Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, June 19, 2018

SKY NET ရဲ့ရိုက်ချက် sky net သည် စောက်ချဉ်မဟုတ်


 😏
-----------
၎နှစ်မှတစ်ခါကြည့်ရတဲ့ ကမ္ဘာ့ဖလားဘောပွဲလေးတေကြည့်ရဖို့ ကိုယ်တိုင်လည်းဘောပွဲဝါသနာရှင်မို့ အမျှော်လင့်ကြီးမျှော်လင့်ခဲ့ရ
ကိုယ့်မှာလည်း အစားအသောက်ရောင်းတဲ့ဆိုင်လေးဖွင့်ထားမိ ဘောပွဲအချိန်တွေဆိုဆိုင်မှာပဲရှိနေတတ်တာမို့ ကိုယ်တိုင်လည်းကြည့် ဧည့်သည်တေလည်းအားပါးတရကြည့်ရအောင် sky net စက်လေး ပရိုဂျက်တာနဲ့ချိတ်ပီး ဘောပွဲကြည့်ကြမယ်ပေါ့
ဒီတလောမိုးကလည်းကောင်းနေတာကြောင့်အရောင်းလေးလည်းပါးနေ
ဒါနဲ့ပဲ ဘောပွဲကြည့်ချင်တဲ့လူတေအတွက် ပရိုမိုးရှင်းလေးသီးသန့်ဆွဲ
ကိုယ့်စရိတ်ကိုယ်စိုက်ပြီး နိုင်ငံတကာအလံတေ ဆိုင်အပြည့်လိုက်ချိတ် မြက်ခင်းအတု ဘောလုံးနဲ့ ဂိုးတိုင်အသေးလေးဝယ်ပြီး ဆိုင်အဝင်ဝမှာအလှဆင်
စိတ်ကူးနဲ့ကြည်နူးပီတိဖြစ်
ဒီလိုနဲ့ ပွဲစဉ်တေစ ဘောပွဲတေပြ
ဘောလုံးဝါသနာရှင်ဧည့်သည်တေလည်း ပျော်ပျော်ပါးပါးဘောပွဲကြည့်ရင်းစားကြသောက်ကြ
ကိုယ်တိုင်နဲ့ဆိုင်ကဝန်ထမ်း ဝါသနာအိုးတေကလည်းတစ်ပွဲမှအလွတ်မခံအားပေးကြ
ဆိုင်ဖွင့်ချိန်တေဘာတေထပ်တိုး
စည်စည်ကားကားပျော်ပျော်ပါးပါးဖြစ်လာပြီး ၄ရက်မြောက်နေ့လည်းရောက်ပါရော sky net က စာရောက်လာ
စာဖတ်ကြည့်တော့ sky net သည် fifa world cup 2018 ကို တရားဝင်ကိုယ်စားလှယ်ရရှိထားကြောင်း စားသောက်ဆိုင်များဟိုတယ်များအနေဖြင့် ဘောလုံးပွဲများတိုက်ရိုက်ပြသမည့်အကြောင်းကိုတရားဝင်ကြော်ငြာခွင့်မပြုကြောင်း အကယ်၍တိုက်ရိုက်ပြသလိုပါက ကြော်ငြာလိုပါက ကိုယ်တေဆီကိုတခါမှ အသိမပေးဘူးသော package ဆိုတာကြီးကိုဝယ်ယူရမည်ဖြစ်ကြောင်း မလိုက်နာလျှင်မူပိုင်ခွင့်နှင့် တရားစွဲအလျော်တောင်းမည်ဖြစ်ကြောင်း ရေးထားတာတွေ့ရ
စာဖတ်ပီး ကိုယ်လည်းမျက်စိလည် တစ်နိုင်ငံလုံးသုံးသည့် sky net ကို သက်ဆိုင်ရာကိုယ်စားလှယ်ဆီကပဲဝယ်ပြီးတပ်ထား သတ်မှတ်ထားတဲ့လစဉ်ကြေးဆောင်ထား ဘာမှလည်းအမှားမလုပ်မိပါပဲ ဘောပွဲပြတာကိုတရားစွဲမည်ဆိုတော့စိတ်လည်းတိုမိ စာထဲမှာပါတဲ့ package ဆိုတာကိုလည်းနားမလည် ပြည့်ပြည့်စုံစုံလည်းမရေးထား
ဒါနဲ့ဆက်သွယ်ရန်ဆိုတဲ့နေရာကိုဖုန်းဆက်စုံစမ်း
မိန်းမတစ်ယောက်နဲ့ဖုန်းပြောရ နားမလည်တာကိုမေး ဒီတော့လက်ရှိသူတို့ကိုယ်တိုင်ရောင်းထားတဲ့ sky net စက်များသည် ဟိုတယ်နဲ့စားသောက်ဆိုင်များအတွက်မဟုတ် အိမ်သုံးအတွက်သာဟုပြော
ဆိုင်သုံးအတွက် ရုံးချုပ်ကသာတပ်ဆင်ပေးသည်ဟုပြော သို့သော်ထိုအကြောင်းကို sky net စတပ်စဉ်ကတည်းက မည်သူကမျှမရှင်းပြခဲ့ ဘယ်တုန်းကမှမသိခဲ့
အခုစက်နဲ့ပဲဆက်ပြလို့ရလားဆိုတော့ မရဘူးလို့ပြောပြန်
ဆက်ပြဖို့ဆိုဘာလုပ်ရမလဲမေးတော့ သူတို့ရောင်းတဲ့ ဆိုင်တေအတွက်သီးသန့် package ကိုဝယ်ရမည်ဟုပြောလာ
အဲ့ဒီ့ package ကိုဘယ်တုန်းကစရောင်းတာလည်းလို့မေးတော့ အခုပဲတရားဝင်အတည်ပြုတာဟုပြော
အခုပဲအတည်ပြု အခုပဲတရားစွဲမယ်ဟုအကြောင်းကြားစာပို့လာတော့ မတရားဘူးဟုခံစားမိ
နောက်ပီး ဒီလိုကိစ္စမျိုးဆိုတာက Sale plan ပြောင်းလဲတာမျိုးဖြစ်တာကြောင့် Sale & Maeketing ကနေ ကြိုတင်အသိပေးပြောထားသင့်သည်ဟုယူဆမိ ဘာ package ဘယ်ဈေးဆိုတာလည်းကြိုအသိမပေးထားပါပဲ ကိုယ်တေပဲခိုးပီးပြနေသလိုလို တရားစွဲမယ်ဘာညာဆိုတော့ မဟုတ်သေး
ထားပါတော့ ... ဒါနဲ့ အခုလိုပြောင်းမယ် package ဝယ်မှတရားဝင်ဖြစ်မယ်ဆိုတော့လည်း အများဝယ်ရင် ကိုယ်လည်းဝယ်ရမှာပဲဆိုပြီး ဈေးစုံစမ်း
အဲ့မှာ ကိုယ်လည်းမျက်လုံးပြူးသွား ...
အားကစားလိုင်းများအဓိကပါတဲ့ package ကို စားသောက်ဆိုင်တေအတွက်သတ်မှတ်ထားတဲ့ဈေးက တစ်လလျှင် ဒေါ်လာ ၅၅၀ ပါတဲ့ဗျာ
နဂိုကဆောင်နေရတဲ့လစဉ်ကြေးနဲ့ဆို အဆပေါင်းများစွာကွာခြားသွားလေပီ
ဒါတောင် $550 package က အနည်းဆုံး တစ်နှစ်ဝယ်မှရမည်ဆိုတာပါသေး
စိတ်ကူးနဲ့တွက်ကြည့်တော့ ဘောလုံးပွဲဆက်ပြဖို့ကို သိန်း ၈၀ ကျော်ပေးရတော့မည်
စိတ်ထဲအလွန်နာကျည်းမိ အနိုင်ကျင့်ငွေညှစ်ခံရသည်ဟုခံစားရ
ရှင်းပြတဲ့မိန်းမကလည်း customer service အလွန်ညံ့ ရန်တွေ့သလိုစကားအပြောခံရ
ကိုယ်တိုင်လည်းမူပိုင်ခွင့်ဆိုသည်ကို တန်ဖိုးထားသူဖြစ်ပေမယ့် အခုလိုမတန်တဆဈေးနဲ့ ကြိုတင်အသိပေးအကြောင်းကြားခြင်းမပြုပါပဲ ကပ်ပီးဒေါက်ဖြုတ်သလိုလုပ်ရပ်ကိုတော့ရွံရှာမိ
သည်တော့ ... သိန်း ၈၀ ကျော်လည်းမပေးနိုင်
ဘောပွဲတောင်ကြည့်ချင်စိတ်မရှိတော့
သို့သော် ... ဆိုင်လာသည့် ဧည့်သည်များက ဘောပွဲလေးတောင်မပြဘူးလားလို့မေးလာလျှင် ကျွန်တော်ဘာပြန်ပြောလိုက်ရမည်နည်း ...
လက်ဝါးကြီးအုပ် အနိုင်ကျင့် ဗိုလ်ကျခြင်းများမှဝေးရာကိုသာပြောင်းနေချင်မိပါသည် 😢

ပြန်လည်မျှဝေသည်




No comments:

Post a Comment