Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, July 26, 2018

မကယ္​ႏိုင္​တဲ့ အကုသိုလ္​ဆိုတာ မ႐ွိဘူး


ကုသိုလ္က မကယ္ႏိုင္တဲ့ ခ်က္ခ်င္း ကယ္လို႕မရတဲ့ အကုသိုလ္ကေတာ့ ရွိတယ္။ တစ္ဘ၀တာအတြက္ ကယ္လို႕မရဘူး။ သို႕ေသာ္ မကယ္ႏိုင္တဲ့ အကုသိုလ္ဆိုတာ မရွိဘူး။ မကယ္ႏိုင္ဘူးဆိုတာ ေနာက္ဘ၀ၿပီးရင္ေတာ့ ကယ္လို႕ရတယ္။

★ ဆိုပါစို႕ အေမသတ္တာတို႕၊ အေဖသတ္တာတို႕၊ ရဟႏၱာသတ္တာတို႕ ၊ သံဃာသင္းခြဲတာတို႕၊ ဘုရားေသြးစိမ္းထြက္ေအာင္ လုပ္တဲ့အကုသိုလ္ႀကီး
ေတြဟာ ဤဘ၀၏အျခားမဲ့၌ ေသခ်ာေပါက္ အပါယ္ငရဲသြားမွာ အဲဒါက်ေတာ့ ျပဳျပင္ေပးလို႕ မရေတာ့ဘူးေနာ္။

★ ဘယ္ေလာက္ပဲ ေစတီေတြတည္တည္၊ ဘယ္ေလာက္ပဲ ေန႕တိုင္းဘုရားရွိခိုး၊ ရွိခိုး ဘယ္ေလာက္ပဲ ကုသိုလ္ေကာင္းမႈေတြလုပ္လုပ္ အဲဒီအကုသိုလ္မ်ဳိးၾကရင္
ေတာ့ ေသသည္၏ အျခားမဲ့မွာ ငရဲေရာက္သြားမွာပဲတဲ့။ ဒါကေတာ့ ေသခ်ာေပါက္ပဲ။

★ ဒါဟာ “ပဥၥာနႏၲရိယကံ” လို႕ ေခၚတယ္။ အဲဒီကံမ်ဳိးက်ေတာ့ ကယ္တင္လို႕ မရဘူး။ ကယ္တင္လို႕မရတဲ့ ကံေတာင္မွ ငရဲကို ရက္တိုတိုနဲ႕ လြတ္ႏိုင္တာရွိေသးတယ္ေလ။

★ ဆိုပါစို႕ အဇာတသတ္မင္းႀကီးဟာ သူ႕ရဲ႕ဖခင္ ဗိမၼိသာရမင္းကို ေထာင္သြင္းအက်ဥ္းခ်ၿပီးေနာက္ဆံုး သူ႕အမိန္႕နဲ႕ သတ္ျဖတ္ျခင္းကို ခံလိုက္ရတယ္။ “ပိတုဃာတကကံ” က်ဴးလြန္တယ္။ အဲဒီလို က်ဴးလြန္လို႕ ျမတ္စြာဘုရားက သာမညဖလသုတ္ ေဟာတဲ့အခါမွာ သူဟာ သာမညဖလသုတ္အဆံုးမွာ ေသာတာပန္ ျဖစ္သင့္ေသာ္လည္း မျဖစ္ေတာ့ဘူး။

★ ဒါေပမယ့္ အက်ဳိးမဲ့ ျဖစ္သလားဆိုေတာ့ ဘုရားသာသနာေတာ္ကို အလြန္ၾကည္ညိဳၿပီး ျမတ္စြာဘုရားကို အလြန္ေလးစားတဲ့ ကုသိုလ္ေကာင္းမႈ
ေတြေၾကာင့္ ေသသည္၏အျခားမဲ့ေတာ့ သူ ငရဲက်တယ္။ ငရဲေတာ့ ေရာက္တာပဲ။ အဲဒီငရဲက လြတ္ေအာင္ေတာ့ လုပ္လို႕မရဘူး။ ဘာလို႕ဆိုေတာ့ “အေတကိေစာၦ” ကုစားလို႕မရေတာ့ဘူး။

★ ဆရာ၀န္ေတြဟာ fourth stage ေလာက္ေရာက္တဲ့ ကင္ဆာေရာဂါကို ကုသမေပးႏိုင္ေတာ့ သလိုပဲ သူဟာ
လည္းပဲ ကုသေပးလို႕ မရႏိုင္ေတာ့ဘူး။ လြန္သြားၿပီ ေရာဂါကၽြမ္းသြားၿပီ။ အဲဒီလို ကုသေပးလို႕ မရတဲ့
ေရာဂါမ်ဳိး ျဖစ္သြားတယ္ အဲဒီ ပဥၥာနႏၲိယကံေတြက။

★ ဒါေၾကာင့္မို႕ ကုသမေပးႏိုင္သည့္အတြက္ေၾကာင့္ ေသသည္၏အျခားမဲ့မွာေတာ့ ငရဲက်မယ္။ သို႕ေသာ္ ငရဲဟာ ရက္ေပါင္းမ်ားစြာ၊ ႏွစ္ေပါင္းမ်ားစြာ ၾကာရွည္စြာ မခံရေအာင္ကေတာ့ သူကအေထာက္အကူျပဳလိုက္
တယ္။ အဇာတသတ္မင္းဟာ အႏွစ္ေျခာက္ေသာင္း
ေလာက္ပဲ ငရဲမွာခံရၿပီး ျပန္လြတ္လာမယ့္ သေဘာေပါ့ ဒီလိုုဆိုလိုတယ္ေပါ့ေနာ္။

★ အကန္႕အသတ္ကေလး ရသြားတယ္။ နဂိုကေတာ့ ေထာက္တသက္ လြတ္ရက္မရွိ ခ်ထားတာ။ ေထာင္တသက္ လြတ္ရက္မရွိကေန ေလ်ာ့ေလ်ာ့ေပါ့ေပါ့
ေလးရတဲ့ သေဘာေပါ့ေနာ္။ အဲဒီလိုေတာ့အေထာက္
အကူျပဳတယ္လို႕ ဆိုရမယ္။ အဲဒီလိုဆို ကံတရားေတြရဲ႕ အေနအထားေတြဟာ ရွိတယ္ေပါ့ေနာ္။ ဒါလည္း မွတ္သားစရာ တစ္ခုေပါ့ေနာ္။

ေက်းဇူးေတာ္ရွင္ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး
🙏🙏🙏

‘မိလိႏၵမင္းနဲ႔ အရွင္နာဂေသနတို႔၏ ဗုဒၶဝါဒေရးရာအေျခအတင္ ေျပာဆိုခ်က္မ်ား အပိုင္း(၂၅)’ တရားေတာ္မွ ေကာက္ႏႈတ္ခ်က္ျဖစ္ပါသည္။

ဓမၼစာေပ
# Unicode Version ျဖင့္ ဖတ္ပါ #
ဓကုသိုလ်က မကယ်နိုင်တဲ့ ချက်ချင်း ကယ်လို့မရတဲ့ အကုသိုလ်ကတော့ ရှိတယ်။ တစ်ဘဝတာအတွက် ကယ်လို့မရဘူး။ သို့သော် မကယ်နိုင်တဲ့ အကုသိုလ်ဆိုတာ မရှိဘူး။ မကယ်နိုင်ဘူးဆိုတာ နောက်ဘဝပြီးရင်တော့ ကယ်လို့ရတယ်။

★ ဆိုပါစို့ အမေသတ်တာတို့၊ အဖေသတ်တာတို့၊ ရဟန္တာသတ်တာတို့ ၊ သံဃာသင်းခွဲတာတို့၊ ဘုရားသွေးစိမ်းထွက်အောင် လုပ်တဲ့အကုသိုလ်ကြီး
တွေဟာ ဤဘဝ၏အခြားမဲ့၌ သေချာပေါက် အပါယ်ငရဲသွားမှာ အဲဒါကျတော့ ပြုပြင်ပေးလို့ မရတော့ဘူးနော်။

★ ဘယ်လောက်ပဲ စေတီတွေတည်တည်၊ ဘယ်လောက်ပဲ နေ့တိုင်းဘုရားရှိခိုး၊ ရှိခိုး ဘယ်လောက်ပဲ ကုသိုလ်ကောင်းမှုတွေလုပ်လုပ် အဲဒီအကုသိုလ်မျိုးကြရင်
တော့ သေသည်၏ အခြားမဲ့မှာ ငရဲရောက်သွားမှာပဲတဲ့။ ဒါကတော့ သေချာပေါက်ပဲ။

★ ဒါဟာ “ပဉ္စာနန္တရိယကံ” လို့ ခေါ်တယ်။ အဲဒီကံမျိုးကျတော့ ကယ်တင်လို့ မရဘူး။ ကယ်တင်လို့မရတဲ့ ကံတောင်မှ ငရဲကို ရက်တိုတိုနဲ့ လွတ်နိုင်တာရှိသေးတယ်လေ။

★ ဆိုပါစို့ အဇာတသတ်မင်းကြီးဟာ သူ့ရဲ့ဖခင် ဗိမ္မိသာရမင်းကို ထောင်သွင်းအကျဉ်းချပြီးနောက်ဆုံး သူ့အမိန့်နဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်။ “ပိတုဃာတကကံ” ကျူးလွန်တယ်။ အဲဒီလို ကျူးလွန်လို့ မြတ်စွာဘုရားက သာမညဖလသုတ် ဟောတဲ့အခါမှာ သူဟာ သာမညဖလသုတ်အဆုံးမှာ သောတာပန် ဖြစ်သင့်သော်လည်း မဖြစ်တော့ဘူး။

★ ဒါပေမယ့် အကျိုးမဲ့ ဖြစ်သလားဆိုတော့ ဘုရားသာသနာတော်ကို အလွန်ကြည်ညိုပြီး မြတ်စွာဘုရားကို အလွန်လေးစားတဲ့ ကုသိုလ်ကောင်းမှု
တွေကြောင့် သေသည်၏အခြားမဲ့တော့ သူ ငရဲကျတယ်။ ငရဲတော့ ရောက်တာပဲ။ အဲဒီငရဲက လွတ်အောင်တော့ လုပ်လို့မရဘူး။ ဘာလို့ဆိုတော့ “အတေကိစ္ဆော” ကုစားလို့မရတော့ဘူး။

★ ဆရာဝန်တွေဟာ fourth stage လောက်ရောက်တဲ့ ကင်ဆာရောဂါကို ကုသမပေးနိုင်တော့ သလိုပဲ သူဟာ
လည်းပဲ ကုသပေးလို့ မရနိုင်တော့ဘူး။ လွန်သွားပြီ ရောဂါကျွမ်းသွားပြီ။ အဲဒီလို ကုသပေးလို့ မရတဲ့
ရောဂါမျိုး ဖြစ်သွားတယ် အဲဒီ ပဉ္စာနန္တိယကံတွေက။

★ ဒါကြောင့်မို့ ကုသမပေးနိုင်သည့်အတွက်ကြောင့် သေသည်၏အခြားမဲ့မှာတော့ ငရဲကျမယ်။ သို့သော် ငရဲဟာ ရက်ပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာရှည်စွာ မခံရအောင်ကတော့ သူကအထောက်အကူပြုလိုက်
တယ်။ အဇာတသတ်မင်းဟာ အနှစ်ခြောက်သောင်း
လောက်ပဲ ငရဲမှာခံရပြီး ပြန်လွတ်လာမယ့် သဘောပေါ့ ဒီလိုဆိုလိုတယ်ပေါ့နော်။

★ အကန့်အသတ်ကလေး ရသွားတယ်။ နဂိုကတော့ ထောက်တသက် လွတ်ရက်မရှိ ချထားတာ။ ထောင်တသက် လွတ်ရက်မရှိကနေ လျော့လျော့ပေါ့ပေါ့
လေးရတဲ့ သဘောပေါ့နော်။ အဲဒီလိုတော့အထောက်
အကူပြုတယ်လို့ ဆိုရမယ်။ အဲဒီလိုဆို ကံတရားတွေရဲ့ အနေအထားတွေဟာ ရှိတယ်ပေါ့နော်။ ဒါလည်း မှတ်သားစရာ တစ်ခုပေါ့နော်။

ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
🙏🙏🙏

‘မိလိန္ဒမင်းနဲ့ အရှင်နာဂသေနတို့၏ ဗုဒ္ဓဝါဒရေးရာအခြေအတင် ပြောဆိုချက်များ အပိုင်း(၂၅)’ တရားတော်မှ ကောက်နှုတ်ချက်ဖြစ်ပါသည်။
ဓမ္မစာပေ

No comments:

Post a Comment