Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, August 22, 2018

အႏုၾကမ္းစီးေနတဲ့ ကေလးေတြ

သင္ဇာတေယာက္ ဒီျဖစ္စဥ္ကို ျပန္ေတြးမိတိုင္း အေတာ္ေလး စိတ္ဆိုးေဒါသ ထြက္ခဲ့ရတယ္။ ျပန္တံု႔ျပန္ဖို႔ကလည္း မသင့္ေလ်ာ္၊ သက္ဆိုင္ရာကို တိုင္ၾကားလို႔ကလည္း မရဆိုေတာ့ စြန္းထင္းသြားတဲ့ သူ႔အက်ႌအျဖဴေလးကို ပြတ္ၿပီး ဆြဲစိတ္ခံလိုက္ရတဲ့ သူ႔လက္ကိုသာ အခါခါ ျပန္ပြတ္ေနမိတယ္။

ဒီလို အေႏွာင့္အယွက္မ်ိဳးကို သင္ဇာ့အေနနဲ႔ အခုတႀကိမ္တည္းေတာ့မဟုတ္၊ သူတက္ေနတဲ့ ေက်ာင္းအျပင္ဘက္က ကန္တင္းမွာလည္း အခုလို အၿမဲႀကံဳေတြ႔၊ ျမင္ေနခဲ့ရတယ္။ ဒီတခါေတာ့ ကိုယ္ထိလက္ေရာက္ ခံစားလိုက္ရေတာ့ အရင္ထက္ ပိုေဒါသထြက္ စိတ္ဆိုးခဲ့ရတယ္။

အျဖစ္အပ်က္က ဒီလိုပါ။ အဲဒီေန႔က ေက်ာင္းမွာ က်ဴတိုရီယယ္ ေစာေစာၿပီးလို႔ မေရာက္တာၾကာၿပီျဖစ္တဲ့ ဗိုလ္တေထာင္ကမ္းနားကို သူငယ္ခ်င္းနဲ႔ မုန္႔သြားစား အပန္းေျဖဖို႔ လာခဲ့တယ္။ မုန္႔စားၿပီးလို႔ ေဘာတံတားမွာ သူငယ္ခ်င္းနဲ႔ ထိုင္ေနတုန္း ညစ္ပတ္ေပေနတဲ့ အသက္ ၅ ႏွစ္အရြယ္ ေယာက်္ားေလးတေယာက္နဲ႔ အသက္ ၇ ႏွစ္အရြယ္ မိန္းကေလးတေယာက္က ထမင္းမစားရေသးဘူးဆိုၿပီး ပိုက္ဆံလာေတာင္းတယ္။

ပထမကေတာ့ သူငယ္ခ်င္း ၂ ေယာက္ ရွိတဲ့ အေႂကြေလးေတြ ေပးမလို႔ အိတ္ထဲႏိႈက္ၾကည့္ေသးတယ္။ ေနာက္ေတာ့မွ ရိွတဲ့အေႂကြေလးနဲ႔ YBS စီးလိုက္တာကို သတိရတယ္။ ဒါနဲ႔ပဲ အေႂကြမရိွဘူး ကေလးေတြ၊ တျခားေနရာမွာ သြားေတာင္းလို႔ ေအးေအးေဆးေဆး ျပန္ေျပာလိုက္တယ္။ ဒါေပမယ့္ ကေလးေတြကေတာ့ အနားကေန မထြက္သြားဘူး၊ ဒါနဲ႔ စကားေျပာတာ အေႏွာင့္အယွက္ျဖစ္တာေၾကာင့္ ေဘးကသူငယ္ခ်င္းက ထပ္ေျပာတယ္။ အဲ့အခ်ိန္မွာ ၅ ႏွစ္အရြယ္ကေလးက ဒူးေထာက္ထိုင္ခ်လိုက္ၿပီး သင္ဇာရဲ႕ အက်ႌေအာက္စနားကို သူ႔ရဲ႕လက္နဲ႔ ဆုပ္ကုိင္ၿပီး ပိုက္ဆံေပးဖို႔ ေတာင္းပါေတာ့တယ္။ ပါးစပ္က ေျပာလို႔လည္းမရ၊ ေဘးကျဖတ္သြားတဲ့ သူေတြကလည္း ၾကည့္ၾကည့္သြားဆိုေတာ့ အေတာ္ေလးလည္း ရွက္ေနမိတယ္။ ေနာက္ဆံုး မရမွန္းလည္းသိေရာ အဲ့ကေလးက လက္ကို အတင္းဆိတ္ၿပီး ထြက္ေျပးသြားတယ္။ က်န္တဲ့မိန္းကေလးကလည္း ပါးစပ္ကေန မၾကားဝံ့မနာစရာ ဆဲဆိုသြားတယ္။ သူနဲ႔ မလွမ္းမကန္းမွာေတာ့ ဆိပ္ကမ္းမွာေနထိုင္တဲ့ ေနာက္ထပ္ ကေလး ၂ ေယာက္နဲ႔ လင္မယားကို ျမင္လိုက္မိတယ္။

အခုအေျခအေနေတြဟာ ရန္ကုန္ၿမိဳ႕အႏွံ႔မွာ ပံုစံမ်ိဳးစုံနဲ႔ ေနရာတိုင္းမွာ ေတြ႔ျမင္ေနရတဲ့ အေျခအေနပါ။ လူစည္ကားတဲ့ ေနရာေတြျဖစ္တဲ့ လွည္းတန္းတို႔ ေျမနီကုန္းတို႔လို ေနရာမ်ိဳးမွာ ကေလးငယ္ေတြကို ေရွ႕ခ်ၿပီး ေတာင္းရမ္းေနတဲ့ အေျခအေနေတြကို လူအမ်ားစု ျမင္ေန ေတြ႔ေနရပါတယ္။ ဒါ့အျပင္ လူေတြ အပန္းေျဖတဲ့ေနရာေတြျဖစ္တဲ့ အင္းယားကန္ေဘာင္လို ေနရာမ်ိဳးေတြ၊ ပန္းၿခံေတြနဲ႔ ခုံးတံတားေတြေအာက္မွာလည္း ဒီကေလးေတြ အခုလိုပံုစံနဲ႔ ေတာင္းရမ္းေနတာကိုု ျမင္ေန ေတြ႔ေနရပါေသးတယ္။

ဒီကေလးေတြရဲ႕ မလွမ္းမကန္းလို ေနရာမ်ိဳးမွာေတာ့ သူတို႔ကိုခိုင္းေစတဲ့ မိဘေတြ၊ ႀကီးၾကပ္ေနသူေတြက ရွိေနပါတယ္။ တခ်ဳိ႕ကေလးေတြဟာ ဒီအတိုင္း ေတာင္းရမ္းၾကေပမယ့္ တခ်ဳိ႕ကေတာ့ မေပးတဲ့သူကို ဆဲဆိုသြားၾကပါတယ္။ ပန္းၿခံေတြထဲမွာ သူတို႔ အဓိကေတာင္းရမ္းတဲ့ သူေတြကေတာ့ စံုတြဲေတြကိုပါပဲ။ ဘာေၾကာင့္လဲဆိုေတာ့ စံုတြဲေတာ္ေတာ္မ်ားမ်ားဟာ အခုလိုအေျခအေနမ်ိဳးေတြကို အာ႐ုံအေနာက္မခံၾကဘူး ဆိုတာကို သူတို႔ကိုခိုင္းေစတဲ့ သူေတြက သိထားလို႔ပါပဲ။

“အဓိကေတာ့ ဥပေဒနဲ႔ နည္းဥပေဒ အားနည္းခ်က္ေတြနဲ႔လည္း ဆိုင္တယ္။ အစိုးရက ဒီကိစၥနဲ႔ပတ္သက္ၿပီး စီမံခ်က္ေတြ ေဖာ္ေဆာင္တယ္၊ အေရးယူမႈေတြလုပ္မယ္လို႔ ေျပာေပမယ့္ တကယ္တမ္း ကေလးေတြကို အသံုးခ်ေနတာ ေနရာတိုင္း ေတြ႔ေနရတာပဲေလ။ တကယ္တမ္း ထိထိေရာက္ေရာက္လုပ္ရင္ ဒါမ်ိဳးက မျဖစ္သင့္ဘူး” လုိ႔ တရားလႊတ္ေတာ္ေရွ႕ေနတဦးက ေျပာပါတယ္။

လက္ရွိျပ႒ာန္းထားတဲ့ ကေလးသူငယ္ဥပေဒ (၁၉၉၃) ကုိ ေခတ္ကာလႏွင့္အညီ ျဖစ္ေစေရး ကေလးသူငယ္ အခြင့္အေရးမ်ားဆုိင္ရာ ဥပေဒအျဖစ္ ျပင္ဆင္ေရးဆြဲေနတယ္လို႔ လူမႈဝန္ထမ္း ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက ေျပာဆိုပါတယ္။

ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝင္းျမတ္ေအးက လူ႔အဖြဲ႔အစည္းအတြင္းက ကေလးသူငယ္ေတြရဲ ့ အက်ိဳးစီးပြားကို အေကာင္းဆံုး ေဖာ္ေဆာင္ေပးႏုိင္ဖို႔ လက္ရွိျပ႒ာန္းထားတဲ့ ကေလးသူငယ္ဥပေဒ (၁၉၉၃) ကုိ ေခတ္ကာလႏွင့္အညီ ျဖစ္ေစေရး ကေလးသူငယ္ အခြင့္အေရးမ်ားဆုိင္ရာ ဥပေဒအျဖစ္ ျပင္ဆင္ေရးဆြဲလ်က္ရွိရာ မၾကာမီ ျပ႒ာန္းနုိ္င္မယ္လို႔ ေျပာၾကားထားၿပီး ေရွးဦးအရြယ္ ကေလးသူငယ္ ျပဳစုပ်ိဳးေထာင္ေရးနွင့္ ဖြံ႔ၿဖိဳးေရးဆုိင္ရာဥပေဒ၊ နည္းဥပေဒမ်ားနွင့္ မူဝါဒကိုလည္း လက္ရိွမွာ ျပ႒ာန္းထားတယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ လမ္းေပၚေန ကေလးသူငယ္ေတြနဲ႔ ေတာင္းရမ္းစားေသာက္သူ ကေလးေတြအတြက္ ေဆာင္ရြက္မည့္ နည္းလမ္းေတြကို ေဖာ္ထုတ္ႏုိင္ခဲ့ၿပီး အခုျပ႒ာန္းထားမယ့္ ဥပေဒမွာ ဒီျပႆနာကို ေျဖရွင္းႏုိင္မယ္လို႔ ဝန္ႀကီးက ေျပာပါတယ္။

အခ်က္အလက္ ကိန္းဂဏန္းအရ အတိအက် မသိရေပမယ့္ အခုလို ေတာင္းရမ္းမႈေတြဟာ သမၼတ ဦးသိန္းစိန္ လက္ထက္ကစၿပီး လက္ရွိအခ်ိန္ထိ ပိုၿပီး ဆိုးရြားလာသလို ေနရာတိုင္းမွာလည္း ျမင္လာ ေတြ႔လာရပါတယ္။ ဒါ့အျပင္ ေတာင္းရမ္းတဲ့ ပံုစံေတြကလည္း တေနရာနဲ႔တေနရာ ကြဲျပားၾကပါတယ္။ ဘတ္စ္ကားေပၚေတြမွာေတာ့ သူတို႔ေတာင္းရမ္းပံုက ပံုစံတမ်ဳိးပါ။ ပထမဦးဆံုး မွတ္တိုင္မွာရပ္တဲ့ ကားေတြထဲကမွ လူအရမ္းမၾကပ္တဲ့ ကားေတြကို ေရြးၿပီး ကားေပၚကလူေတြကို စာရြက္ေလးေတြ အရင္ဆံုး လိုက္ကမ္းလိုက္ပါတယ္။

စာရြက္ထဲမွာေတာ့ ကြန္ပ်ဴတာစာလံုးနဲ႔ ေသခ်ာ႐ိုက္ႏွိပ္ထားတဲ့ “ဘယ္ေဒသက ကေ်နာ္ က်မတို႔ရဲ႕ မိဘ ဘယ္သူဘယ္ဝါေတြကေတာ့ ဘာေရာဂါကို ခံစားေနရပါတယ္၊ ဒါ့ေၾကာင့္ က်ေနာ္ က်မတို႔ရဲ႕ အရွက္ကိုငဲ့ၿပီး ဒီစာေလးနဲ႔ ေတာင္းရမ္းလိုက္ရပါတယ္” ဆိုၿပီး ေရးသားထားပါတယ္။ ၿပီးရင္ေတာ့ စာရြက္ေလးေတြကို လိုက္သိမ္းပါတယ္။ တခ်ဳိ႕ကေတာ့ စာရြက္နဲ႔အတူ ပိုက္ဆံပါ ထည့္ေပးလိုက္ပါတယ္။

အဲ့လို လိုက္ေတာင္းတဲ့သူေတြရဲ႕ ပံုစံကို ၾကည့္လိုက္ရင္ အရြယ္ေရာက္ၿပီးသား အသက္ ၁၀ ႏွစ္အထက္ ကေလးေတြ အမ်ားစုပါ။ တခ်ဳိ႕ဆိုရင္ အရြယ္ေရာက္ေနတဲ့ သူေတြေတာင္ ပါပါေသးတယ္။ အဲ့လို ကားေပၚေတြမွာ လိုက္ေတာင္းေနတဲ့ သူေတြဟာ တအုပ္စုထဲပါ။ သူတို႔ဟာ ရန္ကုန္ၿမိဳ႕အႏွံ႔မွာ လူစုခြဲၿပီး လိုက္လံေတာင္းရမ္းေနတာ ျဖစ္ၿပီး ညေနဘက္မွာေတာ့ သူတို႔ရဲ႕ ဆံုရပ္တေနရာမွာ ျပန္လည္ဆံုၾကပါတယ္။ သူတို႔ တေန႔တာ ေတာင္းရမ္းလို႔ရတဲ့ ေငြဟာ က်ပ္ ၂ ေသာင္းအထက္မွာ ရွိပါတယ္။

ဒီလို ကေလးေတြ ပံုစံမ်ိဳးစံုနဲ႔ ေတာင္းရမ္းေနတာကို ရန္ကုန္ၿမိဳ ့ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေတြ႔ရတယ္။ ကိုယ္တိုင္လည္း မၾကာခဏ ႀကံဳဖူးတယ္။ သင္တန္းကအျပန္ ေျမနီကုန္း ခုံးတံတားေအာက္မွာ ထိုင္ေနရင္း လူေတြၾကားမွာ ေျပးလႊားေနတဲ့ ကေလးႏွစ္ေယာက္ကို အၿမဲတမ္း ျမင္ရတယ္။ ၿပီးေတာ့ ကေလးေတြက ထိုင္ေနတဲ့ သူေတြဆီက ပိုက္ဆံလိုက္ေတာင္းတယ္။ ရတဲ့ပိုက္ဆံကို သူတို႔ကို ခိုင္းတဲ့သူေတြဆီ သြားသြားၿပီး ေပးတာလည္း ျမင္ရတယ္။

ဒဂံုတကၠသိုလ္ေက်ာင္းသား ကိုထက္ေဝလင္းက “တခါတေလဆို ေတာ္ေသးတယ္။  အခုလို ကေလးေတြကို ဗန္းျပၿပီး ေတာင္းရမ္းခိုင္းတာကေတာ့ မျဖစ္သင့္ဘူး။ ဒါက ေနရာတိုင္းမွာျဖစ္ေနတာ အၿမဲ ျမင္ေန ႀကံဳေနရတာ၊ ေနာက္ဆံုး ၁၉ လမ္းလို ဘီယာဆိုင္ေတြမွာေတာင္ ႀကံဳေနရတာ၊ ႏိုင္ငံျခားသားေတြ အျမင္မွာ ဒါေတြက မသင့္ေလ်ာ္ဘူး” လုိ႔ ေျပာပါတယ္။

ရန္ကုန္ၿမိဳ႕ရဲ႕ ေနရာအႏွံ႔အျပားမွာ ေတာင္းရမ္းတဲ့သူေတြဟာ ကေလးသူငယ္ေတြကို ဗန္းျပၿပီး ပံုစံမ်ိဳးနဲ႔ ေတာင္းရမ္းေနတာကို ေတြ႔ျမင္ၾကရပါတယ္။ ဘယ္ေနရာကိုျပန္ဖို႔ လမ္းစရိတ္ ျပတ္သြားလို႔ဆိုၿပီး ေတာင္းရမ္းၾကပါတယ္။ က်ေနာ္ကိုယ္တုိင္ အဲ့လို စရိတ္ေတာင္းတဲ့သူကို ပိုက္ဆံမေပးဘဲ ကားလက္မွတ္ျဖတ္ေပးမယ္၊ ကားငွားေပးမယ္လို႔ ျပန္ေျပာလိုက္ေတာ့ ဆက္မေတာင္းေတာ့ဘဲ  ထြက္သြားပါတယ္။

ဒီကိစၥနဲ႔ပတ္သက္လို႔ မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္က လႊတ္ေတာ္ကိုယ္စားလွယ္ ဦးလွေဌးက တိုင္းလႊတ္ေတာ္အစည္းအေဝးမွာ “အရြယ္မေရာက္ေသးတဲ့ ရင္ခြင္ပိုက္ကေလးငယ္ေတြကို အရင္းျပဳ ေတာင္းရမ္းေနသူေတြကို ထိန္းသိမ္းဖို႔ မည္သည့္ဌာနမွာ တာဝန္ရွိသလဲ၊ တာဝန္ရွိသူေတြက ဘယ္လိုထိန္းသိမ္း ေစာင့္ေရွာက္သြားမလဲ၊ စာသင္ရြယ္ကေလးသူငယ္မ်ား ေတာင္းရမ္းစားေသာက္ေနတာေတြ၊ ေတာင္းရမ္းခိုင္းျခင္း၊ သက္ႀကီးရြယ္အိုေတြကို ေတာင္းရမ္းခိုင္းျခင္းတို႔ကို ဘယ္လိုေဆာင္ရြက္ေပးမလဲ သိလိုေၾကာင္း” ေမးျမန္းခဲ့ပါတယ္။

ဒီေမးျမန္းခ်က္ကို ရန္ကုန္ၿမဳိ႕ေတာ္ဝန္ ဦးေမာင္ေမာင္စိုးက ရင္ခြင္ပိုက္ကေလးခ်ီကာ ေတာင္းစားေနသူေတြ အပါအဝင္ ေတာင္းရမ္းေနသူေတြကို ေတြ႔ရွိရင္ ရန္ကုန္ၿမဳိ႕ေတာ္စည္ပင္ကို အေၾကာင္းၾကားၾကပါလို႔ ျပန္ေျဖခဲ့ၿပီး စည္ပင္အေနနဲ႔ ေတာင္းရမ္းသူေတြကို ေခၚယူထိန္းသိမ္းကာ အသက္အရြယ္အလိုက္ခြဲကာ ဝါးနက္ေခ်ာင္း လူမႈေစာင့္ေရွာက္ေရးဌာန၊ ေရႊဂံုတုိင္ ကေလးျပဳစုေရးဌာန၊ သန္လ်င္လူငယ္သင္တန္းေက်ာင္း၊ ငွက္ေအာ္စမ္း လူငယ္သင္တန္းေက်ာင္းနဲ႔  ေထာက္ႀကံံ့ အမ်ိဳးသမီးသင္တန္းေက်ာင္းေတြကို ပို႔ေဆာင္ေပးေနတယ္လို႔ တိုင္းလႊတ္ေတာ္မွာ ေျပာၾကားထားပါတယ္။

ၿပီးခဲ့တဲ့ ၾသဂုုတ္ ၁၂ ရက္က လွည္းတန္း ခုံးတံတားေအာက္မွာ ေတာင္းရမ္းေနတဲ့ ကေလးေတြ အပါအဝင္  အေျခအေနမဲ့ လူ ၄၀ ေက်ာ္ကို ရန္ကုန္ၿမဳိ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီနဲ႔ ၿမဳိ႕နယ္ရဲတပ္ဖြဲ႔က ပူးေပါင္းရွင္းလင္း ဖယ္ရွားခဲ့ပါတယ္။ ဒီလူ ၄၀ ေက်ာ္ထဲမွာ ေတာင္းရမ္းစားေသာက္ေနတဲ့ ကေလးေတြ ပါဝင္ၿပီး ဒီကေလးေတြထဲက တခ်ဳိ႕ကို အိပ္ေဆးတိုက္ကာ လွည္းတန္း လူကူးခုံးတံတားေပၚမွာ ေတာင္းရမ္းခိုင္းတဲ့ အေျခအေနေတြလည္း ရိွတယ္လို႔ စည္ပင္က ေျပာထားပါတယ္။

ျမန္မာႏိုင္ငံဟာ ဖြံ႔ၿဖိဳးဆဲႏိုင္ငံတႏိုင္ငံျဖစ္ၿပီး LDC စာရင္းဝင္ႏိုင္ငံျဖစ္ေပမယ့္ အလႉအတန္း ရက္ေရာတဲ့ ေနရာမွာေတာ့ ထိပ္ဆံုးကို ေရာက္ေနတယ္ဆိုတာ ကိန္းဂဏန္းေတြက သက္ေသပါပဲ။ ကမၻာေပၚမွာ Philanthropy လို႔ေခၚတဲ့ ပရဟိတလုပ္ငန္း ေဆာင္ရြက္တဲ့ ႏိုင္ငံေတြစာရင္းမွာ ျမန္မာဟာ အေမရိကန္ႏိုင္ငံနဲ႔အတူ အဆင့္ ၁ ေနရာမွာ ရပ္တည္ေနတယ္လို႔ စစ္တမ္းေတြမွာ ေဖာ္ျပပါတယ္။

ဖြံ႔ၿဖိဳးမႈအရာမွာ အဘက္ဘက္က နိမ့္က်ေနေပမယ့္ ျမန္မာလူမ်ိဳးေတြဟာ ကူညီ႐ုိင္းပင္းခ်င္စိတ္၊ စာနာေထာက္ထားမႈ၊ ေစတနာသဒၵါတရား ထက္သန္မႈေတြကေတာ့ ထိပ္ဆံုးမွာ ရိွေနပါတယ္။ ဒါေပမယ့္ လက္ရိွမွာေတာ့ ဒီလိုအေျခအေနေတြကို တလြဲ အသံုးခ်မႈေတြ ရိွေနပါတယ္။

တကယ္ေတာ့ ဒါေတြဟာ သူတပါးရဲ႕ပိုက္ဆံကို အလြယ္တကူ ရယူလိုမႈစိတ္နဲ႔ ေငြလိမ္လည္ေတာင္းေနတဲ့ ပံုစံတခုလို ျဖစ္ေနပါတယ္။ ၿပီးေတာ့ ႏုနယ္တဲ့ ကေလးေတြရဲ႕ စိတ္ကို အရြယ္မေရာက္ခင္ ဘူးသီးအေမြးသတ္သလို ျဖစ္သြားတာေၾကာင့္ က်ေနာ္တို႔ လူ႔အဖြဲ႔အစည္းအေနနဲ႔ ဝုိင္းဝန္းထိန္းသိမ္းသင့္တဲ့ အေျခအေနကို ဖန္တီးသင့္ပါတယ္။

ျပည့္ဘုန္းေအာင္(ဘူကင္း)
DVB
# Unicode Version ျဖင့္ ဖတ္ပါ #
သင်ဇာတယောက် ဒီဖြစ်စဉ်ကို ပြန်တွေးမိတိုင်း အတော်လေး စိတ်ဆိုးဒေါသ ထွက်ခဲ့ရတယ်။ ပြန်တုံ့ပြန်ဖို့ကလည်း မသင့်လျော်၊ သက်ဆိုင်ရာကို တိုင်ကြားလို့ကလည်း မရဆိုတော့ စွန်းထင်းသွားတဲ့ သူ့အင်္ကျီအဖြူလေးကို ပွတ်ပြီး ဆွဲစိတ်ခံလိုက်ရတဲ့ သူ့လက်ကိုသာ အခါခါ ပြန်ပွတ်နေမိတယ်။

ဒီလို အနှောင့်အယှက်မျိုးကို သင်ဇာ့အနေနဲ့ အခုတကြိမ်တည်းတော့မဟုတ်၊ သူတက်နေတဲ့ ကျောင်းအပြင်ဘက်က ကန်တင်းမှာလည်း အခုလို အမြဲကြုံတွေ့၊ မြင်နေခဲ့ရတယ်။ ဒီတခါတော့ ကိုယ်ထိလက်ရောက် ခံစားလိုက်ရတော့ အရင်ထက် ပိုဒေါသထွက် စိတ်ဆိုးခဲ့ရတယ်။

အဖြစ်အပျက်က ဒီလိုပါ။ အဲဒီနေ့က ကျောင်းမှာ ကျူတိုရီယယ် စောစောပြီးလို့ မရောက်တာကြာပြီဖြစ်တဲ့ ဗိုလ်တထောင်ကမ်းနားကို သူငယ်ချင်းနဲ့ မုန့်သွားစား အပန်းဖြေဖို့ လာခဲ့တယ်။ မုန့်စားပြီးလို့ ဘောတံတားမှာ သူငယ်ချင်းနဲ့ ထိုင်နေတုန်း ညစ်ပတ်ပေနေတဲ့ အသက် ၅ နှစ်အရွယ် ယောကျ်ားလေးတယောက်နဲ့ အသက် ၇ နှစ်အရွယ် မိန်းကလေးတယောက်က ထမင်းမစားရသေးဘူးဆိုပြီး ပိုက်ဆံလာတောင်းတယ်။

ပထမကတော့ သူငယ်ချင်း ၂ ယောက် ရှိတဲ့ အကြွေလေးတွေ ပေးမလို့ အိတ်ထဲနှိုက်ကြည့်သေးတယ်။ နောက်တော့မှ ရှိတဲ့အကြွေလေးနဲ့ YBS စီးလိုက်တာကို သတိရတယ်။ ဒါနဲ့ပဲ အကြွေမရှိဘူး ကလေးတွေ၊ တခြားနေရာမှာ သွားတောင်းလို့ အေးအေးဆေးဆေး ပြန်ပြောလိုက်တယ်။ ဒါပေမယ့် ကလေးတွေကတော့ အနားကနေ မထွက်သွားဘူး၊ ဒါနဲ့ စကားပြောတာ အနှောင့်အယှက်ဖြစ်တာကြောင့် ဘေးကသူငယ်ချင်းက ထပ်ပြောတယ်။ အဲ့အချိန်မှာ ၅ နှစ်အရွယ်ကလေးက ဒူးထောက်ထိုင်ချလိုက်ပြီး သင်ဇာရဲ့ အင်္ကျီအောက်စနားကို သူ့ရဲ့လက်နဲ့ ဆုပ်ကိုင်ပြီး ပိုက်ဆံပေးဖို့ တောင်းပါတော့တယ်။ ပါးစပ်က ပြောလို့လည်းမရ၊ ဘေးကဖြတ်သွားတဲ့ သူတွေကလည်း ကြည့်ကြည့်သွားဆိုတော့ အတော်လေးလည်း ရှက်နေမိတယ်။ နောက်ဆုံး မရမှန်းလည်းသိရော အဲ့ကလေးက လက်ကို အတင်းဆိတ်ပြီး ထွက်ပြေးသွားတယ်။ ကျန်တဲ့မိန်းကလေးကလည်း ပါးစပ်ကနေ မကြားဝံ့မနာစရာ ဆဲဆိုသွားတယ်။ သူနဲ့ မလှမ်းမကန်းမှာတော့ ဆိပ်ကမ်းမှာနေထိုင်တဲ့ နောက်ထပ် ကလေး ၂ ယောက်နဲ့ လင်မယားကို မြင်လိုက်မိတယ်။

အခုအခြေအနေတွေဟာ ရန်ကုန်မြို့အနှံ့မှာ ပုံစံမျိုးစုံနဲ့ နေရာတိုင်းမှာ တွေ့မြင်နေရတဲ့ အခြေအနေပါ။ လူစည်ကားတဲ့ နေရာတွေဖြစ်တဲ့ လှည်းတန်းတို့ မြေနီကုန်းတို့လို နေရာမျိုးမှာ ကလေးငယ်တွေကို ရှေ့ချပြီး တောင်းရမ်းနေတဲ့ အခြေအနေတွေကို လူအများစု မြင်နေ တွေ့နေရပါတယ်။ ဒါ့အပြင် လူတွေ အပန်းဖြေတဲ့နေရာတွေဖြစ်တဲ့ အင်းယားကန်ဘောင်လို နေရာမျိုးတွေ၊ ပန်းခြံတွေနဲ့ ခုံးတံတားတွေအောက်မှာလည်း ဒီကလေးတွေ အခုလိုပုံစံနဲ့ တောင်းရမ်းနေတာကို မြင်နေ တွေ့နေရပါသေးတယ်။

ဒီကလေးတွေရဲ့ မလှမ်းမကန်းလို နေရာမျိုးမှာတော့ သူတို့ကိုခိုင်းစေတဲ့ မိဘတွေ၊ ကြီးကြပ်နေသူတွေက ရှိနေပါတယ်။ တချို့ကလေးတွေဟာ ဒီအတိုင်း တောင်းရမ်းကြပေမယ့် တချို့ကတော့ မပေးတဲ့သူကို ဆဲဆိုသွားကြပါတယ်။ ပန်းခြံတွေထဲမှာ သူတို့ အဓိကတောင်းရမ်းတဲ့ သူတွေကတော့ စုံတွဲတွေကိုပါပဲ။ ဘာကြောင့်လဲဆိုတော့ စုံတွဲတော်တော်များများဟာ အခုလိုအခြေအနေမျိုးတွေကို အာရုံအနောက်မခံကြဘူး ဆိုတာကို သူတို့ကိုခိုင်းစေတဲ့ သူတွေက သိထားလို့ပါပဲ။

“အဓိကတော့ ဥပဒေနဲ့ နည်းဥပဒေ အားနည်းချက်တွေနဲ့လည်း ဆိုင်တယ်။ အစိုးရက ဒီကိစ္စနဲ့ပတ်သက်ပြီး စီမံချက်တွေ ဖော်ဆောင်တယ်၊ အရေးယူမှုတွေလုပ်မယ်လို့ ပြောပေမယ့် တကယ်တမ်း ကလေးတွေကို အသုံးချနေတာ နေရာတိုင်း တွေ့နေရတာပဲလေ။ တကယ်တမ်း ထိထိရောက်ရောက်လုပ်ရင် ဒါမျိုးက မဖြစ်သင့်ဘူး” လို့ တရားလွှတ်တော်ရှေ့နေတဦးက ပြောပါတယ်။

လက်ရှိပြဋ္ဌာန်းထားတဲ့ ကလေးသူငယ်ဥပဒေ (၁၉၉၃) ကို ခေတ်ကာလနှင့်အညီ ဖြစ်စေရေး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအဖြစ် ပြင်ဆင်ရေးဆွဲနေတယ်လို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ပြောဆိုပါတယ်။

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက လူ့အဖွဲ့အစည်းအတွင်းက ကလေးသူငယ်တွေရဲ့ အကျိုးစီးပွားကို အကောင်းဆုံး ဖော်ဆောင်ပေးနိုင်ဖို့ လက်ရှိပြဋ္ဌာန်းထားတဲ့ ကလေးသူငယ်ဥပဒေ (၁၉၉၃) ကို ခေတ်ကာလနှင့်အညီ ဖြစ်စေရေး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေအဖြစ် ပြင်ဆင်ရေးဆွဲလျက်ရှိရာ မကြာမီ ပြဋ္ဌာန်းနိုင်မယ်လို့ ပြောကြားထားပြီး ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့် မူဝါဒကိုလည်း လက်ရှိမှာ ပြဋ္ဌာန်းထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လမ်းပေါ်နေ ကလေးသူငယ်တွေနဲ့ တောင်းရမ်းစားသောက်သူ ကလေးတွေအတွက် ဆောင်ရွက်မည့် နည်းလမ်းတွေကို ဖော်ထုတ်နိုင်ခဲ့ပြီး အခုပြဋ္ဌာန်းထားမယ့် ဥပဒေမှာ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ဝန်ကြီးက ပြောပါတယ်။

အချက်အလက် ကိန်းဂဏန်းအရ အတိအကျ မသိရပေမယ့် အခုလို တောင်းရမ်းမှုတွေဟာ သမ္မတ ဦးသိန်းစိန် လက်ထက်ကစပြီး လက်ရှိအချိန်ထိ ပိုပြီး ဆိုးရွားလာသလို နေရာတိုင်းမှာလည်း မြင်လာ တွေ့လာရပါတယ်။ ဒါ့အပြင် တောင်းရမ်းတဲ့ ပုံစံတွေကလည်း တနေရာနဲ့တနေရာ ကွဲပြားကြပါတယ်။ ဘတ်စ်ကားပေါ်တွေမှာတော့ သူတို့တောင်းရမ်းပုံက ပုံစံတမျိုးပါ။ ပထမဦးဆုံး မှတ်တိုင်မှာရပ်တဲ့ ကားတွေထဲကမှ လူအရမ်းမကြပ်တဲ့ ကားတွေကို ရွေးပြီး ကားပေါ်ကလူတွေကို စာရွက်လေးတွေ အရင်ဆုံး လိုက်ကမ်းလိုက်ပါတယ်။

စာရွက်ထဲမှာတော့ ကွန်ပျူတာစာလုံးနဲ့ သေချာရိုက်နှိပ်ထားတဲ့ “ဘယ်ဒေသက ကျေနာ် ကျမတို့ရဲ့ မိဘ ဘယ်သူဘယ်ဝါတွေကတော့ ဘာရောဂါကို ခံစားနေရပါတယ်၊ ဒါ့ကြောင့် ကျနော် ကျမတို့ရဲ့ အရှက်ကိုငဲ့ပြီး ဒီစာလေးနဲ့ တောင်းရမ်းလိုက်ရပါတယ်” ဆိုပြီး ရေးသားထားပါတယ်။ ပြီးရင်တော့ စာရွက်လေးတွေကို လိုက်သိမ်းပါတယ်။ တချို့ကတော့ စာရွက်နဲ့အတူ ပိုက်ဆံပါ ထည့်ပေးလိုက်ပါတယ်။

အဲ့လို လိုက်တောင်းတဲ့သူတွေရဲ့ ပုံစံကို ကြည့်လိုက်ရင် အရွယ်ရောက်ပြီးသား အသက် ၁၀ နှစ်အထက် ကလေးတွေ အများစုပါ။ တချို့ဆိုရင် အရွယ်ရောက်နေတဲ့ သူတွေတောင် ပါပါသေးတယ်။ အဲ့လို ကားပေါ်တွေမှာ လိုက်တောင်းနေတဲ့ သူတွေဟာ တအုပ်စုထဲပါ။ သူတို့ဟာ ရန်ကုန်မြို့အနှံ့မှာ လူစုခွဲပြီး လိုက်လံတောင်းရမ်းနေတာ ဖြစ်ပြီး ညနေဘက်မှာတော့ သူတို့ရဲ့ ဆုံရပ်တနေရာမှာ ပြန်လည်ဆုံကြပါတယ်။ သူတို့ တနေ့တာ တောင်းရမ်းလို့ရတဲ့ ငွေဟာ ကျပ် ၂ သောင်းအထက်မှာ ရှိပါတယ်။

ဒီလို ကလေးတွေ ပုံစံမျိုးစုံနဲ့ တောင်းရမ်းနေတာကို ရန်ကုန်မြို့နေရာတော်တော်များများမှာ တွေ့ရတယ်။ ကိုယ်တိုင်လည်း မကြာခဏ ကြုံဖူးတယ်။ သင်တန်းကအပြန် မြေနီကုန်း ခုံးတံတားအောက်မှာ ထိုင်နေရင်း လူတွေကြားမှာ ပြေးလွှားနေတဲ့ ကလေးနှစ်ယောက်ကို အမြဲတမ်း မြင်ရတယ်။ ပြီးတော့ ကလေးတွေက ထိုင်နေတဲ့ သူတွေဆီက ပိုက်ဆံလိုက်တောင်းတယ်။ ရတဲ့ပိုက်ဆံကို သူတို့ကို ခိုင်းတဲ့သူတွေဆီ သွားသွားပြီး ပေးတာလည်း မြင်ရတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသား ကိုထက်ဝေလင်းက “တခါတလေဆို တော်သေးတယ်။  အခုလို ကလေးတွေကို ဗန်းပြပြီး တောင်းရမ်းခိုင်းတာကတော့ မဖြစ်သင့်ဘူး။ ဒါက နေရာတိုင်းမှာဖြစ်နေတာ အမြဲ မြင်နေ ကြုံနေရတာ၊ နောက်ဆုံး ၁၉ လမ်းလို ဘီယာဆိုင်တွေမှာတောင် ကြုံနေရတာ၊ နိုင်ငံခြားသားတွေ အမြင်မှာ ဒါတွေက မသင့်လျော်ဘူး” လို့ ပြောပါတယ်။

ရန်ကုန်မြို့ရဲ့ နေရာအနှံ့အပြားမှာ တောင်းရမ်းတဲ့သူတွေဟာ ကလေးသူငယ်တွေကို ဗန်းပြပြီး ပုံစံမျိုးနဲ့ တောင်းရမ်းနေတာကို တွေ့မြင်ကြရပါတယ်။ ဘယ်နေရာကိုပြန်ဖို့ လမ်းစရိတ် ပြတ်သွားလို့ဆိုပြီး တောင်းရမ်းကြပါတယ်။ ကျနော်ကိုယ်တိုင် အဲ့လို စရိတ်တောင်းတဲ့သူကို ပိုက်ဆံမပေးဘဲ ကားလက်မှတ်ဖြတ်ပေးမယ်၊ ကားငှားပေးမယ်လို့ ပြန်ပြောလိုက်တော့ ဆက်မတောင်းတော့ဘဲ  ထွက်သွားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ မင်္ဂလာတောင်ညွန့်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက တိုင်းလွှတ်တော်အစည်းအဝေးမှာ “အရွယ်မရောက်သေးတဲ့ ရင်ခွင်ပိုက်ကလေးငယ်တွေကို အရင်းပြု တောင်းရမ်းနေသူတွေကို ထိန်းသိမ်းဖို့ မည်သည့်ဌာနမှာ တာဝန်ရှိသလဲ၊ တာဝန်ရှိသူတွေက ဘယ်လိုထိန်းသိမ်း စောင့်ရှောက်သွားမလဲ၊ စာသင်ရွယ်ကလေးသူငယ်များ တောင်းရမ်းစားသောက်နေတာတွေ၊ တောင်းရမ်းခိုင်းခြင်း၊ သက်ကြီးရွယ်အိုတွေကို တောင်းရမ်းခိုင်းခြင်းတို့ကို ဘယ်လိုဆောင်ရွက်ပေးမလဲ သိလိုကြောင်း” မေးမြန်းခဲ့ပါတယ်။

ဒီမေးမြန်းချက်ကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ရင်ခွင်ပိုက်ကလေးချီကာ တောင်းစားနေသူတွေ အပါအဝင် တောင်းရမ်းနေသူတွေကို တွေ့ရှိရင် ရန်ကုန်မြို့တော်စည်ပင်ကို အကြောင်းကြားကြပါလို့ ပြန်ဖြေခဲ့ပြီး စည်ပင်အနေနဲ့ တောင်းရမ်းသူတွေကို ခေါ်ယူထိန်းသိမ်းကာ အသက်အရွယ်အလိုက်ခွဲကာ ဝါးနက်ချောင်း လူမှုစောင့်ရှောက်ရေးဌာန၊ ရွှေဂုံတိုင် ကလေးပြုစုရေးဌာန၊ သန်လျင်လူငယ်သင်တန်းကျောင်း၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းနဲ့  ထောက်ကြံံ့ အမျိုးသမီးသင်တန်းကျောင်းတွေကို ပို့ဆောင်ပေးနေတယ်လို့ တိုင်းလွှတ်တော်မှာ ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၂ ရက်က လှည်းတန်း ခုံးတံတားအောက်မှာ တောင်းရမ်းနေတဲ့ ကလေးတွေ အပါအဝင်  အခြေအနေမဲ့ လူ ၄၀ ကျော်ကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ မြို့နယ်ရဲတပ်ဖွဲ့က ပူးပေါင်းရှင်းလင်း ဖယ်ရှားခဲ့ပါတယ်။ ဒီလူ ၄၀ ကျော်ထဲမှာ တောင်းရမ်းစားသောက်နေတဲ့ ကလေးတွေ ပါဝင်ပြီး ဒီကလေးတွေထဲက တချို့ကို အိပ်ဆေးတိုက်ကာ လှည်းတန်း လူကူးခုံးတံတားပေါ်မှာ တောင်းရမ်းခိုင်းတဲ့ အခြေအနေတွေလည်း ရှိတယ်လို့ စည်ပင်က ပြောထားပါတယ်။

မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံတနိုင်ငံဖြစ်ပြီး LDC စာရင်းဝင်နိုင်ငံဖြစ်ပေမယ့် အလှူအတန်း ရက်ရောတဲ့ နေရာမှာတော့ ထိပ်ဆုံးကို ရောက်နေတယ်ဆိုတာ ကိန်းဂဏန်းတွေက သက်သေပါပဲ။ ကမ္ဘာပေါ်မှာ Philanthropy လို့ခေါ်တဲ့ ပရဟိတလုပ်ငန်း ဆောင်ရွက်တဲ့ နိုင်ငံတွေစာရင်းမှာ မြန်မာဟာ အမေရိကန်နိုင်ငံနဲ့အတူ အဆင့် ၁ နေရာမှာ ရပ်တည်နေတယ်လို့ စစ်တမ်းတွေမှာ ဖော်ပြပါတယ်။

ဖွံ့ဖြိုးမှုအရာမှာ အဘက်ဘက်က နိမ့်ကျနေပေမယ့် မြန်မာလူမျိုးတွေဟာ ကူညီရိုင်းပင်းချင်စိတ်၊ စာနာထောက်ထားမှု၊ စေတနာသဒ္ဒါတရား ထက်သန်မှုတွေကတော့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ဒီလိုအခြေအနေတွေကို တလွဲ အသုံးချမှုတွေ ရှိနေပါတယ်။

တကယ်တော့ ဒါတွေဟာ သူတပါးရဲ့ပိုက်ဆံကို အလွယ်တကူ ရယူလိုမှုစိတ်နဲ့ ငွေလိမ်လည်တောင်းနေတဲ့ ပုံစံတခုလို ဖြစ်နေပါတယ်။ ပြီးတော့ နုနယ်တဲ့ ကလေးတွေရဲ့ စိတ်ကို အရွယ်မရောက်ခင် ဘူးသီးအမွေးသတ်သလို ဖြစ်သွားတာကြောင့် ကျနော်တို့ လူ့အဖွဲ့အစည်းအနေနဲ့ ဝိုင်းဝန်းထိန်းသိမ်းသင့်တဲ့ အခြေအနေကို ဖန်တီးသင့်ပါတယ်။

ပြည့်ဘုန်းအောင်(ဘူကင်း)
DVB

No comments:

Post a Comment