မဖြစ်ဘူး နီးတဲ့ဆေးရုံသွားမယ်ဆိုပြီး ကျောင်းက ကားနဲ့ပဲ နီးတဲ့ဆေးခန်းကိုသွားကြပါတယ် ဟိုရောက်တော့ မျက်စိအထူးကုမရှိဘူးတဲ့ ဒါနဲ့မြောက်ဥက္ကလာဆေးရုံကြီးကို ဆက်မောင်းပါတယ် ကံကောင်းချင်တော့ eye specialist ကအဲဒီအချိန်ရှိသား ဆေးရည်နဲ့ဆေးချပေးလိုက်တာ မျက်ထိထဲမှာကပ်နေတဲ့ကော်တွေထွက်သွားပါတယ် ကျေးဇူးတင်ပါတယ် ဆရာဝန်မလေးရယ် ပြန်ရောက်လာတော့စာရေးလိုက်မိတာ မျက်စိရောင်သွားရော ဒါနဲ့နားလိုက်ရတယ်
shwelayoung
#Unicode Version#
ကသ တံဆပ်က သံလိုက်ပြားလေးကွာလို့
super glueကို သွားဝယ် ကပ်မယ်ပေါ့
သံလိုက်ပြားနေရာလေးကို ဆင်ကော်ထည့် ကိုယ့်အဖြစ်က သံလိုက်ဆိုတာမေ့သွားပြီး ကပ်ထည့်လိုက်တာ တစ်ခါတည်း ဆင်ကော်တွေပြန်စင်ထွက်လာတာ မျက်နှာပေါ်ရော မျက်စိထဲရော ဆင်ကော်တွေကပ်ကုန်ပါရော
ဒါနဲ့ကမန်းကတန်း ရေကန်ကိုပြေး ရေဆေးမျက်နှာပေါ်နဲ့မျက်ခွံပေါ်တွေတော့ ဖယ်ရတာ အဆင်ပြေသွားပေမယ့် မျက်စိအတွင်းထဲဝင်သွားတာကို ဖယ်လို့မရဘူး ခုလုခုလု ခံနေတယ် မျက်ရည်တွေလည်းထွက် နောက်ဆုံးတော့ ကျောင်းကသူနာပြုလာကြည့်ပေးတယ်
မဖြစ်ဘူး နီးတဲ့ဆေးရုံသွားမယ်ဆိုပြီး ကျောင်းက ကားနဲ့ပဲ နီးတဲ့ဆေးခန်းကိုသွားကြပါတယ် ဟိုရောက်တော့ မျက်စိအထူူးကုမရှိဘူးတဲ့ ဒါနဲ့မြောက်ဥက္ကလာဆေးရုံကြီးကို ဆက်မောင်းပါတယ် ကံကောင်းချင်တော့ eye specialist ကအဲဒီအချိန်ရှိသား ဆေးရည်နဲ့ဆေးချပေးလိုက်တာ မျက်ထိထဲမှာကပ်နေတဲ့ကော်တွေထွက်သွားပါတယ် ကျေးဇူးတင်ပါတယ် ဆရာဝန်မလေးရယ် ပြန်ရောက်လာတော့စာရေးလိုက်မိတာ မျက်စိရောင်သွားရော ဒါနဲ့နားလိုက်ရတယ်
နောက်တစ်နေ့တော့ မျက်စိတစ်ဖက်ကနေရောင်ကိုကြည့်မနိုင်ပဲ မျက်စိနာသလိုဖြစ်သွားတယ် ဒီနေ့ 7.6.2018တော့ သက်သာသွားပါပြီ နဂိုအတိုင်းပြန်ကောင်းသွားပါပြီ ဂရုစိုက်ပေးကြတဲ့ စီမံ ၆၉က classmateတွေ အားလုံး ဒုကျောင်းအုပ်ကြီးအပါ အဝင် ဗဟိုလေ့ကျင့်ရေးကျောင်းက ဆရာမတွေ အားလုံးအားလုံး ကျေးဇူးပါ
ဒီလိုအချိန်မိသားစုနဲ့ဝေးနေတဲ့အချိန်မှာ အားလုံးက ကျွန်မရဲ့မိသားစုတွေပါပဲ
Superglue သုံးရင်သတိထားကြရန်
shwelayoung
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, June 13, 2018
သတိထားဖွယ်ရာ ဆင်ကော်နှင့်သံလိုက်...Superglue သုံးရင်သတိထားကြရန်
သတိထားဖွယ်ရာ ဆင်ကော်နှင့်သံလိုက်...Superglue သုံးရင်သတိထားကြရန်
Reviewed by MP4 YoU
on
June 13, 2018
Rating: 5
Reviewed by MP4 YoU
on
June 13, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment