Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, July 19, 2018

ကြံ့ခိုင်ရေးမဟုတ်တဲ့ ကျွန်တော် NLD လဲမဟုတ်ဘူးနော်


ဦးသိန်းစိန်အစိုးရ စတက်လာတော့ ဒေါ်လာဈေးက၁၀၀၀-ကျပ် ပတ်ဝန်းကျင်
ဦးသိန်းစိန်အစိုးရ ဆင်းသွားတော့လဲ ဒေါ်လာဈေးက၁၀၀၀-ကျပ်စွန်းစွန်းလေး
ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက် အချိန်က၂ နှစ်ခွဲအတွင်း ဒေါ်လာဈေးက
၁၄၀၀-ကျပ် ကျော်
အချိုးချရင် ငွေကြေးဖေါင်းပွမှု့နဲ့ သွင်းကုန်ဈေးမြင့်တက်မှု့
အချိုးက ၄၀% ထိ ရှိနေတယ် ငြင်းမရတဲ့ပုဒ်စာပါ
ကားဈေးတွေလဲ တက်တယ်။ သို့သော်အရောင်းအဝယ်မရှိကြဘူး။
မြေဈေးတွေ အဆမတန် ကျဆင်းနေတယ်။
"တိုးတက်တဲ့ တိုင်းပြည်တိုင်းမှာ မြေဈေးနှုန်းကအမြဲ မြင့်တက်နေတယ်"
ခေတ်အဆက်ဆက် အနောက်တံခါးပြသနာကလဲ
နတ်ရေကန်ထဲကျသလို ကြီးထွားလာတာကလဲ
ဝေဖန်စရာတစ်ခုဖြစ်လာတယ်။
"နိုင်ငံရေးတိုက်ပွဲဆိုတာ ကိုယ်ပါတီအနိုင်ရယုံနဲ့ တိုက်ပွဲ
အောင်မြင်တာ မဟုတ်ဘူး"
ကတိကဝတ်တွေအပေါ် လုပ်ပေးနိုင်မှု့ပြည်သူ့ဘဝ စားဝတ်နေရေး အဆင်ပြေမှု့
တရားဥပဒေစိုးမိုးရေး နဲ့ ဒေသတွင်းလုံခြုံရေးပါ
တည်ဆောက်နိုင်မှ အစိုးရကောင်းအဖြစ် ရပ်တည်နိုင်မယ်။
ဒီလိုမှမဟုတ်ရင် ပြည်သူကို ကိုယ်စားပြုတဲ့ အစိုးရအဖြစ်ပြောဘို့ခက်နေပါလိမ့်မယ်။

ကြံ့ခိုင်ရေး မဟုတ်တဲ့ကျွန်တော်NLD လဲ မဟုတ်ဘူးနော်(၂-)
တရုတ်ပြည်ကို ဒီဘက်နှစ်ထဲ တစ်လ တစ်ကြိမ်လောက်ပုံမှန်ရောက်ဖြစ်တယ်။
 ရောက်တိုင်းလဲ တိုးတက်ပြောင်းလဲမှု့ဖြစ်စဉ် ဘဏ်စနစ် ထုတ်ကုန်/သွင်းကုန် အစစ
လေ့လာဖြစ်တယ်။
တရုတ်ရဲ့ အောင်မြင်မှု့သော့ချက်က"အမျိုးသားအကျိုးစီးပွါး"ကို ရှေ့တန်းတင်တာဘဲ
ဂျပန် နဲ့ အမေရိကန်တို့က နည်းပညာကို အားကိုးတယ်။
တရုတ်က ပြန်ပြီးမှီငြမ်းတယ် အမြတ်ထုတ်တယ်။
စစ်တပ်အုပ်ချုပ်ရေးခေတ်မှာစပါးစိုက်ပျိုးရေးနဲ့ပါတ်သက်ပြီး"နွေစပါးစိုက်တာ"
ပေါ်ထွန်းလာတယ် ။ဖိအားမျိုးစုံနဲ့ စစ်တိုင်းမှုးတွေအာင်မြင်စွာ လုပ်ခဲ့ကြတယ်
(စစ်တပ်ကောင်းကြောင်း ပြောချင်တာ မဟုတ်ပါ)
NLD အစိုးရလက်ထက် မွေး/ရေ ဝန်ကြီးဌာန ကိုဒါက်တာအောင်သူ တာဝန်ယူပြီဆိုတော့....
ပညာတတ်ကြီးဗျာ စိုက်ပျိုးရေး/မွေးမြူရေး တရှိန်ထိုး
တိုးတက်မယ်ထင်မိတာဗျ တကယ်တော့ဗိုလ်ချုပ်မြင့်လှိုင် ရဲ့ "ဆင်းရွှေလီ"ခေတ်က မရုန်းနိုင်ဘူး။
ဂျပန်/တရုတ်/ကိုရီးယား မှာခေတ်ထနေတဲ့
"လုံးပု"ဆိုတဲ့ စပါး အဆင့်ပြောရင် သူသိမယ်မထင်ဘူး။
မွေးမြူရေးဘက်ကြည့်ပြန်တော့ CP company ကသိက္ခာဆယ်ပေးနေပြန်တယ်။
တောင်သူတွေဘဝကလဲ လှုပ်ရင်မြှပ်တဲ့ဘဝဆိုတော့
တရုတ်တွေ ဖရဲသီးစိုက်ဘို့ မြေငှားစားတဲ့ ဘဝဘဲရာက်နေပြန်တယ်။
ပြည်တွင်းမှာ မဖြစ်မနေလိုအပ်တဲ့ ဓါတ်မြေသြဇာအလုံအလောက်ရတဲ့ တောင်သူတွေ/

လယ်သမားတွေရှိခဲ့ရင် ကျွန်တော့ကိုပြပါ ။အသက်ပါထပ်ပြီးလောင်းရဲတယ်။
သမ္မတ စိုက်ခင်းက လူတော့ ခေါ်မလာနဲ့ပေါ့ဗျာ။
ငါး/ပုဇွန် မွေးမြူရေးကြည့်မလား။
သိပ္ပံနည်းကျ မွေးနေရာက တမံပိတ် ငါးရိုင်းသွင်းပြီး
အလေ့ကျစနစ်နဲ့ နောက်ကြောင်းပြန်လှည့်နေပြီ။အများစုကို ပြောနေတာပါ။
စိတ်ပျက်စရာ အကောင်းဆုံးကမွးမြူရေးအစားအစာ/ပုဇွန်စာ မြန်မာပြည်က
ငါးခြောက်မှုန့်တွေ ဖွဲနု ဖွဲကြမ်း ကုန်ကြမ်းတွေပြည်ပပို့ပြီး
ပြည်ပက ကုန်ချောပြန်သွင်းနေရတယ်။
ဒါဟာ သွင်းကုန်အစားထိုး ပြည်တွင်းမှာ လုပ်နိုင်လျက်နဲ့လုပ်ခွင့်မရတာဘဲ။

 နိုင်ငံခြားငွေဖြုန်းတီးတာဘဲ။ပညာရှင်ဆိုသူတွေလဲ နေရာမရတော့ ရေကြည်ရာ
မျက်နုရာပြေးကြပြီ။
လယ်သမား ဘဝကိုကြည့်မလား။ဆန်စက်ပိုင်တွေ/ငွေရှင်တွေဆီက ကြိုတင်ငွေထုတ်ဓါတ်မြေသြဇာဝယ် လက်တွန်းထွန်စက်ဝယ်၊ပန်ဆပ်တော့ ဈေးအနှိမ်ခံထားရတဲ့ စပါးဈေးအတိုင်းစပါးပြန်ပေးရတော့ စားဘို့ ဝမ်းစာတောင် မကျန်ဘူး။
ဒီကိစ္စတွေမှာ သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့တိုင်းဒေသကြီးအစိုးရတွေ ပေါင်းစပ်ညှိနှိုင်းပြီး
လုပ်ဆောင်ခဲ့ရင် လယ်သမားတွေဘဝ နွံ့ထဲမှာအချိန်မကုန်ဘူးဗျ။
ကဲ..ဒေါက်တာကြီးဦးအောင်သူရေ...အပြုသဘောရးတာပါ အခြေအနေအမှန်တင်ပြတာ
ကြံ့ခိုင်ရေးမဟုတ်တဲ့ ကျွန်တော်NLD လဲ မဟုတ်ဘူးနော်(၃-)
ဆရာကြီးဒေါက်တာအောင်သူရေ...ဒီမိုကရေစီနိုင်ငံအများစုက လွှတ်တော်-ဝန်ကြီးဌာန-ရေးရာကော်မတီ၃-ခုစလုံးက စီးနှောင်မှု့တွေ အမြင်ဖလှယ်မှု့တွေ
နောက်က လုပ်ငန်းဖေါ်ဆောင်မှု့တွေနဲ့ သွားကြရတာပါ။
ပါတီမှာ သက်တော်ရှည်နေဘူးလို့ ရေးရာကော်မတီဥက္ကဌ ခန့်တာတွေက နိုင်ငံအတွက်ထိရောက်မှု့ 

မရှိနိုင်ဘူး။ပည်ပနိုင်ငံတွေမှာ ပညာရှင်အများစုက ရေးရာကော်မတီမှာ
တာဝန်ယူကြပြီး နိုင်ငံရေးသမားက ဝန်ကြီးဌာနမှာ
တာဝန်ယူတတ်ကြတယ်။ ဒါမှလဲ ချိန်ခွင်လျှာညီမယ်။
ပြည်ပပို့ကုန်ရဲ့အဓိက က မွေး/ရေ နဲ့ သစ်တောလို့ပာရင် မမှားပါဘူး။
ကိုရီးယား/ဂျပန်/တရုတ် လို နိုင်ငံမျိုးမှာကျာက်သားခံနေတဲ့ အပေါ်မှာ မှန်လုံအိမ်စနစ်တွေ
သုံးနေတာ ကြာပြီ။မန်မာပြည်က ထုတ်တဲ့ ဂုံနီကောဇောကြမ်းတွေဝယ်ပြီး
ကျောက်တောင်တွေပေါ်ခင်း အပေါ်က သစ်ပင်တွေစိုက်
ဒီစနစ်တွေမြန်မာမှာ သုံးစရာမလိုပါဘူး။ဘယ်နားစိုက်စိုက် အပင်ပေါက်ပါတယ်။
စပါးစိုက်မှ စိုက်ပျိုးရေးမဟုတ်ပါ။အခြားသီးနှံတွေ စိုက်ပျိုးဘို့ စက်မှု့လယ်ယာတွေဖေါ်
ထုတ်ဘို့ ခိုင်မာတဲ့ဈေးကွက်တွေဖန်တီးဘို့ အသီးဖျော်
ရည်ဗူးတွေထုတ်လုပ်ပြီး ပို့ကုန်ပြောင်းဘို့ .....စသဖြင့်နာက်ဆုံးအဆင့် ညံ့ပါတယ်ဆိုတဲ့

 မြေကြီးပေါ်မှာ"ပြောင်း"စိုက်လို့ရတယ် တိရိစ္ဆာန်အစားအစာ ထုတ်လို့
ရတယ်ဆိုတာလောက်တော့ ဖန်တီးသင့်ပါပြီ။
တောင်သူလယ်သမားတွေ မြေယာပိုင်ဆိုင်ခွင့်ရတဲ့ခတ်ကြီးမှာ HP စနစ်နဲ့ လယ်ယာသုံးအထောက်

အကူပြုပစ္စည်းတွေ နိုင်ငံတကာနဲ့ ချိတ်ဆက်ပြီး ကူညီတဲ့ပုံစံတွေ
အများကြီး လုပ်ခွင့်ရှိနေပါတယ်။ လုပ်ကိုင်ခဲ့ပါကတာင်သူတွေအတွက် အတိုးနှုန်း နည်းနည်းနဲ့
လယ်သမားဘဝ မြှင့်တင်ရာရောက်နိုင်မယ်။ကျွန်တော် တောသားပါ ဒေါက်တာမဟုတ်ပါ
(ဆက်လက်ရေးပါမည် လေးစားလျက်)

ကြံ့ခိုင်ရေးမဟုတ်တဲ့ ကျွန်တော်NLD လဲမဟုတ်ဘူး(၄-)
ဝန်ကြီးဒေါက်တာအောင်သူ ခင်ဗျား...
"ပြောင်းလဲချိန်တန်ပြီ"လို့ ကြွေးကြော်လာတဲ့ အစိုးရသစ်လက်ထက်မှာ မြေယာတွေလက်ဦးမှု့ယူ မစိုက်ပျိုးဘဲထားတဲ့မြေတွေ စိစစ်ပြီး သိမ်းသင့်တာတွေသိမ်းလယ်ယာမြေဖေါ်ထုတ်သင့်တာတွေ လုပ်သင့်ပါပြီ။
ဒါ့အပြင်..ခေတ်နဲ့ မလျော်ညီတဲ့ ဆန်စက်တွေနေရာမှာခတ်မှီဆန်စက်တွေ အစားထိုးသင့်ပြီ
အင်္ဂလိပ်ခေတ် လက်ကျန်ဆန်စက်တွေနဲ့ယ္ခုခေတ်ပေါ် ဆန်စက်တွေရဲ့ ကြိတ်ခွဲမှု့စံနှုန်းက
စပါးတင်း-၁၀၀ မှာ ၅% မှ ၁၂% ထိ ကွာဟချက်တွေရှိနေတာ သိပါရဲ့လားဗျာ(ဆန်ထွက်နှုန်းကိုဆိုလိုတာ)ဂျပန်/တရုတ်/ထိုင်းတို့မှာ လယ်ပိုင်ရှင်ဟာ"အရှင်သခင်ပါ"
ကျွန်တော်တို့ဆီမှာက"နင်းပြားပါ"
အခြားနိုင်ငံတွေ လယ်တစ်ဧကအထွက်နှုန်း စပါး ၁၂၀ထွက်နေတဲ့အချိန် ဒီမှာက အထွက်ကောင်းရင် စပါး ၆၀ထွက်ဘဲ ရှိသေးတယ်ဆိုတာ သတိပြုမိရဲ့လား..?
ဘာကွာလဲ သိချင်ရင် NPK ကို မျှတအောင်သုံးစွဲမှု့ကအဓိက ကျနေပါတယ်ဗျာ
အခုဆိုရင် မြန်မာ့ဆန်က တရုတ်နဲ့ယိုးဒယားဘက်ထွက်သွားတယ် ဟိုဘက်က ပါကင်လှလှလေး

ထုပ်ပြီးကမ္ဘာ့ဈေးကွက်ကို သူတို့အမည်နဲ့ ပို့တယ်
မပို့ခင်သန့်စင်လိုက်တယ်။စပါးမထွက်ရင် တောင်သူစီးပွါး မတိုးတက်ပါ။
နောက်ဆက်တွဲ နိုင်ငံခြားဝင်ငွေ မရပါပေါ့။
သားငါးကဏ္ဌပြန်ကြည့်မလား..? ခေတ်မှီတဲ့မျိုးစိတ်ကြက် ဘဲ ဝက် မွေးဘက်ပေးတာတောင် မရှိတော့ဘူး။တရုတ်မှာ ၄-လ တစ်ကြိမ် တိရိစ္ဆာန်မွေးမြူရေး
စစ်တမ်းကောက်ပြီး ပြည်တွင်းစားကုန်နဲ့ချိန်ထိုးကာအနာဂတ်ကိုကြိုတင်တွက်ချက်လုပ်ကိုင်တာမြင်ရတယ်။တရုတ်ပြည်က ဘဲကင်တစ်ကောင်ဈေးနှုန်းဟာ
မြန်မာပြည်ထက်သက်သာပါတယ်။
ထမင်းဟင်း အဝစားဈေးနှုန်းက ယိုးဒယားက
မြန်မာပြည်ထက်သက်သာနေပြန်တယ်။
ပြောစရာက သူတို့ဆီက ဆည်မြောင်းစနစ် ဒီထက်ကာင်းတယ်။

 ရေထုတ်မြောင်းတွေမှာ ဘဲကျောင်းခွင့်ရှိတယ်။ ရေထုတ်မြောင်းမှာ ရေအမြဲ ရှိနေတယ်။
နောက်ဆုံးအဆင့် နည်းပညာပေးတဲ့အထိလောက်တော့
ဒီအချိန်မှာ လုပ်သင့်နေပါပြီ။
ဒေသတွင်းတိုးတက်မှု့မရှိရင် ဂုဏ်သိက္ခာထိခိုက်မှာအစိုးရပါဘဲ။
(ဆက်လက်ဖေါ်ပြပါမည် လေးစားလျက်)

ကြံ့ခိုင်ရေးမဟုတ်တဲ့ ကျွန်တော်NLD လဲ မဟုတ်ဘူး(၅-)
ဝန်ကြီးဒေါက်တာဦးအောင်သူ ခင်ဗျား....
အစိုးရသက်တမ်း ၂နှစ်ခွဲအတွင်း ထင်သာမြင်သာလေးတော့မင်ချင်သပဗျာ။
လုပ်ပြစမ်းပါ အားပေးပါတယ်။ဘာမှလုပ်မပြဘဲ ဘာမှအားပေးလို့မရဘူးဗျ။။
နတ်ပွဲမှာတောင် "ကပြမှ"လက်ခုပ်တီးလို့ရတာပါ။
သက်ဆိုင်ရာဌာနအလိုက် စာတမ်းဖတ်ပွဲတွေ ဆွေးနွေးပွဲတွေလုပ်စမ်းပါ။
 အဖြေတစ်ခုရလာမယ် အလုပ်ကနောက်မှလိုက်ပညာတတ်တွေ တစ်ပုံကြီးပါဗျာ။
လုပ်စရာတွေလဲ တစ်ပုံကြီးပါ။ထုတ်ကုန်သုံးဆ တိုးမြှင့်ကြ တို့
လက်ဖက်ရည်တစ်ခွက်လျော့သောက် တို့
မတားပါနဲ့ ။အလုပ်လုပ်ပါ လက်ဖက်ရည်ကို ဘောက်ဆာနဲ့တိုက်ပါ။
ဝန်ကြီးဌာန လက်အောက်မှာမရှိတဲ့ ပန်ဆန်း နယ်မှာ
လက်ဖက်ခြောက် ဝင်ငွေက ဒေါ်လာသန်း ၂၀၀ ခန့်ရှိတယ်။
ဆင်ချီးကော်ဖီကဝင်ငွေ ဒေါ်လာသန်း ၅၀၀ ခန့်ရှိနေတယ်။
ဒါဟာ နည်းပညာနဲ့ဈေးကွက်နားလည်မှု့ကိုပြနေတာဘဲ။
ဒါတောင် သူတို့က အစိုးရအနေနဲ့မဟုတ်ဘူးနော်။
ကျားရိုးအရက်တို့ ဓါတ်သတ္တုတို့ ဝင်ငွေတွေပေါင်းရင်အများကြီးတိုးတက်နေတယ်။
အိမ်တိုင်း ဝက်မွေးရတယ် ("ဝ"အမိန့် ကျေးရွာတွေမှာ)မွးဘက်ကို ပေးတယ်။
အဖွဲ့အစည်းတွေလုပ်နိုင်ရင် ကိုယ်ဘာလဲပြန်မေးသင့်ပြီ။
အကြံပေးတွေ လိုအပ်ရင်ထားပေါ့ဗျာ။။
ဝင်ငွေ/ထွက်ငွေ/တိုးတက်မှု့နှုန်း ကိုက်ဘို့ဘဲလိုတယ်။ပအိုဝ်းအဖွဲ့ကို သွားကြည့်မလား။
ဆိုးဆေးပင်ကထွက်တဲ့ အသီးတွေ ဂျပန်ပို့နေတာကြာလှပြီ ။လိမ္မော်သီးခေတ်ကုန်ပြီ။
တောင်ကြီး အေးသာယာမှာ အစိုးရမဟုတ်တဲ့ဒါက်တာတက်ချောင်ထံ ပညာသင်လွှတ်ရင်တောင်
မွေးမြူရေး အစာစပ် ဈေးကွက် အားလုံးသိသွားမယ်။
အရင်လူတွေ လွှဲချနေမည့်အစား ရှေ့သို့ဆိုပြီးချပြစမ်းပါဗျာ။
ဆည်တွေပြန်ပြင်ပြီး ဂျပန်စပါး လုံးပု တွေကိုအစိုးရအနေနဲ့ ရှေ့ဆောင်လမ်းပြ စိုက်ပျိုးပြီး
တောင်သူတွေ မျက်ဝါးထင်ထင်ပြစမ်းပါ။
ကြက် ဘဲ ဝက် နွား မွေးမြူရေးဇုန်တွေ ဖေါ်ထုတ်ပြီး
ပညာရှင်တွေနဲ့ ကျေးလက်အထိ ထိုးဖေါက်ပြပါ။
ဆရာကြီး "က မပြဘဲ"ကျွန်တော်တို့ လက်ခုပ်တီးလို့
မရတာ နားလည်ပေးပါ
(အခြားဝန်ကြီးဌာနတွေ ဆက်ရေးပါမည် လေးစားလျက်)

တော်ဝင်အောင်ကြီး

No comments:

Post a Comment