ေလာကမွာ ေကာင္းကင္က နကၡတ္ အသြားအလာကုိ ၾကည့္ျပီးေတာ့
ဒီေန႔က ရက္ရာဇာ, ဒီေန႔က ျပႆဒါးစသည္ျဖင့္ သတ္မွတ္ထားၾကတယ္။
သာသနာကေတာ့၊ ေကာင္းမႈကုသုိလ္ကုိ ျဖစ္ေအာင္လုပ္ေနတဲ့ အခ်ိန္ဟာ
အၿမဲတမ္း ရက္ရာဇာခ်ည္းပဲ။
အကုသုိလ္ မေကာင္းမႈေတြကုိ ျပဳလုပ္ေနခ်ိန္ဟာ အၿမဲတမ္း ျပႆဒါးေတြ ခ်ည္းပါ။
ေကာင္းကင္က နကၡတ္က ဘာလုပ္ေပးနုိင္မွာမုိ႔လဲ။ ကုိယ့္ရဲ့ စိတ္ေကာင္းေၾကာင့္ ရလာတဲ့ ကုသုိလ္ကသာ ေကာင္းက်ိဳးေပးမွာပဲ။
ဓမၼနည္းအရေတာ့၊ ျပႆဒါးက မေကာင္းက်ိဳးေပးမွာ မဟုတ္ဘူး။ ကုိယ့္ရဲ့ မေကာင္းတဲ့ စိတ္မုိက္ စိတ္ရုိင္းေတြေၾကာင့္ရလာတဲ့ အကုသုိလ္ေတြကသာ မေကာင္းက်ိဳးေပးမွာ။
ဒါေၾကာင့္ -
• စိတ္ေကာင္းရွိသူမွာ အၿမဲတမ္း ရက္ရာဇာ။
• စိတ္ေကာင္းရွိသူအတြက္ အခ်ိန္ေကာင္းေတြခ်ည္းပဲ။
• သတိဦးစီးတဲ့ သဒၶါ, ၀ီရိယ, ပညာစတဲ့ တရားေတြ ၀င္ေရာက္ေနခ်ိန္မွာ ေကာင္းကင္ကုိ ေမာ္မၾကည့္နဲ႔။ ကုိယ့္မွာ ရက္ရာဇာခ်ည္းပဲ။
ကုိယ့္စိတ္က မေကာင္းတဲ့ ေလာဘ, ေဒါသ, ေမာဟ စတဲ့ အပူအခိုးအေငြ႕ ၀င္ေနတဲ့ အခ်ိန္ဟာ၊ ေကာင္းကင္ကုိ ေမာ့မၾကည့္နဲ႔။
ကုိယ့္အတြက္ ျပႆဒါးျဖစ္ေနျပီ။
( ေယာဆရာေတာ္ဘုရားႀကီး )
#Unicode Version#
လောကမှာ ကောင်းကင်က နက္ခတ် အသွားအလာကို ကြည့်ပြီးတော့
ဒီနေ့က ရက်ရာဇာ, ဒီနေ့က ပြဿဒါးစသည်ဖြင့် သတ်မှတ်ထားကြတယ်။
သာသနာကတော့၊ ကောင်းမှုကုသိုလ်ကို ဖြစ်အောင်လုပ်နေတဲ့ အချိန်ဟာ
အမြဲတမ်း ရက်ရာဇာချည်းပဲ။
အကုသိုလ် မကောင်းမှုတွေကို ပြုလုပ်နေချိန်ဟာ အမြဲတမ်း ပြဿဒါးတွေ ချည်းပါ။
ကောင်းကင်က နက္ခတ်က ဘာလုပ်ပေးနိုင်မှာမို့လဲ။ ကိုယ့်ရဲ့ စိတ်ကောင်းကြောင့် ရလာတဲ့ ကုသိုလ်ကသာ ကောင်းကျိုးပေးမှာပဲ။
ဓမ္မနည်းအရတော့၊ ပြဿဒါးက မကောင်းကျိုးပေးမှာ မဟုတ်ဘူး။ ကိုယ့်ရဲ့ မကောင်းတဲ့ စိတ်မိုက် စိတ်ရိုင်းတွေကြောင့်ရလာတဲ့ အကုသိုလ်တွေကသာ မကောင်းကျိုးပေးမှာ။
ဒါကြောင့် -
• စိတ်ကောင်းရှိသူမှာ အမြဲတမ်း ရက်ရာဇာ။
• စိတ်ကောင်းရှိသူအတွက် အချိန်ကောင်းတွေချည်းပဲ။
• သတိဦးစီးတဲ့ သဒ္ဓါ, ၀ီရိယ, ပညာစတဲ့ တရားတွေ ၀င်ရောက်နေချိန်မှာ ကောင်းကင်ကို မော်မကြည့်နဲ့။ ကိုယ့်မှာ ရက်ရာဇာချည်းပဲ။
ကိုယ့်စိတ်က မကောင်းတဲ့ လောဘ, ဒေါသ, မောဟ စတဲ့ အပူအခိုးအငွေ့ ၀င်နေတဲ့ အချိန်ဟာ၊ ကောင်းကင်ကို မော့မကြည့်နဲ့။
ကိုယ့်အတွက် ပြဿဒါးဖြစ်နေပြီ။
( ယောဆရာတော်ဘုရားကြီး )
CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Saturday, July 14, 2018
ရက္ရာဇာ, ျပႆဒါး အေၾကာင္း
Reviewed by MP4 YoU
on
July 14, 2018
Rating: 5
Reviewed by MP4 YoU
on
July 14, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment