Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, July 14, 2018

ေရွးေဟာင္းက်မ္းလာ ရွင္သီဝလိ လာဘ္ရႊင္ဂါထာ



ေလာကီပညာကို လိုက္စားၾကေသာ ျမန္မာဆရာမ်ား၌ တစ္ခါတစ္ရံ ဆရာဆရာအခ်င္းခ်င္း ပညာကို ဖလွယ္ေသာ အေလ့အထ ရွိတတ္ၾက၏။

ထိုသို႔ တစ္ဦးအား ေပးအပ္ကာ လဲလွယ္ၾကရာ၌ ေရွးဦးစြာ…

`မိမိရွာေဖြတတ္သိထားသမွ် ပညာရပ္မ်ားတြင္ အေကာင္းဆံုးႏွင့္ ကိုယ္ေတြ႕မွန္ကန္ေသာ ပညာမ်ားကိုသာေပးပါမည္။ မဟုတ္မမွန္ လုပ္ၾကံ၍ ေပးခဲ့မိလွ်င္ ယခုတတ္ထားသမွ်ပညာမ်ားလည္း ပ်က္ကြက္၍ မဟာအ၀ီစိငရဲ၌ မကၽြတ္တန္းခံရပါေစ`

ဟု ဆရာႏွစ္ဦးစလံုး သစၥာျပဳၿပီးမွကို ပညာဖလွယ္ၾကေလ့ရွိပါသည္။

ယခုေဖာ္ျပလိုက္ေသာနည္းမွာ ၁၂၉၄ခုႏွစ္ေလာက္က ပဲခူးျမိဳ႕သို႕ေရာက္စဥ္ ယံုၾကည္ေလာက္ေသာ ပေယာဂဆရာတစ္ဦးႏွင့္ စာေရးသူတို႔ ပညာခ်င္းဖလွယ္ၾကရာမွ ရရွိခဲ့ေသာနည္းတစ္ခု ျဖစ္ပါသည္။

ဥံဳ – ရွင္သီဝလိ ဘုန္းရွိျမတ္စြာ ရဟႏၱာ
ထိပ္မွာျမတ္ဖ်ား ကိုယ္ေတာ္ထား
နားမွာ ကိုယ္ေတာ္က်ိန္း ခပ္သိမ္းလိုရာရ
ကာယဝစီ မေနာခ်ီ သံုးလီၾသကာသ။
ရိုေသျမတ္ႏိုး ကၽြန္ရွိခိုး တန္ခိုးကိုယ္ေတာ္ျပ။
အရာခပ္သိမ္း ေအာင္ျမင္ျငိမ္းေစသတည္း။

ဤဂါထာကို ေန႕စဥ္နံနက္ အိပ္ရာထ၌ အေရွ႕အရပ္ကိုၾကည့္၍ ၇ေခါက္ရြတ္၊ ညအိပ္ရာ၀င္၌ ဘုရား ေရွ႕ေတာ္တြင္ ၇ ေခါက္ရြတ္လွ်င္ ဘုန္းတန္ခိုးႀကီး၍ လာဘ္လာဘ ရႊင္သည္။ သူတပါး မေကာင္းၾကံစည္၍ မရ။

၄င္းျပင္ ခရီးသြားရန္ အလုပ္ကိစၥ အၾကံအစည္ တစ္ခုခုတို႕ကို ျပဳလုပ္ရန္ ရွိေသာအခါတို႕၌ မသြားမီ အိမ္ေလွကားတြင္ ရပ္၍ လမ္းဘက္ကို ၾကည့္ၿပီး ၇ေခါက္ျဖစ္ေစ၊ အခ်ိန္မရခဲ့လွ်င္ တစ္ေခါက္ျဖစ္ေစ ရြတ္ဆို၍ သြားပါေလ။ မိမိလုပ္ေဆာင္ရမည့္ အလုပ္ကိစၥဟူသမွ် ေအာင္ျမင္၏။ ေငြတစ္ဆယ္ရရန္အတြက္ ရည္စူးသြားေသာအခါ လမ္းတြင္ ေငြႏွစ္ဆယ္ကို ရတတ္၏။

စိတ္ညစ္ညဴးျခင္း အၾကံအိုက္ျခင္းတို႔ ျဖစ္ေနခဲ့ပါလွ်င္မႈ ေသာက္ေရကို ၇ အုပ္မန္း၍ မ်က္ႏွာသစ္ပါ။ အနည္းငယ္လည္း ေသာက္ပါ။ ခ်က္ခ်င္း ရႊင္လန္းလာပါလိမ့္မည္။

ဤနည္းျဖင့္ သူတပါးကိုလည္း ျပဳလုပ္ေပးႏိုင္သည္။မိမိကိုယ္တိုင္လည္းျပဳလုပ္ႏိုင္သည္။တရားတေဘာင္ကိစၥ၊ ဖ်ားနာေရးကိစၥ ၊ စီးပြားရွာေရးကိစၥ ၊ အိမ္ေထာင္ေရးကိစၥ အစစအရာရာတို႕၌ ဥာဏ္ရွိသလိုအခ်ိန္အခါမေရြး ဤဂါထာကို အသံုးခ်ႏိုင္ၾကပါသည္။

ရြတ္ဆိုရာ၌ အသက္ေအာင့္၍ ရြတ္ဆိုလွ်င္ ပို၍အက်ိဳးရွိသည္ဟု မူရင္းဆရာက မွာထားခ်က္ရွိပါသည္။

မွတ္ခ်က္။ ။ ပထမံဆရာလင္း၏ မူရင္းက်မ္းအတိုင္း ျပန္လည္ တင္ျပေပးလိုက္ပါသည္။

ကိုယ္စိတ္ ၂ပါး ခ်မ္းေျမ့ပါေစ

လောကီပညာကို လိုက်စားကြသော မြန်မာဆရာများ၌ တစ်ခါတစ်ရံ ဆရာဆရာအချင်းချင်း ပညာကို ဖလှယ်သော အလေ့အထ ရှိတတ်ကြ၏။

ထိုသို့ တစ်ဦးအား ပေးအပ်ကာ လဲလှယ်ကြရာ၌ ရှေးဦးစွာ…

`မိမိရှာဖွေတတ်သိထားသမျှ ပညာရပ်များတွင် အကောင်းဆုံးနှင့် ကိုယ်တွေ့မှန်ကန်သော ပညာများကိုသာပေးပါမည်။ မဟုတ်မမှန် လုပ်ကြံ၍ ပေးခဲ့မိလျှင် ယခုတတ်ထားသမျှပညာများလည်း ပျက်ကွက်၍ မဟာအဝီစိငရဲ၌ မကျွတ်တန်းခံရပါစေ`

ဟု ဆရာနှစ်ဦးစလုံး သစ္စာပြုပြီးမှကို ပညာဖလှယ်ကြလေ့ရှိပါသည်။

ယခုဖော်ပြလိုက်သောနည်းမှာ ၁၂၉၄ခုနှစ်လောက်က ပဲခူးမြို့သို့ရောက်စဉ် ယုံကြည်လောက်သော ပယောဂဆရာတစ်ဦးနှင့် စာရေးသူတို့ ပညာချင်းဖလှယ်ကြရာမှ ရရှိခဲ့သောနည်းတစ်ခု ဖြစ်ပါသည်။

ဥုံ – ရှင်သီဝလိ ဘုန်းရှိမြတ်စွာ ရဟန္တာ
ထိပ်မှာမြတ်ဖျား ကိုယ်တော်ထား
နားမှာ ကိုယ်တော်ကျိန်း ခပ်သိမ်းလိုရာရ
ကာယဝစီ မနောချီ သုံးလီသြကာသ။
ရိုသေမြတ်နိုး ကျွန်ရှိခိုး တန်ခိုးကိုယ်တော်ပြ။
အရာခပ်သိမ်း အောင်မြင်ငြိမ်းစေသတည်း။

ဤဂါထာကို နေ့စဉ်နံနက် အိပ်ရာထ၌ အရှေ့အရပ်ကိုကြည့်၍ ရခေါက်ရွတ်၊ ညအိပ်ရာဝင်၌ ဘုရား ရှေ့တော်တွင် ရ ခေါက်ရွတ်လျှင် ဘုန်းတန်ခိုးကြီး၍ လာဘ်လာဘ ရွှင်သည်။ သူတပါး မကောင်းကြံစည်၍ မရ။

၄င်းပြင် ခရီးသွားရန် အလုပ်ကိစ္စ အကြံအစည် တစ်ခုခုတို့ကို ပြုလုပ်ရန် ရှိသောအခါတို့၌ မသွားမီ အိမ်လှေကားတွင် ရပ်၍ လမ်းဘက်ကို ကြည့်ပြီး ရခေါက်ဖြစ်စေ၊ အချိန်မရခဲ့လျှင် တစ်ခေါက်ဖြစ်စေ ရွတ်ဆို၍ သွားပါလေ။ မိမိလုပ်ဆောင်ရမည့် အလုပ်ကိစ္စဟူသမျှ အောင်မြင်၏။ ငွေတစ်ဆယ်ရရန်အတွက် ရည်စူးသွားသောအခါ လမ်းတွင် ငွေနှစ်ဆယ်ကို ရတတ်၏။

စိတ်ညစ်ညူးခြင်း အကြံအိုက်ခြင်းတို့ ဖြစ်နေခဲ့ပါလျှင်မှု သောက်ရေကို ရ အုပ်မန်း၍ မျက်နှာသစ်ပါ။ အနည်းငယ်လည်း သောက်ပါ။ ချက်ချင်း ရွှင်လန်းလာပါလိမ့်မည်။

ဤနည်းဖြင့် သူတပါးကိုလည်း ပြုလုပ်ပေးနိုင်သည်။မိမိကိုယ်တိုင်လည်းပြုလုပ်နိုင်သည်။တရားတဘောင်ကိစ္စ၊ ဖျားနာရေးကိစ္စ ၊ စီးပွားရှာရေးကိစ္စ ၊ အိမ်ထောင်ရေးကိစ္စ အစစအရာရာတို့၌ ဉာဏ်ရှိသလိုအချိန်အခါမရွေး ဤဂါထာကို အသုံးချနိုင်ကြပါသည်။

ရွတ်ဆိုရာ၌ အသက်အောင့်၍ ရွတ်ဆိုလျှင် ပို၍အကျိုးရှိသည်ဟု မူရင်းဆရာက မှာထားချက်ရှိပါသည်။

မှတ်ချက်။ ။ ပထမံဆရာလင်း၏ မူရင်းကျမ်းအတိုင်း ပြန်လည် တင်ပြပေးလိုက်ပါသည်။

ကိုယ်စိတ် ၂ပါး ချမ်းမြေ့ပါစေ
Credit.Z.Z

No comments:

Post a Comment