Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, August 22, 2018

ေတာင္ၾကီးတြင္ ေလးေလာင္းျပိဳင္ လူသတ္မႈျဖစ္ပြား ၊ ရဲတပ္ဖြဲ႕က သိရွိျခင္းမရွိဟုဆို


ေတာင္ၾကီးျမိဳ႕မွာ ယမန္ေန႕ ၾသဂုတ္လ ၂၀ ရက္ေန႕ ညပိုင္း ၇း၃၀ မိနစ္အခ်ိန္က ေရႊဘုန္းပြင့္ေတာင္တက္လမ္း ရွိ ဆက္သြယ္ေရးအလုပ္ရံု တပ္ရင္း (၂) ကန္႕သတ္နယ္ေျမ ထဲမွာ ေလးေလာင္းျပိဳင္လူသတ္မႈျဖစ္ပြားခဲ့တယ္လို႕ စံုစမ္းသိရွိရပါတယ္။

အရာခံဗိုလ္တစ္ဦး၊ တပ္ၾကပ္ၾကီးတစ္ဦးနဲ႕ အရာခံ ဗိုလ္ ဇနီး နဲ႕ ကေလး တစ္ဦး တို႕ေလးေလာင္းျပိဳင္ေသဆံုးခဲ့တာျဖစ္ျပီးေတာ့ အခင္းျဖစ္ပြားမႈ နဲ႕ပတ္သတ္ျပီး ရဲတပ္ဖြဲ႕က အတည္ျပဳထားတာမရွိသလို သိရွိျခင္းမရွိဘူးလို႕လည္း ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕မွဴးရံုးမွ တာ၀န္ရွိသူတစ္ဦး ကေျပာပါတယ္။

" ကၽြန္ေတာ္တို႕ဆီေတာ့ ဘာမႈခင္း မွတ္တမ္းမွ တက္မလာေသးဘူးဗ်၊ ဒီျဖစ္စဥ္နဲ႕ပတ္သတ္လို႕ ဟုတ္သလား မဟုတ္သလားဆိုတာ ကၽြန္ေတာ္ဆို႕ဆီ တက္လာမွ ပဲ အတည္ျပဳေျပာလို႕ရပါမယ္ " လို႕ ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕မွဴးရံုးမွ ရဲအရာရွိတစ္ဦး ကေျပာပါတယ္။

အဆိုပါ ေလးေလာင္းျပိဳင္လူသတ္မႈနဲ႕ပတ္သတ္ျပီးေတာ့ ဘာေၾကာင့္သတ္ခံရတယ္၊ ဘယ္သူသတ္သြားတယ္ ဆိုတာကို ရွမး္ျပည္နယ္ အစုိးရအဖြဲ႕ တာ၀န္ရွိသူူေတြဘက္မွ သတင္းထုတ္ျပန္ျခင္းမရွိသလို ရွမ္းျပည္နယ္ ရဲတပ္ဖြဲ႕နဲ႕ ျမိဳ႕မရဲစခန္းကလည္း သိရွိျခင္းမရွိဘူးလို႕သာ သတင္းမီဒီယာေတြကို ေျပာဆိုထားပါတယ္။

ေလးေလာင္းျပိဳင္လူသတ္မႈျဖစ္စဥ္ေၾကာင့္ ေဒၚအိအိမိုး အသက္ ၄၂ ႏွစ္၊ ဒုအရာခံဗိုလ္ ေအာင္ဆန္း၀င္း ၊ မေမရွင္းသန္႕ျဖဴ အသက္ ၅ ႏွစ္ ၊တပ္ၾကပ္ၾကီး လြမ္းေ၀ေအာင္တို႕ ေသဆံုးမႈျဖစ္ပြားခဲ့တယ္လို႕ အမည္မေဖာ္လိုသူ ရဲအရာရွိတစ္ဦးက အတည္ျပဳေျပာဆိုပါတယ္။

အခင္းျဖစ္ပြားခဲ့တဲ့ေနရာဟာ ေရႊဘုန္းပြင့္အတက္လမ္း ကန္႕သတ္နယ္ေျမျဖစ္ျပီးေတာ့ အျပင္လူ ၀င္ေရာက္ခြင့္မရွိတဲ့ ေနရာလည္းျဖစ္ပါတယ္။

ေတာင္ၾကီးျမိဳ႕မွာ ယခင္က ေလးေလာင္းျပိဳင္လူသတ္မႈျဖစ္ပြားတာမ်ိဳးမၾကားဖူးတဲ့အတြက္ ေတာင္ၾကီးျမိဳ႕ ေဒသခံေတြက စိုးရိမ္မႈျဖစ္ပြားေနၾကပါတယ္။
 နန္းဧကရီ (ေရႊၾတိဂံ)
ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/

#Unicode Version#
တောင်ကြီးမြို့မှာ ယမန်နေ့ သြဂုတ်လ ၂၀ ရက်နေ့ ညပိုင်း ရး၃၀ မိနစ်အချိန်က ရွှေဘုန်းပွင့်တောင်တက်လမ်း ရှိ ဆက်သွယ်ရေးအလုပ်ရုံ တပ်ရင်း (၂) ကန့်သတ်နယ်မြေ ထဲမှာ လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

အရာခံဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦးနဲ့ အရာခံ ဗိုလ် ဇနီး နဲ့ ကလေး တစ်ဦး တို့လေးလောင်းပြိုင်သေဆုံးခဲ့တာဖြစ်ပြီးတော့ အခင်းဖြစ်ပွားမှု နဲ့ပတ်သတ်ပြီး ရဲတပ်ဖွဲ့က အတည်ပြုထားတာမရှိသလို သိရှိခြင်းမရှိဘူးလို့လည်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦး ကပြောပါတယ်။

" ကျွန်တော်တို့ဆီတော့ ဘာမှုခင်း မှတ်တမ်းမှ တက်မလာသေးဘူးဗျ၊ ဒီဖြစ်စဉ်နဲ့ပတ်သတ်လို့ ဟုတ်သလား မဟုတ်သလားဆိုတာ ကျွန်တော်ဆို့ဆီ တက်လာမှ ပဲ အတည်ပြုပြောလို့ရပါမယ် " လို့ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦး ကပြောပါတယ်။

အဆိုပါ လေးလောင်းပြိုင်လူသတ်မှုနဲ့ပတ်သတ်ပြီးတော့ ဘာကြောင့်သတ်ခံရတယ်၊ ဘယ်သူသတ်သွားတယ် ဆိုတာကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူူတွေဘက်မှ သတင်းထုတ်ပြန်ခြင်းမရှိသလို ရှမ်းပြည်နယ် ရဲတပ်ဖွဲ့နဲ့ မြို့မရဲစခန်းကလည်း သိရှိခြင်းမရှိဘူးလို့သာ သတင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။

လေးလောင်းပြိုင်လူသတ်မှုဖြစ်စဉ်ကြောင့် ဒေါ်အိအိမိုး အသက် ၄၂ နှစ်၊ ဒုအရာခံဗိုလ် အောင်ဆန်းဝင်း ၊ မမေရှင်းသန့်ဖြူ အသက် ၅ နှစ် ၊တပ်ကြပ်ကြီး လွမ်းဝေအောင်တို့ သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက အတည်ပြုပြောဆိုပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့နေရာဟာ ရွှေဘုန်းပွင့်အတက်လမ်း ကန့်သတ်နယ်မြေဖြစ်ပြီးတော့ အပြင်လူ ဝင်ရောက်ခွင့်မရှိတဲ့ နေရာလည်းဖြစ်ပါတယ်။

တောင်ကြီးမြို့မှာ ယခင်က လေးလောင်းပြိုင်လူသတ်မှုဖြစ်ပွားတာမျိုးမကြားဖူးတဲ့အတွက် တောင်ကြီးမြို့ ဒေသခံတွေက စိုးရိမ်မှုဖြစ်ပွားနေကြပါတယ်။
 နန်းဧကရီ (ရွှေတြိဂံ)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/




No comments:

Post a Comment