Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, June 1, 2018

ပ႒ာန္းကို အမ်ားႀကီးရြတ္ရင္ ကိုယ့္အနားက အတြင္းစိတ္ဓာတ္မမွန္ကန္တဲ့သူေတြ မိတ္ေဆြတုေတြနဲ႔ ေဝးေစတယ္။

အတြင္းဓာတ္ခံေကာင္းတဲ့ မိတ္ေဆြစစ္ေတြနဲ႔ ေတြ႔ေစတတ္တယ္။
လူေတြရဲ႕ စိတ္ေတြကို တေျဖးေျဖးသိလာတတ္တယ္။

ကိုယ္နဲ႔ပတ္သတ္တဲ့ တျခားသူေတြရဲ႕ အတြင္းစိတ္ဓာတ္ေတြ အနာဂတ္မွာျဖစ္မွာေတြကို အိမ္မက္နဲ႔ျဖစ္ျဖစ္သိလာတတ္တယ္။

ေနာင္ဘုရားဖူးလို႔ ပ႒ာန္းတရားေဟာၾကားတာကိုနာရရင္လည္း တိရစာၦန္ ဘဝေရာက္ေနရင္ေတာင္ ၾကည္ညိဳစိတ္ျဖစ္ၿပီး အဲဒီဘဝကေန သုဂတိဘံုကိုေရာက္ႏိုင္တယ္။

သုဂတိဘံုေရာက္ေနခ်ိန္ ဘုရားေဟာတဲ့ ပ႒ာန္းတရားနာၾကားခြင့္ရရင္ ရဟႏၱာ အထိျဖစ္ႏိုင္တယ္။

ပ႒ာန္းတန္ခိုး အက်ဳိးအနႏၱ။

တရားေတာ္ေတြကို ႐ို႐ိုေသေသ ေလးေလးစားစား သဒၶါ တရားအျပည့္နဲ႔ အဓိပၸါယ္ကိုႏွလံုးသြင္းပူေဇာ္ရင္ လူ႔ခ်မ္းသာ နတ္ခ်မ္းသာကုိသာမက နိဗၺာန္ထိေအာင္ အက်ဳိးေပးႏိုင္တယ္။

ပ႒ာန္းေမတၱာပို႔

၁။ ေဟတုပစၥေယာ - သတၱဝါအားလံုး- မေကာင္းေသာ ေလာဘ၊ေဒါသ၊ေမာဟ အကုသိုလ္ဟိတ္တရားတို႔ကို ပယ္ရွားႏိုင္ၾက၍ ေကာင္းျမတ္ေသာ အေလာဘ၊ အေဒါသ (ေမတၱာ)၊အေမာဟ (ပညာ) ကုသိုလ္ဟိတ္ တရားတို႔သာ အျမစ္သဖြယ္ ကိန္းတည္ၾကျပီးေကာင္းျမတ္ေသာ စိတ္၊ ေစတသိက္၊ ရုပ္ တရားတို႔သာနိဗၺာန္ထိတိုင္ တုိးတက္ျဖစ္ထြန္းႏိုင္ၾကပါေစ။

၂။ အာရမၼဏပစၥေယာ- သတၱဝါအားလံုး- မေကာင္းေသာ ရူပါရံု၊သဒၵါရံု၊ ဂႏၶာရံု၊ ရသာရံု၊ေဖာ႒ဗၺာရံု၊ဓမၼာရံုတို႔ႏွင့ မေတြ႕ၾကံဳၾကဘဲ ေကာင္းျမတ္ေသာ အာရံုမ်ားႏွင့္သာ ေတြ႔ၾကံဳၾက၍ ေကာင္းျမတ္ေသာ အက်ိဳးတရားတို႔ကိုသာ ရရွိခံစားႏိုင္ၾကပါေစ။

၃။ အဓိပတိပစၥေယာ - သတၱဝါအားလံုးတို႔၏ သႏၲာန္၌ မထက္ျမက္ေသာ ညံ့ေသာဆႏၵ၊ ဝီရိယ၊ စိတ္၊ပညာ တရားတို႔ အၾကီးအမွဴးဦးစီးဦးေဆာင္မျပဳၾကဘဲ ထက္ျမက္ေသာ ေကာင္းေသာ ဆႏၵ၊ဝီရိယ၊စိတ္၊ပညာ တရားတို႔သာ အၾကီးအမွဴးဦးစီးဦးေဆာင္ျပဳၾကလ်က္ အလြန္အၾကဴးအထူးၾကီးက်ယ္ ျမင့္ျမတ္ေသာ အက်ိဳးတရားတို႔သာရရွိခံစားႏိုင္ၾကပါေစ။

၄။ အနႏၲရပစၥေယာ - သတၱဝါအားလံုး-မေကာင္းေသာစိတ္၊ေစတသိက္(နာမ္) တရားတို႔ အၾကားအလပ္မရွိ ဆက္ကာ ဆက္ကာမျဖစ္ၾကဘဲ၊ ေကာင္းျမတ္ေသာစိတ္၊ ေစတသိက္(နာမ္) တရားတို႔သာ အၾကားအလပ္မရွိ စဥ္ဆက္မျပတ္ ဆက္ကာ ဆက္ကာ ျဖစ္ပြားႏိုင္ၾကပါေစ။

၅။ သမနႏၲရပစၥေယာ- သတၱဝါအားလံုး-မေကာင္းေသာစိတ္၊ေစတသိက္(နာမ္) တရားတို႔ (ေကာင္းစြာ) အၾကားအလပ္မရွိ ဆက္ကာဆက္ကာ မျဖစ္ၾကဘဲ၊ေကာင္းျမတ္ေသာစိတ္၊ေစတသိက္(နာမ္) တရားတို႔သာ (ေကာင္းစြာ) အၾကားအလပ္မရွိ စဥ္ဆက္မျပတ္ ဆက္ကာဆက္ကာျဖစ္ပြားႏိုင္ၾကပါေစ။

၆။ သဟဇာတပစၥေယာ - သတၱဝါအားလံုး -မေကာင္းေသာ ရုပ္၊နာမ္တရားမ်ားအတူတကြ မျဖစ္ၾကဘဲ ေကာင္းေသာ ရုပ္၊နာမ္တရားမ်ားသာ အတူတကြ ျဖစ္ႏိုင္ေက်းဇူးျပဳႏိုင္ ၾကပါေစ။

၇။ အညမညပစၥေယာ- သတၱဝါအားလံုး- မေကာင္းေသာ ရုပ္၊နာမ္တရားမ်ားႏွင့္အခ်င္းခ်င္းယွဥ္တြဲ၍ အျပန္အလွန္ ေက်းဇူးမျပဳၾကဘဲေကာင္းျမတ္ေသာ ရုပ္၊ နာမ္တရားမ်ားတို႔ႏွင့္သာ အခ်င္းခ်င္းယွဥ္တြဲ၍ အျပန္အလွန္ ေက်းဇူးျပဳမႈကို ခံစားႏိုင္ၾကပါေစ။

၈။ နိႆယပစၥေယာ - - သတၱဝါအားလံုး- မေကာင္းေသာ ရုပ္၊နာမ္တရားတို႔၌မွီ၍ မျဖစ္ၾကဘဲ၊ေကာင္းျမတ္ေသာ ရုပ္၊နာမ္တရားတို႔၌သာ အမွီျပဳ၍ ေကာင္းက်ိဳးအမ်ိ ဳးမ်ိဳးတို႔ကိုသာခံစားႏိုင္ၾကပါေစ။

၉။ ဥပနိႆယပစၥေယာ - သတၱဝါအားလံုး- မေကာင္းေသာ ပညတ္၊နာမ္၊ ရုပ္ တရားတို႔ႏွင့္ မေကာင္းေသာ မိဘ၊ မေကာင္းေသာ ဆရာ၊မိတ္ေဆြ၊ရာသီဥတု၊ ေနရာထိုင္ခင္း၊ အစားအေသာက္တို႔၌အားၾကီးေသာ မွီရာအျဖစ္ အမွီမျပဳၾကရဘဲ ေကာင္းေသာ ပညတ္၊နာမ္ ရုပ္ တရားမ်ားႏွင့္ေကာင္းျမတ္ေသာ မိဘ၊ဆရာ၊ မိတ္ေဆြ၊ ရာသီဥတု၊ေနရာထိုင္ခင္း၊အစားအေသာက္တို႔၌ သာအားၾကီးေသာမွီရာအျဖစ္ မွီၾကရ၍ ေကာင္းက်ိဳး အမ်ိဳးမ်ိဳးတို႔ကိုသာခံစားရရွိႏိုင္ၾကပါေစ။

၁၀။ ပုေရဇာတပစၥေယာ- သတၱဝါအားလံုး-မေကာင္းေသာ အာရံု၅ ပါးရုပ္တရား၊ဝတၳဳရုပ္တရားမ်ား ေရွးဦးၾကိဳတင္မျဖစ္ၾကဘဲ ေကာင္းျမတ္ေသာ အာရံု၅ ပါး ရုပ္တရားမ်ား၊ဝတၳဳ ရုပ္တရားမ်ားသာ ေရွးဦးၾကိဳတင္ ျဖစ္ႏွင့္ၾက၍ ေကာင္းျမတ္ေသာ ကုသိုလ္တရား၊ အက်ိဳးဝိပါတ္တရားတို႔သာ တိုးပြားျဖစ္ထြန္းႏိုင္ၾကပါေစ။

၁၁။ ပစၧာဇာတပစၥေယာ - သတၱဝါအားလံုးတို႔၏ ျဖစ္ႏွင့္ျပီးေသာေရွးေရွးရုပ္တရားအားေနာက္ေနာက္မွ ျဖစ္ေသာ နာမ္တရားမ်ားကေက်းဇူးျပဳရာတြင မေကာင္းေသာ အကုသိုလ္နာမ္တရားတို႔၏ ေက်းဇူးျပဳမႈကို မခံၾကရဘဲ ေကာင္းျမတ္ေသာ ကုသိုလ္၊အဗ်ာကတ နာမ္တရားတို႔၏ ေက်းဇူးျပဳမႈကိုသာခံယူႏိုင္ၾကပါေစ။

၁၂။ အာေသဝနပစၥေယာ - သတၱဝါအားလံုး-မေကာင္းေသာ အကုသိုလ္တရားမ်ားအဖန္တလဲလဲ ထံုျခင္းသေဘာျဖင့္ထပ္ကာ ထပ္ကာ မျဖစ္ပြားၾကဘဲ ေကာင္းျမတ္ေသာကုသိုလ္တရားၾကိယာအဗ်ာကတ တရားတို႔သာ မဂ္ဖိုလ္နိဗၺာန္တိုင္ထိ အဖန္တလဲလဲထံုျခင ္းျဖင့္ထပ္ကာထပ္ကာ ျဖစ္ပြားႏိုင္ၾကပါေစ။

၁၃။ ကမၼပစၥေယာ -သတၱဝါအားလံုး- မေကာင္းေသာ ေစတနာကံတရားတို႔ကိုမျပဳလုပ္ျဖစ္ၾကဘဲ၊ ေကာင္းျမတ္ေသာေစတနာကံတရားတို႔ကိုသာ ျပဳလုပ္ျဖစ္ၾက၍ ယခုဘဝေနာင္ဘဝ နိဗၺာန္တိုင္ထိ ေကာင္းက်ိဳးအဆက္ဆက္တို႔ကိုသာခံစားရရွိႏိုင္ၾကပါေစ။

၁၄။ ဝိပါကပစၥေယာ - သတၱဝါအားလံုး- ေကာင္းျမတ္ေသာ အက်ိဳးတရားတို႔ကိုသာအဆက္မျပတ္ ရရွိပိုင္ဆိုင္ၾက၍ ထိုမွတဆင့္ ေကာင္းျမတ္ေသာ အက်ိဳးတရားအမ်ိဳးမ်ိဳးတို႔ ကိုသာနိဗၺာန္တိုင္ထိ ထပ္ကာထပ္ကာ ရရွိခံစားႏိုင္ၾ ကပါေစ။

၁၅။ အာဟာရပစၥေယာ - သတၱဝါအားလံုး-ရရွိထားၾကေသာ နာမ္ရုပ္ခႏၶာၾကီးအားမေကာင္းေသာ ရုပ္အာဟာရ ၾသဇာဓာတ္မ်ား၊မေကာင္းေသာ နာမ္အာဟာရ ဓာတ္မ်ားျဖင့္အေထာက္အပံ့မျပဳၾကဘဲ ေကာင္းျမတ္ေသာရုပ္ နာမ္အာဟာရဓာတ္ တို႔ျဖင့္သာ အေထာက္အပံ့ျပဳျဖစ္ၾက၍ နိဗၺာန္ကိုလြယ္ကူစြာ မ်က္ေမွာက္ျပဳႏိုင္ၾကပါေစ။

၁၆။ ဣျႏၵိယ ပစၥေယာ - သတၱဝါအားလံုး- မေကာင္းေသာ ရုပ္နာမ္တရားတို႔၏ လႊမ္းမိုးအုပ္ခ်ဳပ္ ခ်ယ္လွယ္မႈကို မခံၾကရဘဲ ေကာင္းမြန္ေသာ ရုပ္နာမ္တရားတို႔၏ လႊမ္းမိုးအုပ္ခ်ဳပ္ ခ်ယ္လွယ္မႈတို႔ကိုသာနိဗၺာန္တိုင္ထိ ရရွိခံစားႏိုင္ၾကပါေစ။

၁၇။ စ်ာနပစၥေယာ- သတၱဝါအားလံုး- မေကာင္းေသာ အကုသိုလ္တရားတို႔ု၌စူးစူးစိုက္စိုက္အာရံုမျပဳျဖစ္ၾကဘဲ ေကာင္းျမတ္ေသာကုသိုလ္တရားတုိ႔၌သာ စူးစူးစိုက္စိုက အာရံုျပဳႏိုင္ၾက၍ နိဗၺာန္ တိုင္ထိ ေကာင္းက်ိဳးတရားတို႔ကို ရရွိႏိုင္ၾကပါေစ။

၁၈။ မဂၢပစၥေယာ- သတၱဝါအားလံုး- ဒုဂၢတိဘံုသို႔ ေရာက္ေစတတ္သည့္ မေကာင္းေသာ အကုသိုလ္ မဂၢင္ခရီး လမ္းေၾကာင္းကို မေလွ်ာက္ျဖစ္ၾကဘဲသုဂတိဘံု နိဗၺာန္ဘံုတို႔ကိုသာေရာက္ေစႏိုင္ေသာ ေကာင္းျမတ္ေသာ ကုသိုလ္မဂၢင္လမ္းေၾကာင္းကိုသာ ေလွ်ာက္လွမ္းႏို င္ၾကပါေစ။

၁၉။ သမၸယုတၱပစၥေယာ - သတၱဝါအားလံုး- မေကာင္းေသာ စိတ္ ေစတသိက္နာမ္တရားအခ်င္းခ်င္းအညီအညြတ္ ယွဥ္တြဲေပါင္းစပ္ျခင္းမျပဳၾကဘဲေကာင္းေသာစိတ္ ေစတသိက္ နာမ္တရားအခ်င္းခ်င္းတို႔သာအညီအညြတ္ ယွဥ္တြဲေပါင္းစပ္၍ နိဗၺာန္တိုင္ထိ သြားႏိုင္ၾကပါေစ။

၂၀။ ဝိပၸယုတၱပစၥေယာ- သတၱဝါအားလံုး- အခ်င္းခ်င္း အညီအညြတ္မယွဥ္တြဲေသာအားျဖင့္ ရုပ္နာမ္တရားတို ေက်းဇူးျပဳရာ၌မေကာင္းေသာ ရုပ္နာမ္တရားတို မယွဥ္တြဲေသာအားျဖင့္ ေက်းဇူးမျပဳၾကဘဲ ေကာင္းျမတ္ေသာနာမ္တရားတို႔က ေကာင္းမြန္ေသာ ရုပ္တရားတို႔ကို၊ေကာင္းမြန္ေသာ ရုပ္တရားတို႔က ေကာင္းျမတ္ေသာနာမ္တရားတို႔ကိုမယွဥ္တြဲေသာအားျဖင့္ ေက်းဇူးျပဳႏိုင္ၾက၍ နိဗၺာန္တိုင္ထိ ေကာင္းက်ိဳးအမ်ိ ဳးမ်ိဳးတို႔ကိုသာရရွိခံစားႏိုင္ၾကပါေစ။

၂၁။ အတၳိပစၥေယာ - သတၱဝါအားလံုး- မေကာင္းေသာ ရုပ္နာမ္တရားတို႔ထင္ရွားစြာ မျဖစ္ေပၚၾကဘဲ ေကာင္းေသာ ရုပ္နာမ္ တရားတို႔သာ ထင္ရွားစြာျဖစ္ေပၚၾက၍ ေကာင္းက်ိဳးအမ်ိဳးမ်ိဳးတို႔သာ နိဗၺာန္တိုင္ထိ တိုးတက္ျဖစ္ထြန္းႏိုင္ၾကပါေစ။

၂၂။ နတၳိပစၥေယာ -သတၱဝါအားလံုး- မေကာင္းေသာ နာမ္တရားတို႔ ခ်ဳပ္ျငိမ္းသြားျခင္းမရွိေတာ့ျခင္းျဖင့္ ေကာင္းေသာ နာမ္တရားတို႔သာ နိဗၺာန္တိုင္ထိ အစားထိုးကာ ဆက္လက္ျဖစ္ပြားႏိုင္ၾကပါေစ။

၂၃။ ဝိဂတပစၥေယာ- သတၱဝါအားလံုး- မေကာင္းေသာ နာမ္တရားတို႔ ကင္းစင္သြားျခင္း၊မရွိေတာ့ျခင္းျဖင့္ ေကာင္းေသာ နာမ္တရားတို႔သာ နိဗၺာန္တိုင္ထိ အစားထိုးကာ ဆက္လက္ျဖစ္ပြားႏိုင္ၾကပါေစ။

၂၄။ အဝိဂတပစၥည္း- သတၱဝါအားလံုး- မေကာင္းေသာ ရုပ္နာမ္တရားတို႔မကင္းေသာအားျဖင့္မျဖစ္ေပၚၾကဘဲ ေကာင္းေသာ ရုပ္နာမ္တရားတို႔သာမကင္းကြာေသာအားျ ဖင့္ ျဖစ္ေပၚၾက၍ ေကာင္းက်ိဳးအမ်ိဳးမ်ိဳးတို႔သာ နိဗၺာန္တိုင္ထိ တိုးတက္ျဖစ္ထြန္းႏိုင္ၾကပါေစ။

(အဘိဓမၼာႏွင့္ဗုဒၶဘာသာ ယဥ္ေက်းမႈသင္တန္း-သာသနာေရးဦးစီး႒ာနမွ)
#Unicode Version#

အတွင်းဓာတ်ခံကောင်းတဲ့ မိတ်ဆွေစစ်တွေနဲ့ တွေ့စေတတ်တယ်။
လူတွေရဲ့ စိတ်တွေကို တဖြေးဖြေးသိလာတတ်တယ်။

ကိုယ်နဲ့ပတ်သတ်တဲ့ တခြားသူတွေရဲ့ အတွင်းစိတ်ဓာတ်တွေ အနာဂတ်မှာဖြစ်မှာတွေကို အိမ်မက်နဲ့ဖြစ်ဖြစ်သိလာတတ်တယ်။

နောင်ဘုရားဖူးလို့ ပဋ္ဌာန်းတရားဟောကြားတာကိုနာရရင်လည်း တိရစ္ဆာန် ဘဝရောက်နေရင်တောင် ကြည်ညိုစိတ်ဖြစ်ပြီး အဲဒီဘဝကနေ သုဂတိဘုံကိုရောက်နိုင်တယ်။

သုဂတိဘုံရောက်နေချိန် ဘုရားဟောတဲ့ ပဋ္ဌာန်းတရားနာကြားခွင့်ရရင် ရဟန္တာ အထိဖြစ်နိုင်တယ်။

ပဋ္ဌာန်းတန်ခိုး အကျိုးအနန္တ။

တရားတော်တွေကို ရိုရိုသေသေ လေးလေးစားစား သဒ္ဓါ တရားအပြည့်နဲ့ အဓိပ္ပါယ်ကိုနှလုံးသွင်းပူဇော်ရင် လူ့ချမ်းသာ နတ်ချမ်းသာကိုသာမက နိဗ္ဗာန်ထိအောင် အကျိုးပေးနိုင်တယ်။

ပဋ္ဌာန်းမေတ္တာပို့

၁။ ဟေတုပစ္စယော - သတ္တဝါအားလုံး- မကောင်းသော လောဘ၊ဒေါသ၊မောဟ အကုသိုလ်ဟိတ်တရားတို့ကို ပယ်ရှားနိုင်ကြ၍ ကောင်းမြတ်သော အလောဘ၊ အဒေါသ (မေတ္တာ)၊အမောဟ (ပညာ) ကုသိုလ်ဟိတ် တရားတို့သာ အမြစ်သဖွယ် ကိန်းတည်ကြပြီးကောင်းမြတ်သော စိတ်၊ စေတသိက်၊ ရုပ် တရားတို့သာနိဗ္ဗာန်ထိတိုင် တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ။

၂။ အာရမ္မဏပစ္စယော- သတ္တဝါအားလုံး- မကောင်းသော ရူပါရုံ၊သဒ္ဒါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ဖောဋ္ဌဗ္ဗာရုံ၊ဓမ္မာရုံတို့နှင့ မတွေ့ကြုံကြဘဲ ကောင်းမြတ်သော အာရုံများနှင့်သာ တွေ့ကြုံကြ၍ ကောင်းမြတ်သော အကျိုးတရားတို့ကိုသာ ရရှိခံစားနိုင်ကြပါစေ။

၃။ အဓိပတိပစ္စယော - သတ္တဝါအားလုံးတို့၏ သန္တာန်၌ မထက်မြက်သော ညံ့သောဆန္ဒ၊ ဝီရိယ၊ စိတ်၊ပညာ တရားတို့ အကြီးအမှူးဦးစီးဦးဆောင်မပြုကြဘဲ ထက်မြက်သော ကောင်းသော ဆန္ဒ၊ဝီရိယ၊စိတ်၊ပညာ တရားတို့သာ အကြီးအမှူးဦးစီးဦးဆောင်ပြုကြလျက် အလွန်အကြူးအထူးကြီးကျယ် မြင့်မြတ်သော အကျိုးတရားတို့သာရရှိခံစားနိုင်ကြပါစေ။

၄။ အနန္တရပစ္စယော - သတ္တဝါအားလုံး-မကောင်းသောစိတ်၊စေတသိက်(နာမ်) တရားတို့ အကြားအလပ်မရှိ ဆက်ကာ ဆက်ကာမဖြစ်ကြဘဲ၊ ကောင်းမြတ်သောစိတ်၊ စေတသိက်(နာမ်) တရားတို့သာ အကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆက်ကာ ဆက်ကာ ဖြစ်ပွားနိုင်ကြပါစေ။

၅။ သမနန္တရပစ္စယော- သတ္တဝါအားလုံး-မကောင်းသောစိတ်၊စေတသိက်(နာမ်) တရားတို့ (ကောင်းစွာ) အကြားအလပ်မရှိ ဆက်ကာဆက်ကာ မဖြစ်ကြဘဲ၊ကောင်းမြတ်သောစိတ်၊စေတသိက်(နာမ်) တရားတို့သာ (ကောင်းစွာ) အကြားအလပ်မရှိ စဉ်ဆက်မပြတ် ဆက်ကာဆက်ကာဖြစ်ပွားနိုင်ကြပါစေ။

၆။ သဟဇာတပစ္စယော - သတ္တဝါအားလုံး -မကောင်းသော ရုပ်၊နာမ်တရားများအတူတကွ မဖြစ်ကြဘဲ ကောင်းသော ရုပ်၊နာမ်တရားများသာ အတူတကွ ဖြစ်နိုင်ကျေးဇူးပြုနိုင် ကြပါစေ။

၇။ အညမညပစ္စယော- သတ္တဝါအားလုံး- မကောင်းသော ရုပ်၊နာမ်တရားများနှင့်အချင်းချင်းယှဉ်တွဲ၍ အပြန်အလှန် ကျေးဇူးမပြုကြဘဲကောင်းမြတ်သော ရုပ်၊ နာမ်တရားများတို့နှင့်သာ အချင်းချင်းယှဉ်တွဲ၍ အပြန်အလှန် ကျေးဇူးပြုမှုကို ခံစားနိုင်ကြပါစေ။

၈။ နိဿယပစ္စယော - - သတ္တဝါအားလုံး- မကောင်းသော ရုပ်၊နာမ်တရားတို့၌မှီ၍ မဖြစ်ကြဘဲ၊ကောင်းမြတ်သော ရုပ်၊နာမ်တရားတို့၌သာ အမှီပြု၍ ကောင်းကျိုးအမျိ ုးမျိုးတို့ကိုသာခံစားနိုင်ကြပါစေ။

၉။ ဥပနိဿယပစ္စယော - သတ္တဝါအားလုံး- မကောင်းသော ပညတ်၊နာမ်၊ ရုပ် တရားတို့နှင့် မကောင်းသော မိဘ၊ မကောင်းသော ဆရာ၊မိတ်ဆွေ၊ရာသီဥတု၊ နေရာထိုင်ခင်း၊ အစားအသောက်တို့၌အားကြီးသော မှီရာအဖြစ် အမှီမပြုကြရဘဲ ကောင်းသော ပညတ်၊နာမ် ရုပ် တရားများနှင့်ကောင်းမြတ်သော မိဘ၊ဆရာ၊ မိတ်ဆွေ၊ ရာသီဥတု၊နေရာထိုင်ခင်း၊အစားအသောက်တို့၌ သာအားကြီးသောမှီရာအဖြစ် မှီကြရ၍ ကောင်းကျိုး အမျိုးမျိုးတို့ကိုသာခံစားရရှိနိုင်ကြပါစေ။

၁၀။ ပုရေဇာတပစ္စယော- သတ္တဝါအားလုံး-မကောင်းသော အာရုံ၅ ပါးရုပ်တရား၊ဝတ္ထုရုပ်တရားများ ရှေးဦးကြိုတင်မဖြစ်ကြဘဲ ကောင်းမြတ်သော အာရုံ၅ ပါး ရုပ်တရားများ၊ဝတ္ထု ရုပ်တရားများသာ ရှေးဦးကြိုတင် ဖြစ်နှင့်ကြ၍ ကောင်းမြတ်သော ကုသိုလ်တရား၊ အကျိုးဝိပါတ်တရားတို့သာ တိုးပွားဖြစ်ထွန်းနိုင်ကြပါစေ။

၁၁။ ပစ္ဆာဇာတပစ္စယော - သတ္တဝါအားလုံးတို့၏ ဖြစ်နှင့်ပြီးသောရှေးရှေးရုပ်တရားအားနောက်နောက်မှ ဖြစ်သော နာမ်တရားများကကျေးဇူးပြုရာတွင မကောင်းသော အကုသိုလ်နာမ်တရားတို့၏ ကျေးဇူးပြုမှုကို မခံကြရဘဲ ကောင်းမြတ်သော ကုသိုလ်၊အဗျာကတ နာမ်တရားတို့၏ ကျေးဇူးပြုမှုကိုသာခံယူနိုင်ကြပါစေ။

၁၂။ အာသေဝနပစ္စယော - သတ္တဝါအားလုံး-မကောင်းသော အကုသိုလ်တရားများအဖန်တလဲလဲ ထုံခြင်းသဘောဖြင့်ထပ်ကာ ထပ်ကာ မဖြစ်ပွားကြဘဲ ကောင်းမြတ်သောကုသိုလ်တရားကြိယာအဗျာကတ တရားတို့သာ မဂ်ဖိုလ်နိဗ္ဗာန်တိုင်ထိ အဖန်တလဲလဲထုံခြင ်းဖြင့်ထပ်ကာထပ်ကာ ဖြစ်ပွားနိုင်ကြပါစေ။

၁၃။ ကမ္မပစ္စယော -သတ္တဝါအားလုံး- မကောင်းသော စေတနာကံတရားတို့ကိုမပြုလုပ်ဖြစ်ကြဘဲ၊ ကောင်းမြတ်သောစေတနာကံတရားတို့ကိုသာ ပြုလုပ်ဖြစ်ကြ၍ ယခုဘဝနောင်ဘဝ နိဗ္ဗာန်တိုင်ထိ ကောင်းကျိုးအဆက်ဆက်တို့ကိုသာခံစားရရှိနိုင်ကြပါစေ။

၁၄။ ဝိပါကပစ္စယော - သတ္တဝါအားလုံး- ကောင်းမြတ်သော အကျိုးတရားတို့ကိုသာအဆက်မပြတ် ရရှိပိုင်ဆိုင်ကြ၍ ထိုမှတဆင့် ကောင်းမြတ်သော အကျိုးတရားအမျိုးမျိုးတို့ ကိုသာနိဗ္ဗာန်တိုင်ထိ ထပ်ကာထပ်ကာ ရရှိခံစားနိုင်ြ ကပါစေ။

၁၅။ အာဟာရပစ္စယော - သတ္တဝါအားလုံး-ရရှိထားကြသော နာမ်ရုပ်ခန္ဓာကြီးအားမကောင်းသော ရုပ်အာဟာရ သြဇာဓာတ်များ၊မကောင်းသော နာမ်အာဟာရ ဓာတ်များဖြင့်အထောက်အပံ့မပြုကြဘဲ ကောင်းမြတ်သောရုပ် နာမ်အာဟာရဓာတ် တို့ဖြင့်သာ အထောက်အပံ့ပြုဖြစ်ကြ၍ နိဗ္ဗာန်ကိုလွယ်ကူစွာ မျက်မှောက်ပြုနိုင်ကြပါစေ။

၁၆။ ဣန္ဒြိယ ပစ္စယော - သတ္တဝါအားလုံး- မကောင်းသော ရုပ်နာမ်တရားတို့၏ လွှမ်းမိုးအုပ်ချုပ် ချယ်လှယ်မှုကို မခံကြရဘဲ ကောင်းမွန်သော ရုပ်နာမ်တရားတို့၏ လွှမ်းမိုးအုပ်ချုပ် ချယ်လှယ်မှုတို့ကိုသာနိဗ္ဗာန်တိုင်ထိ ရရှိခံစားနိုင်ကြပါစေ။

၁၇။ ဈာနပစ္စယော- သတ္တဝါအားလုံး- မကောင်းသော အကုသိုလ်တရားတို့၌စူးစူးစိုက်စိုက်အာရုံမပြုဖြစ်ကြဘဲ ကောင်းမြတ်သောကုသိုလ်တရားတို့၌သာ စူးစူးစိုက်စိုက အာရုံပြုနိုင်ကြ၍ နိဗ္ဗာန် တိုင်ထိ ကောင်းကျိုးတရားတို့ကို ရရှိနိုင်ကြပါစေ။

၁၈။ မဂ္ဂပစ္စယော- သတ္တဝါအားလုံး- ဒုဂ္ဂတိဘုံသို့ ရောက်စေတတ်သည့် မကောင်းသော အကုသိုလ် မဂ္ဂင်ခရီး လမ်းကြောင်းကို မလျှောက်ဖြစ်ကြဘဲသုဂတိဘုံ နိဗ္ဗာန်ဘုံတို့ကိုသာရောက်စေနိုင်သော ကောင်းမြတ်သော ကုသိုလ်မဂ္ဂင်လမ်းကြောင်းကိုသာ လျှောက်လှမ်းနို င်ကြပါစေ။

၁၉။ သမ္ပယုတ္တပစ္စယော - သတ္တဝါအားလုံး- မကောင်းသော စိတ် စေတသိက်နာမ်တရားအချင်းချင်းအညီအညွတ် ယှဉ်တွဲပေါင်းစပ်ခြင်းမပြုကြဘဲကောင်းသောစိတ် စေတသိက် နာမ်တရားအချင်းချင်းတို့သာအညီအညွတ် ယှဉ်တွဲပေါင်းစပ်၍ နိဗ္ဗာန်တိုင်ထိ သွားနိုင်ကြပါစေ။

၂၀။ ဝိပ္ပယုတ္တပစ္စယော- သတ္တဝါအားလုံး- အချင်းချင်း အညီအညွတ်မယှဉ်တွဲသောအားဖြင့် ရုပ်နာမ်တရားတို ကျေးဇူးပြုရာ၌မကောင်းသော ရုပ်နာမ်တရားတို မယှဉ်တွဲသောအားဖြင့် ကျေးဇူးမပြုကြဘဲ ကောင်းမြတ်သောနာမ်တရားတို့က ကောင်းမွန်သော ရုပ်တရားတို့ကို၊ကောင်းမွန်သော ရုပ်တရားတို့က ကောင်းမြတ်သောနာမ်တရားတို့ကိုမယှဉ်တွဲသောအားဖြင့် ကျေးဇူးပြုနိုင်ကြ၍ နိဗ္ဗာန်တိုင်ထိ ကောင်းကျိုးအမျိ ုးမျိုးတို့ကိုသာရရှိခံစားနိုင်ကြပါစေ။

၂၁။ အတ္ထိပစ္စယော - သတ္တဝါအားလုံး- မကောင်းသော ရုပ်နာမ်တရားတို့ထင်ရှားစွာ မဖြစ်ပေါ်ကြဘဲ ကောင်းသော ရုပ်နာမ် တရားတို့သာ ထင်ရှားစွာဖြစ်ပေါ်ကြ၍ ကောင်းကျိုးအမျိုးမျိုးတို့သာ နိဗ္ဗာန်တိုင်ထိ တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ။

၂၂။ နတ္ထိပစ္စယော -သတ္တဝါအားလုံး- မကောင်းသော နာမ်တရားတို့ ချုပ်ငြိမ်းသွားခြင်းမရှိတော့ခြင်းဖြင့် ကောင်းသော နာမ်တရားတို့သာ နိဗ္ဗာန်တိုင်ထိ အစားထိုးကာ ဆက်လက်ဖြစ်ပွားနိုင်ကြပါစေ။

၂၃။ ဝိဂတပစ္စယော- သတ္တဝါအားလုံး- မကောင်းသော နာမ်တရားတို့ ကင်းစင်သွားခြင်း၊မရှိတော့ခြင်းဖြင့် ကောင်းသော နာမ်တရားတို့သာ နိဗ္ဗာန်တိုင်ထိ အစားထိုးကာ ဆက်လက်ဖြစ်ပွားနိုင်ကြပါစေ။

၂၄။ အဝိဂတပစ္စည်း- သတ္တဝါအားလုံး- မကောင်းသော ရုပ်နာမ်တရားတို့မကင်းသောအားဖြင့်မဖြစ်ပေါ်ကြဘဲ ကောင်းသော ရုပ်နာမ်တရားတို့သာမကင်းကွာသောအားြ ဖင့် ဖြစ်ပေါ်ကြ၍ ကောင်းကျိုးအမျိုးမျိုးတို့သာ နိဗ္ဗာန်တိုင်ထိ တိုးတက်ဖြစ်ထွန်းနိုင်ကြပါစေ။

(အဘိဓမ္မာနှင့်ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း-သာသနာရေးဦးစီးဋ္ဌာနမှ)

No comments:

Post a Comment