယ္။ ကိုယ္တိုင္ ကံေကာင္းလို႔သည္ ျဖစ္ေစ၊ မိဘ အေမြခံပင္ ျဖစ္ေစ ခ်မ္းသာေနတတ္ျပီး ဒါဟာ အတိတ္ဘဝက ျပဳခဲ့ေသာ ေကာင္းမွု ကုသုိလ္ကံမ်ားက ေထာက္ပံ့ျခင္း ျဖစ္ပါတယ္။ ဒီတစ္ဘဝမွာပဲ ကုန္ေအာင္ သံုးမသြား ပါဘူး။ ေဆြမ်ိဳး ၇ ဆက္အတြက္ စားလို႔ေလာက္ေနရင္ေတာင္ ပိုေနတာကို သင္ဘာလုပ္မွာလဲ။ ရေလ လိုေလ၊ ထပ္၍ မရရေအာင္ မသမာနည္းနဲ႔ ရွာေနလဲ ကံေထာက္ပံ့မွု ရွိေနေသးလွ်င္ ၾကိမ္းေသ ဆက္၍ ရပါလိမ့္မယ္။ သုိ႔ေပမယ့္ ဒါဟာ ဘဝစဥ္ဆက္ ရွာထားသည္မ်ားကို တစ္ဘဝတည္းတြင္ ကုန္ေအာင္ သံုးေနျခင္း သေဘာပါပဲ။ ေနာင္အနာဂတ္ အတြက္ မေကာင္းပါဘူူး။ ရွိသည္မ်ားကို ဒါနျပဳျခင္းႏွင့္ ပညာျဖင့္ လႊာ၍ သံုးရန္ လိုအပ္သည္။ ဥပမာ ဥာဏ္ရင့္သန္ရန္ ပညာဒါန ျပဳျခင္း၊ ဝီရိယ အတြက္ ကိုယ္္တိုင္ လုပ္ယူ ၾကိဳးပမ္းျခင္းတို႔ ျဖစ္ပါတယ္။

၄။ အခ်ိဳ႕က ဥာဏ္လည္း ေကာင္းတယ္။ ၾကိဳးလည္း ၾကိဳးစားတယ္။ ဒါေပမယ့္ ပူပင္ေၾကာင့္ၾကစရာ မရွိဘူး ဆုိတဲ့ အေနအထား တစ္ခုကို သူမေရာက္ႏိုင္ဘူး။ တစ္ခါတစ္ေလ ဆုိရင္ေတာင္ ဆင္းရဲ ေနတတ္ပါေသးတယ္။ ဒါဟာ ကံ အက်ိဳး မေပးေသးလို႔ ျဖစ္ပါတယ္။ ေရွးဘဝ ျပဳခဲ့တဲ့ ဒါန နည္း၍လည္း ျဖစ္တတ္ ပါတယ္။ ေနာင္ဘဝ ယခုလို မျဖစ္ေအာင္ ယခု တြင္ပင္ ရွိသေလာက္ လွဴႏုိင္ရန္ ၾကိဳးစားပါ။ ပါရမီ ျဖည့္သြားပါ။

၅။ အခ်ိဳ႕က ဥာဏ္ေကာင္းတယ္္။ ဝီရိယ ေကာင္းတယ္။ ကံကလည္း ေထာက္ပံ့ တယ္။ ခ်မ္းသာပါတယ္။ ဒါဟာ ဘဝမွာ တကယ္ ျပည့္စံုတဲ့ လူသား တစ္ေယာက္ပါပဲ။ ဘဝကို အက်ိဳးရွိရွိ အသံုးခ်ပါ။ တစ္ဘဝစာ အကုန္မသံုး လိုက္ပါႏွင့္။ နိဗၺာန္မေရာက္ခင္ ဘဝဆက္ၾကား ပါရမီ ဆက္တိုက္ ျဖည့္သြားပါ။

မွတ္သားရန္ - ကံဆုိတာ ယံုၾကည္ဖို႔ (အားကိိုးရန္ မဟုတ္ပါ၊ အျပစ္တင္ရန္ မဟုတ္ပါ၊ ေစာင့္ဆိုင္းရန္ မဟုတ္္ပါ။)၊ ဥာဏ္ဆုုိတာ အသံုးခ်ဖို႔၊ ဝီရိယ ဆိုတာ ဆိုက္ထုတ္ဖို႔ ျဖစ္ပါတယ္။

ဆင္းရဲတယ္လု႔ိ ဆုိတဲ့ေနရာမွာ ခႏၶာကိုယ္ ပူပင္ ဆင္းရဲမွုထက္ စိတ္ပူပင္ ဆင္းရဲမွုက လူေတြကို ပိုလို႔ ဆင္းရဲေနေစျခင္း ျဖစ္ပါတယ္။ တစ္ေန႔သံုးႏွပ္ စားရန္ေလာက္ျပီး၊ ေက်ာခင္း၊ အိပ္စရာ ရွိသ၍၊ ကိုယ္ခႏၶာ ပင္ပန္းႏြမ္းနယ္မွု မမ်ားေသးသ၍ သင္ဟာ မဆင္းရဲ ပါဘူး။ ေငြပံုၾကီးေပၚ ထိုင္လို႔ စိတ္ေသာက ေဝဒနာမ်ားေၾကာင့္ ဆင္းရဲေနသူမ်ားကို သင္လြယ္ တကူ ျမင္ေတြ႔ ႏိုင္ပါ တယ္။ ခႏၶာက ပင္ပန္းဆင္းရဲရသည့္ ၾကားထဲ ယင္း ဆင္းရဲ အတြက္ စိတ္ပါ လိုက္လံ ပူပင္ေသာက ေရာက္လွ်င္ စိတ္ေရာ၊ ကိုယ္ပါ ဆင္းရဲမွုေၾကာင့္ ႏွစ္ခါ နာ၍ ပိုလို႔ ဆင္းရဲရသည္။ ေလာဘ၊ ေဒါသ မ်ားျပီး အမွန္မျမင္ႏိုင္သည့္ ေမာဟ စိတ္ ဖံုးလြမ္းခံေနရသူဟာ စင္စစ္ ဆင္းရဲသူ ျဖစ္သည္။
 (ရိုးရာေလး)

#Unicode Version#
၁။ အချို့က ကြိုးစားတယ်။ သူများ တစ်ရက် ၈ နာရီ လုပ်ရင် သူက ၁၆ နာရီ လုပ်ချင်လုပ်တတ်တယ်။ ဒါပေမယ့် ငွေကြေး ကြွယ်ဝ ချမ်းသာတဲ့ အနေအထား တစ်ခုကို မရောက်ဘူး။ ယင်းဟာ ဉာဏ်အထောက်အပံ့ လိုနေသေးလို့ ဖြစ်ပါ လိမ့်မယ်။ အလုပ်ဆိုတာ ကြိုးစားတိုင်းလည်း မရ ပါဘူး။ ဉာဏ်ကိုလွှာပြီး သုံးဖို့ လိုအပ် ပါလိမ့်မယ်။ ဥပမာ ရာထူး တစ်ခုမှာပဲ ပေးအပ်တဲ့ တာဝန်သာ ကြေအောင် လုပ်နေ တာထက် ပိုမို မြင့်မားတဲ့ အဆင့်ကို ရောက်နိုင် တဲ့ အရည်အချင်းတွေသာ ထုတ်ပြနိုင်မယ် ဆိုရင် ဒါဟာ ဉာဏ်ရဲ့ ထောက်ပံ့မှု ဖြစ်ပါတယ်။

၂။ အချို့က ဉာဏ်ကောင်းတယ်။ ဒီခေတ်စကားအရဆိုရင် ဂျီးနယက်စ် ဆိုပြီးတော့ ခေါ်ကြတယ်။ နောက်ကျမှအိပ်ချင်အိပ်မယ်။ စောစောအိပ်ချင်အိပ်တယ်။ ရုံးကို သွားချင်မှလည်း သွားတယ်။ အလုပ်ကိုလည်း လုပ်ချင်မှလည်း လုပ်တယ်။ ဒါပေမယ့် သူ့ရဲ့ ဥဏ်ပညာ ထက်မြတ်မှုက သိသာနေတော့ လူတွေ သတိထားမိတယ်။ ဒါပေမယ့် သူလည်း အဲ့ဒီ အခြေအနေ ကနေ နောက်တစ်ဆင့်ကို မရောက်ဘူး။ ဟုတ်ကဲ့။ ကြိုးစားချင်စိတ်။ ဝီရိယ အားနည်းနေသူ ဖြစ်ပါတယ်။ ဉာဏ်ဘယ်လောက် ကောင်းကောင်း ဝီရိယ မရှိရင် မကြီးပွား ပါဘူး။

၃။ အချို့က ဉာဏ်လည်း မကောင်းဘူး၊ ကြိုးလည်းမကြိုးစားဘူး။ ဒါပေမယ့် စည်းစိမ်ဟာ သာမန် လူတွေထက်ပိုပြီး ချမ်းသာလို့ နေတတ်ပါတယ်။ ကိုယ်တိုင် ကံကောင်းလို့သည် ဖြစ်စေ၊ မိဘ အမွေခံပင် ဖြစ်စေ ချမ်းသာနေတတ်ပြီး ဒါဟာ အတိတ်ဘဝက ပြုခဲ့သော ကောင်းမှု ကုသိုလ်ကံများက ထောက်ပံ့ခြင်း ဖြစ်ပါတယ်။ ဒီတစ်ဘဝမှာပဲ ကုန်အောင် သုံးမသွား ပါဘူး။ ဆွေမျိုး ၇ ဆက်အတွက် စားလို့လောက်နေရင်တောင် ပိုနေတာကို သင်ဘာလုပ်မှာလဲ။ ရလေ လိုလေ၊ ထပ်၍ မရရအောင် မသမာနည်းနဲ့ ရှာနေလဲ ကံထောက်ပံ့မှု ရှိနေသေးလျှင် ကြိမ်းသေ ဆက်၍ ရပါလိမ့်မယ်။ သို့ပေမယ့် ဒါဟာ ဘဝစဉ်ဆက် ရှာထားသည်များကို တစ်ဘဝတည်းတွင် ကုန်အောင် သုံးနေခြင်း သဘောပါပဲ။ နောင်အနာဂတ် အတွက် မကောင်းပါဘူူး။ ရှိသည်များကို ဒါနပြုခြင်းနှင့် ပညာဖြင့် လွှာ၍ သုံးရန် လိုအပ်သည်။ ဥပမာ ဉာဏ်ရင့်သန်ရန် ပညာဒါန ပြုခြင်း၊ ဝီရိယ အတွက် ကိုယ်တိုင် လုပ်ယူ ကြိုးပမ်းခြင်းတို့ ဖြစ်ပါတယ်။

၄။ အချို့က ဉာဏ်လည်း ကောင်းတယ်။ ကြိုးလည်း ကြိုးစားတယ်။ ဒါပေမယ့် ပူပင်ကြောင့်ကြစရာ မရှိဘူး ဆိုတဲ့ အနေအထား တစ်ခုကို သူမရောက်နိုင်ဘူး။ တစ်ခါတစ်လေ ဆိုရင်တောင် ဆင်းရဲ နေတတ်ပါသေးတယ်။ ဒါဟာ ကံ အကျိုး မပေးသေးလို့ ဖြစ်ပါတယ်။ ရှေးဘဝ ပြုခဲ့တဲ့ ဒါန နည်း၍လည်း ဖြစ်တတ် ပါတယ်။ နောင်ဘဝ ယခုလို မဖြစ်အောင် ယခု တွင်ပင် ရှိသလောက် လှူနိုင်ရန် ကြိုးစားပါ။ ပါရမီ ဖြည့်သွားပါ။

၅။ အချို့က ဉာဏ်ကောင်းတယ်။ ဝီရိယ ကောင်းတယ်။ ကံကလည်း ထောက်ပံ့ တယ်။ ချမ်းသာပါတယ်။ ဒါဟာ ဘဝမှာ တကယ် ပြည့်စုံတဲ့ လူသား တစ်ယောက်ပါပဲ။ ဘဝကို အကျိုးရှိရှိ အသုံးချပါ။ တစ်ဘဝစာ အကုန်မသုံး လိုက်ပါနှင့်။ နိဗ္ဗာန်မရောက်ခင် ဘဝဆက်ကြား ပါရမီ ဆက်တိုက် ဖြည့်သွားပါ။

မှတ်သားရန် - ကံဆိုတာ ယုံကြည်ဖို့ (အားကိုးရန် မဟုတ်ပါ၊ အပြစ်တင်ရန် မဟုတ်ပါ၊ စောင့်ဆိုင်းရန် မဟုတ်ပါ။)၊ ဉာဏ်ဆိုတာ အသုံးချဖို့၊ ဝီရိယ ဆိုတာ ဆိုက်ထုတ်ဖို့ ဖြစ်ပါတယ်။

ဆင်းရဲတယ်လု့ိ ဆိုတဲ့နေရာမှာ ခန္ဓာကိုယ် ပူပင် ဆင်းရဲမှုထက် စိတ်ပူပင် ဆင်းရဲမှုက လူတွေကို ပိုလို့ ဆင်းရဲနေစေခြင်း ဖြစ်ပါတယ်။ တစ်နေ့သုံးနှပ် စားရန်လောက်ပြီး၊ ကျောခင်း၊ အိပ်စရာ ရှိသ၍၊ ကိုယ်ခန္ဓာ ပင်ပန်းနွမ်းနယ်မှု မများသေးသ၍ သင်ဟာ မဆင်းရဲ ပါဘူး။ ငွေပုံကြီးပေါ် ထိုင်လို့ စိတ်သောက ဝေဒနာများကြောင့် ဆင်းရဲနေသူများကို သင်လွယ် တကူ မြင်တွေ့ နိုင်ပါ တယ်။ ခန္ဓာက ပင်ပန်းဆင်းရဲရသည့် ကြားထဲ ယင်း ဆင်းရဲ အတွက် စိတ်ပါ လိုက်လံ ပူပင်သောက ရောက်လျှင် စိတ်ရော၊ ကိုယ်ပါ ဆင်းရဲမှုကြောင့် နှစ်ခါ နာ၍ ပိုလို့ ဆင်းရဲရသည်။ လောဘ၊ ဒေါသ များပြီး အမှန်မမြင်နိုင်သည့် မောဟ စိတ် ဖုံးလွမ်းခံနေရသူဟာ စင်စစ် ဆင်းရဲသူ ဖြစ်သည်။

 (ရိုးရာလေး)

No comments:

Post a Comment