Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 21, 2018

ဘုရားရွိခိုး မပ်င္းနဲ ့ (ဘုရားရွိခိုး ပူေဇာ္ရေသာ အက်ိဳး ရွစ္မ်ိဳး )

ဘုရားရွိခိုး မပ်င္းနဲ႔ အခ်ိန္ျဖဳန္းတဲ႔ အလုပ္ မဟုတ္ဘူး တစ္ေန႔လံုးသံုးဖို႔ စိတ္တန္ခိုး ထုတ္လုပ္တာ စိတ္ ဓါတ္ဆီ ထည့္တာ စိတ္ စက္ဆီ ျဖည့္တာ။

သန္႔စင္တဲ႔ စိတ္ျဖစ္ေအာင္ ခႏၶာကိုယ္ အစိတ္အပိုင္းေတြကို ေရနဲ႔ ေဆးတယ္လို႔မွတ္ စက္ကရိယာေတြကို ေဆးေၾကာသန့္စင္တယ္လို႔ စိတ္ထဲ မွာ ႏွလံုးသြင္း ထား။

ဘုရားရွိခိုး တာ ဘုရား ဂုဏ္ေတာ္ ပြားတာ ေမတၱာပို႔ တာ ထြက္ေလဝင္ေလ စူးစိုက္ၿပီးမွ ငါးမိနစ္ ဆယ္မိနစ္ တရားထိုင္ တာဟာ က်န္းမာေရး လဲရ စိတ္ခြန္အား လဲေကာင္း စိတ္ႀကံခိုင္ေရး လဲတိုးတယ္ ကိုယ္ခႏၶာ ခြန္အား တိုးတက္ ကိုယ္ခႏၶာ ႀကံခိုင္ေရး လဲတိုးတက္ အကုန္လံုး အေကာင္းေတြခ်ည္းပါပဲ။

#ဘုရားရွိခိုး_ပူေဇာ္ရေသာ_အက်ိဳး_ရွစ္မ်ိဳး

၁။ သြားေလ ရာရာ ေရာက္ေလရာ အရပ္ ၁၀ မ်က္ႏွာ တို ့၌ အပူေဇာ္

အခ်ီးေျမွာက္ ကို ခံရျခင္း ။

၂။ သြက္သြက္လက္လက္ႏွင့္ထက္ျမတ္ေသာ ဥာဏ္ပညာ ကိုရရွိ ျခင္း ။

၃။ ကိုယ့္ အလိုလိုက္ျပီး ကိုယ့္ အႀကိဳက္ကိုသာ လုပ္ကိုင္ေပးႀကေသာ
အေျခြအရံ ပရိသတ္ႏွင့္ ျပည့္စုံရ ျခင္း။

၄။ မေရ မတြက္နိဳင္ေသာ စည္းစိမ္ ခ်မ္းသာႏွင့္ ျပည့္စုံ ျခင္း။

၅။ ဘဝ တိုင္း ဘဝ တိုင္း အဆင္း ရုပ္ရည္ လွပ ျခင္း။

၆။ ကိုယ္လွ စိတ္လွ အတြင္းအျပင္ လွပ သည့္ အတြက္ အမ်ား ၏ႏွစ္သက္ျခင္း ကို ခံယူရျခင္း ။

၇။ မိတ္ေဆြ အေပါင္းအသင္း တို ့၏ခ်စ္ခင္ရိုေသေလးစားမွဳ ခိုင္ျမဲ ျခင္း။

၈။ ေကာင္းျမတ္ေသာ သီတင္းေက်ာ္ေစာ ပ်ံ ့ႏွံ ့ျခင္း။

ဤ ၈ ပါးေသာ အက်ိဳး တို ့ကို ဆုေတာင္း ပတၱနာ မျပဳရဘဲ

ဆုမေတာင္း ရဘဲ ျပည့္စုံ ရသည္ ဟု( တိႆ ရဏ ဂမနိယေတၳရ အပါဒါန္ ) ပါဠိေတာ္မွာ လာသည္။

ယုံယုံႀကည္ႀကည္ႏွင့္ ေန ့စဥ္ မွန္မွန္

ႀကိဳးစား ၍ ရွိခိုးႀကပါ၊ ပူေဇာ္ႀက ပါ၊

က်န္းမာ ခ်မ္းသာၾကပါေစ…။

မပ်င္းၾကနဲ႔ေနာ္
 Ashinvasava
# Unicode Version ျဖင့္ ဖတ္ပါ #
ဘုရားရှိခိုး မပျင်းနဲ့ အချိန်ဖြုန်းတဲ့ အလုပ် မဟုတ်ဘူး တစ်နေ့လုံးသုံးဖို့ စိတ်တန်ခိုး ထုတ်လုပ်တာ စိတ် ဓါတ်ဆီ ထည့်တာ စိတ် စက်ဆီ ဖြည့်တာ။

သန့်စင်တဲ့ စိတ်ဖြစ်အောင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ရေနဲ့ ဆေးတယ်လို့မှတ် စက်ကရိယာတွေကို ဆေးကြောသန့်စင်တယ်လို့ စိတ်ထဲ မှာ နှလုံးသွင်း ထား။

ဘုရားရှိခိုး တာ ဘုရား ဂုဏ်တော် ပွားတာ မေတ္တာပို့ တာ ထွက်လေဝင်လေ စူးစိုက်ပြီးမှ ငါးမိနစ် ဆယ်မိနစ် တရားထိုင် တာဟာ ကျန်းမာရေး လဲရ စိတ်ခွန်အား လဲကောင်း စိတ်ကြံခိုင်ရေး လဲတိုးတယ် ကိုယ်ခန္ဓာ ခွန်အား တိုးတက် ကိုယ်ခန္ဓာ ကြံခိုင်ရေး လဲတိုးတက် အကုန်လုံး အကောင်းတွေချည်းပါပဲ။

#ဘုရားရှိခိုး_ပူဇော်ရသော_အကျိုး_ရှစ်မျိုး

၁။ သွားလေ ရာရာ ရောက်လေရာ အရပ် ၁၀ မျက်နှာ တို့၌ အပူဇော်

အချီးမြှောက် ကို ခံရခြင်း ။

၂။ သွက်သွက်လက်လက်နှင့်ထက်မြတ်သော ဉာဏ်ပညာ ကိုရရှိ ခြင်း ။

၃။ ကိုယ့် အလိုလိုက်ပြီး ကိုယ့် အကြိုက်ကိုသာ လုပ်ကိုင်ပေးကြသော
အခြွေအရံ ပရိသတ်နှင့် ပြည့်စုံရ ခြင်း။

၄။ မရေ မတွက်နိုင်သော စည်းစိမ် ချမ်းသာနှင့် ပြည့်စုံ ခြင်း။

၅။ ဘဝ တိုင်း ဘဝ တိုင်း အဆင်း ရုပ်ရည် လှပ ခြင်း။

၆။ ကိုယ်လှ စိတ်လှ အတွင်းအပြင် လှပ သည့် အတွက် အများ ၏နှစ်သက်ခြင်း ကို ခံယူရခြင်း ။

၇။ မိတ်ဆွေ အပေါင်းအသင်း တို့၏ချစ်ခင်ရိုသေလေးစားမှု ခိုင်မြဲ ခြင်း။

၈။ ကောင်းမြတ်သော သီတင်းကျော်စော ပျံ့နှံ့ခြင်း။

ဤ ၈ ပါးသော အကျိုး တို့ကို ဆုတောင်း ပတ္တနာ မပြုရဘဲ

ဆုမတောင်း ရဘဲ ပြည့်စုံ ရသည် ဟု( တိဿ ရဏ ဂမနိယတ္ထေရ အပါဒါန် ) ပါဠိတော်မှာ လာသည်။

ယုံယုံကြည်ကြည်နှင့် နေ့စဉ် မှန်မှန်

ကြိုးစား ၍ ရှိခိုးကြပါ၊ ပူဇော်ကြ ပါ၊

ကျန်းမာ ချမ်းသာကြပါစေ…။

မပျင်းကြနဲ့နော်
Ashinvasava

No comments:

Post a Comment