Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, August 22, 2018

မႏၲေလးတြင္ ၈ထပ္တိုက္ေခါင္မိုး၌ ေလတံခြန္လႊတ္သည့္ ၇တန္းေက်ာင္းသား ျပဳတ္က်ေသဆံုး

မႏၲေလးၿမိဳ႕ မဟာေအာင္ေျမၿမိဳ႕နယ္တြင္ ၈ထပ္တိုက္ေခါင္မိုးေပၚ ေလတံခြန္တက္လႊတ္သည့္ ၇တန္းေက်ာင္းသား တစ္ဦး ျပဳတ္က်ေသဆံုး ခဲ႔ေၾကာင္း သတင္းရရွိသည္။

ယမန္ေန႔ (ၾသဂုတ္ ၂၁ရက္) ညေန ၆နာရီအခ်ိန္ခန္႔က မဟာေအာင္ေျမၿမိဳ ႔နယ္၊ စၾကၤာႏြယ္စဥ္ရပ္ကြက္၊ အကြက္(၆၇၄)၊ (၇၅)လမ္း (၃၇×၃၈)လမ္းၾကား႐ွိ RC(၈)ထပ္တိုက္ေခါင္မိုး စလစ္ျပင္ ရင္ျပင္ေပၚတြင္ ေလတံခြန္လႊတ္သည့္ (၁၂)ႏွစ္အရြယ္ (၇)တန္းေက်ာင္းသားတစ္ဦး ျပဳတ္က်ေသဆံုးခဲ႔ျခင္း ျဖစ္သည္။

အဆိုပါ (၈)ထပ္တိုက္အေပၚဆုံး႐ွိ စလစ္ျပင္ေပၚတြင္ ဦးဝင္းကို၏ သားျဖစ္သူ ေမာင္မ်ိဳးကို(၁၂)ႏွစ္ (၇)တန္းေက်ာင္းသားသည္ ေလတံခြန္လႊတ္ေနစဥ္ အ႐ွိန္လြန္ၿပီးျပဳတ္က်ခဲ့ရာ ညာဘက္လက္က်ိး၊ ႏွာေခါင္း ေသြးထြက္ဒဏ္ရာရ႐ွိခဲ့သျဖင့္ ေဆး႐ုံပို႔ေဆာင္ေပးခဲ့ရာ ညေန (၆)နာရီ (၁၅)မိနစ္တြင္ ရ႐ွိခဲ့သည့္ဒဏ္ရာမ် ားေၾကာင့္ ေသဆုံးသြားသည္ဟု အုပ္ခ်ဳပ္ေရးမွဴးထံမွ သိရသည္။

ေသဆုံးမႈႏွင့္ပတ္သတ္ၿပီး အမွတ္၉ ၿမိဳ႕မရဲစခန္းမွဓမၼတာအတိုင္း ေသဆုံးျခင္းဟုတ္မဟုတ္ ေသမႈေသခင္း အမွတ္စဥ္ ၁၆/၂၀၁၈ ျဖင့္ အမႈဖြင့္ကာ စစ္ေဆးလွ်က္ရွိသည္။
မင္းသန္႔
Unicode Version
မန္တလေးမြို့ မဟာအောင်မြေမြို့နယ်တွင် ၈ထပ်တိုက်ခေါင်မိုးပေါ် လေတံခွန်တက်လွှတ်သည့် ၇တန်းကျောင်းသား တစ်ဦး ပြုတ်ကျသေဆုံး ခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့ (သြဂုတ် ၂၁ရက်) ညနေ ၆နာရီအချိန်ခန့်က မဟာအောင်မြေမြို့နယ်၊ စြင်္ကာနွယ်စဉ်ရပ်ကွက်၊ အကွက်(၆၇၄)၊ (၇၅)လမ်း (၃၇×၃၈)လမ်းကြားရှိ RC(၈)ထပ်တိုက်ခေါင်မိုး စလစ်ပြင် ရင်ပြင်ပေါ်တွင် လေတံခွန်လွှတ်သည့် (၁၂)နှစ်အရွယ် (၇)တန်းကျောင်းသားတစ်ဦး ပြုတ်ကျသေဆုံးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ (၈)ထပ်တိုက်အပေါ်ဆုံးရှိ စလစ်ပြင်ပေါ်တွင် ဦးဝင်းကို၏ သားဖြစ်သူ မောင်မျိုးကို(၁၂)နှစ် (၇)တန်းကျောင်းသားသည် လေတံခွန်လွှတ်နေစဉ် အရှိန်လွန်ပြီးပြုတ်ကျခဲ့ရာ ညာဘက်လက်ကျိး၊ နှာခေါင်း သွေးထွက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးရုံပို့ဆောင်ပေးခဲ့ရာ ညနေ (၆)နာရီ (၁၅)မိနစ်တွင် ရရှိခဲ့သည့်ဒဏ်ရာမျ ားကြောင့် သေဆုံးသွားသည်ဟု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

သေဆုံးမှုနှင့်ပတ်သတ်ပြီး အမှတ်၉ မြို့မရဲစခန်းမှဓမ္မတာအတိုင်း သေဆုံးခြင်းဟုတ်မဟုတ် သေမှုသေခင်း အမှတ်စဉ် ၁၆/၂၀၁၈ ဖြင့် အမှုဖွင့်ကာ စစ်ဆေးလျှက်ရှိသည်။

မင်းသန့်

No comments:

Post a Comment