Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, July 25, 2018

အမေရိကန်မှာ စစ်တပ် နဲ့ သမ္မတ ထိပ်တိုက်တွေ့ခဲ့တဲ့ သမိုင်း


အမေရိကန်မှာ စစ်တပ် နဲ့ သမ္မတ ထိပ်တိုက်တွေ့ခဲ့တဲ့ သမိုင်းပါ
. . .
ကိုရီးယားစစ်ပွဲဖြစ်နေတုန်းမှာ ဗိုလ်ချုပ်ကြီးမက်အာသာ တစ်ယောက်
အလွန်အပြောကြီးခဲ့တယ်
ခရစ်စမတ်မတိုင်ခင် စစ်နိုင်ရမယ်
ဘာညာပေါ့လေ
ဒါပေမယ့်
တရုတ်ရဲ့အသေခံကွန်မြူနစ်ထိုးစစ်နဲ့ မိတော့
အမေရိကန်တပ်တွေ ခွက်ခွက်လန်အောင် ရှုံးပြီး
တောင်ပိုင်းကို ထွက်ပြေးကြရပါတယ်
. . .
အဲ့သည့်အချိန်က ဗိုလ်ချုပ်ကြီးမက်အာသာနဲ့ သမ္မတထရူးမန်းဟာ
တစောင်းစေးနဲ့ မျက်ချေး၊
တစ်ယောက်နဲ့တစ်ယောက် ကြည့်မရကြသူတွေပေါ့
ထရူးမန်းက မက်အာသာကို
အဲ့ကောင်က တဇောက်ကန်း နိုင်ငံရေးလည်း နားမလည်ဘူးလို့ ပြောသလို
မက်အာသာကလည်း ထရူးမန်းကို
ဒီငနဲ ယောက်ျားမဟုတ်ဘူး
အလုပ်လုပ်ရင် ပျော့ညံ့ညံ့နဲ့ ဆိုပြီး
အတင်းထုနေကြ
. . .
ပြောချင်တာက ကျွန်တော်တို့ဆီက
စစ်သားနဲ့ နိုင်ငံရေးသမား
ရန်ဖြစ်နေကြသလိုပဲ
တယောက်နဲ့တယောက် အထင်မကြီးပဲ
ငါသာလျှင် နိုင်ငံ့ကယ်တင်ရှင် ဆိုပြီး အားပြိုင်နေကြသလို
သူတို့လည်း အဲ့လိုပဲ
. . .
အဲ ဇာတ်လမ်းကို ဆက်ရရင်
မက်အာသာက စစ်သားစစ်စစ်ကြီး
သူ့ရဲဘော်တွေ သောက်သောက်လဲသေတော့
မခံနိုင်ဘူး
ကွန်မြူနစ်တွေကို ရှင်းပစ်မယ်ဆိုပြီး
သူ့ရဲ့နောက်ဆုံးလက်နက်ဖြစ်တဲ့
အနုမြူဗုံးတွေကို ထုတ်သုံးဖို့
စီမံချက်ဆွဲပါတော့တယ်
. . .
ကျဲချမှာက မြောက်ကိုရီးယားရဲ့ပြုံယမ်း အပြင်
စစ်ကူပေးနေတဲ့
တရုတ်ရဲ့ဘေဂျင်း
ဆိုဗီယက်တွေရဲ့ ဗလာဒီဗော့စတော့
စတဲ့ကွန်မြူနစ်မြို့ကြီးတွေကိုပါ
ကျဲချမယ့် အလုံးက (၃၈)လုံး
. . .
ဒီသတင်းကို ထောက်လှမ်းရေးသတင်းတွေကနေတဆင့်ကြားတော့
အင်္ဂလန်ဝန်ကြီးချုပ် အက်တလီက အထိတ်တလန့်နဲ့
ဝါရှင်တန်ကို ပြေးလာ၊
အကိုကြီးထရူးမန်း
တားပါဦး
ဟိုတဇောက်ကန်း လုပ်ချင်တာလုပ်တော့မယ် ပေါ့
. . .
တားရတာကလည်း အကြောင်းရှိတယ်
တဖက်က ပြန်မလုပ်နိုင်ရင် ဘာမှမဖြစ်ဘူး
ဒါပေမယ့်
အဲ့သည့်အချိန်က ဆိုဗီယက်မှာ အနုမြူပိုင်နေပြီ
သူပစ်ကိုယ်ပစ်ဆိုရင် အကုန်မျိုးကန်းကုန်တော့မှာကိုး
အင်္ဂလန်က ကြားထဲမှာဆိုတော့ လန့်တာပေါ့
. . .
အဲ့ဒါနဲ့ ထရူးမန်းက ရှေ့တန်းက မက်အာသာကို
ကဲ ဗိုလ်ချုပ်ကြီးရေ ကျုပ်တို့တွေ့မှ ဖြစ်တော့မယ်ဆိုပြီး ချိန်းတယ်
မက်အာသာကလည်း
အေး တွေ့မယ်ဗျာ ဆိုပြီး
ပစိဖိတ်သမုဒ္ဒရာထဲက wake ကျွန်းကလေးမှာ ဆုံကြတယ်
. . .
တွေ့ကြတော့ ပြည်ထောင်စုအင်္ဂါစဉ်အရ
သမ္မတကို ဗိုလ်ချုပ်ကြီးက အလေးပြုရမှာပါ
ဒါပေမယ့်
မက်အာသာက အလေးမပြုဘူး
ပုံပါအတိုင်း လက်ဆွဲပဲ နှုတ်ဆက်တယ်
အဲ့မှာတင် ငြိနေကြပြီ
. . .
ဆွေးနွေးတယ် တားတယ်
မရဘူး
မက်အာသာ က အရမ်းခေါင်းမာတယ်
သူ့ရဲဘော်တွေအတွက် လက်စားချေချင်တယ်
ထရူးမန်းကတော့ နိုင်ငံရေးသမားဆိုတော့ကာ
ပြေလည်ရေးလုပ်ချင်တယ်
သေတဲ့သူလဲ သေပြီးသွားပြီ
တရုတ်တွေနဲ့ အပစ်ရပ်ရေး ဆွေးနွေးရအောင်
အနုမြူတော့ မသုံးပါနဲ့
ဘာညာပေါ့
ဒါပေမယ့် မရပါဘူး
မက်အာသာက ဘူးဆိုဖရုံမသီးဘူး
စစ်သားစကား ဆိုခဲစေမြဲစေ ပေါ့
. . .
ဒါနဲ့ ထရူးမန်းလည်း နောက်ဆုံးလက်နက် ထုတ်သုံးတော့တာပေါ့
ဝါရှင်တန်ပြန်ရောက်တာနဲ့
ရေဒီယိုကနေ တခါတည်းကြေညာလိုက်တယ်
ဗိုလ်ချုပ်ကြီး မက်အာသာကို တာဝန်မှ အနားပေးလိုက်သည် တဲ့
သမ္မတအထက်မှာ ဘယ်သူမှမရှိ ဆိုတဲ့
အချက်နဲ့ ကိုင်ပေါက်ပစ်လိုက်တာပေါ့
. . .
မက်အာသာလည်း အီးမှန်တဲ့မျက်နှာနဲ့ ပြန်လာရတယ်
အနုမြူဗုံးလည်း မကျဲဖြစ်လိုက်ဘူး
ဒါပေမယ့်
အမေရိကန်ပြည်သူတွေနဲ့ စစ်သားတွေက
သူ့ကို အရမ်းချစ်တော့
တခဲနက်ကြိုဆိုခဲ့ကြတယ်လေ
သူပြန်ရောက်တဲ့အချိန် အနားမယူခင်မှာ
သူရဲ့နာမည်ကျော်မိန့်ခွန်းဖြစ်တဲ့
ရဲသော်မသေ သေသော်ငရဲမလား
Old soldier never die, just fade away
ကို ပြောသွားခဲ့ပါသေးတယ်
. . .
ဒါဟာ အမေရိကန်သမိုင်းမှာ အကြီးကျယ်ဆုံး
စစ်တပ် နဲ့ သမ္မတ ထိပ်တိုက်တွေ့မှုကြီး ဖြစ်ပါတယ်
အဲ့နောက်ပိုင်းမှာ အမေရိကန်နိုင်ငံရေးသမားတွေဟာ
ဗိုလ်ချုပ်တစ်ယောက်တည်းကို အမှီပြုပြီး စစ်တိုက်တာမျိုး မလုပ်ရဲတော့ဘူး
ထိန်းမနိုင် သိမ်းမရဖြစ်လာမှာ စိုးလို့လေ
ဦးနေ၀င်းနဲ့ပါတ်သက်ပြီး
ဦးနုမှားခဲ့တာတွေက အဲ့တာတွေပါပါတယ်
. . .
နောက်ပိုင်းမှာ ထရူးမန်းက
ရေဒီယိုကနေ မိန့်ခွန်းပြောတယ်
မိဘပြည်သူများခင်ဗျာ
ဗိုလ်ချုပ်ကြီးမက်အာသာဟာ စစ်သားကောင်းတစ်ယောက်ပါ
သူ့ကို ကျွန်တော်လေးစားပါတယ်
ဒါပေမယ့် ကမ္ဘာ့ငြိမ်းချမ်းရေးကိုတော့ လူတစ်ဦးထက် ပိုလေးစားပါတယ် တဲ့

Credit to original writer

No comments:

Post a Comment